ဗီအိုင်ပီ ရောဂါ

ကျွန်တော်တို့ နိုင်ငံမှာ ဗီအိုင်ပီ ရောဂါက အတော်အမြစ်တွယ်နေပြီ။ ကိုယ်တိုင်လည်း အဲဒီ ရောဂါ မကူးအောင် ကြိုးစားခဲ့ပေမယ့် ရာနှုန်းပြည့်တော့ မအောင်မြင်ပါဘူး။

လွန်ခဲ့တဲ့ လေးနှစ် ၂၀၁၈ ခုနှစ် မေလ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ မလေးရှားနိုင်ငံရွေးကောက်ပွဲမှာ လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အတိုက်အခံ ပါတီက အနိုင်ရခဲ့တယ်။ မေ ၂၀ ရက်နေ့ထုတ် မလေးရှား Star သတင်းစာမှာ ဆောင်းပါးရှင် Wong Chun Wai က“ Man in the Mirror ” ခေါင်းစဉ်နဲ့ အစိုးရ သစ် ဝန်ကြီးတွေ ဘယ်လို ပြုမူနေထိုင်သင့်သလဲဆိုတဲ့ဆောင်းပါးရေးခဲ့တယ်။

အဲဒီဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန် ပြီး ၂၀၁၈ ခုနှစ် မေလ ၂၁ ရက်နေ့ ကျွန်တော့် ဖေ့စ်ဘွတ်စာမျက်နှာမှာဖော်ပြခဲ့တာကို မဖတ်ရသေးသူများအတွက် ပြန်လည်မ ျှဝေပေးလိုက် ပါတယ်။

ဗီအိုင်ပီ ရောဂါ

အစိုးရသစ်၊ နိုင်ငံရေးယဉ်ကျေးမှုသစ်၊ ပပလွှားလွှား ကြွားကြွားဝါဝါ မနေတဲ့ ဟိတ်ဟန်မထုတ်တဲ့ အစိုးရ ခေါင်းဆောင်တွေ။ ဒါတွေက မလေးရှား ပြည်သူတွေမြင်ချင်တဲ့ အပြောင်းအလဲတွေပဲ။

ခရီးသွားတဲ့အခါ

ကျွန်တော်တို့က ဝန်ကြီးတွေ ရာထူးယူခါစမှာတော့ ရိုးရိုးကုပ်ကုပ်လေးနေပြ၊ ရိုးရိုးတန်းက ခရီးသွား တာကို ဆယ်လ်ဖီရိုက်တင်၊ လူတွေစိတ်ဝင်စားမှုလျော့သွားတဲ့အခါကျမှ အထက်တန်းက ဇိမ်ခံခရီး သွားတာမျိုးကို မလိုချင်ဘူး။

ခေါင်းဆောင်တွေခရီးဝေးသွားတဲ့အခါ အထက်တန်း ( Business Class) ကနေသွားတာ ဘာမှ အပြစ်တင်ဖို့ မရှိ ဘူး။ တွန့်တိုဖို့လည်းမလိုဘူး။ ကျွန်တော်တို့ ခေါင်းဆောင်တွေ ခရီးသွား တဲ့အခါ အထူးသဖြင့် နိုင်ငံတကာခရီးစဉ်တွေသွားရတဲ့အခါ အနားရဖို့၊ ခရီးဆုံးတဲ့အခါ လုပ်ရမယ့်အလုပ် တွေအတွက် လွတ်လွတ်လပ်လပ်၊ သက်တောင့်သက်သာ ပြင်ဆင် နိုင်ဖို့လိုတယ်ဆိုတာနားလည် ပြီးသားပါ။

ဒါပေမယ့် ကျွန်တော်တို့ခေါင်းဆောင်သစ်တွေအနေနဲ့ အခြွေအရံတွေ တစ်လှေကြီးနဲ့ခရီးသွားတဲ့ အကျင့်တွေကိုတော့ ပြင်စေချင်တယ်။ ဝန်ကြီးတွေက ဝန်ကြီးဌာနက အရာရှိတွေ၊ ပါတီကလူတွေ၊ ဝန်းရံသူတွေ၊နောက်မြီးဆွဲတွေ တစ်ပြုံတစ်ခေါင်းနဲ့ ခရီးသွားတာ၊ ကြိုဆိုရတာတွေကိုတော့ မမြင် ချင်တော့ဘူး။ ဒါတွေက ကိုယ့်ကို အရေးပါမှန်းသိအောင်ကြွားလုံးထုတ်တာတွေပဲ။

