မဲခေါင် ခရီးစဉ် (၁၆)

ဗန်ဗီယင်းမြို့ရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်မှုတွေထဲမှာ မီးပုံးပျံနဲ့ နေထွက်ချိန်၊ နေဝင် ချိန်ကို ကြည့်တဲ့အစီအစဉ်လည်းပါတယ်။ ကျွန်တော်တို့ အဖွဲ့အစီအစဉ်မှာ မီးပုံးပျံစီးဖို့မပါဘူး။ ဗန်ဗီးယင်းကိုရောက်တဲ့ညနေ နမ့်ဆောင်မြစ်ထဲမှာ စက်လှေ စီးတယ်။ အဲဒီအချိန်မှာ ညနေ နေဝင် ဆည်းဆာကို ကြည့်ဖို့အတွက် မီးပုံးပျံတွေ တက်လာတာတွေ့တယ်။ စုံစမ်းကြည့်တော့ ဗန်ဗီယင်းမှာ မီးပုံးပျံစီးရတာ အရှေ့တောင်အာရှမှာ ဈေး အသက်သာဆုံးပဲ တဲ့။ လူကြီးတစ်ယောက် ဒေါ်လာ ၉ ဝ၊ ကလေးတစ်ယောက် ဒေါ်လာ ၅၀ ပဲကျတယ်။ ပုဂံမှာဆိုရင် တစ် ယောက်ကို ဒေါ်လာ ၃၀၀/ ၄၀၀ ပေးရတယ်လို့ ကြုံဖူးသူတစ်ယောက်ကပြောတယ်။ ဒီလို နဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့မနက် ဗီယန်ကျင်းမြို့ကို မသွားခင် မီးပုံးပျံစီးဖို့ စီစဉ်ကြတယ်။ မနက်ကျတော့Continue reading “မဲခေါင် ခရီးစဉ် (၁၆)”

မဲခေါင် ခရီးသည် (၁၅)

ဖေဖော်ဝါရီလ ၅ ရက်နေ့အတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဗန်ဗီယင်းမြို့ ကို နေ့လည် တစ်နာရီမှာရောက်တယ်။ လာအိုနိုင်ငံမြို့တော် ဗီယန်ကျန်းကနေ လေးနာရီ ခရီးဝေး တဲ့ ဗန်ဗီယင်းမြို့တည်နေပုံက ကရင်ပြည်နယ်နဲ့တူတယ်။ မြို့လယ်မှာ နမ့်ဆောင်မြစ်က ဖြတ်စီးနေ တယ်။ မြို့ပတ်ဝန်းကျင် မြေပြန့်ထဲမှာ ထုံးကျောက်တောင်ကြီးတွေ မှိုလိုပေါက်နေတယ်။ လှိုဏ်ဂူ တွေရှိတယ်။ ရေပြာအိုင်တွေရှိတယ်။ ဒီမြို့ဟာ အနောက်နိုင်ငံတွေကလာတဲ့ ပေါချောင်ခရီးသွား( Backpacker) တွေရဲ့ မြို့ အဖြစ် နာမည်ကြီးခဲ့တဲ့မြို့ဖြစ်ပါတယ်။ ၁၉ ၉ ၀ ပြည့်လွန်နှစ်တွေမှာ လာအိုနိုင်ငံ တံခါးဖွင့်လိုက်တော့ ပေါချောင်ခရီးသွားတွေ အလုံးအရင်းနဲ့ရောက်လာတယ်။ တောင်တက်တယ်၊ လှိုဏ်ဂူတွေထဲကို ဝင်လေ့လာတယ်။ နမ့်ဆောင်မြစ်အတိုင်း ကားတာယာကွင်းစီးပြီးခရီးနှင်တယ်။ ပေါချောင်ခရီးသွားတွေနဲ့အတူ မူးယစ်ဆေးပြဿနာတွေပါလာတယ်။ ဒေသ ခံတွေ ရဲ့ ဓလေ့ထုံးစံတွေပျက်လာတယ်။ နမ်Continue reading “မဲခေါင် ခရီးသည် (၁၅)”

မဲခေါင် ခရီးသည် (၁၄)

ဖေဖော်ဝါရီလ ၅ ရက်နေ့မနက်မှာ လွန်ပရာဘန်ကနေ ဗန်ဗီယင်း(Vang Vieng) ကို ခရီးဆက်ခဲ့ တယ်။ လွန်ပရာဘန်ကနေ ဗန်ဗီယင်းကို သွားတဲ့လမ်းနှစ်လမ်းရှိတယ်။ လမ်းဟောင်းက ၂၃၀ ကီလို မီတာဝေးတယ်။ လမ်းသစ်က ၁၈၅ ကီလိုမီတာဝေးတယ်။ လမ်းဟောင်းက သွားရင် ငါးနာရီ လောက် ကြာတယ်။ လမ်းသစ်က သုံးနာရီခွဲလောက်ပဲမောင်းရတယ်။ လမ်းဟောင်းက အမှတ် ၁၃ လမ်းမကြီးဖြစ်ပြီး လမ်းသစ်ကတော့ အမှတ် ၄ လမ်းမကြီးဖြစ်ပါတယ်။ လမ်းသစ်က ဖွင့်တာ နှစ်နှစ်လောက်ပဲရှိသေးတယ်။ အတက်အဆင်းကြမ်းတယ်။ ဒါ့ကြောင့် ခရီး သည်တင်ဘတ်စ်ကားတွေသွားလို့မရဘူး။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားတဲ့ခရီးသည်တွေက မီနီ ဗင်လေးတွေ ငှားသွားရတယ်။ မီနီဗင်တွေက ၁၂ ယောက်ပြည့်မှ ထွက်တယ်။ တစ်ယောက်ကို လာအို ငွေ ကစ် တစ်သိန်းနှစ်သောင်း၊Continue reading “မဲခေါင် ခရီးသည် (၁၄)”

တုတ်ထိုး ခေါက်ဆွဲ

ခရီးသွားတဲ့အခါ ဟိုတယ်က ကျွေးတဲ့ နံနက်စာ ကို စားမယ့်အစား ဒေသအစားအစာကို ရှာစားရ တာ၊ မနက်ခင်းဈေးတွေကို ကြည့်ရတာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ အခု ခရီးစဉ်မှာတော့ မနက် ၈ နာရီဆို ယာဉ်တန်းစထွက်တဲ့အတွက် အဲဒီလို စားဖို့အတော်ခက်တယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ကတော့ ၉ နာရီမှ ယာဉ်တန်းထွက်မယ်ဆိုတဲ့အတွက် အနားမှာရှိတဲ့ ရပ်ကွက်ထဲမှာ လမ်း လေ ျှာက်ရင်း ဆန်ခေါက်ဆွဲဆိုင်တစ်ဆိုင်လေးတစ်ဆိုင်ကိုတွေ့လို့ ဝင်စားခဲ့တယ်။ ခေါက်ဆွဲဆိုင်ကတော့ Pho ခေါက်ဆွဲဆိုင်ပါပဲ။ မနေ့က စားခဲ့တဲ့ ချောစုခေါက်ဆွဲဆိုင်လို ခမ်း ခမ်း နားနားမဟုတ်ဘူး။ အိမ်ဆိုင်လေးပဲ။ ကျွန်တော်တို့ဆီက လမ်းလေး မုန့်ဟင်းခါးဆိုင်လိုပါပဲ။ လူရွယ်တစ်ယောက် ၊ အဒေါ်ကြီးတစ် ယောက်ရှိတယ်။ အဒေါ်ကြီးက မုန့်ပြင်တဲ့သူ၊ လူရွယ်ကတော့ အကူပေါ့။ ကျွန်တော်ရောက်သွားတော့Continue reading “တုတ်ထိုး ခေါက်ဆွဲ”

ချောစု ခေါက်ဆွဲ

ကျွန်တော်တို့တစ်တွေ မုန့်ဟင်းခါး ကြိုက်သလိုပဲ လာအိုနိုင်ငံသားတွေကလည်း Pho လို့ခေါ်တဲ့ ဆန်ခေါက်ဆွဲပြုတ်ကို ကြိုက်ကြတယ်။ Pho က ဗီယက်နမ်အစားအစာလို့ဆိုတယ်။ လာအိုမှာတော့ Pho ကိုစားတာက ဗီယက်နမ်စားသောက်ဆိုင်တွေမှာ တွေ့ဖူးတာနဲ့မတူဘူး။ Pho စားသောက် ဆိုင်စားပွဲမှာ ငံပြာရည်မျိုးစုံ၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးအနှစ်၊ ငရုတ်သီးစိမ်းတွေ အပြင် ငါးပိထောင်း လည်းချပေးထားတယ်။ ပဲသီး၊ ဂေါ်ဖီ၊ ပူစီနံ နဲ့အမျိုးအစားမသိတဲ့ အရွက်တွေလည်းချပေးတယ်။ အရည် နဲ့စားသလို အသုပ်လည်း စားလို့ရတယ်။ ဆန်ခေါက်ဆွဲ ဖတ်လိုမျိုးနဲ့ စားသလို ခေါက်ဆွဲလုံးဆိုတာနဲ့လည်း စားတယ်။ ခေါက်ဆွဲလုံးဆိုတာက ဆန်ခေါက် ဆွဲဖတ်ကို မုန့်လုပ်ဆောင်းအဖတ်လို လုပ်ထားတာ။ နည်းနည်းတော့ ပိုကြီးတယ်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ လွန်ပရာဘန်မှာနေ့လည်စာစားတော့ ကျွန်တော်တို့က ယိုးဒယားစာ တွေပဲ စားရတာContinue reading “ချောစု ခေါက်ဆွဲ”

မဲခေါင် ခရီးသည် (၁၃)

Xieng Thong ဘုန်းတော်ကြီးကျောင်းက လွန်ပရာဘန်မြို့ စွန်မှာရှိတယ်။ Xieng Thong ဆိုတာ “ ရွှေမြို့တော် ဘုန်းကြီးကျောင်း” လို့လာအိုလို ခေါ်တာဖြစ်ပါတယ်။ ဘုန်းကြီးကျောင်း ကို ၁၅၅၉ ခုနှစ်မှာ လာအိုဘုရင် Setthathirath က လှုဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီဘုန်းကြီးကျောင်းဟာ လာအို နိုင်ငံမှာရှိတဲ့ တော်ဝင်ဘုန်းတော်ကြီးကျောင်းသုံး ခု အနက်တစ်ခုဖြစ်ခဲ့တဲ့အတွက် အနုပညာလက် ရာတွေအတော်ကောင်းတယ်။ ပန်းပုလက်ရာအပြင် ယွန်းပန်းချီတွေ၊ မှန်စီပန်းချီတွေလည်းရှိတယ်။ ကျောင်းတိုက်က မဲခေါင်မြစ် ဘေးမှာ ရှိတယ်။ ရှေးခေတ်ကတော့ ဘုရင်က နန်းတော်ကနေ လှေတော်နဲ့ ဘုန်း တော်ကြီးကျောင်းကိုလာတယ်လို့ ဆိုတယ်။ အခုတော့ အဲဒီဘက် ဝင်ပေါက်က ပိတ်ထားတယ်။ ခရီးသွားဧည့်သည်တွေက ကားလမ်းဘက် ဝင်ပေါက်နေပဲ ဝင်ရတယ်။ ဝင်ကြေးပေးရတယ်။ လာအိုငွေ ကစ် နှစ်သောင်းဆိုတော့Continue reading “မဲခေါင် ခရီးသည် (၁၃)”

မဲခေါင်ခရီးသည် (၁၂)

လွန်ပရာဘန်မြို့လယ် အခု ပြတိုက်လုပ်ထားတဲ့ ဘုရင့်နန်းတော်ဟောင်း ရဲ့ အရှေ့တည့်တည့်မှာ တောင်ကုန်းငယ်တစ်ခုရှိတယ်။ ပေ ၃၀၀ ကျော်လောက်ပဲမြင့်တယ်။ ဒါပေမယ့် လွန်ပရာ ဘန် မြို့ ဟောင်းအလယ်တည့်တည့်မှာရှိတဲ့အတွက် မြို့ကို အပေါ်စီးက မြင်နိုင်တယ်၊ နေဝင် ချိန်ကို ကြည့်ဖို့အတွက် အလွန်ကောင်းတဲ့နေရာဖြစ်တဲ့အတွက် ညနေဘက်ဆိုရင် ခရီးသွား ဧည့်သည်တွေအပြည့်ပဲ။ဒီတောင်ကုန်းကို လာအိုဘာသာနဲ့ “Phou Si” မြင့်မြတ်သောတောင်တော် လို့ ခေါ်တယ်။ ဒဏ္ဍာရီ အဆိုအရတော့ ဟိုးတုန်းက ဒီတောင်ပေါ်မှာ ကမ္ဘာ့ဗဟိုချက်အထိ သွားလို့ရတဲ့ တွင်း နက်ကြီးရှိတယ်တဲ့။ တောင်ထိပ်မှာ ၁၈၀၄ ခုနှစ်မှာ လာအိုဘုရင် Anourat တည်ထား ကိုးကွယ် ခဲ့ တဲ့ စေတီတစ်ဆူနဲ့ ဘုရားကျောင်းဆောင်တစ်ခုရှိတယ်။ဒီတောင်ပေါ်ကို တက်တဲ့လမ်းနှစ်သွယ်ရှိတယ်။ ပထမတစ်ခုက ဘုရင့်နန်းတောင်ဟောင်းရှေ့ က တက်တဲ့လမ်းဖြစ်ပါတယ်။Continue reading “မဲခေါင်ခရီးသည် (၁၂)”

မဲခေါင် ခရီးသည် (၁၁)

လွန်ပရာဘန် ည ရဲ့ ဆွဲဆောင်မှုတစ်ခုကတော့ ညဈေးတန်းပါပဲ။ ဒီညဈေးတန်းက မြို့ရဲ့ အဓိက လမ်းမကြိးတစ်ခုဖြစ်တဲ့ Sisavangvong လမ်းမှာ ခင်းကျင်းရောင်းချတာဖြစ်ပြီး ညနေ ငါးနာရီက နေ ည ဆယ်တစ်နာရီအထိ ဖွင့်ပါတယ်။ ဈေးတန်းအရှည်က တစ်ကီလိုမီတာနီးပါးရှိတယ်။ ဆိုင်တန်း လေးတန်းရှိတယ်။ ရိုးရာလက်မှု ပစ္စည်းတွေရောင်းတာများတယ်။ အစားအသောက်တွေက မူလ ရှိပြီးဆိုင်ခန်းတွေနဲ့လမ်း ကြား လေးတစ်ခုထဲမှာပဲရောင်းတယ်။ လမ်းဘေးက ရင်ပြင်တစ်ခုမှာလည်း စားသောက်ဆိုင် တန်းတစ်ခုရှိတယ်။ ဈေးတန်းတစ်လေ ျှာက်မှာ နိုင်ငံခြားငွေလဲလှယ်တဲ့ဆိုင်လေးတွေ အများ ကြီးပဲ ။ ကွမ်းယာဆိုင်အရွယ်လေးတွေ ၊ ငွေဈေးကလည်း ကျောက်သင်ပုန်းမှာ၊ ဝှိုက်ဘုတ်ပေါ် မှာ ရေးထားတယ်။ လွယ်ချက်ကတော့ပြောမနေနဲ့။ လက်မှုပစ္စည်းတွေက ဈေးအမျိုးမျိုးပဲ။ တစ်ချို့ အထည်စတွေက ပုံပြီးရောင်းနေပေမယ့် မေးလိုက် တဲ့အခါ မြန်မာငွေContinue reading “မဲခေါင် ခရီးသည် (၁၁)”

လော် ဒုက္ခ

ဘားအံ က အပြန် တွေ့ခဲ့ရတဲ့ လော် ကားကြီး။ ကျွန်တော်တို့ ခဏနားနေတဲ့ ဆိုင်ရှေ့မှာ ရပ်ပြီး ဖွင့်လိုက်တာ ပန်းကန်တွေတောင် တုန်တယ်။ မင်္ဂလာဆောင်ဆိုရင် နှစ်သိန်းခွဲ၊ အကြိုတစ်ရက်၊ မင်္ဂလာနေ့တစ်ရက် နှစ်ရက်ဖွင့်ပေးတယ်။ အခု ဖွင့်ထားတာ အသံအတိုးဆုံးပဲ၊ စက်တစ်လုံးပဲသုံးထားသေးတယ်တဲ့။ သူများတွေ စက်အသစ်တပ်ရင် ကိုယ်လည်းလိုက်တပ်ရတယ်။ မဟုတ်ရင် ငှားတဲ့သူမရှိဘူး။ ပွဲလိုက်တဲ့လော်ဆိုတာ အသံကျယ်ရတယ်၊ သီချင်းစုံရတယ်တဲ့။ အပြင်လောကမှာလည်း လော်၊ ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာလည်း လော် ၊ လော် နိုင်ငံ ကြီးမှာ နေရတာ မလွယ်လှဘူး။

မဲခေါင်ခရီးသည် (၁၀)

လွန်ပရာဘန်မြို့က အရင် လာအိုမြောက်ပိုင်းကို အုပ်ချုပ်တဲ့ ဘုရင်တွေ နန်းစိုက်တဲ့နေရာပါ။ ၁၅၂၀ ပြည့်နှစ်မှာ မြို့တော်ကို ဗီယန်ကျန်းကို ရွှေ့သွားတယ်။ ၁၈ ၉ ၃ ခုနှစ်မှာ ပြင်သစ် တွေက လာအိုကို သိမ်းပိုက်လိုက်တဲ့အချိန်မှာတော့ ဘုရင်ကို လွန်ပရာဘန်မှာ နန်းစိုက်ခိုင်း တယ်။ ဒါပေမယ့် ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး။ ရုပ်ပြသက်သက်ပဲ။ ၁၉ ၄၆ ခုနှစ် လာအိုနိုင်ငံ လွတ် လပ်ရေးရတော့လည်း လွန်ပရာဘန်မြို့က ဘုရင်နန်းစိုက်ရာမြို့၊ ဗီယန်ကျန်းက အုပ်ချုပ်ရေး မြို့ ဖြစ်နေခဲ့တယ်။ ၁၉ ၇၅ ခုနှစ်မှာ ကွန်မြူနစ် ပသက်လောတပ်ဖွဲ့တွေ အာဏာရလာချိန်မှာတော့ ဘုရင်စနစ်ကို ဖျက်သိမ်းလိုက်တဲ့အတွက် လွန်ပရာဘန်ဟာလည်း ရှေးဟောင်းမြို့တော်အဖြစ် ကို ရောက်သွားတယ်။ ဘုရင့် နန်းတော်ကတော့ ပြတိုက်ဖြစ်သွားတယ်။လွန်ပရာဘန်မြို့ဟာ လောနိုင်ငံကိုContinue reading “မဲခေါင်ခရီးသည် (၁၀)”