ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ ကျန်းမာရေးပြဿနာ ဖြစ်သလို စီးပွားရေးပြဿနာလည်း ဖြစ် တယ်။ ဒီတော့ လူတွေကျန်းမာအောင် ကုစားရသလို နိုင်ငံ့စီးပွားရေး ကျန်းမာအောင်၊ မြန်မြန် နလံ ထအောင်လည်း လုပ်ကြရတယ်။ စီးပွားရေးအရ ကုစားတာကို စီးပွားရေးလုပ်ငန်းတွေကို ကူညီတာနဲ့ အလုပ်သမားတွေ၊ လက်လုပ်လက်စားတွေ ကို ကူညီတာဆိုပြီး အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုးခွဲလို့ရတယ်။ ဒီလို ကုစားတဲ့အခါ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လုပ်ပုံလုပ်နည်းခြင်းတော့တူမှာမဟုတ်ဘူး။ နိုင်ငံ့စီးပွားရေးအခြေအနေပေါ်မူတည် ပြီး သုံးတဲ့ငွေပမာဏလည်း မတူနိုင်ဘူး။ ဒါပေမယ့် စီးပွားရေးအရွယ်အစား၊ ဂျီဒီပီပမာဏာ ကွာခြားမှုမများတဲ့ နိုင်ငံချင်းနှိုင်းယှဉ်ကြည့် လို့ တော့ ရတယ်။ ဒါ့ကြောင့် ဘင်္ဂလားဒေ့ရ်ှမှာ ဗိုင်းရပ်စ်ကြောင့် စီးပွားရေးကျဆင်းနေတာကို ကုစားနိုင်ဖို့အတွက် ဘဏ္ဍာရေး ( Fiscal) အရဘာတွေလုပ်ထားတယ်ဆိုတာ လေ့လာ ကြည့်တော့ အခုလို တွေ့ပါတယ်။Continue reading “ဗိုင်းရပ်စ် နဲ့ ဘင်္ဂလားဒေ့ရ်ှ စီးပွားရေး”
Tag Archives: Bangladesh
ဗိုင်းရပ်စ် နဲ့ ဘင်္ဂလားဒေ့ရှ် စီးပွားရေး
ဒီနေ့မနက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံသူ ၄၄ ယောက်ရှိတယ်။ ငါးဦးသေ ဆုံးတယ်။ ဗိုင်းရပ်စ် ကူးစက်မှုက အခြေအနေမဆိုးသေးပေမယ့် နိုင်ငံစီးပွားရေးအတွက် အဓိက ကျတဲ့ အထည်ချုပ်လုပ်ငန်းကတော့ ဥရောပနိုင်ငံတွေက အမှာစာတွေဖျက်သိမ်းမှုကြောင့် ထိခိုက် မှုတွေရှိလာတယ်။ International Finance Corporation , IFC ရဲ့ အဆိုအရ ဘင်္ဂလားဒေ့ရ်ှ အထည်ချုပ်လုပ်ငန်း က ပို့ကုန်ပမာဏဟာ ဒေါ်လာ ၃၄ ဘီလျံရှိပြီး ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး အထည်ချုပ် တင်ပို့ မှုဖြစ်တယ်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံပို့ကုန်ဝင်ငွေ ၈၀% က အထည်ချုပ်လုပ်ငန်းက ရရှိတာဖြစ်ပြီး အလုပ်သမား ၄.၁ သန်းရှိတယ်။ ဥရောပတိုက်နဲ့ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဖြစ်ပွားပြီးနောက် အမှာစာတွေ ဆိုင်းငံ့တာ ဒါမှမဟုတ် ဖျက်သိမ်းတာကြောင့် အထည်ချုပ်လုပ်ငန်းတွေအနေနဲ့ ဒေါ်လာContinue reading “ဗိုင်းရပ်စ် နဲ့ ဘင်္ဂလားဒေ့ရှ် စီးပွားရေး”