အဲဒီလိုပဲ နိုင်ငံတကာမှရှိတဲ့ သံတမန်တွေလည်း လူကြီးတွေနဲ့ လူကြီးကတော် တွေ အတွက် ခရီးသွားလမ်းညွှန်လုပ်ရတာ၊ ကားမောင်းပို့ရတဲ့ ဒုက္ခကနေ လွတ်ဖို့သင့်ပြီ။ အလည် အပတ်လာတဲ့ ဝန်ကြီးတွေ ကို ကြိုဖို့အတွက်မနက်အစောကြီး လေယာဉ်ကွင်းသွား ရတာမျိုး လည်းမဖြစ်သင့်တော့ဘူး။ အလုပ် ကိစ္စ နဲ့သွားတာမဟုတ်ဘဲ ကိုယ့်ရေးကိုယ်တာအတွက် သွားတာဆိုရင် ကိုယ့်ကိစ္စကိုယ်ရှင်းတာပဲ ကောင်းပါတယ်။

ကျွန်တော်တို့အချိန်တွေကို ဝန်ကြီးတွေကို ခစားနေရတာ၊ အကြိုအပို့လုပ်နေရတာနဲ့ပဲ မကုန်ဆုံး သင့်တော့ဘူး။ တကယ်တော့ အရင်ကလည်း ပကာသနမဖက်ပဲ နေထိုင်သွားတဲ့ လူကြီးတွေလည်း ရှိပါတယ်။

Datuk Seri Mustapha Mohamed ( ကုန်သွယ်ရေးဝန်ကြီး ၂၀၀၉ -၂၀၁၈) ဆိုရင် ရိုး ရှင်းတဲ့ နေထိုင်မှုပုံစံကြောင့်ထင်ရှားတာပဲ။ သူ က ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်ကို ရထားနဲ့ သွားတယ်၊ ဘာမှ ဇာချဲ့မနေဘူး။ ဆေးရုံ၊ ဆေးခန်းသွားရင် အများပြည်သူလိုပဲ အလှည့်ကျတန်းစီ စောင့်တယ်။ အခွင့်ထူးမခံဘူး။ သူ့မဲဆန္ဒနယ်ကိုပြန်တဲ့အခါ အိမ်နားက ဗလီကို စက်ဘီးစီးပြီးသွား တယ်။ သူ့အိမ်ကလည်း ရွာထဲက ကျန်တဲ့သူတွေအိမ်နဲ့ဘာမှမကွာဘူး။ ရိုးရိုးအိမ်လေးပဲ။ ပြည်တွင်းခရီးမှာ ဟိုတယ်တွေတည်းရတဲ့အခါ သာမန်ဟိုတယ်လေးတွေမှာပဲတည်းတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ Kelantan ပြည်နယ်ဝန်ကြီးချုပ် Datuk Seri Nik Aziz Nik Mat ဆိုရင် လည်း တစ်သက်လုံး သစ်သားအိမ်လေးမှာပဲနေသွားခဲ့တာပဲ။

လန်ဒန်မှာဆိုရင် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ မြေအောက်ရထားစီးတာ အထူးအဆန်းမဟုတ်ဘူး။ လန်ဒန်မြို့တော်ဝန်ဟောင်း Borris Johnson ဆိုရင် အခမ်းအနားတွေကို စက်ဘီးနဲ့ရောက်လာ တတ်တဲ့အတွက်နာမည်ကြီးတာပဲ။

ရှေ့ပြေးယာဉ်တွေဦးဆောင်ပြီး ယာဉ်တန်းနဲ့သွားတယ်ဆိုတာက ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်တွေ အတွက်တော့ လိုအပ်ပါတယ်။ ဒါပေမယ့် ဒီမှာက ရာထူးနည်းနည်းကြီးလာတာနဲ့ အဲဒီလိုမျိုးလုပ် ချင်နေကြတယ်။ ကျွန်တော်တော့ ဒုဝန်ကြီးနဲ့ သူ့လက်ထောက်တွေက လေးဆယ့်ငါးမိနစ် လောက် သွားရတဲ့ ပြည်တွင်းခရီးစဉ်မှာတောင် လေယာဉ်ပျံပေါ်ကို သူများထက်စောတက်ပြီး နေရာယူတာ မြင်ဖူးတယ်။ ပြည်တွင်းခရီးစဉ်မှာ အထက်တန်းဆိုတာ မပါဘူး။ ဝန်ကြီးတွေက သူတို့စိတ်ကြိုက် အကောင်းဆုံးနေရာကိုလည်း ရွေးထားပြီးပြီ။ ဒါတောင်မှ သူများထက် ဦးအောင်အရင်တက်ပြီး နေရာယူချင်သေးတယ်။ သူတို့ကို ကျန်တဲ့ခရီးသွားပြည်သူတွေက ဘယ်လိုမြင်မလဲဆိုတာ မစဉ်း စားကြဘူး။

ကျွန်တော်တို့က သူတို့ကို ဂန္ဒီကြီးလို ခြိုးခြံနေရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် မလိုအပ်ဘဲနဲ့ ကြီးကျယ်တာတွေ၊ ဖြုန်းတီးတာတွေကိုတော့ရပ်သင့်ပြီ။ မလေးရှားပြည်သူတွေက နိုင်ငံရေးယဉ် ကျေးမှုအသစ်ကို မြင်ချင်နေကြပြီ။ ကိန်းကြီးခန်းကြီး မနိုင်တဲ့ရွေးချယ်ခံပြည်သူ့ကိုယ်စားလှယ်တွေ ကို လိုချင်နေကြပြီ။

အခမ်းအနားတွေ

အလွန့်အလွန်အရေးကြီးပုဂ္ဂိုလ် (VVIP) တွေတက်တဲ့အခမ်းအနားတွေကို ရိုးရိုးရှင်းရှင်း လုပ်လို့ မရဘူးလား။ အစဉ်အလာဖြစ်နေတဲ့ ဖျော်ဖြေတင်ဆက်မှုတွေမှာ ငွေ၊ ပစ္စည်း၊ အချိန်တွေ ဖြုန်းပစ်ဖို့ လိုသလား ဆိုတာလည်း စဉ်းစားသင့်ပြီ။

အဲဒီပုဂ္ဂိုလ်ကြီးတွေတက်မယ့်အခမ်းအနားတွေမှာ သူတို့ ခဏနားဖို့ အခန်းတစ်ခု ( Holding Room) စီစဉ်ပေးရတယ်။ ပုဂ္ဂိုလ်ကြီးတွေကအဲဒီမှာခဏထိုင်၊ စကားလေးဘာလေးပြော၊ ပြီးမှ အခမ်းအနားနေရာကို ခမ်းခမ်းနားနားကြွချီတော်မူကြတယ်။

ဂူဂဲလ်မှာရှာကြည့်တာတော့ Holding Room ဆိုတာ လူ့ခန္တာကိုယ်တွေကို မစွန့်ပစ်ခင် ထိန်း သိမ်းထားတဲ့နေရာမှာ ရှိတဲ့အခန်းကို ခေါ်တယ်လို့ဖော်ပြထားတာကို စိတ်ဝင်စားစရာတွေ့လိုက်ရ တယ်။ နောက်ဖွင့်ဆိုချက်ကတော့ စာမေးပွဲနဲ့အခြားစမ်းသပ်စစ်ဆေးမှုတွေမလုပ်ခင် ခဏစောင့်ရ တဲ့ နေရာလို့ဆိုထားတယ်။ ဆေးရုံတွေမှာတော့ ခွဲစိတ်ခန်းထဲမဝင်ခင် လူနာကို နောက်ဆုံး ပြင်ဆင် မှုတွေလုပ်တဲ့နေရာပေါ့။

မလေးရှားမှာတော့ Holding Room ဆိုတာ အခမ်းအနားအတွက်ဖိတ်ထား တဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တော် အခမ်းအနားစဖို့ ကြွချီတော်မမူခင် ခဏနားတဲ့နေရာကို ခေါ် တယ်။ မလေးရှားနိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ဒီလို အပိုအလုပ်တွေကို စွန့်လွှတ်ပစ်ဖို့လိုနေ ပါပြီ။

ကျွန်တော်တော့ ဗြိတိသ ျှ ဝန်ကြီးချုပ် ကင်မရွန်း ဘာမှ ခမ်းခမ်းနားနားဖိတ်ခေါ် စရာမလိုဘဲ အခမ်း အနားကျင်းပရာခန်းမထဲကို တိုက်ရိုက်ဝင်လာပြီး အခမ်းအနားစတာကို မျက်ဝါးထင်ထင် တွေ့ဖူး တယ်။ နှစ်အတော်ကြာတုန်းက ( သြစတေးလျနိုင်ငံ) ဆစ်ဒနီမြို့မှာ မလေးရှားဘက်က ရင်းနှီးမြှပ် နှံတဲ့ အိမ်ယာစီမံကိန်းစတင်တဲ့အခမ်းအနားတစ်ခုတက်ဖူးတယ်။ မလေးရှားလ ုပ်ငန်းရှင်နဲ့ သူ့ အဖွဲ့သားတွေက မြို့တော်ဝန်ယာဉ်တန်းကို စောင့်နေကြတယ်။ ဒါပေမယ့် မြို့တော်ဝန်က ဒီအတိုင်း လမ်းလေ ျှာက်ပြီး ရောက်လာတော့ အံ့အားသင့်ကုန်ကြတယ်။

စင်္ကာပူမှာ ဝန်ကြီးတွေကို သူတို့ သတင်း သတင်းစာထဲမှာ ဘယ်နှစ်ကော်လံပါသလဲဆိုတာနဲ့ တိုင်းတာတာမဟုတ်ဘူး။ သူတို့ စွမ်းဆောင်နိုင်မှုနဲ့ပဲတိုင်းတာတယ်။ စင်္ကာပူဝန်ကြီးတွေဟာ ကိန်း ကြီးခန်းကြီးမနေတာ၊ လွတ်လပ်ပေါ့ပါးစွာနေထိုင်တာ အားလုံးအသိပဲ။

ဒီတော့ ကျွန်တော်တို့လည်း ကိန်းခန်းကြီးတာတွေ၊ဇိမ်ခံတာတွေ၊ အစဉ်အလာတွေထက် အလုပ် ဖြစ်ရေး၊ လူထုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးကို ပိုအာရုံစိုက်သင့်ပြီ။ မလေးရှားလူထုကလည်း နိုင်ငံရေးသမားတွေရဲ့ လုပ်ပုံကိုင်ပုံတွေကို ငြီးငွေ့လာနေပြီ။ လူထုကို ကိုယ်စားပြုတယ်လို့ ကြွေးကျော်နေတဲ့သူတွေက ကိန်းကြီးခန်းကြီးလုပ် နေတာတွေကို စိတ်ပျက်လာပြီ။ ကျွန်တော်တို့ ရဲ့ နိုင်ငံရေးသမားတွေဟာ လူထုကို အလုပ်အကျွေးပြုချင်တာလား၊ လူထုက သူတို့ကို အလုပ် အကျွေး ပြုစေချင်တာလားဆိုတာကို ပြန်စဉ်းစားရမယ့်အချိန်ရောက်ပြီ။ လူသားဆန်မှုကို ပြဖို့ လို ပြီ။

မိန့်ခွန်းပြောတဲ့အခါမှာလည်း အခမ်းအနားတက်ရောက်တဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်အပေါင်းရဲ့ ရာထူး တွေ၊ ဂုဏ်ပုဒ်တွေ၊ နာမည်တွေကို တန်းစီမပြောဘဲနဲ့ ရိုးရိုးလေးနှုတ်ဆက်ပြီး လိုရင်းကို တိုက်ရိုက် ပြောကြရင်ကောင်းမယ်။

အပြောင်းအလဲ

လူတွေက အရမ်းကြီးမေ ျှာ်လင့်နေပေမယ့် နေ့ချင်း ညချင်းမပြောင်းလဲနိုင်ဘူးဆိုတာလက်ခံပါ တယ်။ အစိုးရသစ်က အထိုင်ကျဖို့အတွက် အချိန်ယူရမယ်။ ဝန်ကြီးသစ်တွေက အသားကျဖို့ လုပ် ရမယ်။

အစိုးရသစ်ရဲ့ခေါင်းဆောင်တွေဟာ အစိုးရနဲ့ တူအောင်ပြောဆိုကျင့်ကြံရတော့မယ်။ အတိုက်အခံ လို ပြောနေလို့မရတော့ဘူး။ သူတို့နိုင်ငံရေးဘဝတစ်လေ ျှာက်လုံးမှာ ဝေဖန်တာပဲလုပ်တတ်ခဲ့ တော့ အစိုးရလိုနေတတ်အောင် ပြင်ဆင်ရတော့မယ်။ ဒါဟာ မီဒီယာတွေလွတ်လွတ်လပ်လပ် စောင့်ကြည့်နိုင်၊ ရေးနိုင်၊ပြောနိုင်တဲ့အခြေအနေမှာပိုအရေးကြီးလာပြီ။

ရွေးကောက်ပွဲရှုံးသွားတဲ့ BN ပါတီခေါင်းဆောင်တွေဟာလည်း အတိုက်အခံလိုနေတတ်ဖို့အတွက် အချိန်ယူရမှာပဲ။ ဒီလိုနေရတာ သူတို့ ပျော်မှာတော့မဟုတ်ဘူး။ ဒါပေမယ့် အနာဂတ် စိန်ခေါ်မှုတွေ ကိုတိုက်ပွဲဝင်နိုင်ဖို့အတွက် မဖြစ်မနေလုပ်ရမှာပဲ။

မလေးရှားဟာ ခေတ်သစ်ကို ခြေလှမ်းပြင်နေပြီ။ ခေါက်ရိုးကျိုးနေတဲ့လုပ်ပုံကိုင်ပုံတွေထဲကနေ ခွဲထွက်ရတော့မယ်။ ကောင်းတာတွေကို ဆက်သယ်ဆောင်၊ မကောင်းတာတွေကို စွန့်ပစ်နိုင်ရ မယ်။ ဒါဟာ အင်မတန်ခက်ခဲတဲ့အလုပ်ပဲ။ ဒါပေမယ့် ကြိုးစားရမယ်၊ လက်လျော့လို့တော့ မရဘူး။

One thought on “ဗီအိုင်ပီ ရောဂါ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: