ရွှေတိဂုံ စေတီတော် ပတ်ဝန်းကျင်က ဇရပ်တွေ၊ ပိဋကတ်တိုက်တွေကို လေ့လာနေတဲ့ အချိန်မှာ ထူးထူးဆန်းဆန်း သတိရမိနေတဲ့ အကြောင်းနှစ်ခုရှိတယ်။ နှစ်ခုလုံးကလည်း ဆရာမင်းသိင်္ခနဲ့ ပတ်သက်နေတယ်။ ပထမတစ်ခုက အရှေ့ဘက်စောင်းတန်းက မွန်ထမင်းဆိုင်။ အဲဒီမွန်ထမင်းဆိုင်နဲ့ပတ်သက်လို့ ရေဆုံးမြေဆုံးခြေရာကောက်ပြီး ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ခဲ့တယ်။ ဒုတိယတစ်ခုက မနုစာရီ ဝတ္ထု မှာပါတဲ့ အာဇာနည်ကုန်းအဆင်းဘက်က ရေချို ရေငန် နှစ်မျိုးရှိတဲ့ရေတွင်းလေးပါ။ တကယ်တော့ အလယ်ပစ္စယံက ဇရပ်တွေအကြောင်းလေ့လာနေတာ မပြီးသေးဘူး။ ဒါပေမယ့် စိတ်ထဲမှာ အဲဒီရေတွင်းလေးဘက်ကို သွားချင်တဲ့စိတ်က ထိန်းလို့မရဘူး။ ဒီလိုနဲ့ မြောက်ဘက် စောင်းတန်းက ဆင်း၊ သွေးဆေးကန်ဘက်ကနေ ရေတွင်းလေးရှိရာဘက်ကို လမ်းလေ ျှာက်သွားခဲ့တယ်။ ဆရာမင်းသိင်္ခပြောတဲ့ရေတွင်းလေးကိုလည်းတွေ့ပါတယ်။ ဒါပေမယ့် အဲဒီရေတွင်းလေးထက် ပိုပြီး ထူးခြားတာကိုလည်းတွေ့ခဲ့ရတယ်။ အခုပြန်တွေးကြည့်တော့ ရေတွင်းလေးဆီကို သွားချင်တဲ့စိတ်ပေါ်လာ တာဟာ အဲဒီထူးခြားတဲ့အခြေအနေတစ်ခုကို မြင်အောင်Continue reading “ရွှေတိဂုံ ၊ အာဇာနည်ဗိမာန် နဲ့ အထပ်မြင့်အိမ်ယာစီမံကိန်း”
Category Archives: Travelogue
ရွှေတိဂုံ အရိပ်အောက်မှာ (၇)
မဟာဗုဒ္ဓဝင်ပြခန်း အောင်ခြင်းကျောင်းတိုက်က ထွက်ပြီး ကုန်းတော်အခြေက ပတ်လမ်းလေးအတိုင်းသွားရင် မဟာ ဗုဒ္ဓဝင်ပြခန်းကိုရောက်ပါတယ်။ ဒီပြခန်းက ၁၉ ၉ ၀ ပြည့်လွန်နှစ်များက ရွှေတိဂုံစေတီတော် ဘက်စုံ ပြုပြင်မွမ်းမံရေးလုပ်ငန်းတွေလုပ်တဲ့အချိန်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ၁၉ ၇၄ ကနေ ၁၉ ၇၈ ခုနှစ်အထိ ကျွန်တော့်မိဘတွေက ဂျူဗလီဟောအနားက အရှေ့ဈေးလမ်း မှာ နေခဲ့တာဆိုတော့ ရွှေတိဂုံစေတီကို မကြာခဏရောက်ခဲ့တယ်။ သွားစရာမရှိရင် ဘုရားပေါ်သွားထိုင် နေတယ်လို့တောင်ပြောလို့ရပါတယ်။ အဲဒီအချိန်က အခု ဗုဒ္ဓဝင်ပြတိုက်ရှိတဲ့နေရာ၊ နဲ့ အလယ်ပစ္စယံနေရာတွေက လူနေရပ်ကွက်တောင်ဖြစ်နေပါပြီ။ ဘုရားဝန်ထမ်းတွေရော၊ အပြင်လူ တွေရော တရားဝင်ရော၊ ကျူးကျော်ရော အကြောင်းအမျိုးမျိုးနဲ့ နေရာအမျိုးမျိုးမှာ နေထိုင်ကြ၊ ဆိုင်တွေ ဖွင့်ကြနဲ့ပေါ့။ ဘုရားကြီးရပ်ကွက်လို့တောင် သတ်မှတ်ခဲ့ပြီး အဲဒီအချိန်က တောင်ဘက် စောင်းတန်းဘက်မှာ ဘုရားကြီးရပ်ကွက် သမဝါယမဆိုင်ဆိုပြီးရှိခဲ့တယ်။ အဲဒီခေတ်ကContinue reading “ရွှေတိဂုံ အရိပ်အောက်မှာ (၇)”
ရွှေတိဂုံ အရိပ်အောက်မှာ (၆)
အောင်ခြင်း ပိဋကတ်တိုက် ဓမ္မာရုံ အဖွားခက် ဇရပ် ( ဓမ္မာရုံ) ကနေ ထွက်လာတော့ ကျိုက်ထီးဆောင်းဓမ္မာရုံကိုရောက်တယ်။ ဒီဓမ္မာရုံကတော့ ၂၀၀၁ ခုနှစ်က မှ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ကျိုက်ထီးဆောင်း ဓမ္မာရုံ ကျော်တော့ အနောက်ဘက်စောင်းတန်းကို ရောက်ပြီ၊ စောင်းတန်းဘေး ယာဉ်ရပ်နား ကွင်း တစ်ဖက်မှာ အောင်ခြင်း ပိဋကတ်တိုက်ရှိပါတယ်။ အဝင်၀ သံတံခါးဘေးမှာ“ သာယာဝတီ ကျေးဇူးတော်ရှင် ဦးညေယျ အောင်ခြင်းဆရာတော် ဦးဉာဏဝံသ အမှုးပြု၍ ရွှေတိဂုံ အောင်ခြင်းဆရာတော် ဦးသြသဓ ကြီးမှူးသော အောင်ခြင်း ပိဋကတ်တိုက် ဓမ္မာရုံ။ အောင်ခြင်း ဝိပဿနာ တရားပြဌာန” ဆိုတဲ့ဆိုင်းဘုတ်ရှိတယ်။ အောင်ခြင်းပိဋကတ်တိုက်က ဓမ္မာရုံ ပုံစံတည်ဆောက်ထားတဲ့ အုတ်ကျောင်းဆောင်ဖြစ်ပါတယ်။ အခု လက်ရှိ ဝင်ပေါက်က ပိဋကတ်တိုက်ဘေးကနေ ဝင်တဲ့အပေါက်ဖြစ်ပါတယ်။ မူလContinue reading “ရွှေတိဂုံ အရိပ်အောက်မှာ (၆)”
မင်းသိင်္ခ နဲ့ နဂါးကမ္ဘာလုံး
ဆရာမင်းသိင်္ခစာတွေထဲမှာ သူ့ဇာတ်ကောင် ရွှေတိဂုံဘုရားမှာ ပုတီးစိတ်တဲ့ အကြောင်းရေးတဲ့အခါ အရှေ့ဘက်စောင်းတန်း အလယ်ပစ္စယံ ကမွန်ထမင်းဆိုင် တစ်ဆိုင် မှာ ထမင်းစားတဲ့ အကြောင်း ပါလေ့ရှိတယ်။ မင်းသိမ်းခိုင်ရဲ့ ဆရာ မင်းသိင်္ခ ဘဝဇာတ်ကြောင်းစာအုပ်မှာလည်း ဆရာမင်းသိင်္ခ ရွှေတိဂုံ ဘုရား မှာ တစ်နှစ်တိတိ အဓိဋ္ဌာန် ပုတီးစိတ်တဲ့အချိန်ကလည်း မွန်ထမင်းဆိုင်မှာ ထမင်းစားလေ့ရှိတယ်၊ အဲဒီအချိန်က ဆရာမင်းသိင်္ခမှာ အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရလို့ တစ်ခါတစ်လေ အကြွေးစားရတယ်၊ ငံပြာရည်ချက်နဲ့ တို့စရာကို အားပြုစားလွန်းလို့ ဆိုင်ရှင်အဒေါ်ကြီးကတောင် မေးယူရတဲ့အကြောင်းပါခဲ့တယ်။ ဘာ့ကြောင့်မှန်းမသိ စိတ်ထဲမှာ အလယ်ပစ္စယံက မွန်ထမင်းဆိုင်ဆိုတာကို ကောင်း ကောင်းမှတ်မိနေ ခဲ့တယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကစပြီး ရွှေတိဂုံ စေတီတော် အောက်ပစ္စယံနဲ့ အလယ်ပစ္စယံမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊Continue reading “မင်းသိင်္ခ နဲ့ နဂါးကမ္ဘာလုံး”
ရွှေတိဂုံ အရိပ်အောက်မှာ (၅)
ဖွားခက် ဇရပ် မိုးညှင်းစံကျောင်းက ဆက်လေ ျှာက်လာရင် မော်လမြိုင်အသင်းဇရပ်ကို တွေ့မယ်။ ဒီဇရပ်က မူလက တောင်ဘက်မုခ်မှာရှိခဲ့တာပါ။ ၁၉၉ ၀ ပြည့်လွန်နှစ်တွေမှာ ရွှေတိဂုံ ဘက်စုံမွမ်းမံမှု တွေလုပ် တော့ တောင် ဘက်မုခ်က အသင်းတိုက်တွေ၊ ဇရပ်တွေဖယ်ပေးရတဲ့အထဲမှာ မော်လမြိုင်ဇရပ် လည်းပါသွားတဲ့အတွက် အခု လက်ရှိနေရာကို အစားပြန် ပေးတယ်။ ဒီနေရာက ချောက်ကမ်းပါး ဖြစ်နေလို့ မြေဖို့ပြီးဆောက်ခဲ့ရတယ်။ အခုတော့ မော်လမြိုင် ဓမ္မာရုံလို့ ခေါ်တယ်။ ဓမ္မာရုံရှေ့ ကျောက်စာမှာတော့ ၂၉ -၅-၁၉ ၉ ၇ မှာ ပန္နက်ချတယ်၊ ၃၁-၃-၁၉ ၉ ၈ မှာပြီးတယ် လို့ဖော်ပြ ထားတယ်။ မူလ မော်လမြိုင်ဇရပ်က မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အရေးပါတယ်။ ၁၉ ၃၆Continue reading “ရွှေတိဂုံ အရိပ်အောက်မှာ (၅)”
ရွှေတိဂုံ အရိပ်အောက်မှာ (၄)
မိုးညှင်းစံကျောင်း ရွှေတိဂုံ အောက်ပစ္စယံ မင်းကွန်းဝိပဿနာကျောင်းကနေ ထွက်လာရင် ရန်ကုန်ဘိုးဘိုးကြီး နတ်ကွန်းကို သွားတဲ့လမ်းလေးရှိတယ်။ အဲဒီလမ်းလေးဘေးမှာ မောင်ဝိတ်ဓမ္မာရုံရှိတယ်။ ဓမ္မာရုံ ကို ကျော်လိုက်တဲ့အခါ “မိုးညှင်းစံကျောင်းတိုက်” ဆိုတဲ့ ဆိုင်းဘုတ်ရှိတယ်။ ကျောင်းတိုက် အဝင် မုခ်ဦးမှာ “ အောင်မြင်ချမ်းသာ လာဘ်မိုးရွာဘုရား၊ မိုးညှင်းစံကျောင်း” ဆိုတဲ့ ဆိုင်းဘုတ်ရှိတယ်။ ကျွန်တော်ရောက်တဲ့အချိန်မှာ ဆရာတော်မရှိဘူး။ ကျောင်းမှာရှိတဲ့ သံဃာငယ်တွေကလည်း ကျောင်းတိုက်သမိုင်းကို ပြောပြနိုင်သူမရှိဘူး။ ကျောင်းသမိုင်းနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ လည်း မရှိဘူးလို့ပြောတယ်။ မှတ်တမ်းမှတ်ရာ ထိန်းသိမ်းမှုနဲ့ပတ်သက်ရင် အားနည်းလေ့ရှိတဲ့ ကျွန်တော်တို့ ရဲ့ အလေ့အထကို ဒီမှာလည်းတွေ့ရတယ်။ ကျောင်းတိုက်အဝင်မုခ်ဦးရဲ့ အပေါ်ဘက်မှာတော့ “ ပြွန်တံရာမြို့ သူဋ္ဌေးဦးဆင်ကြီး သူဋ္ဌေးကတေါ် ဒေါ်ဒေါ်နှင်း ညီမ၊ မမစိန်၊ သားဝတ်လုံတော်ရ မောင်ချန်ထွန်း သ္မီး ဝတ်လုံကတေါ်Continue reading “ရွှေတိဂုံ အရိပ်အောက်မှာ (၄)”
ရွှေတိဂုံ အရိပ်အောက်မှာ (၃)
မင်းကွန်းဝိပဿနာ ဖွားသဲနု ဇရပ်က ပြန်ထွက်၊ ဘယ်ဘက်လမ်းလေးအတိုင်းတက်လိုက်ရင် အောက်ပစ္စယံပတ်လမ်း ကို ရောက်တယ်။ ဒီလမ်းလေးကတော့ အုတ်စီလမ်း၊ အလယ်မှာ စကျင်ကျောက်ပြားတွေခင်း ထားတယ်။ ညာဘက်အခြမ်းမှာ မြေယာရှုခင်းအလှဆင်ထားတယ်။ ဘယ်ဘက်အခြမ်းမှာ ဂေါပက အဖွဲ့ရဲ့ရွှေပြားကြိတ်စက်ရုံရှိတယ်။ ဝန်ထမ်းအိမ်ယာနှစ်ထပ်လိုင်းခန်းရှိတယ်။ ဓမ္မဗိမာန် နှစ်ထပ် အဆောက်အဦတစ်ခုရှိတယ်။ အဲဒါတွေကို ကျော်သွားတဲ့အခါ ဘယ်ဘက်အခြမ်းမှာ “ မူလ မင်းကွန်း ဝိပဿနာ ကမ္မဋ္ဌာန်းဌာန” လို့ ရေးထားတဲ့ အဝါရောင် ဆိုင်းဘုတ်တစ်ခုရှိတယ်။ အဲဒီဆိုင်းဘုတ်ဘေးမှာ ကျေးဇူးရှင် သထုံမြို့ မူလမင်းကွန်း ဇေတဝန် ဆရာတော်ဘုရားကြီး၏ သြဝါဒ” လို့ ခေါင်းစဉ်တပ်ပြီး- “အသစ်ကို မကြံလင့် ၊ အဟောင်းကို မပြန်လင့်ဖြစ်အောင်မပြုလင့် ၊ ပျက်အောင်မပြုလင့်ဖြစ်တိုင်း-ပျက်တိုင်း ထင်အောင်ရှုဖြစ်အောင်ပြု လောဘ ၊ ပျက်အောင်ပြု ဒေါသဖြစ်တိုင်းContinue reading “ရွှေတိဂုံ အရိပ်အောက်မှာ (၃)”
ရွှေတိဂုံ အရိပ်အောက်မှာ (၂)
ကရင်လူမျိုး စာကြည့်ပိဋကတ်တိုက်ရွှေတိဂုံ စေတီတော် တောင်ဘက်မုခ် က နေ အာဇာနည် ဗိမာန်လမ်း အတိုင်းလာရင် အရှေ့ဘက် မုခ် ယာဉ်ရပ်နားကွင်းနဲ့ မျက်နှာချင်းဆိုင်နေရာလောက်မှာ“ ရွှေတိဂုံစေတီတော် ပိဋကတ်တိုက် သို့” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ လမ်းကြားလေးရှိတယ်။ ရွှေတိဂုံဘုရားကလာတဲ့ ဂျိုးဖြူပိုက်ကြီးရှိလို့ အဲဒီလမ်းကြားလေးကို ပိုက်လုံးလမ်းလို့ ခေါ် တယ်။ အဲဒီလမ်းကြားလေးက တစ်လမ်းမောင်း၊ ဗဟန်း(၃) လမ်းဘက်က ဝင်ရတယ်။ အာဇာနည် ဗိမာန် လမ်းဘက်က ဝင်လို့မရဘူး။ ဒီလမ်းကြားလေး အတိုင်းသွားရင် စိန်ပန်းကျောင်းတိုက်ဆိုတဲ့ ဘုန်းတော်ကြီးကျောင်းရဲ့ နံရံမှာ ရွှေတိဂုံစေတီတော် ဝတ္တကမြေနယ်နမိတ်လို့ စာတမ်းထိုးထားတယ်။ ရွှေတိဂုံ စေတီတော် ရဲ့ ဝတ္တကမြေဟာ ဒီကျောင်းနံရံမှာ ဆုံးတယ်ဆိုတဲ့ သဘောပေါ့။အဲဒီ ပိုက်လုံးလမ်းအတိုင်းဆင်းသွားတဲ့အခါ စိန်ပန်းကျောင်းတိုက်မရောက်ခင် ညာ ဘက်မှာ လမ်းကြားလေးတစ်ခု ရှိတယ်။Continue reading “ရွှေတိဂုံ အရိပ်အောက်မှာ (၂)”
ရွှေတိဂုံ အရိပ်အောက်မှာ (၁)
ရွှေတိဂုံစေတီတော် ဝတ္တုကံမြေ ဖြစ်တဲ့ အလယ်ပစ္စယံနဲ့ အောက်ပစ္စယံမှာ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း နှစ်ဆယ်ကျော်ရှိပါတယ်။ တစ်ချို့ကျောင်းတွေက နှစ်ရာချီ သက် တမ်း ရှိနေပါပြီ။ တစ်ချို့ကျောင်းတွေကတော့ ဇရပ်ကနေ ကျောင်းဖြစ်လာတာပါ။ တစ်ချို့ကျောင်း တွေက မူလအလှုရှင်တွေရှိနေသေးပေမယ့် တစ်ချို့ ကျောင်းတွေကတော့ အလှုရှင်သစ်တွေက ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။အလယ်ပစ္စယံနဲ့ အောက်ပစ္စယံကို ရောက်သွားရင် သစ်ရိပ် ၊ ဝါးရိပ်တွေနဲ့ အင်မတန်အေးချမ်းပါ တယ်။ ကားသံ၊ လူသံ မကြားရသလောက်ပဲ။ ဂေါပကအဖွဲ့က ဝန်ထမ်းတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ တွေ နေတဲ့ အဆောက်အဦတစ်ချို့ရှိပေမယ့် သာသနာရေးဆိုင်ရာအဆောက်အဦတွေက ပိုများ ပါတယ်။ဒီဘုန်းကြီးကျောင်းတွေမှာ ဝါတွင်း၊ ဝါပ ဥပုသ်ပေးတာရှိသလို တရားစခန်းတွေလည်း ရှိပါတယ်။ ဒကာ၊ ဒကာမ ပေါများပြီး ဆွမ်းကွမ်းအဆင်ပြေတဲ့ကျောင်းရှိသလို ဒကာနည်းတဲ့ကျောင်းတွေ လည်းရှိပါတယ်။ ကျောင်းတိုက်တိုင်းမှာContinue reading “ရွှေတိဂုံ အရိပ်အောက်မှာ (၁)”
ဘာလာလာ
အင်းချောင်းထဲက “ ဘာလာလာမြံှုး”ငါး၊ ငါးရှဉ့်၊ ပုဇွန် ဘာလာလာဝင်မိရင် မလွတ်စေရဘူးတဲ့။ ဘာလာလာမိအောင်ဖမ်းနိုင်တဲ့ခရိုနီမြှုံး၊ တိုင်ကွန်မြံှုးတွေကိုသတိရမိပေါ့။