ငါးထပ်ကြီးကုန်းတော်ပေါ်က ဘုန်းတော်ကြီးကျောင်းတွေထဲမှာ ထူးခြားတဲ့ ဗိသုကာလက်ရာနဲ့ တွေ့ရတာက တော်ကူးလေး ပြာသာဒ် ကျောင်းဖြစ်ပါတယ်။ ပြာသာဒ်ကျောင်း ကို ငါးထပ်ကြီး ဘုရားကနေ ခြေလျင်လာလို့လည်းရတယ်။ ဆွေတော်မျိုးတော် သင်္ချိုင်းဂူ တွေရှိတဲ့ ရတနာ ဦးသွင်စောင်းတန်းကနေခြေလျင်လာရင်လည်း ရတယ်။ ဒါပေမယ့် အကောင်းဆုံးနဲ့ အသက်သာ ဆုံးလမ်းကြောင်းက ဝင်္ကာပါလမ်းကနေ ငါးထပ် ကြီးဘုရားလမ်းအတိုင်းလာ၊ ဆွေတော် မျိုးတော် သင်္ချိုင်း ဆိုင်းဘုတ်ကိုကျော်ပြီး ဆက်သွားရင် ဘယ်ဘက်မှာ ဝဲပျံစာသင်တိုက် ဆိုတဲ့ မုခ်ဦးတွေ့မယ်။ အဲဒီကားလမ်းအတိုင်း တောင်ကုန်းပေါ်တက်ရင် ဝဲပျံစာသင်တိုက် ထဲက ပေါ် တော်မူဘုရားကို တွေ့မယ်။ ပေါ်တော်မူဘုရားကနေ ညာဘက်ကားလမ်းအတိုင်း ဆက်သွား ရင် ပြာသာဒ်ကျောင်းအခြေထိ ကားရောက်တယ်။ ပြာသာဒ် ကျောင်းအကြောင်းပြောရင်တော့ အငြင်းအခုန်ဖြစ်မလားမသိနိုင်ဘူး။ ဘာ့ကြောင့် လဲဆိုတော့ ခရီးသွားဆောင်းပါးတချို့မှာ ဒီကျောင်းဟာContinue reading “ပြာသာဒ်ကျောင်း”
Tag Archives: Yangon
ဆွေတော်မျိုးတော် သင်္ချိုင်းတော်
သင်္ကြန်တွင်း ငါးထပ်ကြီး ဘုရားဖူးခဲ့စဉ်က မရောက်ခဲ့တဲ့ ကုန်းဘောင်မင်းဆက် ဆွေတော်မျိုးတော် များရဲ့ သင်္ချိုင်းနေရာကို မေလ ၁ ရက်နေ့က ပြန်သွားခဲ့ပါတယ်။ အဲဒီနေရာကို အလွယ်ဆုံး သွားနိုင်တဲ့လမ်းကြောင်း ကတော့ ကန်တော်ကြီးစောင်း နတ်မောက်လမ်း မှာရှိတဲ့ ဂျပန် သံရုံးဘေးက ဝင်္ကာပါ လမ်း အတိုင်း ဝင်သွားရင် ညာဘက်မှာ ငါးထပ်ကြီးဘုရားလမ်းဆိုတာာ တွေ့ပါလိမ့်မယ်။ ငါးထပ်ကြီး ဘုရား လမ်း အတိုင်းမောင်းသွားရင် မြန်အောင်ကျောင်းတိုက် ဆွမ်းစားကျောင်းဆိုတဲ့ လမ်းညွှန် ဆိုင်းဘုတ်နဲ့ မုခ်ဦး တစ် ခုတွေ့မယ်။ စောင်းတန်းမုခ်ဦး ပြာသာဒ်လက်ရာကတော့ အတော် ကောင်းတယ်။ မုခ်ဦးဘေးမှာ “ ဘုရင့်ဆွေတော်မျိုးတော် သင်္ချိုင်းတော်” ဆိုတဲ့ ကြေးဆိုင်းဘုတ် ရှိ တယ်။ အဲဒီစောင်းတန်းအတိုင်း တက်သွားရင် ညာဘက်က ကျိုက်ထီးရိုးပုံတူContinue reading “ဆွေတော်မျိုးတော် သင်္ချိုင်းတော်”
စည်တယ်လေ ဆီဆိုင်
ဒီနေ့ မနက် အိမ်က ထွက်မယ်ဆိုတော့ အိမ်ကလူတွေက ဘာဖြစ်လဲမသိဘူး၊ ဆီဆိုင်တွေရှေ့မှာ ကားတွေအများကြီး တန်းစီနေတဲ့ သတင်းတွေတက်နေတယ်ဆိုပြီး သတင်းပေးတယ်။ ကားစက်နှိုး ပြီး ဆီ လက်ကျန်စစ်လိုက်တော့ ဆီက တစ်ဝက်အောက်နည်းနည်းဆင်းနေပြီ။ ဆီလက်ကျန်လည်း နည်းနေပြီ၊ ဆီဆိုင်တွေမှာကားတွေအများကြီး တန်းစီနေပြီ ဆိုတဲ့ အချက် နှစ်ချက် ပေါင်းစဉ်းစားလိုက်တော့ ဆီထည့် ရမယ်ဆိုတဲ့ အဖြေထွက်တယ်။ ဒါနဲ့ လမ်းကြော သင့်တဲ့ ကမ်းနားလမ်းနဲ့ အလုံလမ်းထောင့်က Max ဆီဆိုင်ကို သွားတယ်။ အလိုလေး အရင်က ကမ်းနားလမ်းမှာ Gas ထည့်မယ့် တက္ကစီတွေ တန်းစီတာပဲ မြင်ဖူးတယ်။ အခု တော့ Max ဆီဆိုင်မှာ ဆီထည့်မယ့် ကားတန်းကြီးက အလုံလမ်းထောင့်ကနေ ကမ်းနားလမ်းနဲ့ သစ်တောလမ်းဆုံကိုကျော်နေပြီ။ မသေချာလို့ ရှေ့ကContinue reading “စည်တယ်လေ ဆီဆိုင်”
ဗိုလ်တထောင်ဘုရား
ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် နှစ်ဆန်းတစ်ရက်နေ့၊ ၁၇ -၄-၂၀၂၂ မှာ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်ကို ဖူးမြော်နှစ်သစ် ကုသိုလ် ပြုပြီး “ကျွန်တော်တို့ နိုင်ငံမှာ ငြိမ်းချမ်းမှု၊ တရားမ ျှတမှု၊ လွတ်လပ်မှု၊ တန်းတူ ညီမ ျှမှု များ ရှင်သန် ထွန်းကားပါ စေကြောင်း နဲ့ ပြည်သူ တစ်ဦးချင်းရဲ့ ကောင်းမြတ် သောဆန္ဒများ အားလုံးပြည့်ဝပါ စေကြောင်း ဆုတောင်းခဲ့ပါတယ်။”
အိမ်တော်ရာ ဘုရား
ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက်နေ့၊ ၁၆ -၄-၂၀၂၂ မှာ အိမ်တော်ရာ ဘုရားကို ဖူးမြော်ခဲ့ပါတယ်။ အိမ်တော်ရာဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “မဟဓမ္မရံသီ အိမ်တော်ရာစေတီ” ဖြစ်ပါတယ်။ အိမ်တော်ရာဘုရားဟာ ရွှေတိဂုံ စေတီတော်အနီး မှာ တည်ရှိပေမယ့် ၁၉ ၈၃ ခုနှစ်ကစပြီး ဘက်စုံပြုပြင်မွမ်းမံရေးတွေ အဆင့်ဆင့် မလုပ်ဆောင်မီအထိ သတိပြုမိသူအတော်နည်းမယ် ထင်ပါတယ်။ ကျွန်တော်ဆိုရင် ၁၉ ၇၄ ခုနှစ်ကနေ ၁၉ ၇၇ ခုနှစ် အထိ ဂျူဗလီဟော အနားက အရှေ့ဈေးလမ်းမှာနေခဲ့တယ်။ အိမ်တော်ရာ ဘုရား ပတ်ဝန်းကျင်မှာ ရှိတဲ့ မိုင်ဒါကွင်း၊ တပ် မ တော်ရုပ်ရှင်ရုံ၊ အမှတ် ၂ စစ်ဆေးရုံ၊ ဘဒ်လမ်း (Continue reading “အိမ်တော်ရာ ဘုရား”
မယ်လမု ဘုရား
ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ၁၅ -၄-၂၀၂၂ မှာ မယ်လမု ဘုရားကို ဖူးမြော်ခဲ့ပါတယ်။ မယ်လမုဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “ ဆုတောင်းပြည့် မယ်လမုစေတီ ” ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်မှာ တည်ရှိပါတယ်။ ( မြေပုံဖော်ပြထားပါတယ်။ ) မယ်လမု ဘုရားသမိုင်းကို နှစ်ပိုင်းခွဲပြောရမယ်ထင်တယ်။ ပထမပိုင်းကတော့ တိဿရသေ့ကြီး၊ သိကြားမင်း၊ လမုသီးထဲမှာ သံသေဓဇပဋိသန္ဓေယူပြီးမွေးဖွားလာတဲ့ မယ်လ မု၊ မယ်လမုရဲ့ သားတော် ဥက္ကလာပမင်း၊ နန္ဒမင်းသား၊ ငမိုးရိပ်မိချောင်း တို့နဲ့ ဒဏ္ဍာရီဆန်ဆန်သမိုင်း ဖြစ်ပါတယ်။ ဒုတိယပိုင်းကတော့ ဒီဘက်ခေတ် လက်ရှိမယ်လမုစေတီကို ပြန်လည်တည်ထားတဲ့ ဖြစ်စဉ်ပါ။ အဲဒီ ဖြစ်စဉ် အရ တော့ ကြည့်မြင့်တိုင်မှာ နေထိုင်တဲ့ စိုက်ပျိုးရေး ဝန်ထောက် ဦးလှContinue reading “မယ်လမု ဘုရား”
ခြောက်ထပ်ကြီး ဘုရား
ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်၊ ၁၄ -၄-၂၀၂၂ မှာ ခြောက်ထပ် ကြီး ဘုရားကို ဖူးမြော်ခဲ့ပါတယ်။ ခြောက်ထပ်ကြီး ဘုရားရဲ့ ဘွဲ့အမည် အပြည့်အစုံက “ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရား ကြီး” ဖြစ်ပါတယ်။ ခြောက်ထပ်ကြီးဘုရားဟာ ငါးထပ်ကြီးဘုရား နဲ့ ရွှေဂုံတိုင်လမ်းမကြီး ခြား ပြီး တည်ရှိပါတယ်။ ဗြိတိသ ျှ ကိုလိုနီခေတ်မှာတည်ထားခဲ့တဲ့ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီးနဲ့ ကိုးထပ်ကြီး ဘုရား သုံးဆူ အနက် ခြောက်ထပ်ကြီးဘုရားသမိုင်းက ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရပြီးခေတ် မြန်မာ့နိုင်ငံရေး၊စီးပွားရေး အခြေအနေတွေနဲ့ ဆက်စပ်မှုအများဆုံး လို့လည်း ပြော ရမယ်ထင်ပါတယ်။ ဒါ့ကြောင့်ဘုရားသမိုင်းကို ရှည်ရှည်ရေးပြချင်ပါတယ်။ ခြောက်ထပ်ကြီးဘုရားသမိုင်းအစက ငါးထပ်ကြီးဘုရားနဲ့ဆက်စပ်နေပါတယ်။ ငါးထပ် ကြီး ဘုရားဒါယကာContinue reading “ခြောက်ထပ်ကြီး ဘုရား”
ကျိုက္ကစံဘုရား
ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်၊ ၁၃ -၄-၂၀၂၂ မှာ ကျိုက္ကစံ ဘုရားကို ဖူးမြော်ခဲ့ပါတယ်။ ကျိုက္ကစံဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “ ကျိုက္ကစံ ဆံတော်ရှင်စေတီတော်” ဖြစ်ပါတယ်။ ကျိုက္ကစံဘုရားဟာ ရန်ကုန်မြို့ပတ်ဝန်းကျင်မှာ မွန်ဘာသာနဲ့ ဘွဲ့တော်အမည်ရှိတဲ့ စေတီတော် တွေထဲက ထင်ရှားတဲ့ စေတီတစ်ဆူဖြစ်ပါတယ်။ ကျိုက္ကစံ ဆိုတာ မွန်ဘာသာအရ – ကျိုက် = ဘုရား၊ အရှန် = ရဟန္တာ ၊ ရဟန္တာများတည်ထားသည့်စေတီ၊ ကျိုက်အရှန် ကနေ ကာလ ကြာတော့ ကျိုက္ကစံ ဖြစ်လာတယ် လို့ မှတ်သားရပါတယ်။ ဘုရားရင်ပြင်မှာ စိုက်ထူထားတဲ့ ကျောက်စာအရ ကျိုက္ကစံစေတီတော်ကို မဟာသက္ကရာဇ် ၁၁၁ ခုနှစ်မှာ မြတ်စွာဘုရားကContinue reading “ကျိုက္ကစံဘုရား”
ကိုးထပ်ကြီးဘုရား
ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက်၊ ၁၀ -၄-၂၀၂၂ ရက်နေ့မှာ ကိုးထပ်ကြီးဘုရားကို ဖူးမေ ျှာ်ခဲ့ပါတယ်။ ကိုးထပ်ကြီး၊ ငါးထပ်ကြီး ၊ ခြောက်ထပ်ကြီး စသည် ဖြင့် ရန်ကုန်မြို့မှာ “ ထပ်ကြီး” ဝေါဟာရ ပါတဲ့ ဘုရား သုံးဆူရှိတယ်၊ “ ထပ်ကြီး” ဆိုတာက ဘုရားတည်တဲ့အချိန် ဝါးငြမ်း ဆင်တဲ့အခါ ဝါးကိုးပြန် ငြမ်းဆင်ရလို့ ကိုးထပ်ကြီးလို့ခေါ်တယ်၊ ခြောက်ပြန်ဆင်ရရင် ခြောက် ထပ်ကြီးလို့ ခေါ်တယ်လို့ လေ့လာမှတ်သားဖူးပါတယ်။ ဒါပေမယ့် ကိုးထပ်ကြီးဘုရားမှာတွေ့ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးကတော့ ရုပ်ပွားတော် အတွင်း မှာ ဌာပနာ ကိုးထပ်ရှိလို့ ကိုးထပ်ကြီးလို့ ခေါ်တယ်ဆိုပြီး ပြောတယ်။ ကျွန်တော်က ဒါဆိုရင် ငါးထပ်ကြီး၊ ခြောက်ထပ်ကြီးဆိုတာကContinue reading “ကိုးထပ်ကြီးဘုရား”
အနှေးယာဉ်
သစ်ပင်အောက်က ဆိုက်ကားဂိတ်မှာ ဆိုက်ကားငါးစီးထိုးထားတယ်။နှစ်စီးပေါ်မှာ လူမရှိဘူး။ သုံးစီးပေါ်မှာတော့ ဆိုက်ကားဆရာတွေထိုင်နေတယ်။ တစ်ယောက်က ဂျာနယ်တစ်စောင် ဖတ် နေတယ် ။ကျန်တဲ့နှစ်ယောက်ကတော့ ဆိုက်ကားပေါ်ထိုင်ပြီး လမ်းပေါ်က လူသွားလူလာတွေကို ငေးနေတယ်။ သစ်ပင်မှာ ကပ်ရိုက်ထားတဲ့ သစ်သားတန်းမှာတော့ တိုကင်ပြားလေး တွေ ချိတ်ထားတယ်။ တစ်ချိန်က ဒီလို ဂိတ်လေးတွေမှာ ဂိတ်နာမည်၊ ဆိုက်ကား အရေအတွက် တွေ ဖော်ပြထားတဲ့ ဆိုင်းဘုတ်လေး တွေရှိခဲ့ဖူးတယ်။ ဆိုက်ကားဆရာတွေကို အနှေးယာဉ် လုပ်သားလို့ ခေါ်ခဲ့ကြဖူးတယ်။ တကယ်တော့ မနက်လမ်းလေ ျှာက်ရင် အိမ်အထိ အသွားအပြန်လေ ျှာက်တာပါ။ ဒီနေ့တော့ ခါတိုင်းထက် ဝေးဝေးလေ ျှာက်တာရယ်၊ မုန့်ဟင်းခါးစားလိုက်တာများသွားတာရယ်ကြောင့် ဆိုက်ကား နဲ့ ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆိုက်ကားတွေအနားသွားပြီး xxx ကို ဘယ်လောက်လဲဆိုတော့ သူတို့Continue reading “အနှေးယာဉ်”