ကျွန်တော်တို့ နိုင်ငံမှာ ဗီအိုင်ပီ ရောဂါက အတော်အမြစ်တွယ်နေပြီ။ ကိုယ်တိုင်လည်း အဲဒီ ရောဂါ မကူးအောင် ကြိုးစားခဲ့ပေမယ့် ရာနှုန်းပြည့်တော့ မအောင်မြင်ပါဘူး။ လွန်ခဲ့တဲ့ လေးနှစ် ၂၀၁၈ ခုနှစ် မေလ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ မလေးရှားနိုင်ငံရွေးကောက်ပွဲမှာ လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အတိုက်အခံ ပါတီက အနိုင်ရခဲ့တယ်။ မေ ၂၀ ရက်နေ့ထုတ် မလေးရှား Star သတင်းစာမှာ ဆောင်းပါးရှင် Wong Chun Wai က“ Man in the Mirror ” ခေါင်းစဉ်နဲ့ အစိုးရ သစ် ဝန်ကြီးတွေ ဘယ်လို ပြုမူနေထိုင်သင့်သလဲဆိုတဲ့ဆောင်းပါးရေးခဲ့တယ်။ အဲဒီဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန် ပြီး ၂၀၁၈ ခုနှစ် မေလ ၂၁Continue reading “ဗီအိုင်ပီ ရောဂါ”
Tag Archives: Malaysia
ဗိုင်းရပ်စ် နဲ့ မလေးရှားစီးပွားရေး
မတ်လ ၂၇ ရက်နေ့မှာ မလေးရှားအစိုးရက အမေရိကန် ဒေါ်လာ ၅၈ ဘီလျံ ( ရင်းဂစ် ၂၅၀ ဘီလျံ) ရှိတဲ့ စီးပွားရေး နလံထူမှု အစီအစဉ်ကို ကြေညာခဲ့တယ်။ ဒီပမာဏဟာ မလေးရှား ဂျီဒီပီရဲ့ ၁၇% ဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ ကျန်းမာရေးဝန်ဆောင်မှုပေးနေသူတွေကို ကူညီထောက်ပံ့ရေး၊ အလတ် စားနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေကို ကူညီရေး နဲ့ ပြည်သူတစ်ဦးချင်းကို တိုက်ရိုက် ထောက်ပံ့မှုဆိုပြီး အပိုင်းသုံးပိုင်းပါတယ်။ အဓိက အချက်တွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ၁။ ၂၅၀ ဘီလျံမှာ လူထု သက်သာချောင်ချိရေးအတွက် ရင်းဂစ် ၁၂၈ ဘီလျံသုံးမယ်။ အဲဒီမှာ ကျန်းမာရေး ဝန်ထမ်းများအတွက် သီးခြားထောက်ပံ့မှုတွေပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပေးဖို့ ရင်းဂစ် ဘီလျံContinue reading “ဗိုင်းရပ်စ် နဲ့ မလေးရှားစီးပွားရေး”
ဗိုင်းရပ်စ် ကာကွယ်ရေး မလေးရှားသင်ခန်းစာ
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှု အများဆုံး ခံရတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီနေ့ မနက် ၁၀ နာရီခွဲအထိ ရောဂါကူးစက်သူ ၁၀၃၀ ဦးရှိပြီး သေဆုံးသူ သုံးဦးရှိပါတယ်။ မလေးရှားနိုင်ငံမှာ ရောဂါကူးစက်မှုများပြားတာနဲ့ပတ်သက်ပြီး စထရိတ်တိုင်းမ်သတင်းစာ မလေးရှားနိုင်ငံသတင်းထောက် Trinna Leong က မတ်၁၉ ရက်နေ့မှာ သင်ခန်းစာ ဖော်ထုတ်ချက်ဆောင်းပါး ရှည် တစ်စောင်ရေးခဲ့တယ်။ အဲဒီဆောင်းပါးရဲ့ အနှစ်ချုပ်ကတော့ ၁။ မတ်လ ၁၅ ရက်နေ့မှာ ရောဂါဖြစ်ပွားသူ ၁၉ ၀ ဦး ကို စစ်ဆေးတွေ့ရှိခဲ့တယ်။ အဲဒီအခြေ အနေနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးက နောက်နေ့မှာ အထူးအစည်းအဝေးလုပ်ဖို့ရှိတယ် လို့ ပြောခဲ့တယ်။ ၂။ အဲဒီသတင်းထွက်ပေါ်လာပြီးတဲ့နောက် အင်တာနက်ပေါ်မှာ အပြင်မထွက်ရအမိန့်ထုတ်ပြန် တော့မယ်ဆိုတဲ့ ကောလာဟလတွေထွက်ပေါ်လာတယ်။Continue reading “ဗိုင်းရပ်စ် ကာကွယ်ရေး မလေးရှားသင်ခန်းစာ”
