၂၀၁၅ ဒီဇင္ဘာ ၈ ရက်နေ့ ညနေ လေးနာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ I 12 ကသူ့ ရုံးခန်းမှာ တွေ့တော့ ဦးဝင်းမြင့်လည်းရှိနေတယ်။ ဒေါ်အောင်ဆန်းစု ကြည်က အစိုးရဘက်က တာဝန် လွှဲပြောင်းရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို မေးပါ တယ်။ တာဝန်လွှဲပြောင်း ရေးအဖွဲ့အတွက် သူ့ဘက်ကတော့ ဦးဝင်းထိန်၊ ဒေါက်တာအောင်သူ နဲ့ ဒေါက်တာမျိုးအောင် တို့ ကို တာဝန်ပေး မယ်လို့ပြောတယ်။ ကျွန်တော်ကတော့ အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ကျွန်တော်၊ သမ္မတရုံး ညွှန်ချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေး ဒုညွှန်ချုပ် ဦးမောင်မောင်အုန်း နဲ့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး တို့ ပါမယ်လို့ တင်ပြခဲ့တယ်။ အဖွဲ့နာမည်ပေးဖို့ကျတော့ နှစ်ဘက်မတူပြန်ဘူး။ သမ္မတ ဦးသိန်းစိန်က “နိုင်ငံတော်Continue reading “၂၀၁၆ အလွှဲအပြောင်း (၄)”
Category Archives: Politics
၂၀၁၆ အလွှဲအပြောင်း (၃)
သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံနိုင်မယ့် ရက်သက်မှတ်နိုင်ဖို့ စဉ်းစားတဲ့ အခါ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပမယ့်ရက်ကလည်း အကြောင်းတစ်ချက်ဖြစ် နေပါတယ်။ ဦးသိန်းစိန်က မလေးရှား နိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ဖို့အတွက် နိုဝင်ဘာ ၂၀ ရက်နေ့မှာ နေပြည်တော်ကနေ ထွက်ခွာရမယ်။ ဒေါ်အောင်ဆန်းစုကြည်က တစ်ပတ် အတွင်း တွေ့ဖို့တောင်းဆိုထားတော့ သူတောင်းဆိုလို့ လုပ်ရတယ်ဆိုတဲ့ အမြင်မရှိ စေချင်ဘူးဆိုရင် အာဆီယံ အစည်းအဝေးက ပြန်လာမှပဲတွေ့ဖို့ စီစဉ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အာဆီယံ အစည်းအဝေးပြီးမှ တွေ့နိုင်မယ့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို အသိမပေးနိုင်ခဲ့တဲ့အတွက် အင်န် အယ်လ်ဒီဘက်ကလည်း အစိုးရက အချိန်ဆွဲနေတယ်လို့ ယူဆနေခဲ့တယ်။ အဲဒီယူဆချက် က မီဒီယာတွေရဲ့ မေးခွန်းတွေမှာထင်ဟပ်နေခဲ့ပြီး သူတို့ မေးသမ ျှ ဒိုင်ခံဖြေနေရတဲ့ ကျွန်တော့်အတွက်လည်း အတော် အကျပ်အတည်းဖြစ်ခဲ့ရတယ်။Continue reading “၂၀၁၆ အလွှဲအပြောင်း (၃)”
၂၀၁၆ အလွှဲအပြောင်း (၂)
ရွေးကောက်ပွဲညမှာ အနိုင်အရှုံးစာရင်းတွေဟာ မဲရုံကိုယ်စားလှယ်တွေဆီ က တဆင့်အရင် ထွက်လာပါတယ်။ ရွေးကောက်ပွဲ ကော် မရှင်ရဲ့ တရားဝင်စာရင်းကတော့ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်တွေက အတည်ပြုချက်ကို ယူပြီးမှ ထုတ်ပြန်တဲ့အတွက် နည်းနည်းနောက်ကျတယ်။ ဒါပေမယ့် စာရင်းနှစ်ခုလုံးမှာ အင်န်အယ်လ်ဒီပါတီက ရှေ့က ဦး ဆောင်နေတာတော့ ထင်ထင်ရှားရှားမြင်နေရပါတယ်။ ဦးသိန်းစိန်ရဲ့ မူလ ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင်ထုတ်ပြန်ချက် အရ အင်န်အယ်လ်ဒီပါတီက အများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်တဲ့အခြေအနေရောက်ရင် ဒေါ်အောင်ဆန်း စုကြည်ဆီကို ဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြောမယ်၊ ပြီး ရင် တာဝန်လွှဲပြောင်းရေးဆိုင်ရာ လုပ်ငန်းတွေကို ညှိနှိုင်းမယ်ဆိုပြီး ဆုံးဖြတ်ထားတာပါ။ ဒါပေမယ့် သူ့အစီအစဉ်အတိုင်းလုပ်လို့မရတဲ့အခြေအနေတွေဖြစ်လာတယ်။ ပထမ အခြေအနေ က ရွေးကောက်ပွဲရှုံးတဲ့ ဝန်ကြီး အချို့နဲ့ ပြည်ခိုင်ဖြိုးခေါင်းဆောင်အချို့က သူတို့အညစ်ခံရတယ်၊ ရွေးကောက်ပွဲ ရလဒ်Continue reading “၂၀၁၆ အလွှဲအပြောင်း (၂)”
၂၀၁၆ အလွှဲအပြောင်း (၁)
အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အာဏာရ အင်န်အယ်လ်ဒီပါတီကပဲပြန် အနိုင်ရခဲ့တယ်။ သမ္မတ အဖြစ် လက်ရှိ သမ္မတ ဦးဝင်းမြင့်ပဲ တာဝန်ထမ်းဆောင်မလား၊ သမ္မတအသစ် ရွေးချယ်တာဝန် ပေးမလားဆိုတာလည်း မသိနိုင်သေးဘူး။ တကယ်လို့ သမ္မတ အသစ်ရွေးချယ်မယ်ဆိုရင် တောင် သမ္မတ နှစ်ယောက်တာဝန်လွှဲပြောင်းတဲ့အခမ်းအနားက ပါတီတစ်ခုတည်းပဲ လွှဲပြောင်းတာဖြစ်လို့ ၂၀၁၆ တာဝန်လွှဲပြောင်းခြင်းအခြေအနေ လောက် စိတ်လှုပ်ရှားစရာကောင်းမယ်မထင်ဘူး။ ၂၀၁၆ မတ်လ ၃၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန် နဲ့ သမ္မတ သစ် ဦးထင်ကျော်အကြား တာဝန်လွှဲပြောင်းတဲ့အခမ်းအနားကတော့ မြန်မာ နိုင်ငံ ဒီမိုကရေစီ အသွင်ကူူးပြောင်းရေးကာလမှာ အရေးကြီးတဲ့အခမ်းအနား ၊ သမိုင်းဝင်အခမ်းအနား ဖြစ်ခဲ့ပါတယ်။ ဒီအခမ်းအနားမတိုင်ခင်က လွတ်လပ်ရေးရပြီးနောက် မြန်မာ့နိုင်ငံရေးသမိုင်းမှာ အာဏာရ ရွေးကောက်ခံ အစိုးရတစ်ရပ်ကContinue reading “၂၀၁၆ အလွှဲအပြောင်း (၁)”
သက်တန့်ရောင်စုံ နယူးဇီလန်
ပါတီစုံ ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ အင်အားနည်းအုပ်စုတွေ ဖြစ် တဲ့ အမျိုးသမီးတွေ၊ လူနည်းစုတိုင်းရင်းသားတွေ၊ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ၊ LGBTQ တွေ ဥပဒေပြုလွှတ်တော်ထဲမှာ ဘယ်လောက်ပါဝင်သလဲဆိုတာကို အလေးထားသုံးသပ်လေ့ရှိ တယ်။ ကိုယ်စားပြုမှုများပြားစုံလင်တယ်ဆိုရင် အဲဒီလွှတ်တော်ဟာ နိုင်ငံအတွင်းမှာရှိတဲ့ အုပ်စု အားလုံးရဲ့အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားပေးနိုင်တယ်လို့ ယေဘုယျ သတ်မှတ်ကြ တယ်။ ၂၀၂၀ အောက်တိုဘာလ မှာကျင်းပခဲ့တဲ့ နယူးဇီလန်နိုင်ငံရွေးကောက်ပွဲကနေပေါ်ထွက်လာတဲ့ လွှတ်တော်ကတော့ ကမ္ဘာပေါ်မှာ ကိုယ်စားပြုမှုအစုံလင်ဆုံး လွှတ်တော်တစ်ခုဖြစ်တယ်လို့ နိုဝင်ဘာ ၁၇ ရက်နေ့ CNN သတင်းမှာဖော်ပြထားတာကိုတွေ့ရပါတယ်။ ဒေသခံတိုင်းရင်းသားများ ၁၈၄၀ ပြည့်နှစ် အင်္ဂလိပ်တွေ သိမ်းပိုက်ကိုလိုနီ မပြုခင်အထိ နယူးဇီလန်နိုင်ငံလို့ဖြစ်လာမယ့် ကျွန်းတွေမှာ အခြေချနေထိုင်သူတွေက မောဝ်ရီ Māori လို့ခေါ်တဲ့ ဒေသခံတိုင်းရင်းသားတွေ ဖြစ် ပါတယ်။ ဒါပေမယ့် ၁၈၅၂ ခုနှစ်Continue reading “သက်တန့်ရောင်စုံ နယူးဇီလန်”
ရွေးကောက်ပွဲအပေါ် တပ်မတော်သဘောထား
တပ်မတော် က ပြည်ခိုင်ဖြိုးပါတီရဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပပေးဖို့ တောင်းဆိုချက်ဟာ တပ်မတာ်သဘောထားမပါဝင်ကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောပြီးသားဖြစ်တယ်လို့ တုန့်ပြန်ပြောကြားလိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲနေ့မှာ ပြည်သူ့ဆန္ဒနဲ့ အညီ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာဖြစ်ပြီး ငြင်းပယ်လို့မရတဲ့အကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ တာဖြစ်ပါတယ်။ သတင်းအသေးစိတ်ကို အောက်ပါလင့်ခ်မှာဖတ်နိုင်ပါတယ်
အချိန်အဆ (၂)
နိုင်ငံရေးပါတီတစ်ခု ဒါမှမဟုတ် နိုင်ငံရေးပါတီတွေက အစိုးရကို တစ်စုံတစ်ခု တောင်းဆိုတယ်ဆိုတာက နိုင်ငံရေးတိုက်ပွဲဆင်တာပဲ။ တနည်းအားဖြင့် တောင်းပွဲ ၊ တိုက်ပွဲ ဝင်တာပဲ။ လေ့လာမှတ်သားမိတဲ့စာတွေအရတော့ အဲဒီလိုလုပ်ဆောင်တဲ့အခါ ပထမဆုံးလိုအပ်ချက်က မိမိ တောင်းဆိုတဲ့ ကိစ္စက အကြောင်းအကျိုးခိုင်လုံရမယ်။ ဒါမှလည်း လူထုက ဒီတောင်းဆိုချက်က မှန်ကန်တယ်၊ ဖြစ်သင့်တယ်၊တရားမ ျှတတယ်လို့ မြင်မယ်။ ကိုယ့်ပါတီဝင်တွေကလည်း ပါတီ နောက်ကနေ ခိုင်ခိုင်မာမာရပ်တည်ဖို့ ခွန်အားရမယ်။ ဒုတိယလိုအပ်ချက်က တောင်းဆိုချက်က လက်တွေ့လည်းကျ၊ အကောင်အထည်လည်း ဖော်နိုင်တဲ့ တောင်းဆိုချက်ဖြစ်ရမယ်။ တတိယအချက်က အဲဒီတောင်းဆိုချက်မရရင် ဘာလုပ်မှာလဲ ဆိုတာ ဆုံးဖြတ်ထားရမယ်။ ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်နိုင်စွမ်းရှိအောင်ပြင်ဆင်ထားရမယ်။ အထက်ပါ အခြေခံလိုအပ်တွေကို အချိန်အဆမှန်မှန် မလုပ်ဘူးဆိုရင်တော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် နဲ့ လှည့်ကြည့်လိုက်တော့ ကိုယ့်နောက်မှာ တစ်ယောက်မှ မရှိတဲ့Continue reading “အချိန်အဆ (၂)”
နိုင်သူပျော် ရှုံးသူပြုံး ကြစို့
ရွေးကောက်ပွဲ ရလဒ် နဲ့ ပတ်သက်ပြီး “ အချိန် အဆ” ဆိုတဲ့ ဆောင်းပါးရေ တော့ ၁။ အခု မှ အမြင်မှန်ရပြီး ဘက်ပြောင်းလာတယ်လို့ ပြောသူရှိတယ်။ ၂။ ဘက်ပြောင်းသွားပြီလားလို့ စွပ်စွဲသူရှိတယ်။ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ဘယ် လိုပဲ မဲဆွယ်စည်းရုံးခဲ့ စည်းရုံး ခဲ့ ရွေးကောက်ပွဲ ပြီးတဲ့အခါ နိုင် သူကလည်း ရှုံးတဲ့သူကို အားပေး၊ ရှုံးသူကလည်း နိုင်သူကို ဂုဏ် ပြု ဆိုတဲ့ အားကစားသမားစိတ်ဓာတ်နဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံနိုင်ရမယ်၊ ဒီမိုကရေစီခရီးဆက်နိုင်ရမယ် ဆိုတာ ကျွန်တော့်ရဲ့ ယုံကြည်မှုဖြစ်ပါတယ်။ အဲဒီယုံကြည်ချက်အတိုင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ရေးထားတဲ့ဆောင်းပါးလေးကို ပြန်လည်ဖတ်ရှုနိုင်အောင်မ ျှဝေလိုက်ပါတယ်။ ၂၀၁၆Continue reading “နိုင်သူပျော် ရှုံးသူပြုံး ကြစို့”
