သင်္ဃန်းကျွန်း အတွက် ဦးသိန်းညွန့်

ဦးသိန်းညွန့် လွှတ်တော်ကိုယ်စားလှယ်ဘ၀ ( ၂၀၁၁ – ၂၀၁၆) မှာ သင်္ဃန်းကျွန်းမြို့နယ် အတွက် မြို့နယ်အတွင်းလမ်းတွေ ကောင်းဖို့၊ ရပ်ကွက်တွေမီးအားမှန်ဖို့အတွက် ထရန်စဖော်မာတွေရဖို့၊ ပျံကျဈေးသည်တွေ နေရာရဖို့ ၊ သင်္ယန်းကျွန်းဆေးရုံကြီး ကုတင် ၅၀၀ အဆင့်ဖြစ်ဖို့ လုပ်ပြ ခဲ့တယ်။ ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်းတစ်ထောင်ကို မြို့နယ်အတွက် ထိထိရောက်ရောက် သုံးခဲ့ တယ်။

ဦးသိန်းညွန့်က မြို့နယ်အတွက် အလုပ် လုပ်သလို တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စ တွေမှာ အစိုးရကို ရဲရဲဝံ့ဝံ့ မေးခွန်းမေးခဲ့၊အဆိုတင်ခဲ့တယ်။ အစိုးရကို မကြောက်သလို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကိုလည်း မကြောက်ဘူး။ သူယုံကြည်တဲ့အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်။ သူလွှတ်တော်ကိုယ်စားလှယ်ဘဝမှာ ဝန်ကြီးဌာနတွေကို မေးခွန်းပေါင်း ၁၄၃ ခုမေးခဲ့တယ်၊ အစိုးရကို တိုက်တွန်းတဲ့ အဆို ၃၂ ခု တင်သွင်းခဲ့တယ်။ ဥပဒေကြမ်း ၂၈ ခု ကို တင်ပြခဲ့တယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီက ဦးရွှေလှဝင်း သင်္ဃန်းကျွန်း ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်အဖြစ်အရွေးခံရတယ်။ လွှတ်တော်ထဲမှာ သူဘယ်လောက် အလုပ်လုပ်နိုင်သလဲ။ သင်္ဃန်းကျွန်းလူထု အသိဆုံးပဲ။

အခု ၂၀၂၀ မှာ ဦးရွှေလှဝင်း ကတော့ အရွေးမခံတော့ဘူး။ သူ့သား ဒေါက်တာကျော်စွာဦး က အင်န်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြိုင်မယ်လို့ သိရတယ်။

လူတွေက ပါတီကို ကြည့်ပြီး မဲပေးမှာပါကွာ။ ငါ့သားပြိုင်လည်း နိုင်မှာပဲဆိုပြီး လွှတ်တော် ကိုယ်စားလှယ်နေရာကို အမွေပေးသလိုပေးချင်တာကတော့ အစဉ်အလာကြီးတဲ့ သင်္ဃန်း ကျွန်း လူထုကို လျော့တွက်ရာရောက်ပါတယ်။

သင်္ဃန်းကျွန်း ပြည်သူများ

အလုပ်လုပ်တဲ့ ဦးသိန်းညွှန့်ကို လွှတ်တော်ထဲကို ပြန်ပို့မလား။

ပဒေသရာဇ်စနစ်မှာလို အဖေက သားကို သင်္ဃန်းကျွန်း ယူလိုက်ဆိုပြီး အမွေပေးတာကို ခေါင်း ငုံ့ခံနေကြမလား။

နိုဝင်ဘာ ၈ ရက်နေ့မှာ ဆုံးဖြတ်ကြပါ။

ဇမ္ဗူသီရိ ပါတီ

• နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်က ဝန်ထမ်းများ၊ လူလတ်တန်းစားများ၊ အခြေခံလူတန်းစား များ ဖောင်စီးရင်း ရေငတ်တဲ့ဘဝ၊ အစိုးရအဖွဲ့ နဲ့ အနီးဆုံးနေရာမှရှိပြီး ဂရုစိုက်ခြင်း မခံရတဲ့ ဘဝက လွတ် မြောက်ဖို့ ဒေါက်တာအောင်မျိုးကို မဲပေးပါ။

• တစ်နိုင်ငံလုံးက ဝန်ထမ်းတွေအသံ လွှတ်တော်ထဲရောက်ဖို့ ဒေါက်တာအောင်မျိုးကို မဲပေး ပါ။

• တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ဘယ်ပါတီကိုမှ တာဝန်ခံရတာမဟုတ် ဘူး။ ကိုယ့်မြို့နယ်က ပြည်သူကို ပဲတာဝန်ခံရတာ။ ပါတီကိုယ်စားလှယ်ဆိုတာက သူ လုပ်ပေးချင်ရင်တောင် ပါတီက သဘောမတူရင်လုပ်ပေးလို့မရဘူး။

• ကိုယ်မြို့နယ်ကို ဇမ္ဗူသီရိ ပါတီလို့ သဘောထားပြီး ဒေါက်တာ အောင်မျိုးကို မြို့နယ်က ပိုင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ကြပါ။

• ဇမ္ဗူသီရိ ပြည်သူ့လွှတ်တော်နေရာကို မနိုင်လို့ အင်န်အယ်လ်ဒီဘာမှ မဖြစ်ဘူး။ ပြည်ခိုင် ဖြိုးဘာမှမဖြစ်ဘူး။ တစ်နိုင်ငံလုံးမှာ ပြည်သူ့လွှတ်တော်နေရာ သုံးရာကျော် ကျန်သေး တယ်။

• ဒါပေမယ့် ဇမ္ဗူသီရိ မှာ ဒေါက်တာအောင်မျိုး မနိုင်ရင် ဝန်ထမ်းတွေရဲ့ အသံ၊ ဇမ္ဗူသီရိ မြို့ နယ်က ပြည်သူတွေရဲ့ အသံ ကို အစိုးရ ကြားအောင်ပြောမယ့်သူ မရှိတော့ဘူး။

• အမျိုးသားလွှတ်တော်အတွက်တော့ နီ၊ စိမ်း၊ ပြာ၊ ဝါ ၊ ဝါ ကိုယ် ကြိုက်တာ ရွေးချယ်ပါ။

ဦးရဲမင်းဦးရဲ့ စီးပွားရေးလုပ်ငန်းများ

ဒီတစ်ခါ Myanmar Now က ဖွင့်ချလိုက်တဲ့သတင်းကတော့ NLD ပါတီရဲ့ အနာဂတ် ကြယ် ပွင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်လောင်း စသည်ဖြင့် မီဒီယာတွေကတောင် သုံးသပ်နေတဲ့ NLD ပါတီ ဒဂုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲမင်းဦး အကြောင်း ဖြစ်ပါတယ်။

Myanmar Now က အခြားပါတီဝင်လွှတ်တော်ကိုယ်စားလောင်းတွေရဲ့ နောက်ခံသမိုင်း တွေ၊ သတင်းတွေကို ထုတ်ဖော်ရေးသားတဲ့အခါတိုင်း လက်ခုပ်လက်ဝါးတီး အားပေးခဲ့တဲ့ NLD ဝန်းရံ သူ၊ ထောက်ခံသူတွေကတော့ ဒီသတင်းဆောင်းပါးနဲ့ပတ်သက်ပြီး

• အခုလိုရွေးကောက်ပွဲနီးမှ ဒီသတင်းရေးတာဘာသဘောလဲ။
• ဒီသတင်းရေးဖို့အတွက်နောက်ကွယ်မှာ လက်မဲကြီးရှိနိုင်တယ်။
• စီးပွားရေးသမားပဲ ကျန်တဲ့ခရိုနီတွေနဲ့ ဆက်ဆံရတာ ဘာထူးဆန်းသလဲ။
• စစ်အစိုးရခေတ်မှာ စီးပွားရေးလုပ်ရင် ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရမှာပေါ့။
• စီးပွားရေးလုပ်ငန်းတွေမှာ ယူထားတဲ့ ရာထူးတွေက ထွက်လိုက်ပြီပဲ။ ခင်ပွန်း အစိုးရ တာဝန်ထမ်းဆောင်တာနဲ့ ဇနီးဖြစ်သူက စီးပွားရေး မလုပ်ရတော့ဘူးလား။

စသည်ဖြင့် အစွမ်းကုန် ကာကွယ်ပြောဆိုနေကြတယ်။

အခြားပါတီ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေ နဲ့ပတ်သက်ရင် အတိတ်က အဖြစ်အပျက်တွေက အလွန်အရေးကြီးတယ် လို့ ပြောခဲ့ပေမယ့် ဦးရဲမင်းဦးနဲ့ပတ်သက်ရင်တော့ အတိတ်က ဘာဖြစ်ခဲ့ဖြစ်ခဲ့၊ အခု ဒေါ်အောင် ဆန်း စုကြည်က ယုံကြည်လို့တာဝန်ပေးထားတာပဲ။ ဒီအချက်တွေကို ဒေါ်အောင်ဆန်းစုကြည် သိမှာပါ ဆိုပြီး ပြောကြပြန်တယ်။

ဘာပဲဖြစ်နေဖြစ်နေ ဦးရဲမင်းဦး ဘာလဲ၊ ဘယ်လဲ၊ ဒဂုံမြို့နယ်ကို ကိုယ်စားပြု တဲ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သင့်လား၊ စီးပွားရေးမြို့တော် ရန်ကုန်ရဲ့ ဝန်ကြီးချုပ်ဟာ စီးပွားရေး လုပ်ငန်းရှင်ဖြစ်နေရင် ကိုယ်ကျိုးစီးပွား ကင်းနိုင်ပါ့မလား၊ ဆိုတာကို ဆုံးဖြတ်ရမှာက ဒဂုံ မြို့နယ်က မဲဆန္ဒရှင်ပြည်သူတွေပါပဲ။

ဒါ့ကြောင့် ဒီနေ့ နဲ့ မနက်ဖြန်မှာ ဒဂုံမြို့နယ်က မဲဆန္ဒရှင်ပြည်သူများ စဉ်းစားသုံးသပ်နိုင်ဖို့ အတွက် Myanmar Now ရဲ့ ဆောင်းပါးကို မ ျှဝေလိုက်ပါတယ်။

https://myanmar-now.org/mm/news/4887?fbclid=IwAR3Q5YaZ4ZW4pSC4dQvij8Co2fJJWbBccsz6rSgAKcN4G_t2QXBhSF9MC4s

တပ်မတော်နဲ့ အမျိုးသားနိုင်ငံရေး

သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နိုဝင်ဘာ ( ၄ ) ရက်နေ့ သတင်းစာရှင်းလင်း ပွဲမှာ လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲ ဖြစ်ရေး နဲ့ ပတ်သက်တဲ့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်နဲ့ တပ်မတော်ကာကွယ်ရေးဦးချုပ်ရဲ့ ပြောကြားချက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆ (က) “ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေး နှင့် ကင်း ရှင်း ရမည်” ဆိုတဲ့အချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ မကိုက်ညီဘူးလို့ ပြောတယ်။

အဲဒီပြောကြားချက်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆ (စ) “ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်း ကဏ္ဍ တွင် တပ်မတော်က ပါဝင်ဆောင်ရွက်နိုင်ရေး ” ဆိုတဲ့အချက်နဲ့ ပုဒ်မ ၂၀ (စ) “ တပ်မတော် သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည် ဆိုတဲ့ အချက် ကို ထောက်ပြပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ဖို့ တာဝန်နဲ့ အမျိုးသား နိုင်ငံ ရေးတာဝန်အရပြောတာဖြစ်တယ်လို့ ချေပတယ်။

ဦးဇော်ဌေး က ဝန်ထမ်းတစ်ဦးချင်း ပါတီနိုင်ငံရေး နဲ့ ကင်းရှင်းရမယ် ဆိုတဲ့ အချက်ကို ပြောခဲ့တာပဲဖြစ်တယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ရှင်းလင်းချက်က တပ်မတော် ဆိုတဲ့ အဖွဲ့အစည်းကို ကိုယ်စားပြုပြီး ပြောတာ ဖြစ်တယ်။

ဒ့ါကြောင့် အစိုးရ အနေနဲ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကို တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ရဲ့ တစ်ဦးချင်း သဘောထားလို့ မြင်လို့မရဘူး။ တပ်မတော် ဆိုတဲ့ အဖွဲ့အစည်းရဲ့ သဘောထား လို့ မြင်သင့်တယ်။ တပ်မတော်က လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲ ဖြစ်ရေး ဟာ နိုင်ငံရဲ့ အကျိုးစီးပွား၊တနည်းအားဖြင့် အမျိုးသား အကျိုးစီးပွား ဖြစ်တယ်လို့ ယူဆတဲ့အတွက် ပြောနေ တယ်၊ အမျိုးသားနိုင်ငံရေးဆိုတဲ့ ရှုထောင့်က နေပြောနေတယ်လို့ မြင်သင့်တယ်။
တပ်မတော်က အမျိုးသားနိုင်ငံရေးမှာ ပါဝင်ရမယ်လို့ ဘာ့ကြောင့်ပြောနေတာလဲ။ လွှတ်တော်ထဲမှ တပ်မတော်သားကိုယ်စားလှယ်တွေပါဝင်နေတာ ဘယ်အရာကို ကာကွယ်တားဆီးဖို့အတွက် ရောက်နေတာလဲ ဆိုတာ မမြင်နိုင်သူတွေအတွက် ကိုယ်တွေ့သိမြင်ခဲ့ရတဲ့ အချက်လေးတွေကို
မ ျှဝေချင်ပါတယ်။

တပ်မတော်အစိုးရ တာဝန်ယူစဉ်ကာလက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ် ဂမ်ဘာရီ မြန်မာနိုင်ငံလာတဲ့အခါ ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက အစိုးရ ပြော ရေး ဆိုခွင့် အဖွဲ့ခေါင်းဆောင်အနေနဲ့ ပြည်တွင်းနိုင်ငံရေး အခြေအနေတွေကို ရှင်းပြလေ့ရှိတယ်။

ဗိုလ်မှူးချုပ်ကျော်ဆန်းက ဂမ်ဘာရီကို ဘာတွေ ရှင်းပြမလဲဆိုတာကို ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ကို တင်ပြတယ်။ အကြီးအကဲတွေရဲ့ လမ်းညွှန်ချက် တွေ အရ ပြင်ဆင်ဖြည့်စွက်တယ်။ ဒီတော့ ဂမ်ဘာရီကို ရှင်းပြတဲ့အချက်အလက်တွေဟာ တပ်မတော် အကြီးအကဲတွေရဲ့ မူဝါဒတွေ၊ အနာဂတ်နဲ့ပတ်သက်တဲ့ မေ ျှာ်မှန်းချက်တွေ ဖြစ်တယ်လို့ ဆို နိုင် တယ်။

ဗိုလ်မှူးချုပ်ကျော်ဆန်းနဲ့ ဂမ်ဘာရီတွေ့ဆုံတဲ့အကြိမ်တိုင်း ကျွန်တော်နဲ့ ဦးဇော်မင်းဦး က မှတ် တမ်းတင်သူအဖြစ်လိုက်ရတယ်၊ ပြီးရင် သတင်းထုတ်ပြန်ဖို့အတွက် သတင်းမူကြမ်းရေးရတဲ့ အတွက် တပ်မတော်အကြီးအကဲများရဲ့ သဘောထားတွေကို သိခွင့်ရခဲ့တယ်။

အဲဒီဆွေးနွေးပွဲတိုင်းမှာ တပ်မတော်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ခေါင်းစဉ် အမြဲ ပါ တယ်။ ဂမ်ဘာရီတို့ ဘက်ကတော့ လွှတ်တော်အဆင့်ဆင့်မှာ တပ်မတော်သားတွေ ပါတဲ့ကိစ္စကို ကန့်ကွက်ပြီး ဗိုလ် မှူးချုပ်ကျော်ဆန်းကတော့ လက်ရှိအခြေအနေမှာ ဘာ့ကြောင့် ပါသင့်သလဲဆိုတာကို ရှင်းပြပါတယ်။

အဲဒီရှင်းပြချက်တွေထဲက မှတ်မှတ်သားသားဖြစ်ခဲ့ရတဲ့အချက်တွေက အောက်ပါ အတိုင်း ဖြစ် ပါတယ်။

၁။ တပ်မတော်သားတွေလွှတ်တော်အဆင့်ဆင့်မှာ ပါတယ်ဆိုတာ ဒီမိုကရေစီ နည်းမကျဘူးဆိုတာမှန်တယ်။ ဒါပေမယ့် လက်နက်ကိုင်ပဋိပက္ခတွေရှိနေတဲ့နိုင်ငံရဲ့ ဒီ မိုကရေစီ ကူးပြောင်းရေးကာလမှာ တပ်မတော်က အတိုင်းအတာတစ်ခု အထိ ပါဖို့လိုတယ်။ တပ်မတော်က လွှတ်တော်ထဲမှာ မရှိရင် နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်လာတဲ့အခါ တပ်မတော်က လွှတ်တော်အတွင်းမှာ ဆွေးနွေးဖြေရှင်းခွင့်မရှိတော့ အခြားနည်းလမ်းနဲ့ ဝင်ဖြေရှင်း ရတာမျိုးဖြစ်ခဲ့တာ အတိတ် သင်ခန်းစာတွေ ရှိတယ်။ အဲဒါမျိုးတွေ ထပ်မဖြစ်ချင်တော့ဘူး။

၂။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ က အမြဲရှိနေမှာမဟုတ်ဘူး။ နိုင်ငံရေးပါတီတွေနဲ့ တပ်မတော်ကြား မှာ အတူတွဲလုပ်ရင်း ယုံကြည်မှုတည်ဆောက်နိုင်တဲ့အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်လို့ရ ပါတယ်။

၃။ တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍ ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် ထိန်းသိမ်းရေးကို ဆိုလိုတာဖြစ်တယ်။

အထက်မှာ ပြောခဲ့တဲ့ အယူအဆနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိနိုင်ပါတယ်။ ဒီအယူအဆ မှန် တယ်၊ မှားတယ်ဆိုတာက တစ်ကဏ္ဍပေါ့။ သို့သော် လက်ရှိ ပကတိအခြေအနေအရ တပ်မတော် ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များအရ ပြောခွင့်ရှိတယ်ဆိုတာကိုတော့ လက်ခံရမှာ ပဲ။

ကစားပွဲတစ်ခုကို ဝင်ကစားရင် သတ်မှတ်ထားတဲ့ ပွဲစည်းမျဉ်းကို လိုက်နာရမှာပဲ။ စည်းမျဉ်း ကို မကြိုက်ရင် ပြင်လို့ရတယ်။ ဒါပေမယ့် မပြင်နိုင်သေးခင်အထိတော့ လက်ရှိစည်းမျဉ်းအတိုင်းပဲ ကစားရမှာပဲ။ လက်ရှိပွဲစည်းမျဉ်းကို မကြိုက်လို့ ကိုယ့်သဘောနဲ့ ကိုယ် စည်းမျဉ်းတွေကို ချိုး ဖောက်ရင်တော့ စည်းဖောက်တဲ့သူ တာဝန်ပဲဖြစ်မှာပါ။

အင်န်အယ်လ်ဒီအစိုးရ နဲ့ ရွေးကောက်ပွဲကော်မရှင်

မနေ့က (နိုဝင်ဘာ ၄ ) သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက

“ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ လွတ်လပ်သော အဖွဲ့အစည်း ဖြစ်ပြီး ပြည်ထောင်စု အစိုးရ အဖွဲ့ကို တာဝန်ခံရမည်” ဟု ဥပဒေများတွင် လုံးဝပြဋ္ဌာန်းမထားဘူး လို့ပြောတယ်။

ဆိုလိုတာက သမ္မတ က ခန့်ပေမယ့် ကော်မရှင်လုပ်ဆောင်ချက်အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့မှာ တာဝန်မရှိဘူးဆိုတဲ့ သဘောပြောတာလို့ပဲ နားလည်တယ်။

ကော်မရှင်က လွတ်လပ်သောအဖွဲ့အစည်းဆိုရင် သမ္မတက ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ခန့်အပ်ပြီးတာနဲ့ အစိုးရ အဖွဲ့က ကော်မရှင် လုပ်ငန်းဆောင်ရွက် နိုင်ဖို့ အတွက် လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့မှုကိစ္စတွေ ပံ့ပိုးပေးဖို့ပဲ ရှိတယ်။ ရွေးကော် ကို ဟို လို လုပ်ပါလား၊ သည်လို လုပ်ပါလားလို့ ညွှန်ကြားဖို့မလိုဘူး။ ညွှန်ကြားလို့ မရဘူးပေါ့။ ရွေးကော် လုပ်ဆောင်ချက်ကို မကျေနပ်ရင် ပုဒ် ၄၀၀ ပါ ပြဋ္ဌာန်းချက်များနဲ့အညီ ပြည်ထောင်စု လွှတ် တော် တစ်ဆင့်စွပ်စွဲပြစ်တင်ဖို့ပဲရှိတယ်။

ဒါပေမယ့် လက်တွေ့မှာ တကယ်ဖြစ်သလား။ ရွေးကော်က လွတ်လပ်တဲ့ ကော်မရှင် ဆိုရင် သမ္မတ ဦးဝင်းမြင့်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို လွတ်လပ်ပြီး တရားမ ျှတ တဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် လမ်းညွှန်မှာ ကြားဖို့ လိုသလား၊ လုပ်လို့ရသလား။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘာတွေလုပ်ရမလဲဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉ ၉ နဲ့ ၄၀၂ မှာ အတိအကျပြဋ္ဌာန်းပြီးသားပဲ။ အဲဒီအတိုင်းမလုပ်ရင် ပုဒ်မ ၄၀၀ အရ စွပ်စွဲပြစ်တင်ပြီး အရေး ယူဖို့ပဲရှိတယ်။ အခုတော့ သမ္မတက ကော်မရှင်ကို ခေါ်ပြီး တွေ့ဆုံလမ်းညွှန်မှာကြားတဲ့ အပြင် သတင်းတောင်ထုတ်ပြန်ခဲ့သေးတယ်။ ( ပုံ ၁ )

နောက်တစ်ခါ ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်တဲ့ကော်မရှင်ဖြစ်ရင် နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ်က ရွေးကော် အလုပ်ဖြစ်တဲ့ မဲပေးဖို့ ပြင်ဆင်ထားတဲ့အခြေအနေတွေကို လိုက်လံ စစ်ဆေးခွင့်၊လမ်းညွှန်မှာကြားခွင့်ရှိသလား။ ( ပုံ ၂ )

အခုတော့ စစ်ဆေးတဲ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်အရ ဝန်ထမ်း နှစ်ဦး ထပ် တိုးမယ့် အကြောင်းတောင် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်သေးတယ်။ ( ပုံ ၃)

ဦးဇော်ဌေး လည်း ရှေ့က ဖုံး ၊ နောက်က ပေါ်ဖြစ်နေပြီ။

တိုင်းရင်းသားပါတီများ

လက်တွေ့ ဖြစ်ရပ်တွေကို ကြည့်လိုက်ရင် အင်န်အယ်လ်ဒီပါတီမှာ ရှိတဲ့တိုင်းရင်းသားအမတ်တွေက အင်န်အယ်လ်ဒီ အရေး နဲ့ တိုင်းရင်းသား အရေးယှဉ်လာရင် အင်န်အယ်လ်ဒီအရေးကို ပဲ ဦးစားပေးတယ် ဆိုတာ ပြည်နယ်ဝန်ကြီးချုပ် ခန့်ထားရေး၊ ငြိမ်းချမ်းရေး၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု နဲ့ ချောင်းဆုံတံတား ကိစ္စ တွေမှာ တွေ့ခဲ့ပြီးပြီပဲ။

ဒီလို ပြည်နယ်အရေး ၊ တိုင်းရင်းသားအရေး ထက် အင်န်အယ်လ်ဒီပါတီအရေးကို ပဲ ဦးစား ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နောက်ထပ် ငါးနှစ်ပြန်ပြီးတာဝန်ပေးမယ်ဆိုရင် ဖက်ဒရယ် အရေး က လိုက်လေဝေးလေဖြစ်နေမှာပဲ။

ဒါ့ကြောင့် ကိုယ့် တိုင်းရင်းသား အရေးအလုပ် လုပ်နိုင်ဖို့ ကိုယ့် တိုင်းရင်းသားပါတီတွေကိုပဲ တာဝန်ပေးကြပါ။

မဲဆန္ဒရှင်ပြည်သူများ

မဲဆန္ဒရှင်ပြည်သူများ

စီးပွားရေးတိုးတက်အောင်လုပ်ဖို့ အတွက်
• အခြေခံဥပဒေ ပြင်ဖို့ မလို။
• ၂၅% ထောက်ခံဖို့မလို။
• အစိုးရ နဲ့ လွှတ်တော်အရည်အချင်းရှိဖို့ပဲ လိုပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်အတွင်း သင့်မိသားစု၊ သင့်ရပ်ကွက်/ကျေးရွာ စီးပွားရေး၊ အလုပ် အကိုင်အခွင့်အလမ်း ပိုကောင်းလာသလား၊ ပိုဆိုးလာသလား ။

သတင်းစာထဲက ၊ ရွေးကောက်ပွဲ ပိုစတာတွေထဲက ကိန်းဂဏန်းတွေကို မေ့လိုက်ပါ။
သင့် လက်တွေ့ ဘ၀ အခြေအနေနဲ့ မှတ်ကျောက်တင်ကြည့်ြ့ပီးမှ လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ်ပါ။

မှတ်မှတ်သားသား ထိုစကား (၅)

၂၀၁၅ ရွေးကောက်ပွဲ အကြို မဲဆွယ်စည်းရုံးရေးကာလမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်န်အယ်လ်ဒီ ပါတီအနေ နဲ့ လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲ မဖြစ်မှာကို စိုးရိမ်ခဲ့တယ်။

ဒါ့ကြောင့် ပြည်ခိုင်ဖြိုး အစိုးရ၊ ပြည်ခိုင်ဖြိုးပါတီ နဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်ရိုက်တစ် မျိုး သွယ်ဝိုက်ပြီးတစ်ဖုံ ဝေဖန်ခဲ့ သတိပေးခဲ့တယ်။ အဲဒီအထဲက မှတ်မှတ် သားသားဖြစ်ခဲ့ရတဲ့ စကားတစ်ချို့ကတော့

ရွေးကောက်ပွဲကို နိုင်ချင်ရင် ရိုးသားတဲ့နည်းနဲ့ နိုင်အောင်လုပ်ပေါ့။ ကျွန်တော်တို့ကို ဘာ့ကြောင့် ထောက်ခံသင့်သလဲဆိုတာ ပြည်သူတွေ နားဝင်အောင် ရှင်းပြပေါ့။ စည်းရုံးပေါ့။ ( ဒေါ်အောင်ဆန်း စုကြည် ၊ အောက်တိုဘာ ၂၂ ကျိုင်းတုံ ၊ ပုံ ၁ )

xxx သို့ရာတွင် အမှန်တကယ်မဲပေးရမည့်နေ့၌ နိုင်ငံသားအခွင့်အရေး မဲပေးခွင့် ဆုံးရှုံးမည့် အလား အလာများကို နေရာ အနှံ့တွေ့မြင်နေရပါသည်။ xxx ထိုဖြစ်ရပ်မျိုးနှင့် ကြုံလာသည့် အခါတွင် ပြည်သူလူထုအနေဖြင့် မဲပေးခွင့် ဆုံးရှုံးသည့်အတွက် မကျေနပ်ချက်ကြောင့် ဒေါသ အလျောက် တုန့်ပြန်ကြမည်ကိုလည်း ကြိုတင်မှန်းဆ မိပါသည်။ ( NLD ကြေညာချက် ၂၀၁၅ နိုဝင်ဘာ ၆၊ ပုံ ၂ )

၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမ ျှတ မယ်လို့ မထင်ပါဘူး။ ( ဦးဝင်းမြင့် ၊ DVB ဒီဘိတ် တွင်ပြောကြားချက်
https://www.youtube.com/watch?v=tjnVU9kFc_0&feature=share&fbclid=IwAR0KxFUVFI2aKevh2HhqJJhSoAwQiiXMSLsqTHxyBlL8Fpxkr7CW92BpVC4
မှာနားထောင်ပါ။ )

လွန်ခဲ့တဲ့ ငါးနှစ်က လွတ်လပ်ပြီးတရားမ ျှတတဲ့ရွေးကောက်ပွဲမဖြစ်မှာကို စိုးရိမ်ခဲ့သူများ ရွေးကောက်ပွဲ နိုင်၊ အစိုးရဖြစ်လာပြီး ၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပပေးတော့မယ် ဆိုတော့ ပြည်တွင်းကသာမက နိုင်ငံတကာကပါ လွတ်လပ်ပြီးတရားမ ျှတတဲ့ရွေးကောက်ပွဲ ဖြစ် ပါ့ မလားဆိုပြီး စိုးရိမ်နေရပါပြီ။ ( ပုံ ၃ နဲ့ ၄)

ပြောင်းလဲခဲ့ပြီပဲ။

ပြန်ဖတ်မိတဲ့ စာ

xxx အားနည်းသော အစိုးရ အဖွဲ့ နှင့် တောင့်တင်းခိုင်မာသော တပ်မတော်ရှိသည့် မည်သည့် နိုင်ငံ တွင်မဆို နိုင်ငံရေးသမားများသည် တပ်မတော်ကို အားကိုးရမည့် မိတ်ဆွေ သို့တည်းမဟုတ် ကြောက်လန့်ရမည့် ရန်သူ အဖြစ် ရှုမြင်ကြလေ့ရှိသည်။ နိုင်ငံရေးအုပ်စု တစ်ခုသည် မိမိအား တပ်မတော်မှ ကြည်ဖြူပုံမရလ ျှင် ထိုတပ်မတော်သည် အခြားအုပ်စု တစ်ခုကို လိုလား ထောက်ခံ သည်ဟု သင်္ကာမကင်းဖြစ်တတ်သည်။ xxx ( စာ ၈၉ )

xxx ပထမ ဦးစွာ တပ်မတော်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်ဆောင်ရွက်ကာ တပ်မတော်က နိုင်ငံ ရေး အုပ်စုတိုက်ပွဲတွင် ပါဝင်ပတ်သက်နေမှုကိုလည်း ဖော်ထုတ်ပြသရမည် ဖြစ်သည်။ xx တပ်မတော်အား မဟုတ်မမှန်သတင်းများ တီးတိုးပြောကြားခြင်းဖြင့် စတင်ထိုးနှက်ကာ နောက်ပိုင်း တွင် ၎င်းတို့၏ သတင်းစာများ၊ ကွန်မြူနစ်လိုလားသော နိုင်ငံရေးအဖွဲ့အစည်းများက တဆင့် ဝေဖန်တိုက်ခိုက်ခဲ့သည်။ xxx (စာ ၉ ၆)

xxx တပ်မတော်အား ပြည်သူလူထု၏ အမှတ်တစ်ရန်သူအဖြစ် ရှုတ်ချပြစ်တင်ခဲ့ခြင်းကြောင့် နိုင်ငံ အတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်နေကြသော ဌာနချုပ်ရှိ တပ်မတော်ခေါင်းဆောင်များ၊ အထူး သဖြင့် နယ်များတွင် သူပုန်များနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရသော တပ်မတော် အရာရှိများအား နာကြည်းစေခဲ့သည်။ xxx ( စာ ၉ ၇)

xxx နိုင်ငံတော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ယူထားရသော တပ်မတော်အရာရှိများသည် အာဏာရရှိနေသော ပါတီက ၎င်းတို့၏ နိုင်ငံရေးအကျိုးစီးပွား အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြသည့်အတွက် စိတ်မချမ်းမြေ့ကြကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည် ဟုဆိုသည်။ xxx ( စာ ၁၀၅)

အာဏာရ ဖဆပလ အဖွဲ့ကြီး အကွဲအပြဲဇာတ်လမ်း နဲ့ အိမ်စောင့်အစိုးရ တာဝန်ယူခဲ့ရတဲ့ ဖြစ်စဉ် ကို သတင်းစာဆရာကြီး ဂါးဒီးယန်းဦးစိန်ဝင်း က အင်္ဂလိပ်ဘာသာ နဲ့ “The Split Story” ဆိုပြီး ၁၉ ၅၉ ခုနှစ်မှာရေးသားခဲ့တယ်။

အဲဒီစာအုပ်ကို ၁၉ ၈၉ ခုနှစ်မှာ ဂါးဒီးယန်းဦးစိန်ဝင်းကပဲ မြန်မာဘာသာပြန်ဆိုထုတ်ဝေခဲ့တယ်။ အဲဒီစာအုပ်အမှာစာ မှာ စာရေးသူက

“ လက်ရှိ နိုင်ငံရေး မတည်မငြိမ်၊ မရေမရာရှုပ်ထွေးနေခြင်းသည် လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ် အချိန်က အခြေအနေနှင့် ထပ်တူထပ်မ ျှ တူနေသည်ဟု မဆိုသာသော်လည်း အတော်ဆင်ဆင် တူနေ၍ စာအုပ်သစ်မရေးသားနိုင်မီ နှစ်ပေါင်းသုံးဆယ်က စာအုပ်ဟောင်းကို လောလောဆယ် ပြန်လည်ထုတ်ဝေလ ျှင် သင့်တော်မည်ထင်၍ အကွဲအပြဲဇာတ်လမ်းကို မူလရေးသားခဲ့သည့် အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာဖြင့် ဒုတိယအကြိမ် ထုတ်ဝေရန် စီစဉ်လိုက်ပါသည်” လို့ ရေးခဲ့တယ်။

လွန်ခဲ့တဲ့ ၆၁ နှစ်က နိုင်ငံရေး အကွဲအပြဲဇာတ်လမ်း နဲ့ လွန်ခဲ့တဲ့ ၃၁ နှစ်က သတင်းစာ ဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း ရေးသားခဲ့တဲ့ အမှာစာကို ပြန်ဖတ်နေမိတယ်။

မဲမပေးခင် စဉ်းစားဖို့ (၁၄)

ဘာ့ကြောင့်ရေးရလဲ

“မဲမပေးခင် စဉ်းစားဖို့” ဆိုတဲ့ခေါင်းစဉ် နဲ့ ဆောင်းပါးတွေ ဘာ့ကြောင့် ရေး တာလဲ လို့ မီဒီယာတစ်ခုကမေးလို့ ဖြေခဲ့တယ်။ ဒါပေမယ့် အချိန်ကန့်သတ်ချက်ကြောင့် အများကြီး ရှင်းမပြနိုင်ခဲ့ဘူး။ ဒီဆောင်းပါးကတော့ မီဒီယာကို ဖြေခဲ့တဲ့အချက်တွေကို ထပ်ရှင်း ပြတဲ့ သဘောဖြစ်ပါတယ်။

မဲမပေးခင် စဉ်းစားဖို့ ဆောင်းပါးတွေကို ရည်ရွယ်ချက်သုံးခုနဲ့ ရေးပါတယ်။

ပုဂ္ဂိုလ်အခြေပြုနိုင်ငံရေး မှ မူဝါဒ အခြေပြုနိုင်ငံရေးသို့

ကျွန်တော်တို့နိုင်ငံက လွတ်လပ်ရေးကြိုးပမ်းမှုကာလထဲက ပုဂ္ဂိုလ်အခြေပြုနိုင်ငံရေး နဲ့စခဲ့တာ အခုထိပဲ။ မဲပေးမယ်ဆိုရင် ပါတီမူဝါဒထက် သူ့ကို ချစ်လို့ ၊ သူ့ကိုကြိုက်လို့ ၊ သူ့ကို မုန်းလို့ ဆိုတဲ့အကြောင်းတရားကို အခြေခံတယ်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ် ဆိုပေမယ့် ပုဂ္ဂိုလ်ကို သာ ထောက်ခံနေတာ အဲဒီပုဂ္ဂိုလ်ခေါင်းဆောင်တဲ့ပါတီရဲ့ မူဝါဒ ၊ လုပ်ဆောင်ချက် အမှား အမှန် ကို သိလည်းမသိဘူး။ လေ့လာမှုလည်း မလုပ်ဘူး။

အဲဒီပုဂ္ဂိုလ်ရဲ့ တပည့်တွေဆိုရင် ခြောက်ပြစ်ကင်း သဲလဲစင်ပဲလို့ ယုံကြည်တယ်။ ခေါင်းဆောင်ဘာဖြစ်နေနေ မဝေဖန်ရဘူးလို့ ထင်တယ်။ တကယ်တော့ ဒါဟာ ဘိုးတော် ကိုးကွယ်သလို ကိုးကွယ်တဲ့ အဆင့် ၊ နတ်မကြိုက်တာ မပြောနဲ့ဆိုတဲ့ အဆင့်ပဲရှိတယ်။ နိုင်ငံ ရေးမဟုတ်ဘူး။

အဲဒီအခြေအနေကနေ မူဝါဒအခြေပြုနိုင်ငံရေးကို ပြောင်းနိုင်မှ ဒီမိုကရေစီ အခြေခိုင်မယ်၊ နိုင်ငံ အတွက် အကျိုးရှိမယ်လို့ ယုံကြည်တယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနဲ့မဲပေးနေရင် ဟစ်တလာ လို ၊ မူဂါဘီလို ရွေးကောက်ပွဲအာဏာရှင်စနစ်ဖြစ်လာမှာကို စိုးရိမ်တယ်။ ဒါ့ကြောင့် တံဆိပ်မကြည့်နဲ့ လူကြည့်ရွေးဖို့ဆိုတဲ့ ရှုထောင့်ကနေ ရေး ပါတယ်။

အကြောက်တရားနဲ့ မဲဆွယ်ခြင်း

ငယ်ငယ်တုန်းက ပြည်ထောင်စုကြီးပြိုကွဲလိမ့်မယ် ဆိုတာနဲ့ ဖက်ဒရယ်ဆိုတဲ့ စကား မပြောရဲ အောင်၊ မကြားချင်အောင် သင်ကြားခံခဲ့ရဖူးတယ်။ အခုမဲပေးတဲ့ခေတ်ရောက်လာတော့ ငါတို့ကို မဲ မပေးရင် စစ် အာဏာရှင် စနစ် အောက်ပြန်ရောက်မယ်၊ အမျိုးဘာသာ သာသနာ ထိခိုက် မယ် ဆိုပြီး အကြောက်တရားပြ မဲတောင်းတာ ကြုံရတယ်။ တကယ်တော့ အဲဒါဟာ ရိုးရာမတင် ရင် ခိုက်မယ် ဆိုတဲ့ အယူအဆမျိုးထက်မပိုဘူး။

အဲဒီလို အကြောက်တရားနဲ့မဲတောင်းတဲ့စနစ်အစား မိမိစွမ်းဆောင်နိုင်မှု နဲ့ မိမိ မူဝါဒကို နားလည် အောင်ရှင်းပြပြီး မဲဆွယ်တဲ့ ခေတ်ကို ရောက်ချင်တယ်။ ဒါ့ကြောင့် မူဝါဒ နဲ့ စွမ်းဆောင်နိုင်မှုကို ဆန်းစစ်ပြီးမှ မဲပေးဖို့ ဆိုတဲ့ ရှုထောင့်ကနေ ရေးပါတယ်။

( လူနည်းစု) တိုင်းရင်းသားပါတီတွေ အနိုင်ရဖို့

ငယ်ငယ်က ပါတီစုံစနစ်က ပါတီတွေများ၊ စကားများ၊ စည်းလုံးမှုပျက်ပြားတယ်၊ နိုင်ငံအတွက် အကျိုးမရှိဘူး၊ ဆိုရှယ်လစ်ပန်းတိုင်ကိုရောက်ဖို့ တစ်ပါတီတည်းအောက်မှာ စိတ်တူ ကိုယ်တူ ပေါင်းလုပ်ရမယ်လို့သင်ကြားခံခဲ့ရတယ်။ ပါတီစုံခေတ်ရောက်တော့လည်း ပါတီကြီးတွေက ငါ တို့ ပါတီမှာလည်း တိုင်းရင်းသားတွေပါတာပဲ။ တိုင်းရင်းသားပါတီငယ်တွေက အစိုးရဖွဲ့နိုင်တာမဟုတ် ဘူး၊နိုင်ငံရေးအတွေ့အကြုံမရှိဘူး။ ငါတို့ပဲ ဦးဆောင်ရမှာ ဆိုတဲ့ စကားတွေကြားရပြန်တယ်။

၂၀၁၁ နောက်ပိုင်း တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံလာရတော့ ( လူများစု ဗမာတိုင်းရင်းသား) ပါတီကြီးတွေကပဲ တိုင်းရင်းသား တွေ အတွက်လုပ်ပေးနိုင်မယ်ဆိုတဲ့ အယူအဆဟာ “ ဗမာ ဆရာကြီးဝါဒ” သက်သက်ပဲ လို့ နားလည် လာတယ်။

တိုင်းရင်းသားပါတီတွေမှာ အားနည်းချက်တွေ၊ အစွန်းရောက်နေတဲ့ ခံစားချက်တွေ ရှိတာ အမှန်ပဲ။ ဒါပေမယ့် အဲဒီအချက်အများစုက နိုင်ငံရေးအရ နေရာမရတဲ့အခြေအနေပေါ်မှာ အခြေခံပြီးဖြစ် လာ တယ်ဆိုတာ ငြင်းလို့မရဘူး။

ဒီတော့ ဖက်ဒရယ်ပြဿနာ၊ ငြိမ်းချမ်းရေးပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် တိုင်းရင်းသားပါတီတွေ ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို ချဲ့ထွင်ပေးရမယ်လို့ မြင်လာခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ကလည်း အစိုးရ အဖွဲ့အတွင်းမှာ ပြောခွင့်ရတဲ့အခါ ဒီအယူဆကို ပြောခဲ့ဖူးတယ်။ ဒါပေမယ့် အစိုးရ အဖွဲ့ဝင်ဖြစ်တဲ့အတွက် အစိုးရအဖွဲ့အတွင်းဆွေးနွေးတာကို အပြင်မှာ ထုတ်ပြောလို့မရဘူး။ မပြောနိုင်ခဲ့ဘူး။

အခုတော့ ကျွန်တော်က လွတ်လပ်သူ၊ ယုံကြည်ရာကို ပြောခွင့်ရှိသူဖြစ်ပြီ။ ဒါ့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲ မှာ တိုင်းရင်းသားပါတီ တွေ နေရာအများကြီးနိုင်ရမယ်၊ တိုင်းရင်းသားပါတီတွေ ထောက်ခံမှုမပါရင် သမ္မတရွေးလို့ မရ တဲ့၊ ဥပဒေပြုလို့မရတဲ့ အခြေအနေရောက်ရမယ် ဆိုတဲ့ ရှုထောင့် နဲ့ ရေးပါတယ်။

ဒါဟာ ပြည်သူတွေကို မဲမပေးခင် စဉ်းစားနိုင်ဖို့ တိုက်တွန်းရတဲ့ အကြောင်းအရင်းသုံးခုပါပဲ။ လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်။ ကြိုက်သလို ဝေဖန်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မိမိအယူအဆကို ပြောင်းလဲမှာမဟုတ်ဘူး။

“ မူရော၊လူပါ သုံးသပ်ပြီးမဲပေးနိုင်ကြပါစေ”