နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၃ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ လူစုလူဝေး နဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ မလုပ်ဖို့ ညွှန်ကြားတယ်။ ပဲခူးတိုင်းဝန်ကြီးချုပ်ကတော့ မတ်လ ၁၆ ရက်နေ့ပဲခူးတက္ကသိုလ်မှာ တောင်သူတွေနဲ့ တွေ့ဆုံပွဲ လုပ်တယ်။ သမ္မတရုံးညွှန်ကြားချက်နဲ့ ကွဲလွဲနေပေမယ့် ကိုရိုနာ ဗိုင်းရပ် ကာကွယ်၊ထိန်းချုပ်ရေးကို အထောက် အကူပြုတဲ့အနေနဲ့ “ လက်ဆေးဖို့ ပိုက်ဆံမရှိရင် သူ့ဆီလာတောင်းပါ” လို့ ပြောတဲ့အကြောင်း သတင်းမှာဖတ် ရတယ်။ ဒါ့ကြောင့်လည်း ပဲခူးဟာ နာမည်ကြီးတာပဲ။ လက်သန့်စင်ဆေးရည်တွေ ဈေးတက်မှာမပူနဲ့ ပဲခူးဝန်ကြီးချုပ်ရှိတယ်။
Tag Archives: Bago
သိန်းလေးထောင်နီးပါး အကုန်အကျခံထားရတဲ့ အမှိုက်ခွဲခြားသန့်စင်စက် အလုပ်မဖြစ်ဘဲ ရပ်ဆိုင်းထားရတယ်လို့ သတင်းထဲမှာပါတယ်။ဒါကျတော့ ပြည်သူ့ဘဏ္ဍာငွေဆုံးရှုံးတာမဟုတ်ဘူးလား။ဆေးဝါးစက်ရုံမှူးကိစ္စ သတိရလို့တွေးမိတာပါ။
ဆီ နဲ့ ရေ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျောင်းဆရာမတွေအတွက် ဘော်ဒါဆောင် မလို အောင် ဒေသခံလူငယ်လေးတွေက ရည်းစားစကားလိုက်ပြော၊ အိမ်ထောင်ကျသွား ရင် ဘော်ဒါဆောင် မလိုတော့ဘူးလို့ လူထု တွေ့ဆုံပွဲမှာ ပြောတဲ့သတင်းတွေတက်လာတယ်။ ဒါပေမယ့် သတင်း ဌာန ကြီးတွေမှာ မတွေ့တဲ့အတွက် ဘာမှ ဝင်မပြောခဲ့ဘူး။ အခုတော့ အဲဒီ အသံဖိုင်ကို နားထောင်လိုက်ရတယ်။ အဲဒီ အသံဖိုင်မှာ ဒေသခံတွေနဲ့ ပညာ ရေးဌာနကတာဝန်ရှိသူတွေက ဝန်ထမ်းတွေအတွက် အဆောင်ရရှိရေးတင်ပြ တယ်။ အဲဒီအခါ ဝန်ကြီးချုပ်က “ အကောင်းဘက်က ကြည့်ပြောတာပါ။ ဝန်ထမ်းအိမ်ယာ မရှိတာကောင်းတယ်၊ဆရာ၊ ဆရာမတွေ ရပ်ထဲ ရွာထဲ တည်းတဲ့အခါကျတော့ ဒီက ရွာသူ ရွာသားနဲ့ အိမ်ထောင်ကျ၊ အဲဒါဆိုရင်လိုအပ်ချက်တွေပြည့်သွားမယ်၊ လူငယ်လေ း တွေက ရည်းစားစကားလိုက်ပြော၊Continue reading “ဆီ နဲ့ ရေ”