ကျိုက်ထီးရိုး ခြေလျင်ခရီး (၃)

တောင်တက်ခရီး ဒုတိယနေ့မှာ ကျိုက်ထီးရိုးတောင်ပေါ်ကနေ ရသေ့တောင်၊ မြစိမ်းတောင် လမ်း ကြောင်းအတိုင်း စွန်တောင်ကို သွားခဲ့တယ်။ ကျိုက်ထီးရိုးကနေ ရသေ့တောင်ကို ကားနဲ့ ဆင်း၊ ရသေ့တောင်ခြေကနေ ရသေ့တောင်၊ မြစိမ်း တောင်၊ စွန်တောင်အထိ ဆိုင်ကယ်ကယ်ရီနဲ့ သွားလို့ ရပေမယ့် ကျွန်တော်တို့ကတော့ ခြေလျင်ခရီးပဲ သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျိုက်ထီးရိုး တောင်ပေါ်ကနေ စွန်တောင် အထိ ၃ ဒဿမ ၉ ၆ မိုင်၊ လမ်းလေ ျှာက်ချိန် ၁ နာရီ ၅၈ မိနစ်ရှိပါတယ်။ လမ်းအခြေအနေကတော့ ရင်ပြင်တော်ကနေ ရသေ့တောင်ခြေ အထိ အဆင်း သက်သက်၊ ရသေ့တောင်ခြေကနေ ရသေ့တောင်ထိပ်အထိ အတက်သက်သက်၊ ရသေ့ တောင်ထိပ်ကနေ စွန်တောင်အထိ တောင်ကြောအတိုင်း နိမ့်လိုက်မြင့်လိုက် ဖြစ်ပါ တယ်။

စွန်တောင် ဆိုတာက ကျိုက်ထီးရိုး ရင်ပြင်ကနေ ကင်မွန်းစခန်းဘက်ကို မျက်နှာမူပြီး ကြည့်လိုက် တဲ့အခါ ညာဘက်အခြမ်းမှာတွေ့နေရတဲ့တောင်တန်းရဲ့ အစွန်ဆုံးတောင်ဖြစ်ပါတယ်။ စွန်တောင် ပြီး တာနဲ့ တောင်ကြောက ကျိုက်ထိုလွင်ပြင်ထဲကို နိမ့်ဆင်းသွားပါတယ်။ တစ်ချို့ကတော့ တောင် ကြော အစွန်ဆုံးမှာ ရှိတဲ့အတွက် “အစွန်တောင်” လို့ခေါ်ရာကနေ “စွန်တောင်” လို့နာမည် တွင် တာလို့ ဆိုတယ်။ တစ်ချို့ကတော့ မြတ်စွာဘုရား ဆံတော်စ စွန့်တဲ့နေရာဖြစ်လို့ “ စွန့်တောင်” လို့ ခေါ်ရာကနေ “ စွန်တောင်” လို့ နာမည်တွင်တယ်လို့ ဆိုတယ်။ ဘုရားလမ်းခွဲမှာ ရေးထား တာကတော့ “ မူလသမိုင်းဝင် ရွှေစွန်တောင် တောရကျောင်း” ဖြစ်ပါတယ်။

ကျိုက်ထီးရိုးကနေ ရသေ့တောင်ကို ခြေလျင်ဆင်းတဲ့လမ်းက ရင်ပြင်တော်ကနေ ကားဂိတ်ဘက် ကို ပြန်ဆင်းတဲ့အခါ ကျိုက်ထိုဟိုတယ် ကိုကျော်ပြီးရင် ဈေးတန်းတစ်ခုတွေ့မယ်။ အဲဒီ ဈေး တန်း အလယ်လောက်မှာ ညာဘက်ကို ခွဲထွက်သွားတဲ့လမ်းက ရသေ့တောင်ကို ဆင်းတဲ့လမ်းပဲ။ လမ်းညွှန်ဆိုင်းဘုတ်မရှိဘူး။ မသေချာရင် ဈေးတန်းက လူတွေကို မေးလို့ရပါတယ်။

