ငှက်ကြည့်သူ (၃)

“ အာကျဲခေါ” ဆိုတဲ့ ရွာလေးက ယူနန်ပြည်နယ် ယွမ်ရမ်ခရိုင်ထဲက ကျေးရွာလေးပါ။ ၂၀၁၃ ခုနှစ်မှာ ယွမ်ရမ်ခရိုင် တောင်တန်းတွေပေါ်က နှစ်ပေါင်း ၁၃၀၀ ကျော်သက်တမ်းရှိတဲ့ လှေကားထစ်စိုက်ခင်းတွေကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံ ရပါတယ်။ အာကျဲခေါ ရွာ လေးက လှေကားထစ်စိုက်ခင်းတွေကြားက ရွာလေး တစ်ရွာဖြစ်ပြီး ဟာနီ တိုင်းရင်းသားလူနည်းစု တွေနေထိုင်ပါတယ်။

ဒီဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ်သတ်မှတ်တော့ ခရီးသွားတွေရောက်လာ ကြ တယ်။ ဒါပေမယ့် ခရီးသွားလုပ်ငန်းရှင်တွေပဲ ပိုက်ဆံရပြီး ရွာလေးက ဘာမှ တိုးတက်မလာဘူး။ ဒါ့ အပြင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ်သတ်မှတ်လိုက်တဲ့အတွက် ရွာသားတွေဘက်က ပတ်ဝန်းကျင်ထိန်းသိမ်း ေ ရးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ လိုက်နာရမယ့် စည်းကမ်းတွေက ပိုများလာတယ်။ တစ်ဖက် မှာလည်း ခရီးသွားတွေကြောင့် အမှိုက်တွေရှုပ်လာတဲ့ ပြဿနာမျိုး ကျတော့ ဘယ်အဖွဲ့အစည်းကမှ ဖြေရှင်းမပေးဘူး။

ဒီရွာလေးနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေဟာ စိုက်ပျိုးရေးကိုပဲ အဓိက လုပ်ဆောင်တဲ့ရွာတွေဖြစ် ပါတယ်။ ဒါပေမယ့် ဒေသရာသီဥတုအခြေအနေအရ တစ်နှစ်မှာ တစ်သီးပဲ စိုက်ပျိုးလို့ရတဲ့ အတွက် ဝင်ငွေမကောင်းဘူး။ ခရီးသွားလုပ်ငန်းကလည်း ရွာအတွက် ထူးပြီး အကျိုးမရှိဘူး။ ဒီတော့ လူငယ်တွေက မြို့ကြီးတွေမှာ သွားပြီးအလုပ်လုပ် တယ်။ လယ်ထဲဆင်း မယ့်သူနည်း လာတယ်။ ဒီလိုနဲ့ တစ်ချို့လှေကားထစ် စိုက်ခင်းတွေက ပေါင်းပင်တွေ ဖုံးသွားတယ်။ ကြာလာရင် လှေကားထစ်စိုက်ခင်းတွေပျက်စီးတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီ။

၂၀၁၈ ခုနှစ်ရောက်တော့အဲဒီအခြေအနေကို ကုစားနိုင်ဖို့အတွက် ပြည်နယ်အစိုးရက ပညာရှင် တွေကို လေ့လာခိုင်းတယ်။ ပြီးတော့ အာကျဲခေါ ရွာဒေသခံတွေအနေနဲ့ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် “ တာဝန်၊ လုပ်ပိုင်ခွင့် ၊ အကျိုးအမြတ်” သုံးခုကို ဟန်ချက် ညီညီ သုံးနိုင်မယ့် စီမံချက်တစ်ခုကိုရေးဆွဲတယ်။ စီမံချက်ရေးဆွဲတယ်ဆိုတာက မိုးပေါ်က ကျတဲ့ စီမံချက်မဟုတ်ဘူး။ ဒေသအစိုးရက လွှတ်ပေးတဲ့ ပညာရှင်နှစ်ယောက်နဲ့ ရွာသားတွေ အပြန်အလှန်ဆွေးနွေးပြီး ရေးဆွဲတဲ့စီမံချက်ဖြစ်ပါတယ်။

အဲဒီစီမံချက်အရ အစိုးရက ကျေးရွာခရီးသွားလုပ်ငန်းကို တည်ထောင်ပေးတယ်။ အာကျဲခေါ ခရီးသွားလုပ်ငန်း စီမံ ကိန်းကို ရွာသားတွေကပဲ စီမံခန့်ခွဲတယ်။ အစိုးရက ပညာရပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးတယ်။ အကြံ ပေးတယ်။ ခရီးသွား စင်တာတစ်ခုဆောက်ပေး တယ်။ ရွာသားတွေကို ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့သင်တန်း ပေးတယ်၊ ရိုးရာကျေးလက် နေ အိမ်တွေကို ရိုးရာမပျက်ပြန်ပြင်ပေးတယ်၊ အိမ်သာတွေဆောက် ပေးတယ်။ ဒါ့အပြင် ပျောက်ကွယ် တော့မလိုဖြစ်နေတဲ့ ရိုးရာ ရေအားသုံးစပါးကြိတ်စက်၊ ရက်ကန်းစတာတွေကို ပြန်လည်ထိန်းသိမ်း ပေးတယ်။ ကျေးရွာဘက်က ငွေထည့်ဝင်ဖို့မလိုဘူး။ သူတို့ ရိုးရာစိုက်ပျိုးရေးလုပ်ငန်းတွေ ဆက် လုပ်၊ ရိုးရာအိမ်တွေကို ထိန်းသိမ်းထားဖို့ပဲလိုတယ်။

ဒီစီမံချက်စတင်တဲ့အချိန်မှာ ဒေသခံရွာသားတွေကိုပဲ ခရီးသွားလုပ်ငန်းမှာပြန်ခန့်တယ်။ ခရီးသွား တွေက ဇုန်ဝင်ကြေးပေးရတယ်။ ရှုခင်းကြည့်တဲ့အပြင် တောတွင်းလမ်းကြမ်းခရီးသွားတာ၊ ဟင်းသီး ဟင်းရွက် တွေကိုယ်တိုင်ခူးပြီး ရိုးရာဟင်းချက်နည်းသင်တာ၊ တို့ဟူးကြိတ်တာ၊ ငါးဖမ်းတာ တွေ ကို အခကြေးငွေပေးပြီး ဝင်လုပ်လို့ရတယ်။

အရေးကြီးဆုံးအချက်က အစိုးရက အာကျဲခေါ စီမံကိန်းက ရတဲ့ ဝင်ငွေကို လုံးဝမယူဘူး။ အခြားခရီးသွားလုပ်ငန်းတွေကလည်း ဒီဒေသအထိ ခရီးသည် လာပို့လို့ပဲရတယ်။ ခရီးသွားဇုန်ထဲက လုပ်ငန်းတွေကို အာကျဲခေါ ခရီးသွားလုပ်ငန်းက လုပ်တယ်။ ရွာသား တစ်ဦး ချင်းကလည်း သူ့အိမ်မှာ ခရီးသွားတွေ ရက်ကန်းရက်တာ၊ ဟင်းချက်တာလုပ်ရင် ငွေကောက်လို့ ရတယ်။ အာကဲျခေါစီမံကိန်းဇုန်အတွင်း စည်ပင်သာယာရေးလုပ်ငန်း တွေ ကို လည်း ရွာသား တွေကပဲ စီမံခန့်ခွဲတယ်။

အာကျဲခေါ ခရီးသွားလုပ်ငန်းက ရတဲ့ဝင်ငွေကို အရင်းနှုတ်ပြီး အမြတ် ၃၀% ကို လုပ်ငန်းထဲမှာ ပြန်ရင်းနှီးမြှုပ်နှံတယ်။ ၇၀% ကို ရွာသားတွေကို ခွဲပေးတယ်။ အာကျဲခေါရွာလေးမှာ အိမ်ခြေ တစ်ရာ နီးပါးရှိပြီး ၂၀၁၉ ခုနှစ်က အိမ်ထောင်စုတစ်စုကို အမြတ်ငွေ ယွမ်နှစ်ထောင် ရတယ် လို့ သိရတယ်။

နိဂုံးချုပ်လိုက်တော့ အာကျဲခေါရွာသားတွေဟာ စိုက်ပျိုးရေးက ဝင်ငွေအပြင် ခရီးသွားလုပ်ငန်းက လည်း ဝင်ငွေရတယ်။ ခရီးသွားလုပ်ငန်းက ဝင်ငွေအားလုံးကို သူတို့ပဲ အကျိုးခံစားရတဲ့အတွက် ခရီးသွား ဧည့်သည့်များများလာရေးဟာ သူတို့ အကျိုးစီးပွားဖြစ်လာတယ်။ လှေကားထစ် စိုက်ခင်းတွေ ကို ထိန်းသိမ်းထားဖို့ ၊ ရိုးရာလက်မှုလုပ်ငန်းတွေ ကွယ်ပျောက်မသွားဖို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အမိန့်နဲ့ခိုင်းစရာ မလိုတော့ဘူး။

ပဲခူးရိုးမကိုလည်း သစ်တောကြိုးဝိုင်းတွေကို အခြေခံပြီး သဘာဝခရီးသွားလုပ်ငန်းဇုန်တွေ သတ်မှတ်မယ်။ ဒေသခံ မုဆိုးတွေ၊ တောင်ယာလုပ်သူတွေ၊ ထင်းခုတ်မီးသွေးဖုတ်သူတွေ အဖွဲ့ဝင်တွေအဖြစ် သိမ်းသွင်းမယ်။ ဇုန်ဝင်ကြေးကောက်ပြီး ရာသီအလိုက် ငှက်ကြည့်ဖို့၊ အခြားသားကောင်တွေ ကို ကြည့်ဖို့ စားပင်တွေ ၊ ဆားကျင်းတွေ ၊ ရေသောက်ဖို့နေရာတွေ ရှာဖွေထားမယ်။ တောတွင်း ခရီး ကြမ်း လမ်းလေ ျှာက်နိုင်ဖို့ စီစဉ်ပေးမယ်၊ ရိုးရာလက်မှု ပစ္စည်းတွေရောင်းမယ်၊ ရိုးမပေါ်မှာရှိတဲ့ ဆည်တွေပတ်ဝန်းကျင်မှာ တည်းခိုဖို့ နေရာ တွေ စီစဉ်ထားမယ် ဆိုရင် ဖြစ်နိုင်မလားလို့ စိတ်ကူးယဉ်မိတယ်။

တစ်ခုတော့ ရှိတယ်။ အာကျဲခေါ စီမံချက်လိုပဲ အစိုးရက လုပ်ငန်းလည်ပတ်နိုင်ဖို့ပဲအကူအညီပေး ရမယ်။ ဒီလုပ်ငန်းကငွေယူဖို့တော့ မကြိုးစားသင့်ဘူး။ သစ်တောဦးစီးဌာနက မြန်မာနိုင်ငံ သစ်တော များပြန်လည်တည်ထောင်ရေးစီမံကိန်း ( ၂၀၁၇ – ၂၀၂၇) ကိုတောင် ငွေအများကြီး သုံးပြီး အကောင်အထည်ဖော်နေတာဖြစ်တဲ့အတွက် သစ်တောထိန်းသိမ်း ရေးကို အထောက် အကူဖြစ်မယ့် ဒီလိုစီမံချက်တွေကို ကူညီပံ့ပိုးပေးတာမျိုးပဲလုပ်သင့်ပါတယ်။

ခရီးသွားလုပ်ငန်းကြီးတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဖဲွဲ့အစည်း တွေက လည်း ၊ ခရီးသွားလုပ်ငန်းဇုန်အတွင်းမှာ သဘာ၀ အခြေခံခရီးသွားလုပ်ငန်း တွေ ဖွံ့ဖြိုးဖို့အတွက် ဒေသခံစီမံကိန်းအဖွဲ့ကို ပညာရပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုး ပေးသင့်တယ်။

အဲဒီလို လုပ်နိုင်ရင်တော့ ဒေသခံတွေဟာ ငှက်တစ်ကောင်၊ ဂျီတစ်ကောင်ကို ပစ်ရင်၊ သစ်ပင် ကြီး တစ်ပင်ကို ခုတ်ရင် တစ်ခါပဲ ငွေရမယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထားရင် သူတို့ အတွက် တစ်သက်စာ ထမင်းအိုးတည်ပေးထားသလိုဖြစ်မယ်ဆိုတာ နားလည်ပြီး အပြည့်အ၀ ပူး ပေါင်းဆောင်ရွက်လာမယ်လို့ယုံကြည်ပါတယ်။

အာကျဲခေါ စီမံချက် ရဲ့ ဒေသခံ တွေကို “ တာဝန်၊ လုပ်ပိုင်ခွင့် ၊ အကျိုးအမြတ်” အပ်နှင်းတယ်ဆိုတဲ့ အခြေခံမူဟာ ပဲခူးရိုးမ သာမက အခြား ဒေသတွေ မှာပါ သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးဝင် နိုင်ပါ တယ်။

အခု ကျွန်တော်ရောက်ခဲ့တဲ့ အောင်လောင်ငှက်တွေ ရှိတဲ့ ရဲနွယ်ကြိုးဝိုင်းထဲမှာ ဆင်စခန်းတွေ ရှိသလို တောတွင်းခရီးကြမ်းလည်းလေ ျှာက်လို့ရတဲ့ နေရာတွေလည်းရှိတယ်။ နောက်ပြီး အခု ငှက်အုပ်တွေကျနေတဲ့ အပင်ကြီးကနေ တစ်မိုင်လောက်သွားလိုက်ရင် ရဲနွယ်ဆည် ကို သွားလို့ ရတဲ့ လမ်းကြောင်းလည်း ရှိတယ်။ ဒါတွေက ငှက်ကြည့်ရုံသက်သက် သာမက သဘာ၀ အခြေခံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးနိုင်ဖို့အတွက် အခြေခံကောင်းတွေပါပဲ၊

လောလောဆယ်ဆယ်တော့ တောတွင်းခရီးကြမ်းလမ်းလေ ျှာက်တာတွေ၊ ဆင်စခန်းလေ့လာ တာတွေ လုပ်ဖို့မလွယ်သေးဘူး။ ဒါပေမယ့် ရဲနွယ်ဆည်ကိုတော့ သွားလို့ရတယ်။ ဒါ့ကြောင့် အောင်လောင်ငှက်တွေကို ဓာတ်ပုံရိုက်အပြီးမှာ ရဲနွယ်ဆည်ဘက်ကို သွားဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။

( ဆက်လက်ဖော်ပြပါမည်။ )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: