နိုင်ငံတော်သမ္မတ အိမ်တော်မှာ သတင်းယူခွင့်ပြုဖို့ လေ ျှာက်ထားတဲ့သတင်းထောက်နှစ်ယောက် ကို ပြစ်မှုနောက်ကြောင်းမရှင်းလို့ သတင်းယူခွင့်မပြုတဲ့ အကြောင်း ကာယကံရှင်သတင်းထောက် က တင်ထားတာတွေ့ရတယ်။ ပုံ ၁
အခု သတင်းထောက်နှစ်ယောက် ပြစ်မှုနောက်ကြောင်းမရှင်းတာဟာ ဘာကိစ္စလည်းလို့တော့ မပါဘူး။ ဒါပေမယ့် ဒီသတင်းကို ဖတ်ရတော့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ပြင်ပ ပုဂ္ဂိုလ်တွေရဲ့ နောက်ကြောင်းရာဇဝင်စိစစ်ချိန်မှာ ကြုံရတဲ့ အဖြစ်အပျက်တွေကို သတိရမိတယ်
အရေးကြီးတဲ့ အစိုးရဌာနတွေမှာ အလုပ်လုပ်မယ့်သူတွေရဲ့ ကိုယ်ရေးနောက်ကြောင်းကို စစ်ဆေး ရတာ အစိုးရဌာနတွေရဲ့လုပ်ထုံးလုပ်နည်းပါပဲ။ ဒီလို စိစစ်မှုကို နိုင်ငံ့ဝန်ထမ်းတွေကို လုပ်သလို အစိုးရဌာနတွေမှာ ကာလအတိုင်းအတာတစ်ခုအထိ ဝင်ထွက်မယ့်၊ အလုပ်လုပ်မယ့် ပြင်ပ ပုဂ္ဂိုလ် အရပ်သားတွေကိုလည်း စိစစ်ရပါတယ်။ အိမ်တော်မှာ သတင်းယူမယ့် သတင်းထောက်တွေ ရဲ့ ကိုယ်ရေးရာဇဝင်ကို စိစစ်တယ်ဆိုတာလည်း အဲဒီသဘောပါပဲ။
နောက်ကြောင်းစိစစ်ဖို့ အတွက် သတ်မှတ်ထားတဲ့အချက်တွေ အများကြီးရှိတယ်။ အဲဒီအထဲမှာ ရာဇဝတ်မှု/နိုင်ငံရေးနဲ့ပတ်သက်တဲ့ပြစ်မှုတွေ ကျူးလွန်ခဲ့မှုရှိ၊ မရှိ၊ အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ခြင်းရှိ၊မရှိ။ အစိုးရကို လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက် နေ တဲ့ အဖွဲ့အစည်းတွေမှာပါဝင်လှုပ်ရှားခဲ့ခြင်း ရှိ၊မရှိ ဆိုတဲ့အချက်တွေလည်းပါတယ်။
အဲဒီလို စိစစ်တဲ့အခါ ကာယကံရှင်ကိုယ်တိုင်အပြင် သူ့မိဘ၊ ညီအကိုမောင်နှမ ၊ ဆွေမျိုးတွေ၊ အိမ်ထောင်ရှိရင် အိမ်ထောင်ဘက်ရဲ့ မိဘဆွေမျိုးတွေကို ပါစိစစ်ပါတယ်။ စိစစ်မှုတဲ့ အခါ သတ်မှတ်ထားတဲ့အချက်တစ်ခုခုနဲ့ ငြိစွန်းနေရင် နောက်ကြောင်းမရှင်းဘူးပေါ့။ လုံခြုံရေးအရ စိတ်မချ ရဘူးပေါ့။ အဲဒါဆိုရင် ဝင်/ထွက်လို့၊ အလုပ်လုပ်လို့၊ တာဝန်ပေးလို့မရဘူး။
၂၀၁၁ ခုနှစ် သြဂုတ်လလောက်ကစပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တဲ့အခါ ပြည်ပရောက် မြန်မာနိုင်ငံသားအများအပြားကို နာမည်ပျက်စာရင်း ( Black List ) သွင်းထားရာကနေ ပယ်ဖျက် ပေးခဲ့တယ်။ မြန်မာနိုင်ငံကို ပြန်လာခွင့်ပေးခဲ့တယ်။ ဒီလိုပဲ ပြည်တွင်းမှာ အကျဉ်းကျခံနေ ရတဲ့ နိုင်ငံရေးသမား၊ ကျောင်းသား၊ တက်ကြွလှုပ်ရှားသူများကို ပြန်လွှတ်ပေးခဲ့တယ်။
အဲဒီပုဂ္ဂိုလ်တွေအတော်များများဟာ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ သတင်းမီဒီယာ ၊ လူမှုရေး စတဲ့ကဏ္ဍအတော်များများမှာ ဝင်ရောက်လှုပ်ရှားကြတယ်။ တစ်ချို့က လုပ်ငန်း သဘော သဘာဝအရ သမ္မတ အိမ်တော်အပါအဝင် အစိုးရဌာနတွေနဲ့ ဆက်စပ်လုပ်ကိုင်ရ၊ သတင်းယူ ရ မယ့် အခြေအနေမှာရှိတယ်။
ဒီတော့ အဲဒီပုဂ္ဂိုလ်တွေကို နောက်ကြောင်းစိစစ်ဖို့လိုလာတယ်။ ဒါပေမယ့် ပြဿနာက အားလုံး လိုလိုက အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှု၊ လက်နက်ကိုင်အဖွဲ့မှာပါဝင်ခဲ့မှု၊ ပြစ်ဒဏ်ကျခံခဲ့မှု စတဲ့အချက်တွေ နဲ့ ငြိစွန်းနေကြတယ်။
နောက်ဆုံးတော့ အဲဒီပြဿနာက သမ္မတဦးသိန်းစိန်ဆီကိုရောက်သွားတယ်။ ဦးသိန်းစိန်က လူသတ်မှု၊ မူးယစ်ဆေးဝါးမှု လို ပြစ်မှုကြီးတွေကိုတော့ စစ်ပါ။ နိုင်ငံရေးသဘောထားကွဲလွဲ မှု ကြောင့်ဖြစ်ခဲ့တာတွေကိုတော့ ထားလိုက်ပါတော့၊ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ပါဝင် ခဲ့ တယ်ဆိုတာလည်း အခု အဲဒီအဖွဲ့တွေနဲ့တောင် ငြိမ်းချမ်းရေးဆွေးနွေးတော့မှာဖြစ်တဲ့ အတွက် ထားလိုက်ပါ လို့ ဆုံးဖြတ်ပေးခဲ့တယ်။ တကယ်တော့ စကားလှလှ မသုံးခဲ့ပေမယ့် ဦးသိန်းစိန် က အာလုံးပါဝင်ခွင့်နဲ့ သင်ပုန်းချေရေးကို လုပ်ခဲ့တာပါပဲ။
ဒါ့ကြောင့် ပြည်တော်ပြန်ပုဂ္ဂိုလ်များ၊ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားဟောင်းများဟာ အစိုးရ ဌာန အသီးသီးနဲ့ လွတ်လွတ်လပ်လပ်ဆက်ဆံလို့ရခဲ့တယ်။ သမ္မတ အိမ်တော်အထိ ဝင်ထွက်၊ သမ္မတနဲ့လည်းတွေ့ဆုံဆွေးနွေးခွင့်ရခဲ့တယ်။ သမ္မတ နဲ့အစိုးရအဖွဲ့ကို လွတ်လွတ်လပ်လပ် ဝေဖန်လို့ရခဲ့တယ်။
တစ်ခါက အတွေ့အကြုံ ဖြစ်ပါတယ်။