ကျိုက်ထီးရိုးက ကားလမ်းစဖောက်တော့ အခုလို ရင်ပြင်တော်ပေါ်အထိ မရောက်ဘူး။ ရသေ့ တောင်က ဂိတ်ဆုံးပဲ။ ရသေ့တောင်ကနေ ရင်ပြင်တော်ကို လမ်းလေ ျှာက်တက်၊ လမ်းမလေ ျှာက် နိုင်ရင် အထမ်းနဲ့ တက်ဆိုတော့ ရသေ့တောင် လမ်းက ဈေးဆိုင်တွေနဲ့ စည်ကားခဲ့ တာပေါ့။

အခုတော့ ရသေ့တောင်လမ်းက ဈေးတန်းမဟုတ်တော့ဘူး၊ ရပ်ကွက်လမ်းဖြစ်နေပြီ။ ဈေးဆိုင်တွေ စည်ကားချိန်ကတော့ ကိုယ့်ဆိုင်ရှေ့ ကိုယ် သန့်ရှင်းရေးလုပ်ထားတဲ့အတွက် သန့်သန့်ရှင်းရှင်း သာသာယာယာရှိခဲ့မှာပေါ့။ အခုတော့ လမ်းပေါ်မှာ မြောင်းပုတ်ရေ တွေဖြတ်စီး၊ တစ်ချို့အိမ်တွေ က လမ်းဘေးမှာ ရေချိုးခန်းလုပ်ထား၊ တစ်ချို့က မီးဖိုချပြီး ကြော်လှော်ချက်ပြုတ်၊ လမ်း ဘေး ဝဲယာမှာ အမှိုက်မျိုးစုံနဲ့။ အိမ် တစ်အိမ်က တရားခွေ ဖွင့်၊ ဘေးအိမ်မှာ အမေက ဂျီကျတဲ့ ကလေးကို ဖေ နဲ့ ကိုင်တုတ်။ အိမ်ရှေ့မှာ ပုံစံမျိုးစုံနဲ့ ထွက်ထိုင်နေသူတွေ၊ ကလေးကို ေ-းတည်တဲ့သူတွေနဲ့။ သာသာနာ့မြေပေါ်က ဈေးတန်းလေးနဲ့ မတူတော့ဘူး။

ဈေးတန်းရပ်ကွက်လေးကို ကျော်တော့ ခြေလျင်လမ်းနဲ့ ကားလမ်း ပြန်ဆုံတယ်။ ရသေ့ တောင်ခြေကနေ ရင်ပြင်တော်ပေါ်ကို တက်တဲ့ကားလမ်းက နှစ်ခုရှိတယ်။ အခု လက်ရှိ သုံးနေတဲ့ လမ်းက လမ်းသစ်၊ ခြေလျင်လမ်းနဲ့ဆုံတဲ့လမ်းက ကား လမ်းဟောင်း၊ ကားလမ်းဟောင်းက ဘုရားဖူးများတဲ့ ရာသီဆိုရင်တော့ အဆင်းကားတွေအတွက် သုံးတယ်။ သာမန်အချိန်ဆိုရင် တော့ ဆိုင်ကယ်တွေပဲ အသွားအလာရှိတယ်။ လမ်းဟောင်းဘေးမှာလည်း လူနေအိမ်တစ်ချို့ရှိတယ်။
ကားလမ်းဟောင်းအတိုင်းဆင်းလာတာတောင်ခြေရောက်ခါနီးမှာ Golden Rock ဟိုတယ်ရှိ တယ်။ တစ်ချိန်ကတော့ နာမည်ကြီး ဟိုတယ်ပဲ။ အခုပိတ်ထားတယ်။ ဟိုတယ်နဲ့ မျက်စောင်း ထိုးမှာ သံတံခါးပိတ်ထားတဲ့ ဘိုးဘိုးကြီးနန်းတစ်ခုရှိတယ်။ နန်းဘေးမှာ အရင်က ရှိခဲ့တဲ့ တောင်တက် လမ်း လှေကားထစ်အကြွင်းအကျန်နဲ့ ခုံတန်းလေးတွေရှိတယ်။ ပိတ်ထားတဲ့ နန်း ၊ပိတ်ထားတဲ့ ဟိုတယ်၊ ပျက်စီးနေတဲ့ လှေကားထစ်တွေဟာ တစ်ချိန်က ပျော်စရာ တောင်တက် လမ်းလေးရဲ့ အမှတ်တရ တွေပဲပေါ့။

ရသေ့တောင် တောင်ခြေကနေ ရသေ့တောင်ကို ကားလမ်းအတိုင်းတက်လို့ရသလို စောင်းတန်း အတိုင်းလည်း တက်လို့ရတယ်။ ကျွန်တော်တို့ကတော့ စောင်းတန်းအတိုင်း တက် တယ်။ စောင်းတန်းဆိုပေမယ့် နားတဲ့နေရာတွေမှာပဲ ဇရပ်ပုံစံ အမိုးအကာရှိတာပါ။ ဒီစောင်းတန်း လှေကားတွေက ရသေ့ကြီး ဦးခန္တီ ပြုပြင်ခဲ့တာဖြစ်ပြီး တောင်ထိပ်မှာ ရသေ့ကြီး သီတင်း သုံးခဲ့ ဖူးတယ်ဆိုတဲ့ ကျောင်းလေးလည်းတွေ့ခဲ့တယ်။ ခြေလျင်တောင်တက်လမ်းကတော့ အတော် မတ် တယ်။ ဆိုင်ကယ်ကယ်ရီသမားတစ်ယောက်ကတော့ လှေကားထစ်ပေါင်း ၅၄၆ ထစ်ရှိတယ်လို့ ပြောတယ်။ သူပြောတာ မှန်၊ မမှန် ရေတွက်ဖို့ စဉ်းစားပေမယ့် ဟောဟဲလိုက်နေတာနဲ့ မလုပ် နိုင်ခဲ့ဘူး။

ရသေ့တောင်ထိပ်ပေါ်ရောက်တဲ့အခါ ကားလမ်းအတိုင်းဆက်သွားရပါတယ်။ လမ်းကတော့ တောင် ကြောအတိုင်းဖြစ်တဲ့အတွက် အတက်အဆင်းမတ်စောက်တာမျိုးမရှိဘူး။ မြစိမ်းတောင် မရောက် ခင်မှာ ဘီလူးရုပ်တွေအများကြီးရှိလို့ ဘီလူးဘုရားလို့ခေါ်တဲ့ စေတီတစ်ဆူရှိတယ်။ အဲဒီနေရာမှာ ညာဘက်ကို ခွဲသွားတဲ့လမ်းက ဝိဇ္ဇာတောင်ကို သွားတဲ့လမ်း၊ တည့်တည့်သွားတဲ့ လမ်းက မြစိမ်း တောင်ဘုရားကို သွားတဲ့လမ်း။ ရသေ့တောင်နဲ့ မြစိမ်းတောင် နှစ်နေရာလုံးမှာ ဈေးဆိုင်တွေရှိ တယ်။

ကျွန်တော်တို့က မြစိမ်းတောင်ဘုရားကို မဝင်ဘဲ ဆက်ထွက်တယ်။ မြစိမ်းတောင်ဘုရားကို ကျော်ပြီးဆက်သွားတော့ လမ်းညာဘက်မှာ စင်္ကြတောင် နဲ့ ရတနာစင်္ကြကျောင်းရှိတယ်။ မုခ် ဦးမှာ “ ရန်မြေမာန်ပြေမြန်ပြေအေးစေတီ” လို့ ရေးထားတယ်။ အဝေးကလှမ်းမြင်ရတဲ့ စင်္ကြတောင်ပေါ်က စေတီ နှစ်ဆူကတော့ မြန်မာနိုင်ငံမှာ မြင်နေကြ စေတီပုံမဟုတ်ဘူး။ အိန္ဒိယ၊ တိဗက်၊ နီပေါ တို့ က ပုံတော်တွေလို့ထင်တာပဲ။ ဘွဲ့တော်ကလည်း “ ဟိုးဟိုးကျော်စေတီ” တဲ့။ တတ်ကျွမ်းနားလည်သူတွေ ဆွေးနွေးနိုင်ဖို့ဓာတ်ပုံဖော်ပြပေးထားပါတယ်။

ကွန်ကရစ်ကားလမ်းက ဒီနေရာမှာ ဆုံးတယ်။ လမ်းဆုံးနေရာမှာ “ မူလသမိုင်းဝင် ရွှေစွန်တောင် တောရကျောင်း” ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ရှိတယ်။ ဒီနေရာကနေ စွန်တောင်အထိ မြေသား လမ်းပဲ။ တစ်ချို့နေရာတွေမှာတော့ ဆိုင်ကယ်လမ်းမချော်အောင် ကွန်ကရိတစ်ပိုင်းတစ်စ ခင်း ထားတယ်။ မြစိမ်းတောင်အထိ ကားလမ်းရှိတယ်ဆိုပေမယ့် တောင်ပေါ်ကားမဟုတ်ရင် ရသေ့တောင်ခြေ ကို လာခွင့်မရှိတဲ့အတွက် ဘုရားဖူးတွေကတော့ ဆိုင်ကယ်နဲ့ ပဲ သွားကြ ပါတယ်။

စင်္ကြတောင်ကနေ စွန်တောင်အထိ သွားရတာ တောရိပ်၊ တောင်ရိပ်၊ မြေနီလမ်းလေး စိတ်ချမ်း သာဖို့ကောင်းတယ်။ လူသွားလူလာတော့ မရှိသလောက်ပဲ။ လမ်းတစ်ဝက် ကျွန်တော်တို့ ထိုင်နားနေတဲ့ အချိန်မှာ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက် ဖြတ်သွားတာပဲတွေ့ခဲ့ရ တယ်။

စွန်တောင်ခြေရောက်တော့ အုတ်လှေကားထစ်တွေပြန်တွေ့တယ်။ ဒါပေမယ့် ဘုရားဖူးတွေက ကားလမ်းပဲ သုံးတော့ လှေကားထစ်တွေပေါ်မှာ သစ်ရွက်တွေတောင်ဖုံးနေပြီ။ အဲဒီလှေကား ထစ် တွေအတိုင်းတက်လိုက်တော့ စွန်တောင်တောရကျောင်းအခြေကို ရောက်သွားတယ်။ ကျောင်း အခြေမှာ ကျွန်တော်တို့နဲ့တွေ့ခဲ့တဲ့ ဆိုင်ကယ်ရပ်ထားတယ်။

တောရကျောင်းက တောင်ကမ်းပါးဘေးမှာ ကပ်ဆောက်ထားတယ်။ အရင်ရှိတဲ့ သစ်သားကျောင်း ၊ ပြိုသွားလို့ပြန်ပြင်ဆောက်ထားတာ၊ နံရံတွေဘာတွေ အချောမကိုင်ရသေးဘူး။ တောရ ကျောင်း မှာ ဆရာတော်တစ်ပါးပဲ ရှိတယ်။ဆရာတော်ဘွဲ့က ဘဒ္ဒန္တ သုန္ဒရတဲ့။ ဆရာတော်က တောထွက်၊ သက်တော်ခြောက် ဆယ်ကျော်ပြီ။ ရန်ကုန်မှာ မိသားစုရှိတယ်။ မူလထဲက သမီးငယ်ဘွဲ့ရရင် သာသနာ့ဘောင် ဝင် မယ်လို့ဆုံးဖြတ်ထားတဲ့အတွက် လွန်ခဲ့တဲ့ ၁၁ နှစ်ကျော်က ဒီတောင်ပေါ်ကို ရောက်လာတာ။ ပထမတော့ ကိုရင်ကြီးဘဝနဲ့ နှစ်ပတ်လောက်နေမယ်ဆိုပြီးရောက်လာပေမယ့် တောင်ပေါ် မှာ အေးအေးချမ်းချမ်းတရားအားထုတ်ရတာကို မွေ့လျော်တဲ့အတွက် စွန်တောင် ကို ထိန်းသိမ်းထားတဲ့ ဆရာတော်ကြီးတွေကို ခွင့်ပန်၊ ရဟန်းခံပြီး သီတင်းသုံးနေတာပါ။

ဒီကျောင်းမှာ ကျောင်းသား၊ ကပ္ဗိယမရှိဘူး။ ဆိုင်ကယ်နဲ့ လာတဲ့ လူငယ်လေးတွေက သူတို့ အားလပ်တဲ့အချိန်လာပြီး ကူညီလုပ်ကိုင်ပေးတာ။ ဆွမ်းခံဖို့လည်း မလွယ်တော့ ကိုယ့် အစီ အစဉ်နဲ့ ကိုယ်ဆွမ်းချက်ရတဲ့အတွက် ဝိနည်းကို ထိခိုက်တာလည်း ရှိတယ်။ ဆရာတော် ကြီး တွေကတော့ မြတ်စွာဘုရားကို ဆွမ်းကပ်ဖို့ ဆွမ်းချက်တယ်လို့ သဘောထားဖို့ သြဝါဒ ပေး တယ်လို့ ဆရာတော်က ရှင်းပြတယ်။

စွန်တောင်ထိပ်မှာ တည်ထားတဲ့ မူလပထမစေတီက တောင်စွယ်အစွန်ဆုံးနေရာမှာရှိတယ်။ စေတီ ရင်ပြင်က ကြည့်ရင် ကင်မွန်းစခန်း ၊ ကျိုက်ထိုလွင်ပြင် နဲ့ စစ်တောင်းမြစ်၀ အထိ အတားအဆီး မရှိမြင်နေရတယ်။ လူသံ၊ ကားသံ၊ သီချင်းသံ ဘာသံမှ မကြားရတဲ့ ဆိပ်ငြိမ်ရာနေရာလေးမှာ ကာလတစ်ခုလောက် လာနေ၊ ဆရာတော်အတွက် ဝေယျာဝစ္စလည်း လုပ်၊ တတ်နိုင်သလောက် တရားဘဝနာ ပွားများနိုင်ဖို့ ကြိုးစားဦးမယ်။ လောလောဆယ်ဆယ်တော့ တောင်ပေါ်မှာ မိုးရေ ခံ ရေကန်တစ်ခု ဆောက်လုပ်နိုင်ဖို့အတွက် တတ်နိုင်သလောက်ပါဝင်လှူဒါန်းခဲ့တယ်။

စွန်တောင်က အပြန်ခရီးမှာ တောင်ပေါ်ကို ဘယ်လမ်းက ပြန်တက်မလဲလို့ စဉ်းစားရပြီ။ ရသေ့တောင်ခြေလျင်လမ်းရဲ့ အခြေအနေက မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ပြီဖြစ်လို့ ပြန် မသွား ချင်တော့ဘူး။ ဒါ့ကြောင့် အပြန်မှာ ရသေ့တောင် တောင်ခြေကို မသွားတော့ဘဲ ကေဘယ်လ်ကား စခန်းနေရာကို ဖြတ်ဆင်းပြီး ကေဘယ်လ်ကားနဲ့တောင်ပေါ်ပြန်တက်ဖို့ ဆုံးဖြတ် လိုက်တယ်။

ကေဘယ်လ်ကားနဲ့ တောင်ပေါ်တက်ရတာ အားစိုက်မှု၊အားထုတ်မှု မပါတဲ့အတွက် အရသာ မရှိဘူး။ ဒါပေမယ့် မကောင်းတဲ့လမ်း၊ သွားဖို့ မသင့်တဲ့ လမ်းကို နှစ်ခါပြန်သွားတဲ့ လူမိုက် ဘ၀ မရောက်ချင်တော့ ကေဘယ်လ်ကားကိုပဲ ရွေးရတာပဲ။

တောင်ပေါ် ကေဘယ်လ်ကားစခန်းကို ရောက်တော့ ရင်ပြင်တော်ကို ပြန်တက်ရတယ်။ ရသေ့ တောင်လမ်းခွဲနားရောက်တော့ ဈေးတန်းဟောင်းလေးကို ပြန်ကြည့်မိတယ်။ ဈေးတန်းက လူတွေ ကတော့ ဘုရားဖူးတွေ မဆင်းတော့ ကျုပ်တို့လည်း ကောင်းမယ်ထင်သလို နေတာပေါ့ လို့ ပြော မှာပဲ။ ဒါပေမယ့် ဘုရားဖူးတွေထဲမှာ ခြေလျင်ခရီးသွားချင်သူတွေလည်း ရှိသေးတယ်၊ သူတို့ လမ်း လေးကိုသာ သန့်သန့်ရှင်းရှင်း သွားချင့်စဖွယ်ထိန်းသိမ်းထားရင် လူသွား၊လူလာ ပြန်များလာ မယ် ဆိုတာတွေးမိပုံမရဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: