ဦးရဲမင်းဦးရဲ့ စီးပွားရေးလုပ်ငန်းများ

ဒီတစ်ခါ Myanmar Now က ဖွင့်ချလိုက်တဲ့သတင်းကတော့ NLD ပါတီရဲ့ အနာဂတ် ကြယ် ပွင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်လောင်း စသည်ဖြင့် မီဒီယာတွေကတောင် သုံးသပ်နေတဲ့ NLD ပါတီ ဒဂုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲမင်းဦး အကြောင်း ဖြစ်ပါတယ်။

Myanmar Now က အခြားပါတီဝင်လွှတ်တော်ကိုယ်စားလောင်းတွေရဲ့ နောက်ခံသမိုင်း တွေ၊ သတင်းတွေကို ထုတ်ဖော်ရေးသားတဲ့အခါတိုင်း လက်ခုပ်လက်ဝါးတီး အားပေးခဲ့တဲ့ NLD ဝန်းရံ သူ၊ ထောက်ခံသူတွေကတော့ ဒီသတင်းဆောင်းပါးနဲ့ပတ်သက်ပြီး

• အခုလိုရွေးကောက်ပွဲနီးမှ ဒီသတင်းရေးတာဘာသဘောလဲ။
• ဒီသတင်းရေးဖို့အတွက်နောက်ကွယ်မှာ လက်မဲကြီးရှိနိုင်တယ်။
• စီးပွားရေးသမားပဲ ကျန်တဲ့ခရိုနီတွေနဲ့ ဆက်ဆံရတာ ဘာထူးဆန်းသလဲ။
• စစ်အစိုးရခေတ်မှာ စီးပွားရေးလုပ်ရင် ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရမှာပေါ့။
• စီးပွားရေးလုပ်ငန်းတွေမှာ ယူထားတဲ့ ရာထူးတွေက ထွက်လိုက်ပြီပဲ။ ခင်ပွန်း အစိုးရ တာဝန်ထမ်းဆောင်တာနဲ့ ဇနီးဖြစ်သူက စီးပွားရေး မလုပ်ရတော့ဘူးလား။

စသည်ဖြင့် အစွမ်းကုန် ကာကွယ်ပြောဆိုနေကြတယ်။

အခြားပါတီ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေ နဲ့ပတ်သက်ရင် အတိတ်က အဖြစ်အပျက်တွေက အလွန်အရေးကြီးတယ် လို့ ပြောခဲ့ပေမယ့် ဦးရဲမင်းဦးနဲ့ပတ်သက်ရင်တော့ အတိတ်က ဘာဖြစ်ခဲ့ဖြစ်ခဲ့၊ အခု ဒေါ်အောင် ဆန်း စုကြည်က ယုံကြည်လို့တာဝန်ပေးထားတာပဲ။ ဒီအချက်တွေကို ဒေါ်အောင်ဆန်းစုကြည် သိမှာပါ ဆိုပြီး ပြောကြပြန်တယ်။

ဘာပဲဖြစ်နေဖြစ်နေ ဦးရဲမင်းဦး ဘာလဲ၊ ဘယ်လဲ၊ ဒဂုံမြို့နယ်ကို ကိုယ်စားပြု တဲ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သင့်လား၊ စီးပွားရေးမြို့တော် ရန်ကုန်ရဲ့ ဝန်ကြီးချုပ်ဟာ စီးပွားရေး လုပ်ငန်းရှင်ဖြစ်နေရင် ကိုယ်ကျိုးစီးပွား ကင်းနိုင်ပါ့မလား၊ ဆိုတာကို ဆုံးဖြတ်ရမှာက ဒဂုံ မြို့နယ်က မဲဆန္ဒရှင်ပြည်သူတွေပါပဲ။

ဒါ့ကြောင့် ဒီနေ့ နဲ့ မနက်ဖြန်မှာ ဒဂုံမြို့နယ်က မဲဆန္ဒရှင်ပြည်သူများ စဉ်းစားသုံးသပ်နိုင်ဖို့ အတွက် Myanmar Now ရဲ့ ဆောင်းပါးကို မ ျှဝေလိုက်ပါတယ်။

https://myanmar-now.org/mm/news/4887?fbclid=IwAR3Q5YaZ4ZW4pSC4dQvij8Co2fJJWbBccsz6rSgAKcN4G_t2QXBhSF9MC4s

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: