ယူကရိန်း နဲ့ ခွဲထွက်ခွင့်

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တစ်ချို့က ပုူတင် ယူကရိန်းကို တိုက်တာဟာ ရုရှားပိုင်ခဲ့တဲ့ နယ်မြေကို ပြန်သိမ်းသွင်းနိုင်ဖို့ဖြစ်တယ်၊ ရုရှားရဲ့ အချုပ်အခြာအာဏာတည်မြဲရေးအတွက် ဖြစ်တယ်၊ ယူကရိန်းဟာ အနောက်အုပ်စု မြှောက်ပေးလို့ ရုရှားနိုင်ငံကနေ ခွဲထွက်ခဲ့တာဖြစ်တယ် လို့ ပြောကြတယ်။ တကယ်တော့ ယူကရိန်းက ပဒေသရာဇ် ဇာဘုရင်လက်ထက်မှာ ရုရှားပိုင်နယ်မြေ ဖြစ်ခဲ့ပေ မယ့် ခေတ်သစ် ဆိုဗီယက်ပြည်ထောင်စုဆိုတဲ့ နိုင်ငံထဲမှာတော့ ရုရှား နဲ့ တန်းတူသမ္မတနိုင်ငံအဖြစ် ပါဝင်ခဲ့ တာဖြစ်ပါတယ်။ ရုရှားရဲ့ ပြည်နယ်မဟုတ်ပါဘူး။ ဒါ့ကြောင့် ယူကရိန်းဟာ ဆိုဗီယက် ပြည်ထောင်စုထဲမှာ ဘယ်လိုပုံစံနဲ့ ပါခဲ့သလဲ၊ ဘယ်လို ခွဲထွက်ခဲ့သလဲဆိုတာ သိဖို့လိုပါတယ်။ ဒါပေမယ့် အခုဆောင်းပါးက ခွဲထွက်ခွင့် နဲ့ဆိုဗီယက် ပြည်ထောင်စု နိုင်ငံရေး စနစ်ကို သုံးသပ်တဲ့ဆောင်းပါးမဟုတ် ဘူး။ ရုရှား နဲ့Continue reading “ယူကရိန်း နဲ့ ခွဲထွက်ခွင့်”

နိုင်လား ရှုံးလား ရုရှား

ရုရှား အစိုးရ ရုပ်သံဌာန RT သတင်းအရ မတ်လ ၂၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ရုရှားတပ်မတော် စစ်ဆင်ရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး Sergey Rudskoy က ရုရှားတပ်ဖွဲ့တွေဟာ သူတို့ရဲ့ ပထမ အဆင့် စစ်ဆင်ရေး ရည်မှန်းချက်တွေကို အောင်မြင်ခဲ့ပြီ၊ ယူကရိန်းတပ်ဖွဲ့တွေရဲ့ စစ်ရေးစွမ်းအားကို သိသိ သာသာ အားနည်းသွားအောင်လုပ်နိုင်ခဲ့ပြီ၊ ဒါ့ကြောင့် ဒွန်းဘက်စ်ဒေသ ( နိုင်ငံအရှေ့တောင်ဘက်က ခွဲ ထွက်ရေးသမားတွေ ထိန်းချုပ် ထားတဲ့နယ်မြေ အပါအဝင် ရုရှား စကားပြောယူကရိန်းနိုင်ငံသားတွေ အများဆုံးနေထိုင်တဲ့ ဒေသ) လွတ်မြောက်ရေးကို ပိုပြီးအာရုံစိုက်နိုင်တော့ မယ် လို့ ပြောကြားခဲ့တယ်။ ဒါ့အပြင် ဗိုလ်ချုပ်ကြီး Sergey Rudskoy က ယူကရိန်းမြို့တော် ကိဗ် အပါအဝင် မြို့ကြီးContinue reading “နိုင်လား ရှုံးလား ရုရှား”

မြန်မာ့နိုင်ငံခြားရေးဝါဒ နဲ့ ယူကရိန်းစစ်ပွဲ

ယူကရိန်းစစ်ပွဲဖြစ်တော့ မြန်မာတွေကြားမှာလည်း ဘယ်သူမှန်လဲ။ ဘယ်သူ့ထောက်ခံမလဲ ငြင်းကြ ပြန်ရော။ မြန်မာနိုင်ငံသား ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ ယူကရိန်းနဲ့ ရုရှား ကြိုက် တဲ့ ဘက်ကို ထောက်ခံလို့ရတယ်။ အားပေးလို့ရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ဘယ်လိုရပ်တည် ရမလဲ ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ ဆိုရင် မြန်မာ့နိုင်ငံခြားရေးဝါဒကို သိဖို့လိုပါတယ်။ ၁၉ ၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အချိန်ကစလို့ ဒီနေ့အထိ ဘယ်အစိုးရ တက်တက် ၊ နိုင်ငံရေးစနစ် ဘယ်လိုပြောင်းပြောင်း၊ အုပ်ချုပ်ပုံစနစ် ဘယ်လိုဖြစ်ဖြစ်၊ မပြောင်းလဲတာ တစ်ခု ပဲရှိတယ်။ အဲဒါကတော့ အစိုးရတိုင်းက နိုင်ငံခြားရေးဝါဒနဲ့ပတ်သက်ရင် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးမူကြီးငါးချက် နဲ့ နိုင်ငံတကာရေးရာတွေမှာ ကြားနေတဲ့ ၊ ဘက်မလိုက်တဲ့ ဝါဒကို ကျင့်သုံး တဲ့အချက်Continue reading “မြန်မာ့နိုင်ငံခြားရေးဝါဒ နဲ့ ယူကရိန်းစစ်ပွဲ”

ပျောက်စေ ဆရာ

ရုရှား သမ္မတ ပူတင်ရဲ့ ယူကရိန်းစစ်ဆင်ရေးက ၁၈ ရက်ကြာလာပြီ။ နှစ်ဘက်လုံးက ထုတ်ပြန် နေတဲ့ စစ်ဘက်ဆိုင်ရာ ထိခိုက်သေဆုံးပျက်စီးမှု စာရင်းတွေကို သီးခြားအဖွဲ့အစည်းတွေက အတည်ပြုနိုင်တာမရှိသေးပေမယ့် ရုရှားတပ်တွေ ထင်တိုင်းမပေါက်တာကတော့ သေချာ ပါတယ်။ စစ်ပွဲမစခင်ကတော့ အနောက်နိုင်ငံတွေကတောင် ရုရှားတပ်တွေ ကို ယူကရိန်း တပ်ဖွဲ့တွေ ယှဉ်နိုင်မှာမဟုတ်ဘူး။ အချိန်တိုအတွင်းမှာ အရေးပါတဲ့ မြို့ကြီးတွေကို ရုရှားတွေသိမ်းပိုက် နိုင် မယ်လို့ သုံးသပ်ပြောဆိုခဲ့ကြတယ်။ ပူတင်ရဲ့ မဟာဗျူဟာကလည်း မြို့တော်ကိယဗ် နဲ့အရေးပါတဲ့ မြို့တွေကို သိမ်းပြီးရင် ယူကရိန်း သမ္မတ ဇယ်လန်းစကီးရဲ့ အစိုးရကို ဖြုတ်ချပြီး ရုပ်သေးအစိုးရနဲ့ အစားထိုးမယ်။ ယူကရိန်းကို နေတိုးအဖွဲ့မဝင်ဘဲ ကြားနေ နိုင်ငံ အဖြစ် ထားရှိမယ့် စာချုပ်ချုပ်မယ်။ ယူကရိန်းက နိုင်ငံ အရှေ့ပိုင်းကContinue reading “ပျောက်စေ ဆရာ”

ထရမ့် ၊ ဘိုင်ဒန် နဲ့ တာလီဘန်

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ ကဘူးလ်လေဆိပ် ဗုံးခွဲ တိုက်ခိုက်မှုမှာ ( အခု ဆောင်းပါးရေး ချိန် အထိ CNN oသတင်းအရ ) အမေရိကန် စစ်သည် ၁၃ ဦးနဲ့ အာဖဂန်ပြည်သူ ၁၇၀ ကျော်သေ ဆုံး၊ အမေရိကန်စစ်သည် ၁၈ ဦးနဲ့ အာဖဂန်ပြည်သူ နှစ်ရာ နီးပါး ဒဏ်ရာရခဲ့တယ်။ အမေရိကန် စစ်သည်တွေ ကျဆုံးမှုဟာ ပြီးခဲ့တဲ့ ၁၈ လ အတွင်း ပထမဆုံး အမေရိကန်စစ်သည်တွေ ကျဆုံးမှုဖြစ်တယ်။ ဒီအဖြစ်အပျက်က အမေရိကန် စစ်သည်တွေ နောက်ထပ် အသက်ဆုံးရှုံးမှုတွေ မဖြစ်အောင် အာဖဂန်နစ္စတန်ကနေ ဆုတ်ခွာ လိုက်တာဖြစ်တယ်လို့ အကြောင်းပြခဲ့တဲ့ သမ္မတ ဘိုင်ဒန်အတွက် အရှိုက်ထိုးခံလိုက်ရတဲ့ အဖြစ် အပျက်ပဲ။Continue reading “ထရမ့် ၊ ဘိုင်ဒန် နဲ့ တာလီဘန်”

အမေရိကန်အတွက် အာဖဂန် သင်ခန်းစာ

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အောင်ပွဲခံပြီးနောက် အမေရိကန်နဲ့ အပေါင်းအပါတွေက သူတို့ နိုင်ငံ သားတွေ၊ သူတို့နဲ့လက်တွဲလုပ်ခဲ့တဲ့ အာဖဂန်နိုင်ငံသားတွေကို ဘေးကင်းရာ ရွှေ့ပြောင်းနိုင်ဖို့ အသည်းအသန်ကြိုးစားနေချိန်၊ ကဘူးနိုင်ငံတကာလေဆိပ်ထဲကို ဝင်ခွင့်ရဖို့ ကြိုးစားနေသူ တွေနဲ့ ကသောင်းကနင်းဖြစ်နေချိန်မှာ အာဖဂန်နစ္စတန် ကျဆုံးခန်းအတွက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်မှာ တာဝန်ရှိတယ်ဆိုတဲ့ ဝေဖန်သံတွေ ဆူညံလာတယ်။ အမေရိကန်သမ္မတ ဘိုင်ဒန်ကတော့ အဲဒါကို လက်မခံဘူး။ အာဖဂန်မှာ တာလီဘန်တွေ လွယ် လွယ်နဲ့ အာဏာပြန်ရသွားတာဟာ ( ပြုတ်ကျသွားတဲ့ ) အာဖဂန် အစိုးရနဲ့ အာဖဂန် ပြည်သူ တွေမှာပဲ တာဝန်ရှိတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေက နိုင်ငံတည်ဆောက်ရေး၊ အာဖဂန် တပ်မတော်ဖွဲ့စည်းရေးအတွက် နှစ်နှစ်ဆယ်လောက် ကူညီပေးခဲ့ပြီးပြီ၊ အာဖဂန်တွေက သူတို့ ကိုယ်သူတို့ မကာကွယ်နိုင်ဘူးဆိုရင်Continue reading “အမေရိကန်အတွက် အာဖဂန် သင်ခန်းစာ”

စီးပွားရေး ပိတ်ဆို့မှု နှင့် မြန်မာနိုင်ငံ

ဖေဖော်ဝါရီလ ၁၁ ရက်မှာ အမေရိကန် သမ္မတ ဘိုင်ဒန်က သမ္မတ အုပ်ချုပ်မှုဆိုင်ရာ အမိန့် ( Executive Order, EO ) ထုတ်ပြန်ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့တဲ့ အခါ အချို့ အသိုင်းအဝန်းတွေကြားမှာ အကြီးအကျယ် ရိုက်ခတ်သွားခဲ့တယ်။ ဒါဟာ မကြုံစဖူး ထူးကဲလှတဲ့ အရေး ယူဆောင်ရွက်မှုလို့ မြင်သူတွေလည်းရှိတယ်။ ဘာမှ မဟုတ် ဘူး၊ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို မှုစရာမလိုဘူးလို့ ထင်သူတွေလည်းရှိတယ်။ တကယ်တော့ မြန်မာနိုင်ငံဟာ ၁၉ ၈၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ အမေရိကန် နဲ့ ဥရောပ သမဂ္ဂ ( အီးယူ) ရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာ နေခဲ့ရတာပါ။ ၂၀၁၃ ခုနှစ်ကနေContinue reading “စီးပွားရေး ပိတ်ဆို့မှု နှင့် မြန်မာနိုင်ငံ”

