တောင်ပေါ်မြို့လေးရဲ့ မနက်ခင်းက အေးချမ်းလှသည်။ ညက တစ်စိမ့်စိမ့်ရွာနေသော မိုး တိတ်သွား ပြီ။ လူသံ ကားသံမကြားရ။ ဟိုတယ်ခြံစည်းရိုးတစ်နေရာမှာ ငှက်လေးတွေ တွတ်ထိုး နေသံကြားရသည်။
ပန်းခြံထဲက ပန်းပွင့်တွေမှာ မိုးရေစက်တွေ တွဲလွဲခိုနေသည်။ စင်္ကာပူမှာနေစဉ်ကတော့ မိုး ရွာပြီးစ ပန်းတွေ၊ သစ်ရွက်တွေ မှာ မိုးရေစက်လေးတွေတွဲလွဲခိုနေတာကို ဓာတ်ပုံရိုက်ပြီး “မိုး မနက်ခင်း” ဆိုပြီး ဓာတ်ပုံတွေတင်ခဲ့ဖူးသည်။ အခုတော့ မိုးမနက်ခင်းကို ဓာတ်ပုံရိုက်ချင်စိတ်မရှိ။ ရွာလိုက်၊ တိတ်သွားလိုက်၊ မရွာဘူးထင်ပေမယ့် ရွာလိုက်လုပ်နေသော တောင်ပေါ်မိုးကို ခံစားချင်စိတ် ကင်း မဲ့နေသည်။
ဟိုတယ်တစ်ခုလုံးတိတ်ဆိတ်နေသည်။ ဧည့်သည်တွေကလည်း အိပ်တုန်း၊ နောက်ဘက် မီးဖို ဆောင်ဘက်မှာတော့ နံနက်စာအတွက်ပြင်ဆင်နေသံတွေကြားရသည်။ နံနက်စာ စားဖို့ က စောနေသေးတော့ ဟိုတယ် ခြံဝင်း ရှေ့ က တောင်ပေါ်ကို တက်သွားတဲ့လမ်းကျဉ်း လေးအတိုင်း ထွက်လာခဲ့သည်။
လမ်းကျဉ်းလေးရဲ့ ညာဘက်မှာ ဘုန်းတော်ကြီးကျောင်း နဲ့ စေတီငယ်တစ်ဆူရှိသည်။ ဘယ်ဘက် မှာ ချောက်ကမ်းပါးကို မေးတင်ဆောက်ထားသော အိမ်လေး ဆယ်လုံးလောက်ရှိသည်။ သူတို့ ရဲ့နောက်ဘက် ချောက်တစ်ဖက်ကမ်းမှာ ခေတ်မီအိမ်ရာစီမံကိန်းတစ်ခုရှိသည်။ လူနေ အိမ်တစ်ချို့ရှိသည်။ ဟိုတယ်တစ်လုံးရှိသည်။ ချောက်ကမ်းပါးကို မေးတင်ထားသော အိမ်တစ်ချို့ က လမ်းပေါ်က ကြ ည့်ရင်တ စ်ထပ်၊ ဒါပေမယ့် နောက်မှာ နှစ်ထပ် ၊ သုံးထပ်ဆောက်ထားကြ သည်။ တစ်ချိန်ကတော့ ဒီနေရာတွေက ညောင်ပင်သာ၊ သာယာကုန်းဆိုတဲ့ စိုက်ပျိုးရေး ရွာလေး တွေ၊ အခုတော့ မြို့ပေါ် ရပ်ကွက် (၆) ၊ ရပ်ကွက် (၇) ဖြစ်နေပြီ။
ဘုန်းတော်ကြီးကျောင်းနဲ့ မျက်နှာချင်းဆိုင် အိမ်လေးရှေ့မှာ တံမြက်စည်းလှဲနေသော အမျိုးသမီး ကြီးက လမ်းလေ ျှာက်မလို့လားဟု နှုတ်ဆက်သည်။ သူတို့ ဇနီးမောင်နှံနဲ့ မနေ့ ညနေက စကားပြောဖူးသည်။ သူတို့က ကလောဇာတိမဟုတ်။ လွန်ခဲ့သော သုံးနှစ်က ဖေ့စ်ဘွတ်မိတ်ဆွေ တစ်ယောက် ဖိတ်ခေါ်လို့ ကလောကို အလည်တစ်ခေါက်ရောက်ခဲ့သည်။ ဒီတစ်ခေါက်နဲ့ပဲ တောင်ပေါ်မြို့လေးမှာ အခြေချဖို့ဆုံးဖြတ်ခဲ့သည်။ မင်္ဂလာဒုံစက်မှုဇုန်ဘက်မှာ ရှိတဲ့ အိမ်နဲ့ ခြံ ကို ရောင်းပြီးပြောင်းလာခဲ့သည်။ ဆုံးဖြတ်ချက်ဘယ်လောက်မြန်လဲဆိုရင် သူတို့ ပြောင်း လာ တော့ မြေမဝယ်ရသေး။ အိမ်ငှားနေပြီးမှ မြေရှာ၊ အိမ်ဆောက်ခဲ့ခြင်းဖြစ်သည်။ အခုတော့ ဇနီး ဖြစ်သူက စက်ချုပ်၊ ခင်ပွန်းဖြစ်သူက ဗင်ကားလေးတစ်စီးနဲ့ ခရီးသည်ပို့ဆောင်ရေးလုပ်နေ သည်။ ကိုဗစ် ကာလမှာတော့ အလုပ်မဖြစ်၊ထိုင်စားပေါ့။
တောင်ပေါ်လမ်းလေးအတိုင်း တစ်ရွေ့ရွေ့လှမ်းတက်ခဲ့သည်။ လူသူကင်းမဲ့သော လမ်းပေါ်မှာ ၊ မိုး တိမ်တွေအောက်မှာ တစ်ယောက်တည်း၊ လွမ်းဖို့ကောင်းသည်။ ဇော်ဝင်းထွဋ်ကတော့ “ မင်း မရှိချိန် ဒီလမ်းများပေါ် ၊ သစ်ရွက်ကြွေလို စိတ်တွေလွင့်မျော၊ xx အမြဲတမ်း မင်းစကားလေး တွေ၊ မင်းအပြုံးလေးတွေ ၊ ခုတော့ ကောင်းကင်မိုးသားလေးအဖြစ်နဲ့ပျောက် ကွယ်” လို့ ဆွေးဆွေးမြေ့မြေ့ ဆိုခဲ့ဖူးသည်။
တောင်ကုန်းထိပ်ရောက်တော့ မမေ ျှာ်လင့်ဘဲ သုသာန်တစ်ခုကို မြင်လိုက်ရသည်။ အဲဒီနေရာ မှာ လမ်းသုံးသွယ်ခွဲသွားသည်။ ဘယ်ဘက်လမ်းက လမ်းပေါ်က လှမ်းမြင်နေရသည့် အိမ်ရာစီမံကိန်း တွေဘက်ကို ခွဲသွားသည်။ အလယ်လမ်းက သုသာန်ကို ဦးတည်နေသည်။ ညာဘက်လမ်း က သုသာန်ကို ဖြတ်ပြီး ထွက်သွားသည်။ သုသာန်အဆုံး လမ်းညာဘက်မှာ အိမ်အသစ် နှစ်လုံး။ သုသာန်နဲ့တစ်ဆက်တည်းလို့တောင်ပြောလို့ရသည်။ ပြီး တော့ ဘောလုံးကွင်းလို့ထင်ရတဲ့ ကွင်းပြင်တစ်ခု၊ ကွင်းပြင်အလွန်မှာတော့ လူနေ ရပ်ကွက်။ လမ်းဘယ်ဘက်အခြမ်းမှာ တော့ လူနေအိမ်တွေမတွေ့ရ။ သုသာန်မြေတွေပဲဖြစ်မည်ထင်သည်။
ဘယ်ကိုလည်း မသွားချင်၊ ညာဘက်လည်း မလိုက်ချင်၊ အလယ်လမ်းအတိုင်းပဲ ဆက်လေ ျှာက် ခဲ့သည်။ သုသာန်မြေရယ်လို့ စည်းရိုးတွေဘာတွေနဲ့သတ်သတ်မှတ်မှတ် လုပ်မထား။ အုတ်ဂူတွေစတွေ့တဲ့နေရာက သုသာန်မြေအစပဲဖြစ်မည်။ တစ်ချိန်ကတော့ မြို့စွန် ၊ ရွာစွန် သုသာန်မြေပဲလေ။ ဘယ်သူမှလဲ လာမနေပါဘူး။ အခုတော့ သုသာန်မြေအစပ်မှာတောင် အိမ် တွေ ရောက်နေပြီ။
အုတ်ဂူတွေက ညီညီ ညာညာ အကွက်ကျကျ မဟုတ်။ ထိန်းသိမ်းစောင့်ရှောက်မှု ကင်းမဲ့နေသော အုတ်ဂူများ၊ ချုံ နွယ်ပိတ်ပေါင်းများနဲ့ဖရိုဖရဲရှိနေသော အုတ်ဂူတွေရဲ့ အနေအထားက အနိစ္စတရား ကို ထင်ဟပ်နေသည်။ ဗုဒ္ဓဘာသာဝင်တို့အတွက် သုသာန်သည် မမြဲခြင်းတရားများကို နှလုံး သွင်းနိုင်ဖို့ ဖြစ်သည်။ သံသရာရှည်စေမယ့် အကြောင်းတရားတွေကို ပွားများဖို့နေရာမဟုတ်။
တောင်ကုန်းထိပ်တည့်တည့်တွင် အုတ်ခင်း၊ သွပ်မိုးဇရပ်ကြီးတစ်ဆောင်ရှိသည်။ ဇရပ်ရှေ့မှာ “ မိတ်ဆွေ၊ ငါ့အနားက ဖြတ်သွားတဲ့အခါ သတိပြုလိုက်စမ်းပါ၊ ငါလည်းတစ်ခါတုန်းက မင်းလိုပဲ အသက်ရှင်ခဲ့ဖူးတာပဲ။ မင်းလည်း တစ်နေ့ကျရင် အခုငါ့လည်းပဲ ဖြစ်မှာပါ။ ပြင်ဆင်စရာ ရှိသမ ျှ ပြင်ဆင်ပြီးရင် ငါ့နောက်လိုက်ခဲ့ပါ။ နေမဝင်ခင် ရိက္ခာပြင်ပါ။ ( အနိစ္စ၊ ဒုက္ခ၊ အနတ္တ)” ဆိုသည့် စာသားကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာနှင့်ရေးထိုးထားသည်။ အလှုရှင်က နှီးဘုရားဆရာတော်၊
ရေးထိုးသည့်နေ့က ၂၅-၄-၂၀၀၄
ဇရပ်ကနောက်မှာ တရားထိုင်ဖို့ တစ်ယောက်စာ လုံးချင်း ကမ္မဌာန်းကျောင်းငယ်တစ်ခုရှိသည်။ “ အဖြူရောင် ပရဟိတအဖွဲ့” ဟုစာတမ်းထိုးထားသည်။ အသုံးပြုမှုနည်းသည်ထင်သည်။ အဆောင်တံခါးရှေ့မှာ အမှိုက်တွေ၊ သစ်ရွက်တွေ။ ဇရပ်ကနေ ညာဘက်လမ်း အတိုင်း သွားတော့ ညောင်ပင်ကြီးတစ်ပင်၊ ညောင်ပင်ကြီးအလွန်မှာ မီးသဂြိုဟ်စက်၊ တံခါးတွေပိတ်ထား သည်။ ဧည့်သည်မရှိသေးဘူးပေါ့။ မီးသဂြိုဟ်စက်ဘေးမှာ နောက်ထပ် ကမ္မဌာန်းဆောင်တစ်ခု။ “ မဟာအောင်မြေကမ္မဌာန်းဆောင်”။ အဆောင်ကို အုတ်စည်းရိုးကာထားသည်။ ခြံအဝင်သစ်သား တံခါးကိုလည်း သော့ခတ်ထားသည်။ အဆောင်ပတ်ဝန်းကျင် မှာ လည်း သန့်ရှင်းရေး လုပ်ထားသည့် လက္ခဏာတွေတွေ့ရသည်။ တစ်စုံတစ်ယောက်ကတော့ ဒီနေရာမှာ အသုဘ ကမ္မဌာန်းထိုင်ဖို့ ပုံမှန်လာနေပုံရသည်။
နံနက်စောစော၊လူသူလေးပါးကင်းမဲ့နေချိန်၊ သုသာန်ထဲမှာတစ်ယောက်တည်းရှိနေပေမယ့် ကြောက်ရွံ့ရမယ့်အစား ငြိမ်သက်ခြင်းကိုသာခံစားရသည်။ ဂူတွေကြားမှာ လမ်းလေ ျှာက်ရင်း နာမည်တွေကို ဖတ်ခဲ့သည်။ အသက်တစ်ရာမှာကွယ်လွန်သူတစ်ယောက်ကို တွေ့ခဲ့သည်။ ဒေါ် xxx ၃-၁၂- ၂၀၁၄ ဗုဒ္ဓဟူးနေ့မှာ ကွယ်လွန်သည်ဟု ရေးထားသည်။
ကမ္မဌာန်းဆောင်လေးရှေ့မှ မကြာခင်ကမှ ကွယ်လွန်သူတစ် ယောက်ရဲ့ အုတ်ဂူရှိသည်။ အုတ်ဂူပြီးတာတောင် မကြားသေး။ ဝါးတိုင်လေးတိုင်စိုက်ထား သည်။ အစားအသောက် ထည့်ခဲ့သည့် ဖော့ဘူးခွံတွေရှိသည်။ စားမြိန်ထုတ်လား ၊ အလုပ်သမားတွေ စား သွားတာလား။ “ ဦး xxx ၊ အသက် (၉ ၇) နှစ်၊ ၄-၆-၂၀၂၀ ဟုစာတမ်းထိုးထားသည်။ ကျွန်တော် ရောက်တာ ဇွန် ၁၀ ဆိုတော့ ရက်လည်တဲ့နေ့ပေါ့။ အုတ်ဂူကို ဓာတ်ပုံရိုက်ပြီး ပြန်ကြည့် လိုက် တော့ အုတ်ဂူ ပေါ်မှာ အနီရောင်အလင်းတန်းတစ်ခုမြင်ရသည်။ နေရာင်ကနေ ရောင်ပြန်တာ လည်း ဖြစ်နိုင်သည်။ ကိုယ့်လက်လှမ်းမမီသည့်အကြောင်းကြောင့်လည်းဖြစ်နိုင်သည်။
နောက်အုတ်ဂူတစ်ခုပေါ်မှာတော့ အဖြူရောင် အင်္ကျ ီတစ်ထည်နဲ့ အနက်ခံတွင် အဖြူစင်း ပုဆိုးတစ်ထည်ကို ကျွတ်ကျွတ်အိတ်နဲ့ ထုတ် ပြီးတင်ထားသည်။ ညက ရွာခဲ့သောမိုးကြောင့် အင်္ကျ ီရော၊ ပုဆိုးပါ မိုးရေရွှဲနေသည်။ ပံ့သကူပစ်ထားတာလား၊ အခြားအကြောင်းတစ်ခုခု ကြောင့် လား၊ ထူးဆန်းတာတော့ အမှန်ပဲ။
ရုတ်တရက်မိုးရွာချလာသည်။ ဟိုတယ်ကို ပြန်ဖို့ မဖြစ်နိုင်တော့ ဇရပ်ထဲမှာ မိုးခိုရသည်။ အုတ်ဂူ တွေကတော့ မိုးစက်တွေအောက်မှာ ငြိမ်သက်စွာလှဲလျောင်းနေကြသည်။ ညောင်ကိုင်း တွေကလေထဲမှာ ယိမ်းထိုးနေသည်။ ဒီတောင်ကုန်းပေါ်က ကြည့်ရင် အရှေ့အရပ်က မြို့လေးကို အပေါ်စီးက မြင် ရသည်။ အိမ်သစ်တွေ၊ မြေကွက်တွေက သုသာန်လေးကို ပတ်ဝိုင်းထားပြီး တစ်ဖြေးဖြေး နဲ့ ရှေ့တိုးလာသလိုခံစားရသည်။ အနောက်အရပ်ကို လှမ်းကြည့်လိုက်တော့ ယာကွက်တွေ၊ တောင်တန်းတွေ။ မကြာခင်မှာတော့ အဲဒီနေရာတွေကလည်း လူနေရပ်ကွက် တွေ ဖြစ်လာမှာပဲ။
တစ်ဖြေးဖြေးနဲ့ ရှေ့တိုးသိမ်းပိုက်လာနေတဲ့ အိမ်တွေကို ဒီသုသာန်လေးက ကြာကြာခုခံနိုင်မည့် အခြေအနေမရှိ။ တိုးချဲ့လာနေတဲ့ မြို့လေးက ဝါးမျိုလိုက်တဲ့အခါ ဒီနေရာမှာ လှဲလောင်း အနားယူသွားခဲ့သူ တွေ ရဲ့ အမှတ်အသားတွေပျောက်ကွယ်သွားကြတော့မည်။ ရှင်သူတွေရဲ့ လိုအပ်ချက်ကို သေသူတွေက ဖြည့်ဆည်းပေးရတာ ထုံးစံဖြစ်နေပြီပဲ။
ရှင်သူတွေက သေသူတွေဆီ လာရမှာကြောက်ကြသည်။ သုသာန်ကို မစည်ကားအပ်သော အရပ် ဟု ယူဆကြသည်။ ကြာကြာမနေအပ်သောအရပ်ဟုထင်ကြသည်။ ဒါပေမယ့် ရှင်သူတွေအတွက် လိုအပ်လာတဲ့အခါမှာတော့ သေသူတွေရဲ့ နေရာ ကို ဖယ်ရှားပစ်ဖို့လည်း ဝန်မလေး။ သေသူကို အသုံးချ ဖို့ လည်း လက်မတွန့်။ ရှင်သူတွေရဲ့ လောဘသည် အဆုံးမရှိ။
မိုးတိတ်သွားပြီ။ အနောက်ဘက်မှာ သက်တန့်တစ်စင်း။ အုတ်ဂူ၊ ကမ္မဌာန်းကျောင်း ငယ် နဲ့ သက်တန့်တစ်စင်း။ သေဆုံးခြင်း၊ တရားဓမ္မနဲ့မေ ျှာ်လင့်ခြင်း။ လမ်းလေးအတိုင်း ပြန်လာ ခဲ့ သည်။ နောက်ပြန်လှည့်ကြည့်လိုက်တော့ မှိုင်းမှိုင်းညို့ညို့ သင်္ချိုင်းဇရပ်ကြီးက “ နေမဝင်ခင် ရိက္ခာပြင်ပါ” ဟု လှမ်းပြောနေသည်။