အင်းစိန် ဘူတာရုံ ဘေးက ထမင်းဆိုင်လေးမှာ ရထားစီးရင်း ဘော်ဒါဖြစ်လာသူ နဲ့ အတူ ထမင်းစားတယ်။ တစ်ခါပြင် တစ်ထောင် ၊ လိုက်ပွဲ နှစ်ရာ၊ ဝက်သား နှစ်တုံးပါတယ်။ ငါးပိရည် ၊ တို့စရာ ကောင်းတယ်။ ဆန်လည်းကောင်းတယ်။
အင်းစိန် ခုံးကျော်တံတားအောက်က ဈေးတန်းကို ရောက်တယ်။ ဂျပန် ပစ္စည်းအဟောင်း တွေ ထဲက ပန်းကန်ခွက်ယောက်တွေက စိတ်ဝင်စားဖို့ကောင်းတယ်။ ဆံပင်အဝယ်ဒိုင်တွေလည်း အများကြီးတွေ့တယ်။
ဆံပင် အရှည်ရော၊ ဘီးကျွတ်ရော ဝယ်တယ်တဲ့။ ဒါပေမယ့် ဘီးကျဲ တော့ မဝယ်ဘူး။





စာရေးဆရာအဖြစ်ပဲမြင်မိတာမို့ ဆရာလို့ပါခေါ်ပါရစေ ဆရာရဲ့ဘဝအပေါ်ခံယူချက်နဲ့ သတ်မှတ်ထားတဲ့ပျော်ရွှင်မှု သာမန်လူတန်းစားတွေနဲ့ပြောဆိုရင်းကုန်ကြမ်းရှာစာရေးတဲ့အလုပ်တွေကိုလုပ်ဖြစ်စေတဲ့
အတွေးအခေါ် ကိုပါသိချင်ပါတယ် အချိန်ရရင်ဖြေပေးပါရှင့် (ရာထူးဂုဏ်ရှိန် တွေ လိုချင်ရင် လက်တကမ်းမှာပဲရှိနေပါလျှက် မာန်မာန မရှိတဲ့အလုပ်ကိုလုပ်နေတယ်လို့ထင်မြင်မိလို့လေးစားရပါတယ်)
ဆရာ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ
LikeLike