အင်္ဂလိပ်အစိုးရက၁၈၉ ၄ ခုနှစ်မှာ ရှမ်းပြည်တောင်ပိုင်း အရေးပိုင်ရုံး ကို မိုင်းသောက်မှာ ရှိတဲ့ စတက်မန် ခံတပ် (Fort Stedman) ခံတပ်ကနေ တောင်ကြီးမြို့ကို ရွှေ့ ပြောင်းတယ်။ ၁၉ ၁၁ ခုနှစ်မှာ ကလောမြို့သစ်တည်ပြီး အနောက်ပိုင်းခရိုင်ရုံးကို ကလောကို ရွှေ့ဖို့စီစဉ်တယ် ။ (၁၉ ၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ တရားဝင်ဖွင့်လှစ်တယ်။ ) အုပ်ချုပ်ရေးယန္တရားကို ပြောင်း လဲ ဖွဲ့စည်း နေချိန်မှာ ရှမ်းပြည်နယ်တောင်ပိုင်းမှာလည်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန် အောင် ဆောင်ရွက်တဲ့အနေနဲ့ ၁၉ ၁၀ ခုနှစ်က စပြီး သာ စည် – ရွှေညောင် ရထားလမ်း ဖောက်လုပ် ရေး လုပ်ငန်းကို စတင်တယ်။ အဲဒီလိုအခြေအနေမှာContinue reading “သာမိုင်းခမ်း (၄)”
Category Archives: Uncategorized
သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၁၀ )
သူငယ်ချင်း – မင်းက ငါ့ ကားသမားကိုတော့ ပြောလိုက်တာ၊ မင်းရဲ့ ကားသမားတုန်းကတော့ ဘာမှ မပြောပါလား။ ကျွန်တော် – မင်းလည်း နှစ်ယောက်လုံးမောင်းတာ စီးဖူးတာပဲ။ တူလို့လား။ မင်းလူက ခွေ ( ဂွေ ) ကိုင်ချင်တာပဲရှိတယ်၊ အတက်မှန်း၊ အဆင်းမှန်း၊ လမ်းကွေ့မှန်း၊ ချိုင့်မှန်း၊ ကျင်းမှန်းမသိ၊ ဂီယာ ချိန်းဖို့လည်း နားမလည်၊ လီဗာပဲ စွတ်နင်းနေလို့ မင်းတောင်မှ ဘုရားတ စီးနေရတာ မဟုတ်ဘူးလား။ သူငယ်ချင်း – ကားမကောင်းတာလည်း ပါပါတယ်ကွာ။ ကျွန်တော် – ကျွန်တော် – ဟေ ၊ အရင်ကားသမားတွေတုန်းကလည်း ဒီကားပဲ။ ဒါပေမယ့် ပြုပြု ပြင်ပြင် ထိန်း ထိန်းသိမ်းသိမ်းရှိတော့ စီးတဲ့လူ စိတ်မဆင်းရဲရဘူးမဟုတ်လား။Continue reading “သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၁၀ )”
သာမိုင်းခမ်း (၂)
သာမိုင်းခမ်း ရွာကို အောင်ပန်း – တောင်ကြီးကားလမ်းအတိုင်းသွားရပါတယ်။ အောင်ပန်း မြို့ အထွက် ငါးမိနစ်လောက်သွားလိုက်ရင် ကျောက်ငနွားတောင် မရောက်ခင် မိုင်တိုင် ၈၃ / ၃ နဲ့တည့်တည့် ဘယ်ဘက်မှာ ရှိတဲ့ လမ်း အတိုင်းဝင်သွားရပါတယ်။ သာမိုင်းခမ်း ရွာသွားတဲ့ လမ်း ဘယ်ညာ တောင်ကုန်းအနိမ့်အမြင့်တွေမှာ စိုက်ခင်းတွေရှိတယ်။ အခု အချိန်က စိုက်ပျိုးရာသီ မဟုတ်တဲ့အတွက် ခြောက်သွေ့နေပေမယ့် စိုက်ပျိုးရာသီဆိုရင်တော့ အတော်လှပမယ့် ရှုခင်းပါ ပဲ။ သာမိုင်းခမ်းရွာက တောင်ကုန်းပေါ်မှာရှိတယ်။ ရွာအဝင်မှာ ပင်းဒယမှာလိုပဲ ညောင်ပင် ကြီးတွေ ရှိတယ်။ ညောင်ပင်ကြီးတွေအောက်မှာစေတီတစ်ဆူရှိတယ်။ ရွာအဝင်မှာ လမ်းဆုံတစ်ခုရှိတယ်။ ညာဘက်ကိုသွားရင်ကုန်းသာရွာ၊တည့်တည့်ဆက်သွားရင် သာမိုင်းခမ်း မွေတော်တောင် ကိုရောက် တယ်။လမ်းဘယ်ဘက်အခြမ်းကသာမိုင်းခမ်းရွာမ ဖြစ် ပါတယ်။ သာမိုင်းခမ်းရွာက လမ်းအမည်တွေ ကContinue reading “သာမိုင်းခမ်း (၂)”
ဘယ်ကို သွားမလဲ – ကမ္ဘာကြီးနဲ့လှိုင်သာယာ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ကျွန်တော်ရေးသား ခဲ့ တဲ့ ဆောင်းပါးတွေကို စုစည်းထားတဲ့ “ ဘယ်ကို သွားမလဲ – ကမ္ဘာကြီးနဲ့လှိုင်သာယာ” စာအုပ်ကို ၂၀ ဧပြီ ၂၀၂၃ ရက်နေ့ မှာ စတင်ဖြန့်ချိပါ့မယ်။ ဒီစာအုပ်မှာ “မင်းသားရူး” ၊ “ မြို့အုပ်မင်း”၊ “ သာပြော လုပ်လွဲ ” ၊ “ရေစကြိုစကားဝိုင်း”၊ စစ်သား မျက်ရည်” အပါအဝင် ဆောင်းပါး ၆၀ ပုဒ်ပါဝင်ပြီး စာဖတ်သူများအနေနဲ့ ၂၀၂၁ – ၂၀၂၂ နှစ်များ အတွင်း နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး အခြေအနေများကို တစ်စိတ်တစ်ပိုင်းခံစားနိုင်လိမ့်မယ်လို့ မေContinue reading “ဘယ်ကို သွားမလဲ – ကမ္ဘာကြီးနဲ့လှိုင်သာယာ”
မဟာဝိဟာရ ကျောင်းတိုက် ( လှည်းကူး)
မှော်ဘီမှာ ရှိတဲ့ “မဟာဝိဟာရ” ကျောင်းတိုက် ရဲ့ ကျောင်းတိုက်ခွဲ တစ်ခု ဖြစ်တဲ့ “မဟာဝိဟာရ ကျောင်းတိုက်” (လှည်းကူး) မှာ ပရိယတ် ပဋိပတ်များ ဆည်းပူး သင်ယူအားထုတ်နေတဲ့ သံဃာတော်များ၊ ရှင်သာမဏေများ ကို မနေ့( ၇ ဧပြီ )က ဖူးမြော် ကြည်ညို ခွင့်ရ ခဲ့ပါတယ်။ မဟာဝိဟာရကျောင်းတိုက် ( လှည်းကူး) ဆရာတော် အရှင် အဘယာလင်္ကာရ က မှော်ဘီ မဟာ ဝိဟာရကျောင်းတိုက်မှာ တိုက်အုပ်နဲ့ စာချဆရာတော်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်ရောက်မှ မဟာ ဝိဟာရကျောင်းတိုက် ( လှည်းကူး) ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ မဟာဝိဟာရကျောင်းတိုက် (လှည်းကူး) မှာ စာချဂဏဝါစက ၃၁ ပါး အပါအဝင်Continue reading “မဟာဝိဟာရ ကျောင်းတိုက် ( လှည်းကူး)”
ပန်းဆိုးတန်း ပင်စင် ( မြို့ပြ၊ သက်ပြည့်) ထုတ်၊ ဆင်ခေါင်းပဲ နဲ့ စမူဆာသုပ်စား၊ စာအုပ်အဟောင်းတန်း မွှေ နှောက် ဝယ်ယူ၊ Book Tree ဆိုင်မှာ ခဏနား၊ ဆိုင်ကတိုက်တဲ့ လက်ဖက်ရည်သောက်၊ စာအုပ်အသစ် ဝယ်။ စာအုပ် နဲ့ ဥစ္စာက ကက်ကင်း ကျ တဲ့ အတွက် စာအုပ် များများ ဝယ်ရင် အိပ်ကပ်ပိန်သွားကြောင်း ရှာဖွေတွေ့ရှိ။
သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၈ )
သူငယ်ချင်း- မင်း စာအုပ် ငါ့ကို အပိုင်ပေးလိုက်တော့ကွာ။ ကျွန်တော်- မင်းကလည်းကွာ၊ အစထဲက အပိုင်လိုချင်ရင် အပိုင်လိုချင်တယ်ပြောပါလား။ ငါ့မှာ ခဏငှားတယ်ထင်လို့ ပြန်ပေးတော့လေဆိုပြီး တောင်း နေရတာ မောလိုက်တာ။ သူငယ်ချင်း- အစထဲက အပိုင်တောင်းရင် မင်းက ဘယ်ပေးပါ့မလဲ။ လက်ထဲရောက်ဖို့ အရင် လုပ်ရတာလေ။ လက်ထဲရောက်ပြီဆိုတော့ မင်းပြန်တောင်းရင် ငါက နေ့ ရွှေ့ ၊ ညရွှေ့လုပ်၊ နောက်ဆုံး မင်းမပေးချင်ဘူးဆိုရင်တောင် ငါက မျက်နှာပြောင်တိုက် အပိုင်ယူထားလို့ရပြီ။ ကျွန်တော်- မင်းက အတုမြင် အတတ်သင် လား ။ သူငယ်ချင်း – ဟေ့ကောင် ပုဒ်မ အကြီးကြီးတွေတပ်မနေနဲ့။ မင်းကို သက်သက် စ နေတာ။ ဤတွင်တစ်ခန်းရပ်
သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၅)
သူငယ်ချင်း- သူတို့ကို ဒီအတိုင်းလွှတ်ပေးထားရင် အခြေအနေတွေပိုဆိုးလာမှာကွ၊ ဒါ့ကြောင့် ကြားဝင်ရတာ၊ မင်းနားလည်လား။ ကျွန်တော် – ဟေ ။ အခုကော အခြေအနေတွေက ပိုကောင်းလာလို့လား။ သူငယ်ချင်း- မင်း ကတ်တီးကပ်ဖဲ့ မပြောနဲ့ ဤတွင် တစ်ခန်းရပ်။
ဦးထုံးကြီး ရဲ့ တော်သေးတာပေါ့
ငယ်ငယ်က အားရင် အဘိုးရဲ့ စာအုပ်စင်ကို မွှေတယ်။ အဘိုးစာအုပ်စင်က စာအုပ်တွေထဲမှာ အကြိုက် တွေ့တာက မှော်ဘီဆရာသိန်း( ၁၈၆၂ -၁၉ ၄၂) ရဲ့ စာအုပ်တွေ၊ ဆရာကြီးက မြန်မာ ဘုရင်တွေခေတ်က အဖြစ် အပျက်တွေအကြောင်းရေးလေ့ရှိသလို သူရှာဖွေမှတ်သားထားတဲ့ ထွေထွေရာရာ မှတ်စရာတွေ ကိုလည်း “ အရူးလွယ်အိတ်စာတမ်း” ဆိုပြီး ရေးခဲ့တယ်။ ငယ်ငယ်ကဖတ်ခဲ့ပြီးအခုအချိန်ထိ အကြိမ်ကြိမ်ပြန်ဖတ်ဖြစ်တဲ့ဆရာကြီးရဲ့ စာအုပ်ကတော့ “ ရှေးဖြစ် စာတမ်း” ဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ ဆရာကြီးမှတ်သားထားတဲ့ သမိုင်းမှတ်တမ်းတွေ၊ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာတွေ ပါသလို ဇာတ်ပြက်လုံးတွေ အကြောင်း လည်းပါ တယ်။ အဲဒီအထဲက “ ဆရာထုံးကြီး ဇာတ်ပြက်လုံး“ ဆိုတဲ့ ပြက်လုံးတစ်ခုက ဒီလို- လူပြက် ဦးထုံးက ဘုရင်လုပ်ပြီး ကျန်တဲ့Continue reading “ဦးထုံးကြီး ရဲ့ တော်သေးတာပေါ့”
မန္တလာ ဦးကျောက်လုံး
ကလော-အင်းလေး ခြေလျင်ခရီးကြမ်းလေ ျှာက်တော့ ပထမ ညအိပ်တဲ့ရွာက လမိုင်းရွာဖြစ်ပါ တယ်။ ညအိပ်တဲ့ အိမ်က အဖိုးကြီး ၊အဖွားကြီးနှစ်ယောက်ပဲရှိတယ်။ ကျွန်တော်တို့ရောက်တော့ အိမ်ရှင် အဘကြီးက “ Welcome, Make yourself at home” လို့ပြောပြီးကြိုတယ်။ သူ့အိမ်မှာ နိုင်ငံခြားသားတွေ တည်းခိုနေကြဖြစ်လို့ အလွတ်ကျက်ထားတယ်လို့ ထင်မိပေမယ့် မဟုတ်ဘူး။ ကျန်တဲ့အချိန်တွေမှာလည်း အင်္ဂလိပ်စကားကို ညှပ်ပြောသေးတယ်။ ပြီးတော့ မြန်မာစကားကို လည်း အသံဝဲပေမယ့် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တယ်။ စိတ်ထဲမှာ ထူးခြားတယ်လို့ ထင် မိ တာနဲ့ နောက်နေ့မနက်မှာ အဘကြီးရဲ့ ဘဝအကြောင်းကို မေးကြည့်မိတယ်။ အဘဦးကျောက်လုံး က စကားပြောတဲ့အခါ ကျွန်တော့်ကို “ အမောင်” လို့ ခေါ်ပြီး ဥပမာ “Continue reading “မန္တလာ ဦးကျောက်လုံး”