အာဆီယံ နှင့် မြန်မာ့အရေး

လာမယ့် ဧပြီလ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ ဒီဆွေးနွေးပွဲက နှစ်စဉ်ကျင်းပနေကျ အာဆီယံ ထိပ်သီးအစည်းအဝေးမဟုတ်ပါဘူး။ လိုအပ်ချက်အရ ကျင်းပတဲ့ သီးခြားအစည်းအဝေး ဖြစ်ပါတယ်။ ဒီအစည်းအဝေးဟာ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေ ကြား ညှိနှိုင်းတိုင်ပင်ဆွေးနွေးရတဲ့ ဒုတိယမြောက်ထိပ်သီးအစည်းအဝေးလို့ ပြောနိုင်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေ ပထမအကြိမ်ဆွေးနွေးခဲ့တာက ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၃ ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးဖြစ်ပါတယ်။ ၂၀၀၇ အတွေ့အကြုံ အဲဒီ ထိပ်သီးအစည်းအဝေးမကျင်းပမီ မြန်မာနိုင်ငံမှာ ရွှေဝါရောင်တော်လှန်ရေးလို့ လူသိများတဲ့ ၂၀၀၇ စက်တင်ဘာအရေးအခင်း ဖြစ်တယ်။ အဲဒီအရေးအခင်းနောက်ဆက်တွဲအနေနဲ့ အမေရိ ကန် နဲ့Continue reading “အာဆီယံ နှင့် မြန်မာ့အရေး”

လေးပွင့်ဆိုင်

ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေတဲ့ Quad အဖွဲ့ဆိုတာ ဘာလဲ လေးပွင့်ဆိုင် ( Quad ) အစ Quad ရဲ့ အမည်အပြည့်အစုံက Quadrilateral Security Dialogue (QSD) လေးပွင့်ဆိုင် လုံခြုံရေးဆွေးနွေးပွဲ ဖြစ်ပါတယ်။ လေးပွင့်ဆိုင်ဆိုတာ အမေရိကန်၊ သြစတေးလျ၊ ဂျပန် နဲ့ အိန္ဒိယနိုင်ငံလေးနိုင်ငံကို ရည်ညွှန်းတာ ဖြစ် ပါတယ်။ လေးပွင့်ဆိုင် အဖွဲ့မပေါ်ခင်မှာ သုံးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲ Trilateral Strategic Dialogue (TSD) ဆိုတာ အရင်ပေါ်ခဲ့တယ်။ အဲဒီအဖွဲ့မှာ အမေရိကန်၊ သြစတေးလျ နဲ့ ဂျပန်ပါဝင်ပြီး ၂၀၀၂ ခုနှစ်မှာ စတင်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးစစ်ပွဲ အတွက်အာရှဒေသမှာ ပူးပေါင်းဆောင် ရွက်ဖို့Continue reading “လေးပွင့်ဆိုင်”

မြန်မာ ၂၀၂၁

Institute of Southeast Asia Studies, ISEAS YUSOF ISHAK INSTITUTE က ၂၀၂၁ ခုနှစ်အတွက် ဒေသတွင်း အလားအလာ ဆွေးနွေးပွဲ ( Regional Outlook Forum 2021) ကို စင်္ကာပူနိုင်ငံမှာ ဇန်နဝါရီလ ၆ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျင်းပခဲ့တယ်။ အရင်အစဉ်အလာကတော့ ဆွေးနွေးပွဲကို တစ်နေ့တည်းနဲ့ အပြီးလုပ်ပေမယ့် ကိုဗစ်ကာလ ဖြစ် တဲ့အတွက် ဆွေးနွေးပွဲကို နှစ်ရက်ခွဲပြီး အွန်လိုင်းကနေ ကျင်းပပါတယ်။ ဆွေးနွေးပွဲကတော့ သူ့ခေါင်းစဉ်အတိုင်းပဲ ၂၀၂၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဆီယံ အဖွဲ့အတွက် အရေးပါမယ်လို့ ယူဆရမယ့် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးရာကိစ္စတွေကို ဆွေးနွေးတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ဆွေးနွေးပွဲအတွက်ရွေးချယ်ထားတဲ့ အကြောင်းအရာတွေကContinue reading “မြန်မာ ၂၀၂၁”