အချိန်အဆ
ဘယ်နိုင်ငံမှာလုပ်လုပ် ပါတီစုံရွေးကောက်ပွဲ ဆိုရင် အနည်းနဲ့ အများအငြင်းပွားမှုရှိတာပဲ။ ဒ့ါကြောင့်လည်း ရွေးကောက်ပွဲဥပဒေတွေမှာ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ခြင်း၊ တရားမဲ့ ပြုကျင့်ခြင်းများကို အရေးယူဆောင်ရွက်ခြင်း စတဲ့ ပုဒ်မတွေပါနေတာပေါ့။ ဒါပေမယ့် နိုင်ငံရေးပါတီတစ်ခုက ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်တော့မယ်ဆိုရင် တရားမဲ့ ပြုကျင့်မှုတွေ၊ အငြင်းပွားမှုတွေဟာ ဘယ်အတိုင်းအတာအထိ ဖြစ်နေတာလဲ၊ အဲဒီဖြစ်စဉ် တွေနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့အထောက်အထား ဘယ်လောက်ရှိလဲဆိုတာကို ချိန်ဆရမယ်။ တကယ်လို့ အငြင်းပွားမှုတွေက မဲဆန္ဒနယ် အနည်းငယ်လောက်မှာသာဖြစ်တယ်၊ ဖြစ်စဉ်တွေ က လည်း ရွေးကောက်ပွဲရလဒ်ကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်တဲ့အထိ ပမာဏမများဘူးဆိုရင် မဲဆန္ဒနယ်တစ်ခုချင်းအလိုက်ပဲ ရွေးကောက်ပွဲ ဥပဒေနဲ့ အညီ ကန့်ကွက်သင့်တယ်။ တစ်စိတ်တစ်ဒေသ ဖြစ်စဉ်တွေကို အလုံးစုံဖြစ်စဉ်လို့ ယူဆပြီး တုန့်ပြန်ဆောင်ရွက်နေရင် လူထု က အရှုံးကို လက်မခံနိုင်တဲ့ပါတီ၊ ကန့်လန့်တိုက်တဲ့ပါတီ လို့Continue reading “အချိန်အဆ”
မဇ္ဈိမ စကားဝိုင်း (၅)
ဒီနေ့စကားဝိုင်းမှာ ကျွန်တော်တို့ ပင်တိုင်ဆွေးနွေးသူ သုံးယောက်အပြင် ဆရာမုံရွာအောင်ရှင်၊ ကိုမြအေး တို့ပါ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဆွေးနွေးခဲ့တဲ့ အကြောင်းအရာကတော့ ဦးဇော်ဌေး အစပျိုးလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတဲ့ အကြောင်းပါပဲ။ ကျွန်တော့်ကို မေးတဲ့မေးခွန်းကတော့ “ အမျိုးသားညီညွတ်ရေးအစိုးရ လိုအပ်သလား၊ လိုအပ်တယ်ဆိုရင် ဘယ်လိုပုံစံဖြစ်သင့်လဲ ၊ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေး ဘယ်လိုဖြစ်သင့်လဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျွန်တော့်အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ( အချိန်ကန့်သတ်ချက်ကြောင့် မပြော နိုင် လို့ ချန်ထားခဲ့ပြီး အခုမှ ထပ်ဖြည့်ပြောတဲ့အချက်များကို ( ) ဖြင့်ဖော်ပြထားပါတယ်။ ) ၁။ အမျိုးသားညီညွတ်ရေးဘာ့ကြောင့်လိုအပ်လဲဆိုတော့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာအများစုဟာ အဓိက ကျတဲ့အုပ်စုတွေကြားမှာ ညီညွတ်ရေးမတည်ဆောက်နိုင်လို့ ဖြစ်ခဲ့ တာ။ ဒါ့ကြောင့် ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက်Continue reading “မဇ္ဈိမ စကားဝိုင်း (၅)”