မလေးရှား နိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေး (၃)
မတ်လ ၄ ရက်နေ့မှာ မလေးရှား လွှတ်တော်ဥက္ကဋ္ဌ Ariff Yusof က ဝန်ကြီးချုပ်ဟောင်း မဟာ သီယာ တောင်းဆိုနေတဲ့ မတ်လ ၉ ရက်နေ့မှာ လွှတ်တော်ခေါ်ပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ အကြောင်း ပြောကြားလိုက်ပါတယ်။ အရင် မဟာသီယာအစိုးရလက်ထက်မှာ အတည်ပြုထားတဲ့ လွှတ်တော်ပြက္ခဒိန်အရ ၂၀၂၀ အတွင်းမှာ လွှတ်တော်အစည်းအဝေးတွေကို မေ ၁၈ ကနေ ဇွန် ၂၃ ၊ ဇူလိုင် ၂၇ ကနေ သြဂုတ် ၂၇ နဲ့ စက်တင်ဘာ ၂၈ ကနေ နိုဝင်ဘာ ၂၆ ကြားမှာ ကျင်းပဖို့ သတ်မှတ်ထားတာဖြစ် ပါတယ်။ ဝန်ကြီးချုပ်အသစ်ရွေးချယ်ဖို့အတွက် အန်ဝါနဲ့ မဟာသီယာကြား အပြိုင်အဆိုင် ကြိုးစားနေချိန်မှာ ယာယီဝန်ကြီးချုပ် မဟာသီယာက မတ်လContinue reading “မလေးရှား နိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေး (၃)”
မလေးရှား နိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေး (၂)
မလေးရှားဝန်ကြီးချုပ် နေရာအတွက် မဟာသီယာ နဲ့ အန်ဝါ ကြားလွန်ဆွဲပွဲကနေ ရှုပ်ထွေးလာတဲ့ မလေးရှားနိုင်ငံရေးဟာ နောက်ထပ် အလှည့်အပြောင်းတစ်ခုနဲ့ ကြုံခဲ့ပြန်ပါပြီ။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မဟာသီယာ ဝန်ကြီးချုပ်အဖြစ်က နှုတ်ထွက်ပြီးတဲ့နောက်မှာ မလေးရှား ဘုရင်က ု ဖေဖော်ဝါရီလ ၂၅ ၊ ၂၆ ရက်နေ့တွေမှာ လွှတ်တော်အမတ် ၂၂၂ ယောက်ကို တစ်ဦး ချင်းခေါ်တွေ့ခဲ့တယ်။ ဘုရင်က အမတ်တွေကို ဝန်ကြီးချုပ်နေရာအတွက် မဟာသီယာ ကို ထောက်ခံသလား၊ အန်ဝါကို ထောက်ခံသလား၊ ဒါမှမဟုတ် လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် လုပ်တာလိုချင်သလားလို့ မေးခဲ့တယ်လို့ဆိုတယ်။ အဲဒီအချိန်မှာ မဟာသီယာရော၊အန်ဝါ နှစ်ယောက်လုံးက သူတို့ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံ မယ့် အမတ်အရေအတွက်ရှိတယ်လို့ပြောခဲ့ကြပေမယ့် ဘုရင်ကတော့ ဘယ်သူမှ ဝန်ကြီးချုပ်Continue reading “မလေးရှား နိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေး (၂)”
မလေးရှား နိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေး
မနေ့ ( ဖေဖော်ဝါရီ ၂၄ ) ရက်နေ့မှာ မလေးရှားဝန်ကြီးချုပ် မဟာသီယာ ရာထူးက နုတ်ထွ က် ကြောင်းကြေငြာခဲ့တယ်။ မြန်မာမီဒီယာတစ်ချို့မှာ ဒါဟာ ရုတ်တရက်ဖြစ်ခဲ့တဲ့ အံ့သြစရာအဖြစ် အပျက်သဘော ရေးခဲ့ကြတယ်။ တကယ်တော့ ဒီလိုဖြစ်ဖို့အတွက် တာစူခဲ့တာ သုံးလလောက် ရှိခဲ့ ပါပြီ။ နောက်ခံသမိုင်း လက်ရှိ မဟာသီယာ ဝန်ကြီးချုပ်လုပ်နေတာဟာ PH လို့ခေါ်တဲ့ Pakatan Harapan ညွန့်ပေါင်း အဖွဲ့ရဲ့ ထောက်ခံမှုနဲ့ လုပ်နေတာဖြစ်ပါတယ်။ PH, Pakatan Harapan ဆိုတာ မေ ျှာ်လင့်ခြင်း မဟာမိတ်အဖွဲ့ ( Alliance of Hope) ကို မလေးဘာသာနဲ့ခေါ်တာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် နာဂျစ်ခေါင်းဆောင်တဲ့Continue reading “မလေးရှား နိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေး”