ဖေဖော်ဝါရီလ ၁၁ ရက်မှာ အမေရိကန် သမ္မတ ဘိုင်ဒန်က သမ္မတ အုပ်ချုပ်မှုဆိုင်ရာ အမိန့် ( Executive Order, EO ) ထုတ်ပြန်ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့တဲ့ အခါ အချို့ အသိုင်းအဝန်းတွေကြားမှာ အကြီးအကျယ် ရိုက်ခတ်သွားခဲ့တယ်။ ဒါဟာ မကြုံစဖူး ထူးကဲလှတဲ့ အရေး ယူဆောင်ရွက်မှုလို့ မြင်သူတွေလည်းရှိတယ်။ ဘာမှ မဟုတ် ဘူး၊ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို မှုစရာမလိုဘူးလို့ ထင်သူတွေလည်းရှိတယ်။
တကယ်တော့ မြန်မာနိုင်ငံဟာ ၁၉ ၈၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ အမေရိကန် နဲ့ ဥရောပ သမဂ္ဂ ( အီးယူ) ရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာ နေခဲ့ရတာပါ။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အထိပဲ နိုင်ငံတကာဒဏ်ခတ်အရေးယူမှုတွေအောက်က လွတ်မြောက်ခဲ့တယ်။ ၂၀၁၇ ခုနှစ် ရို ဟင်ဂျာ ဒုက္ခသည် အရေးအခင်းဖြစ်ပေါ်လာတဲ့အခါ တပ်မတော်အပေါ် ပစ်မှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတစ်ချို့ ပြန်လုပ်ခဲ့ပြီး အခုတော့ နောက်တစ်ဆင့်ထပ်တိုးတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အခုတစ်ကြိမ်ချမှတ်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေဟာ ဘယ်အတိုင်းအတာထိ အကျိုး သက်ရောက်နိုင်မလဲဆိုတာ သိနိုင်ဖို့အတွက် ၁၉ ၈၈ – ၂၀၁၃ ခုနှစ် အခြေအနေကို ပြန်လေ့ လာဖို့ လိုပါမယ်။
အမေရိကန်စီးပွားရေးပိတ်ဆို့မှု
မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့တဲ့ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ အရေးယူတွေထဲမှာ အမေရိကန် နိုင်ငံက ချမှတ်တဲ့ အရေးယူတွေက အပြင်း ထန်ဆုံး၊ အကျယ်ပြန့်ဆုံးဆိုတော့ စီးပွားရေး ပိတ်ဆို့အရေး ယူ မှုတွေအကြောင်းပြောရင် အမေရိကန်ကို ထိပ်ဆုံးက ထားပြောရမှာပဲ။
၁၉ ၈၈ ကနေ ၂၀၁၃ ခုနှစ်အကြား အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့တဲ့ ဒဏ်ခတ် အရေးယူမှုတွေကို ယေဘုယျ အားဖြင့် အခုလို ခွဲခြားလို့ရတယ် –
၁။ အစိုးရ အရာရှိကြီးများ၊ မိသားစုဝင်များ ၊ တပ်မတော်နဲ့ပတ်သက်သော စီးပွားရေး လုပ်ငန်းရှင် များအပေါ် ဗီဇာပိတ်ဆို့မှု။
၂။ အစိုးရ အရာရှိကြီးများ၊ မိသားစုဝင်များ ၊ တပ်မတော်နဲ့ပတ်သက်သော စီးပွားရေး လုပ်ငန်းရှင် များကို ငွေကြေးဝန်ဆောင်မှုမပေးရန် တားမြစ်မှု ။
၃။ ပစ်မှတ်ထားသော အဖွဲ့အစည်း/ ပုဂ္ဂိုလ်များ၏ အမေရိကန်နိုင်ငံတွင်ရှိနေသည့် ငွေကြေး/ ပိုင် ဆိုင်မှုများကို ထိန်းချုပ်မှု။
၄။ မြန်မာ့ပို့ကုန်များကို ပိတ်ပင်မှု။
၅။ အမေရိကန်စီးပွားရေးအဖွဲ့အစည်းများကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေး ဝန်ဆောင်မှု မပြုလုပ်ရန်တားမြစ် မှု။
၆။ အမေရိကန်နိုင်ငံအနေဖြင့်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လည်းကောင်း မြန်မာနိုင်ငံကို အကူအညီမပေးရန်တားမြစ်မှု။
အမေရိကန်က မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့အရေးယူမှုလုပ်တဲ့အခါ ကွန်ဂရက်လွှတ်တော်က ဥပဒေပြဋ္ဌာန်းပြီးဆောင်ရွက်တာရှိသလို သမ္မတအုပ်ချုပ်မှုအမိန့်ထုတ်ပြန်ပြီးဆောင်ရွက်တာလည်း ရှိတယ်။ ၁၉ ၈၈- ၂၀၁၃ ကာလမှာ အမေရိကန်ကွန်ဂရက်က မြန်မာနိုင်ငံအပေါ် အရေးယူ ဆောင်ရွက်ဖို့ ပြဋ္ဌာန်းတဲ့ ဥပဒေ ခြောက်ခုရှိခဲ့တယ်။ အဲဒါတွေကတော့ –
၁။ Customs and Trade Act of 1990 (Section 138)။ ဒီပုဒ်မ၁၃၈ က မြန်မာနိုင်ငံကို စီးပွားရေး ပိတ် ဆို့အရေးယူမှုလုပ်ဖို့ သမ္မတ ကိုလုပ်ပိုင်ခွင့်ပေးတာဖြစ်တယ်။
၂။ Foreign Assistance Act of 1961 (Section 307)။ ဒီပုဒ်မ၃၀၇ ကို ၁၉ ၉ ၃ နဲ့ ၁၉ ၉ ၄ ခုနှစ် မှာ ပြင်ဆင်ခဲ့တယ်။ အဲဒီပြင်ဆင်ချက်အရ နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာနိုင်ငံ မှာ ဆောင်ရွက်နေတဲ့ ကူညီထောက်ပံ့ရေးအစီအစဉ်တွေမှာ အမေရိကန်နိုင်ငံက ရန်ပုံငွေ ထည့်ဝင် ခြင်း မပြုဖို့ တားမြစ်ခဲ့တယ်။
၃။ Foreign Operations, Export Financing, and Related Programs Appropriations Act, 1997 (Section 570) ။ ဒီပုဒ်မ ၅၇၀ က မြန်မာနိုင်ငံအပေါ် နောက်ထပ် အရေးယူမှုအသစ်တွေ ထပ်မံချမှတ်တာဖြစ်တယ်။
၄။ The Burmese Freedom and Democracy Act of 2003။ ဒီဥပဒေက ဒီပဲယင်းအရေးအခင်း အပြီးမှာ ပြဋ္ဌာန်းတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် သီးခြားပြဋ္ဌာန်းတဲ့ ပထမဆုံးဥပဒေဖြစ် ပါ တယ်။
၅။ Tom Lantos Block Burmese JADE (Junta’s Anti-Democratic Efforts) Act of 2008 ။ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးမှာ ပြဋ္ဌာန်းတာဖြစ်ပါတယ်။ မူလချမှတ်ပြီး ဒဏ်ခတ် အရေး ယူမှုတွေကို တိုးချဲ့ တဲ့အပြင် မြန်မာ့တွင်းထွက်ကျောက်မျက်ရတနာများတင်သွင်းမှုကိုပါ ပိတ် ပင် မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
၆။ Public Law 112–192 Oct. 5, 2012 ။ ဒီဥပဒေကတော့ ပိတ်ဆို့အရေးယူတဲ့ ဥပဒေ မဟုတ်ဘူး။ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေအပေါ် မူတည် ပြီး မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို သမ္မတက ဖြေလျော့ပေးဖို့ လုပ် ပိုင်ခွင့်ပေးတဲ့ဥပဒေဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက မြန်မာ နိုင်ငံကို အကူအညီပေးနိုင်အောင် လမ်းဖွင့်ပေးတဲ့ဥပဒေလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး The International Emergency Economic Powers Act နဲ့ The National Emergencies Act ပါ အခွင့်အာဏာအရ သမ္မတအုပ်ချုပ်မှုအမိန့် နဲ့ ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေ ကလည်း ခြောက်ခုရှိပါတယ်။ အဲဒါတွေကတော့ –
၁။ E.O. 13047 ။ သမ္မတ ကလင်တန်က ၂၀ မေ ၁၉ ၉ ၇ မှာ ထုတ်ပြန်တယ်။ မြန်မာနိုင်ငံ မှာ ရင်းနှီးမြှုပ်မှု အသစ်တွေမလုပ်ဖို့ တားမြစ်တာဖြစ်ပါတယ်။
၂။ E.O. 13310။ သမ္မတဘုရ်ှ က ၂၈ ဇူလိုင် ၂၀၀၃ မှာ ထုတ်ပြန်တယ်။ မြန်မာ ထိပ်တန်း အစိုးရအရာရှိများရဲ့ ပိုင်ဆိုင်မှုကို ထိန်းချုပ်ခြင်း နဲ့ မြန်မာနိုင်ငံအပေါ်ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းအချို့ကို တားမြစ်တာဖြစ်ပါတယ်။
၃။ E.O. 13448။ သမ္မတဘုရ်ှ က ၁၈ အောက်တိုဘာ ၂၀၀၇ မှာ ထုတ်ပြန်တယ်။ ပိုင်ဆိုင် မှု ထိန်းချုပ်တဲ့ အမည်စာရင်းကို တိုးချဲ့တာဖြစ်ပါတယ်။
၄။ E.O. 13464။ သမ္မတ ဘုရ်ှက ၃၀ ဧပြီ ၂၀၀၈ မှာ ထုတ်ပြန်တယ်။ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်း မှာ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအမည်စာရင်းတွေ ထပ်မံတိုးချဲ့တာဖြစ်ပါတယ်။
၅။ E.O. 13619။ သမ္မတ အိုဘားမားက ၁၁ ဇူလိုင် ၂၀၁၂ မှာ ထုတ်ပြန်တယ်။ ဗီဇာပိတ်ဆို့မှု၊ ပိုင်ဆိုင်မှုထိန်းချုပ်ခြင်း နဲ့ အခြားအရေးယူမှုတွေပြုလုပ်ထားတဲ့ အမည်စာရင်းကို သက်တမ်း တိုးတာဖြစ်တယ်။
၆။ E.O. 13651။ သမ္မတ အိုဘားမားက ၆ သြဂုတ် ၂၀၁၃ မှာ ထုတ်ပြန်တယ်။ ဒီအမိန့်က ပိတ်ဆို့အရေးယူတဲ့ အမိန့်မဟုတ်ဘူး။ အရင်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအချို့ကို ပယ်ဖျက်ခြင်း၊ ဆိုင်းငံ့ခြင်း လုပ်ဆောင်တဲ့ အမိန့်ဖြစ်ပါတယ်။
၂၀၁၂ နောက်ပိုင်း မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးအခြေအနေ တွေ တိုးတက်လာတာနဲ့ အမ ျှ အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့အရေးယူမှုတွေက တစ်ဖြေးဖြေး လျော့ လာတယ်။
၁၄ စက်တင်ဘာ ၂၀၁၂ မှာ သမ္မတ အိုဘားမားက အမေရိကန်နိုင်ငံအနေနဲ့ မြန်မာ နိုင်ငံအပေါ် ကူညီထောက်ပံ့မှုတွေမပေးဖို့ ကန့်သတ်ထားချက်ကို ပယ်ဖျက်ပေးခဲ့တယ်။ ၃ မေ ၂၀၁၃ မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အစိုးရ အရာရှိကြီးအချို့အပေါ် ဗီဇာ ပိတ် ပင်ထားမှုတွေကို ပယ်ဖျက်ပေးခဲ့တယ်။ ၂၆ ဇူလိုင် ၂၀၁၃ မှာတော့ အမေရိကန်ကွန်ဂရက်က Burmese Freedom and Democracy Act of 2003 မှာ ပါဝင်တဲ့ အရေးယူမှုတစ်ချို့ကို သက်တမ်းမတိုးပဲ ရပ်ဆိုင်း ပေးလိုက်တယ်။
ဒါပေမယ့် သမ္မတ ဦးသိန်းစိန်ကာလမှာ အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့အရေးယူမှုတွေ အားလုံး ပယ်ဖျက်ပေးခဲ့တာမဟုတ်ဘူး။ ၂၀၁၆ ခုနှစ် ၃၁ မတ် သမ္မတ ဦးသိန်းစိန် အစိုးရက နေ သမ္မတ ဦးထင် ကျော်အစိုးရကို တာဝန်လွှဲပြောင်းမှုအပြီး ၇ အောက်တိုဘာ ၂၀၁၆ ကျမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှုအားလုံးကို ပယ်ဖျက်လိုက်တဲ့အကြောင်း သမ္မတ အိုဘားမားက ကြေညာ ခဲ့တာဖြစ်ပါတယ်။
အစွန်းနှစ်ဘက်
အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ရင် အစွန်းရောက်တဲ့ အယူ အဆ နှစ်ခု ဘယ်သူမှန်လဲ သုံးသပ်ကြည့်ရအောင်။
စီးပွားရေး ပိတ်ဆို့မှုကြောင့် နိုင်ငံစီးပွားရေးတစ်ခုလုံး ပြိုလဲသွားပြီး အစိုးရ ပြုတ်ကျတဲ့ အထိ ဦးတည်သွားနိုင်တယ်ဆိုတဲ့ အယူအဆမမှန်ဘူးဆိုတာ ၁၉ ၅၉ ခုနှစ်ထဲက စပြီး ဒီနေ့ အထိ အမေရိကန်နိုင်ငံရဲ့ ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ခံနေရဆဲ ဖြစ်တဲ့ ကျူးဘားနိုင်ငံကို ကြည့်ရင် သိနိုင်သလို မြန်မာနိုင်ငံ ၁၉ ၈၈ – ၂၀၁၃ အတွေ့အကြုံအရ လည်း သိနိုင်ပါတယ်။
စီးပွားရေးပိတ်ဆို့မှုက ထိခိုက်မှုမရှိဘူး၊ အမေရိကန် က ပိတ်ဆို့ထား လည်း အခြားနိုင်ငံတွေနဲ့ စီးပွားရေးလုပ်လို့ရတယ်ဆိုတဲ့ အယူအဆ။ ဒါလည်း မှားတာပဲ။
အမေရိကန်က ကမ္ဘာ့ အကြီးဆုံး စီးပွားရေးဖြစ်ပြီး နိုင်ငံတကာငွေကြေးဈေးကွက်၊ နိုင်ငံတကာ ကုန်သွယ်မှုတွေ ဟာ အမေရိကန်ဒေါ်လာရယ်၊ အမေရိကန် ငွေကြေးအဖွဲ့အစည်းတွေရယ်နဲ့ ကင်းလို့မရတော့ သူနဲ့ ပြဿနာတက်ရင် အနည်းနဲ့အများတော့ ထိခိုက်မှုရှိတာပဲ။
ဒ့ါကြောင့် အမေ ရိကန်လို စီးပွားရေး၊ သံတမန်ရေးအင်အားကြီးနိုင်ငံတစ်ခု ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံရရင် နိုင်ငံ စီးပွား ရေးပြိုလဲမသွားဘူးဆိုရင်တောင် စွမ်းအားရှိသလောက် ဖွံ့ဖြိုးတိုးတက်ခွင့် မရဘူး ဆိုတာ မြန်မာ နိုင်ငံရဲ့ ၁၉ ၈၈ – ၂၀၁၃ အတွေ့အကြုံအရ လက်တွေ့မြင်ခဲ့ရပြီးပြီ။
ဒါ့အပြင် ၂၀၂၁ အခြေအနေက ၁၉ ၈၈ – ၂၀၁၃ အခြေအနေနဲ့ မတူဘူး။ ၁၉ ၈၈-၂၀၁၃ ကာလ မှာ မြန်မာနိုင်ငံက ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးတယ်။ ဒါပေမယ့် အမေရိကန် ပိတ်ဆို့မှုကြောင့် ဥရောပ နဲ့ အမေရိကန်ဈေးကွက်ကို ထိုးဖောက်ခွင့်မရဘူး။ ဒ့ါကြောင့် အစွမ်း ရှိသလောက် လုပ်ခွင့်မရတဲ့ ကန့်သတ်ချက်ပဲရှိတယ်။
ဒါပေမယ့် ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေက ဥရောပ နဲ့ အမေရိကန် ဈေးကွက်ကို ထိုးဖောက်လာနိုင်တယ်။ အမေရိကန်နဲ့ ဥရောပ စီးပွားရေးလုပ်ငန်းတွေက ပြည် တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်လာတယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေနဲ့ ဖက်စပ်လုပ် ဆောင်လာတယ်။
ဒါ့ကြောင့် ၂၀၂၁ မှာ ရရှိပြီးဈေးကွက်ဆုံးရှုံးတာ၊ ပြည်တွင်းကိုရောက်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်သွားတာ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းသစ်တွေ ဆုံးရှုံး တာ ဆိုတဲ့ ပြဿနာတွေထပ်တိုးလာတဲ့အတွက် ဘာမှ မဖြစ်ဘူးဆိုတာလည်း မမှန်ဘူး။
ဘာလုပ်ကြမလဲ
ဒီတော့ အမေရိကန် နဲ့ ပြဿနာမဖြစ်အောင် အမေရိကန်တောင်းဆိုသမ ျှ ၊ ဖိအားပေးသမ ျှ လိုက်လျောရမှာလား လို့ မေးစရာရှိပါတယ်။
အဲဒီလိုလုပ်ဖို့မလိုပါဘူး။ အတိတ်မှာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်းကတော့ ပြည်တွင်းမှာ အမျိုးသား စည်းလုံးညီညွတ်ရေး ပျက်ပြားရာကနေ စခဲ့ တာ ဖြစ်သလို အမျိုးသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်တဲ့အခါ အမေရိကန် အပါ အဝင် နိုင်ငံတကာ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေဟာ နေလာရင် နှင်းပျောက်သလို လျော့ ပါး ပျောက်ကွယ်သွားတာကို မြင်ခဲ့ရပြီးပါပြီ။
ဒါပေမယ့်လည်း ဒဏ်ရာတွေများလှ၊ အနာကျက်ဖို့ အချိန်ကြာလှတဲ့ အပြင် ဒဏ်ရာ အသစ်တွေ ကလည်း ပေါ်ပေါ်လာနေတဲ့ နိုင်ငံမှာ အမျိုးသားစည်းလုံးညီညွတ်ရေးဆိုတာကလည်း အပြော လွယ်သလောက် အလုပ်ခက်လှပါတယ်။
စစ်တပ်က လူမဆန်စွာ ကိုယ်လူမျိုး သွေးနီးချင်း မညှာမတာ သားသမီးချင်း ကိုယ်ချင်းမစာ အနာဂတ်အဖူးအညွန့်တွေကို စစ်တပ် ဝိသမလောဘအတွက် အစဉ်အဆက် သတ်ဖြတ်ညှင်းဆဲနေလို့ နိုင်ငံတကာက ဒါဏ်ခတ်တာ အဓိက ရေသောက်မြစ်ကို မြင်အောင် စေတနာမှန် နဲ့ မြင်အောင်ရေးသင့်တယ်၊ တိုင်းပြည်တကယ်ကောင်းအောင် လုပ်မဲ့ သူကို ဖွင့်ပေးတာ သက်သေဘဲ၊ ပြည်သူတရပ်လုံးလဲ သိတယ်။
LikeLike