မဲလက်မှတ်တွေ မီးရှို့ရတဲ့ခေတ်
ပလက်၀ မှာ မြို့တစ်မြို့ ၊ ကျေးရွာအုပ်စု တစ်ခု နဲ့ရွေးကောက်ပွဲကျင်းပတာက ဦးလှသိန်းကော်မရှင်ရဲ့ လွတ်လပ်တရားမ ျှတမှုအပေါ် မေးခွန်းတွေပေါ်ထွက်စေတဲ့
အဖြစ်အပျက်
ကြိုတင်မဲလက်မှတ်တွေ အားလုံး မီးရှို့ပြီး မဲထပ်ပေးဖို့ လုပ်ရတယ်ဆိုတာက
ဦးလှသိန်း ကော်မရှင်ရဲ့ စွမ်းဆောင်ရည် နဲ့ စီမံခန့်ခွဲမှု အရည်အချင်းကို မေးခွန်းတွေ ပေါ်ထွက်စေတဲ့ အဖြစ်အပျက်
ဦးတင်အေးကော်မရှင် ကို သမ္မတ ဦးသိန်းစိန်က ရွေးချယ်တာဝန်ပေးတယ်။
ဦးလှသိန်းကော်မရှင် ကို သမ္မတ ဦးထင်ကျော်က ရွေးချယ်တာဝန်ပေးတယ်။ သမ္မတ ဦးဝင်းမြင့် က ရှိရင်း အဖွဲ့ဝင် ၇ ယောက်အပြင် နောက်ထပ် ၈ ယောက်တိုးချဲ့ တာဝန်ပေးတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှစ်ခုရဲ့ လွတ်လပ်တရားမ ျှတမှု၊ စွမ်းဆောင်ရည် နဲ့ စီမံခန့်ခွဲမှုအရည်အချင်းဟာ သူတို့ကို ရွေးချယ်တာဝန်ပေးခဲ့တဲ့ သမ္မတတွေရဲ့ စွမ်းဆောင်ရည်နဲ့ စီမံခန့်ခွဲမှု အရည်အချင်း ပေါ် မူတည်ပြီး ကွဲပြားခြားနားသွားတယ်လို့ ပြောရင် မှားမယ်မထင်ဘူး။