ဦးရဲမင်းဦးရဲ့ စီးပွားရေးလုပ်ငန်းများ

ဒီတစ်ခါ Myanmar Now က ဖွင့်ချလိုက်တဲ့သတင်းကတော့ NLD ပါတီရဲ့ အနာဂတ် ကြယ် ပွင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်လောင်း စသည်ဖြင့် မီဒီယာတွေကတောင် သုံးသပ်နေတဲ့ NLD ပါတီ ဒဂုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲမင်းဦး အကြောင်း ဖြစ်ပါတယ်။ Myanmar Now က အခြားပါတီဝင်လွှတ်တော်ကိုယ်စားလောင်းတွေရဲ့ နောက်ခံသမိုင်း တွေ၊ သတင်းတွေကို ထုတ်ဖော်ရေးသားတဲ့အခါတိုင်း လက်ခုပ်လက်ဝါးတီး အားပေးခဲ့တဲ့ NLD ဝန်းရံ သူ၊ ထောက်ခံသူတွေကတော့ ဒီသတင်းဆောင်းပါးနဲ့ပတ်သက်ပြီး • အခုလိုရွေးကောက်ပွဲနီးမှ ဒီသတင်းရေးတာဘာသဘောလဲ။• ဒီသတင်းရေးဖို့အတွက်နောက်ကွယ်မှာ လက်မဲကြီးရှိနိုင်တယ်။• စီးပွားရေးသမားပဲ ကျန်တဲ့ခရိုနီတွေနဲ့ ဆက်ဆံရတာ ဘာထူးဆန်းသလဲ။• စစ်အစိုးရခေတ်မှာ စီးပွားရေးလုပ်ရင် ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရမှာပေါ့။• စီးပွားရေးလုပ်ငန်းတွေမှာ ယူထားတဲ့ ရာထူးတွေက ထွက်လိုက်ပြီပဲ။ ခင်ပွန်း အစိုးရContinue reading “ဦးရဲမင်းဦးရဲ့ စီးပွားရေးလုပ်ငန်းများ”

တပ်မတော်နဲ့ အမျိုးသားနိုင်ငံရေး

သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နိုဝင်ဘာ ( ၄ ) ရက်နေ့ သတင်းစာရှင်းလင်း ပွဲမှာ လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲ ဖြစ်ရေး နဲ့ ပတ်သက်တဲ့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်နဲ့ တပ်မတော်ကာကွယ်ရေးဦးချုပ်ရဲ့ ပြောကြားချက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆ (က) “ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေး နှင့် ကင်း ရှင်း ရမည်” ဆိုတဲ့အချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ မကိုက်ညီဘူးလို့ ပြောတယ်။ အဲဒီပြောကြားချက်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆ (စ) “ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်း ကဏ္ဍ တွင် တပ်မတော်က ပါဝင်ဆောင်ရွက်နိုင်ရေး ” ဆိုတဲ့အချက်နဲ့Continue reading “တပ်မတော်နဲ့ အမျိုးသားနိုင်ငံရေး”

အင်န်အယ်လ်ဒီအစိုးရ နဲ့ ရွေးကောက်ပွဲကော်မရှင်

မနေ့က (နိုဝင်ဘာ ၄ ) သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက “ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ လွတ်လပ်သော အဖွဲ့အစည်း ဖြစ်ပြီး ပြည်ထောင်စု အစိုးရ အဖွဲ့ကို တာဝန်ခံရမည်” ဟု ဥပဒေများတွင် လုံးဝပြဋ္ဌာန်းမထားဘူး လို့ပြောတယ်။ ဆိုလိုတာက သမ္မတ က ခန့်ပေမယ့် ကော်မရှင်လုပ်ဆောင်ချက်အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့မှာ တာဝန်မရှိဘူးဆိုတဲ့ သဘောပြောတာလို့ပဲ နားလည်တယ်။ ကော်မရှင်က လွတ်လပ်သောအဖွဲ့အစည်းဆိုရင် သမ္မတက ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ခန့်အပ်ပြီးတာနဲ့ အစိုးရ အဖွဲ့က ကော်မရှင် လုပ်ငန်းဆောင်ရွက် နိုင်ဖို့ အတွက် လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့မှုကိစ္စတွေ ပံ့ပိုးပေးဖို့ပဲ ရှိတယ်။ ရွေးကော် ကို ဟို လို လုပ်ပါလား၊ သည်လို လုပ်ပါလားလို့Continue reading “အင်န်အယ်လ်ဒီအစိုးရ နဲ့ ရွေးကောက်ပွဲကော်မရှင်”

တိုင်းရင်းသားပါတီများ

လက်တွေ့ ဖြစ်ရပ်တွေကို ကြည့်လိုက်ရင် အင်န်အယ်လ်ဒီပါတီမှာ ရှိတဲ့တိုင်းရင်းသားအမတ်တွေက အင်န်အယ်လ်ဒီ အရေး နဲ့ တိုင်းရင်းသား အရေးယှဉ်လာရင် အင်န်အယ်လ်ဒီအရေးကို ပဲ ဦးစားပေးတယ် ဆိုတာ ပြည်နယ်ဝန်ကြီးချုပ် ခန့်ထားရေး၊ ငြိမ်းချမ်းရေး၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု နဲ့ ချောင်းဆုံတံတား ကိစ္စ တွေမှာ တွေ့ခဲ့ပြီးပြီပဲ။ ဒီလို ပြည်နယ်အရေး ၊ တိုင်းရင်းသားအရေး ထက် အင်န်အယ်လ်ဒီပါတီအရေးကို ပဲ ဦးစား ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နောက်ထပ် ငါးနှစ်ပြန်ပြီးတာဝန်ပေးမယ်ဆိုရင် ဖက်ဒရယ် အရေး က လိုက်လေဝေးလေဖြစ်နေမှာပဲ။ ဒါ့ကြောင့် ကိုယ့် တိုင်းရင်းသား အရေးအလုပ် လုပ်နိုင်ဖို့ ကိုယ့် တိုင်းရင်းသားပါတီတွေကိုပဲ တာဝန်ပေးကြပါ။

မဲဆန္ဒရှင်ပြည်သူများ

မဲဆန္ဒရှင်ပြည်သူများ စီးပွားရေးတိုးတက်အောင်လုပ်ဖို့ အတွက်• အခြေခံဥပဒေ ပြင်ဖို့ မလို။• ၂၅% ထောက်ခံဖို့မလို။• အစိုးရ နဲ့ လွှတ်တော်အရည်အချင်းရှိဖို့ပဲ လိုပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း သင့်မိသားစု၊ သင့်ရပ်ကွက်/ကျေးရွာ စီးပွားရေး၊ အလုပ် အကိုင်အခွင့်အလမ်း ပိုကောင်းလာသလား၊ ပိုဆိုးလာသလား ။ သတင်းစာထဲက ၊ ရွေးကောက်ပွဲ ပိုစတာတွေထဲက ကိန်းဂဏန်းတွေကို မေ့လိုက်ပါ။သင့် လက်တွေ့ ဘ၀ အခြေအနေနဲ့ မှတ်ကျောက်တင်ကြည့်ြ့ပီးမှ လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ်ပါ။

မှတ်မှတ်သားသား ထိုစကား (၅)

၂၀၁၅ ရွေးကောက်ပွဲ အကြို မဲဆွယ်စည်းရုံးရေးကာလမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်န်အယ်လ်ဒီ ပါတီအနေ နဲ့ လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲ မဖြစ်မှာကို စိုးရိမ်ခဲ့တယ်။ ဒါ့ကြောင့် ပြည်ခိုင်ဖြိုး အစိုးရ၊ ပြည်ခိုင်ဖြိုးပါတီ နဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်ရိုက်တစ် မျိုး သွယ်ဝိုက်ပြီးတစ်ဖုံ ဝေဖန်ခဲ့ သတိပေးခဲ့တယ်။ အဲဒီအထဲက မှတ်မှတ် သားသားဖြစ်ခဲ့ရတဲ့ စကားတစ်ချို့ကတော့ ရွေးကောက်ပွဲကို နိုင်ချင်ရင် ရိုးသားတဲ့နည်းနဲ့ နိုင်အောင်လုပ်ပေါ့။ ကျွန်တော်တို့ကို ဘာ့ကြောင့် ထောက်ခံသင့်သလဲဆိုတာ ပြည်သူတွေ နားဝင်အောင် ရှင်းပြပေါ့။ စည်းရုံးပေါ့။ ( ဒေါ်အောင်ဆန်း စုကြည် ၊ အောက်တိုဘာ ၂၂ ကျိုင်းတုံ ၊ ပုံ ၁ ) xxx သို့ရာတွင် အမှန်တကယ်မဲပေးရမည့်နေ့၌Continue reading “မှတ်မှတ်သားသား ထိုစကား (၅)”

ပြန်ဖတ်မိတဲ့ စာ

xxx အားနည်းသော အစိုးရ အဖွဲ့ နှင့် တောင့်တင်းခိုင်မာသော တပ်မတော်ရှိသည့် မည်သည့် နိုင်ငံ တွင်မဆို နိုင်ငံရေးသမားများသည် တပ်မတော်ကို အားကိုးရမည့် မိတ်ဆွေ သို့တည်းမဟုတ် ကြောက်လန့်ရမည့် ရန်သူ အဖြစ် ရှုမြင်ကြလေ့ရှိသည်။ နိုင်ငံရေးအုပ်စု တစ်ခုသည် မိမိအား တပ်မတော်မှ ကြည်ဖြူပုံမရလ ျှင် ထိုတပ်မတော်သည် အခြားအုပ်စု တစ်ခုကို လိုလား ထောက်ခံ သည်ဟု သင်္ကာမကင်းဖြစ်တတ်သည်။ xxx ( စာ ၈၉ ) xxx ပထမ ဦးစွာ တပ်မတော်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်ဆောင်ရွက်ကာ တပ်မတော်က နိုင်ငံ ရေး အုပ်စုတိုက်ပွဲတွင် ပါဝင်ပတ်သက်နေမှုကိုလည်း ဖော်ထုတ်ပြသရမည် ဖြစ်သည်။ xx တပ်မတော်အား မဟုတ်မမှန်သတင်းများ တီးတိုးပြောကြားခြင်းဖြင့် စတင်ထိုးနှက်ကာContinue reading “ပြန်ဖတ်မိတဲ့ စာ”

မဲမပေးခင် စဉ်းစားဖို့ (၁၄)

ဘာ့ကြောင့်ရေးရလဲ “မဲမပေးခင် စဉ်းစားဖို့” ဆိုတဲ့ခေါင်းစဉ် နဲ့ ဆောင်းပါးတွေ ဘာ့ကြောင့် ရေး တာလဲ လို့ မီဒီယာတစ်ခုကမေးလို့ ဖြေခဲ့တယ်။ ဒါပေမယ့် အချိန်ကန့်သတ်ချက်ကြောင့် အများကြီး ရှင်းမပြနိုင်ခဲ့ဘူး။ ဒီဆောင်းပါးကတော့ မီဒီယာကို ဖြေခဲ့တဲ့အချက်တွေကို ထပ်ရှင်း ပြတဲ့ သဘောဖြစ်ပါတယ်။ မဲမပေးခင် စဉ်းစားဖို့ ဆောင်းပါးတွေကို ရည်ရွယ်ချက်သုံးခုနဲ့ ရေးပါတယ်။ ပုဂ္ဂိုလ်အခြေပြုနိုင်ငံရေး မှ မူဝါဒ အခြေပြုနိုင်ငံရေးသို့ ကျွန်တော်တို့နိုင်ငံက လွတ်လပ်ရေးကြိုးပမ်းမှုကာလထဲက ပုဂ္ဂိုလ်အခြေပြုနိုင်ငံရေး နဲ့စခဲ့တာ အခုထိပဲ။ မဲပေးမယ်ဆိုရင် ပါတီမူဝါဒထက် သူ့ကို ချစ်လို့ ၊ သူ့ကိုကြိုက်လို့ ၊ သူ့ကို မုန်းလို့ ဆိုတဲ့အကြောင်းတရားကို အခြေခံတယ်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ် ဆိုပေမယ့် ပုဂ္ဂိုလ်ကို သာ ထောက်ခံနေတာ အဲဒီပုဂ္ဂိုလ်ခေါင်းဆောင်တဲ့ပါတီရဲ့ မူဝါဒContinue reading “မဲမပေးခင် စဉ်းစားဖို့ (၁၄)”

တိုင်းရင်းသားပါတီများ နဲ့ တိုင်းရင်းသားအရေး

၂၀၂၀ ရွေးကောက်ပွဲ အလွန်မှာ သမ္မတ ရွေးရွေး၊ ဥပဒေတွေပဲ ပြဋ္ဌာန်း ပြဋ္ဌာန်း၊ ( လူနည်းစု) တိုင်းရင်းသားပါတီတွေ ထောက်ခံမှု မရရင် လုပ် လို့မရတဲ့အခြေအနေ ရောက်မှ ပါတီအားလုံး နိုင်ငံရေးတန်းတူတဲ့ အခြေအနေကို ရမယ်။ အဲဒါမှ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ ပိုလွယ်မယ်။ အဲဒီလို ဖြစ်နိုင်ဖို့အတွက် ပြည်နယ်တွေမှာရှိတဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နဲ့ ပြည်နယ်လွှတ်တော်ကို်ယ်စားလှယ်နေရာအားလုံး တိုင်းရင်းသားပါတီတွေနိုင်ဖို့ လို တယ်။ အာဏာရ အင်န်အယ်လ်ဒီပါတီကတော့ သူတို့ပါတီမှာလည်း (လူနည်းစု) တိုင်းရင်းသား အမတ်တွေရှိ တဲ့ အတွက် ( လူနည်းစု) တိုင်းရင်းသားတွေကို ကိုယ်စားပြုပါတယ်။ သူတို့ ကို မဲပေးပါလို့ မဲဆွယ်နေဆဲပဲ။ ဒါပေမယ့် လက်တွေ့Continue reading “တိုင်းရင်းသားပါတီများ နဲ့ တိုင်းရင်းသားအရေး”

စာတွေ့ နဲ့ လက်တွေ့

လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများမှာ ၁။ ကြိုတင်မဲစာအိတ် များကို ချိတ်ပိတ်ထားသောမဲပုံးများမှာထည့်ရမယ်။ ၂။ ကြိုတင်မဲပေးသူဟာ လ ျှို့ဝှက်ဆန္ဒမဲပေးနိုင်ရမယ်။ လို့ ပြဋ္ဌာန်းထားပါတယ်။ ( ပုံ ၁ နဲ့ ၂ ) ဒါပေမယ့် ဦးလှသိန်းကော်မရှင်က ဦးစီးဆောင်ရွက်တဲ့ ကြိုတင်ဆန္ဒမဲပေးမှု လုပ်ငန်း တွေမှာတော့ မဲပေးတာကို ပါတီတံဆိပ်ပါ ဝတ်စုံတွေနဲ့ရပ်ကြည့်သူတွေ၊ ကားစက်ဖုံးပေါ်မှာ၊ လမ်းဘေးခုံမှာ မဲပေးနေရသူတွေ၊ ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းတွေက လေ့လာတဲ့အဆင့်မဟုတ် ဘဲ ညွှန်ကြားတဲ့ အဆင့်ရောက်နေပြီလို့ ဝေဖန်ခံနေရတာတွေ၊ ဘေးဘက်တွေပွင့်နေတဲ့ စာအိတ်တွေ၊ ကြိုတင်မဲစာအိတ်မရှိလို့ ရိုးရိုးစာအိတ်သုံးရတာတွေ စသည် စသည်ဖြင့် အလွဲလွဲ အချော်ချော် ဖြစ်ပျက်နေတာကို သတင်းမီဒီယာများ၊ ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာ တွေ့နေရပါတယ်။ ( ပုံ ၃ မှ ၁၁ အထိ )Continue reading “စာတွေ့ နဲ့ လက်တွေ့”