ခရီးစဉ်တတိယနေ့မှာ ပတ္တူပေါက်ရွာကနေ အင်းတိန်ရွာကို ကားနဲ့ သွားပါတယ်။ ပက္တူပေါက် ရွာကနေ အောင်ပန်း – အင်းတိန် ကားလမ်းအထိ မြေသားလမ်းဖြစ်ပြီး ဆယ်မိနစ်လောက် မောင်း ရတယ်။ အောင်ပန်း – အင်းတိန်ကားလမ်းက တစ်ချို့နေရာတွေမှာ ကျောက်ချောလမ်း၊တစ်ချို့ နေရာတွေမှာ ကတ္တရာလမ်းဖြစ်ပြီး လမ်းအခြေအနေကောင်းပါတယ်။ တစ်နေရာမှာတော့ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း ၅.၆၉ ကီလိုမီတာကို ကတ္တရာလမ်းအဆင့်မြှင့်တင် တည် ဆောက်မယ်ဆိုတဲ့ အကြောင်း ဆိုင်းဘုတ်ထောင်ထားတာတွေ့ခဲ့ရတယ်။ ပက္တူပေါက်လမ်းခွဲကနေ အင်းတိန်းဘက်ကို သွားရင် ထီသိန်ရွာ၊ ကျောက်စုရွာ၊ နန်းရုပ်ရွာတွေကို ဖြတ်ပြီး အင်းတိန်ကို ရောက်တယ်။ ထီသိန်၊ ကျောက်စု နဲ့နန်းရုပ်ရွာတွေက ပအိုဝ်း ရွာတွေ၊ အင်း တိန်က အင်းသားရွာဖြစ်ပါတယ်။ ထီသိန်မှာ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းContinue reading “ရွှေအင်းတိန် ဘုရား (၁)”
Tag Archives: yehtutarticle
Hi Bar @ ဘော်ဒါ ဘား
Hi Bar ပုံတင်ပေးပါဆိုလို့ အခြားသူတွေ အနည်းဆုံးပါတဲ့ပုံတွေ ရွေးတင်ပေးလိုက်ပါတယ်။ ဖယောင်းတိုင်တွေထွန်းထားတာကတော့ စတိုင်လုပ်ထားမဟုတ်ပါဘူး။ မီးပျက်နေလို့ပါ။ ဘားကောင်တာ အပေါ်မှာ တွဲလောင်းဆွဲထားတာတွေက သောက်သုံးသူ ဘော်ဒါများက အမှတ် တရ ရေးပြီးထားခဲ့တဲ့ ဖုန်းကာဗာတွေ၊ ငွေစက္ကူတွေဖြစ်ပါတယ်။ နံရံပေါ်က စာတွေကလည်း အဲဒီ လိုပါပဲ။ ဓာတ်ပုံနဲ့ တွဲဖတ်လို့ရအောင် အရင်တင်ထားတဲ့ “သွား စား နားခဲ့သမ ျှ ” စာစု ထဲက Hi Bar အကြောင်းရေးထားတာလေးကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ် – ဘယ်မှာ နား ညနေ အပန်းဖြေဖို့ ဆိုရင် မြို့မဈေးနားက Hi Bar မှာထိုင်တယ်။ ဒီဆိုင်က ကျဉ်းကျဉ်းလေး။ U ပုံ စားပွဲရှည်ကြီးမှာ ၁၅ ယောက်၊ အတွင်းကContinue reading “Hi Bar @ ဘော်ဒါ ဘား”
သွား စား နား ခဲ့သမ ျှ
ကလော – အင်းလေး ခြေလျင်ခရီးစဉ် နဲ့ ကလောပတ်ဝန်းကျင် လေ့လာခဲ့တဲ့ အတွေ့အကြုံတွေ ရေးဖို့အများကြီးကျန်ပါသေးတယ်။ ဒါပေမယ့် ခရစ်စမတ်ရုံးပိတ်ရက်ကာလ ခရီးသွားမယ့်သူများ အတွက် ကျွန်တော်တို့ ဘယ်လို ခရီးသွား၊ ဘယ်နေရာမှာ စားပြီး ဘယ်လိုတည်းခိုခဲ့သလဲဆို တာကို အချိန်မီ မ ျှဝေချင်ပါတယ်။ ဘယ်လို သွား ရန်ကုန်ကနေ ကလောကို အဝေးပြေးဘတ်စ်ကားနဲ့ သွားပါတယ်။ ကားလိုင်းတွေမှာ ကားနှစ်မျိုးရှိ တယ်။ Business Class ဆိုတာက 2 Plus 1 လို့ပြောတဲ့ တစ်ဖက်မှာ ခုံနှစ်လုံး၊ တစ်ဖက်မှာ ခုံ တစ်လုံးပဲ ပါတဲ့ကား။ ရိုးရိုးကား Executive Class လို့လည်း ခေါ်တဲ့ ကားက တစ်ဖက်နှစ်ခုံ 2 Plus 2Continue reading “သွား စား နား ခဲ့သမ ျှ”
တိမ်ပင်လယ်
ကလော ကို လာတဲ့ ဧည့်သည်အများစုက “တိမ်ပင်လယ်” လို့ ပြောလိုက်ရင် ကလောမြို့ အထွက် အိုးစည်တောင်ပေါ်က မြင်ရတဲ့ တိမ်ပင်လယ်ကို ပဲ သိကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလို ပါပဲ။ ကလောရောက်ရင် အိုးစည်တောင်ပေါ်တက်ပြီး တိမ်ပင်လယ် အလှကို ခံစား၊ ဓာတ်ပုံရိုက် ခဲ့ တာပါ။ ဒါပေမဲ့ ကလောတိမ်ပင်လယ်က တစ်ခါတစ်ရံ တိမ်ပင်လယ် ပီပီပြင်ပြင် မဖြစ်ဘူး။ နောက်ပြီး ကလောမြို့ရဲ့ မီးရောင်တွေကြောင့် သဘာဝအလှကို အပြည့်အဝမခံစားရဘူး။ အခု ခြေလျင်ခရီးကြမ်းသွားမယ်ဆိုတော့ လမ်းညွှန်ကိုမျိုးဇော်က ခရီးဆုံးရွာဖြစ်တဲ့ ပတ္တူပေါက် ရွာမှာ ညအိပ်ပြီး နောက်တစ်နေ့မနက် အင်းတိန်ကို ဆက်မထွက်ခင် ပတ္တူပေါက် တိမ်ပင်လယ် ကို ကြည့်ဖို့စီစဉ်ပေးမယ်လို့ ပြောမှ ကလော၊ အောင်ပန်း ဒေသမှာ နောက်ထပ်တိမ်ပင်လယ်Continue reading “တိမ်ပင်လယ်”
ခြေလျင်ခရီးသည် (၃)
လမိုင်းရွာမှာ ကျွန်တော်တို့ညအိပ်တဲ့အိမ်က နှစ်ထပ်အိမ်၊ အောက်ထပ်က ဗြုံးအုတ်၊ အပေါ်ထပ်က ဝါးထရံကာ သွပ်မိုး။ အိပ်တာကတော့ အပေါ်ထပ် အိမ်ရှေ့ခန်းမှာ အိပ်ယာ ခင်းပြီး အိပ်ရတယ်။ နိုင်ငံခြားသားဧည့်သည်တွေ တည်းခိုနေကြ ဖြစ်တဲ့အတွက် မွေ့ယာ၊ စောင်၊ ခေါင်းအုံး သန့်ရှင်းပါတယ်။ နိုင်ငံခြားသားခရီးသွားတွေက တိုက်အိမ်တွေမှာ တည်းခိုရတာ မကြိုက်ဘူး။ ထရံ ကာ၊ပျဉ်ခင်းအိမ်၊ ဖြစ်နိုင်ရင် ဝါးကြမ်းခင်း ၊ ထရံကာ အိမ်တွေမှာ တည်းချင်တယ်။ ရိုးရာ ပုံစံ အိမ်ဆိုရင်တော့ အကြိုက်ဆုံးပေါ့။ အိပ်ရင်လည်း အိမ်ရှေ့ခန်း မှာ တန်းစီပြီးအိပ်ကြတယ်။ ရေအိမ် ကလည်း အနောက်တိုင်းပုံစံဖြစ်ဖို့မလိုဘူး။ အရှေ့တိုင်းပုံစံ၊ ကြွေ ခွက် ဆိုရင် ရပြီ။ အဓိက လိုအပ်ချက်က သန့်ရှင်းနေဖို့ပဲ။ တောင်ပေါ်တောတွင်းခြေလျင်ခရီးကြမ်းသွားတဲ့ နိုင်ငံခြားသားဧည့်သည်တွေ များတဲ့အတွက်Continue reading “ခြေလျင်ခရီးသည် (၃)”
ခြေလျင်ခရီးသည် (၂)
ကလောကိုရောက်တော့ တစ်ရက်နားပြီး ခရီးစဉ်အတွက်လိုအပ်တာတွေ ပြင်ဆင်တယ်။ မီးလာ တဲ့အချိန်မှာ ကင်မရာဘက်ထရီ နဲ့ Power Bank တွေ အားအပြည့်သွင်းရတယ်။ ပထမ ည အိပ် မယ့် လမိုင်းရွာက လ ျှပ်စစ်မီးရပေမယ့်လက်ရှိအခြေအနေမှာ ဘာမှ မသေချာတဲ့အတွက် ကင်မရာ ဘက် ထရီ အပို နှစ်လုံးယူသွားရတယ်။ Power Bank နှစ်ခု ယူသွားတယ်။ ခရီးစဉ်အတွက် လိုအပ်တဲ့ အဝတ်အထည်တွေ၊ တစ်ကိုယ်ရေသုံးပစ္စည်းတွေက အနည်းဆုံးယူသွား တာကောင်းတယ်။ ကိုယ်တိုင်မသယ်နိုင်ဘူးဆိုရင် ခရီးစဉ် စီစဉ်ပေးတဲ့သူနဲ့ညှိနှိုင်းပြီး ညအိပ်မယ့် နေရာတွေကို ကြိုပို့ထားဖို့လိုမယ်။ အဲဒါဆိုရင်တော့ ဆိုင်ကယ်သီးခြားစီစဉ်ရတာမျိုး ရှိနိုင်ပြီး ကုန်ကျစရိတ်ပိုကုန်မယ်။ ကျွန်တော်ကတော့ ပုဆိုးတစ်ထည်နဲ့ အနွေးထည်တစ် ထည်၊ ညှပ်ဖိနပ် တစ်ရံ နဲ့ သန့်ရှင်းရေးပစ္စည်းတွေကို ညအိပ်မယ့်ရွာအတွက်Continue reading “ခြေလျင်ခရီးသည် (၂)”
ခြေလျင်ခရီးသည် (၁)
“ဇွဲသတ္တိကို ရှေ့ဆောင် အောင်နိုင်ရမည်၊ ဆီးနှင်းလွှမ်းကာ စခန်းကွာ တောင်ထိပ်များဆီ၊ ခြေလျင် ကိုယ်စီ တို့ ( ဒို့ ) ရောက်ခဲ့ပြီ။ အပြန်အလှန်ကူညီ ရိုင်းပင်းစိတ်ညီ ၊ အောင်ပြီ ၊ အောင်ပြီ ၊ အောင်ပြီ ၊ အောင်ပြီ၊ အောင်ပြီ ၊ တို့ ( ဒို့) တောင်တက်အဖွဲ့သားများစွမ်းရည်။ တို့ အောင်ပြီ။” “စံနမူနာ အမှန်ယူစရာ အလေ့အကျင့်တွေရှိသည်။ မမောမပန်း မနွမ်းနယ် လှမ်းခဲ့ပါပြီ။ တောင်ကြီး တွေ တို့ ( ဒို့) ခြေဖဝါးအောက်မှာရှိသည်၊ သွားပါများ ခရီးရောက်မည်။” ( “အောင်ပြီ ” ကိုအံ့ကြီး ) တောင်ပေါ်တောတွင်းခြေလျင်ခရီးကြမ်း ( Trekking ) သွားရင်းContinue reading “ခြေလျင်ခရီးသည် (၁)”
တွံတေး အတွေး
မန္တလေးက ပြန်လာပြီးတော့ ခရီးထွက်ချင်တဲ့ အရှိန်က မကုန်သေးဘူး။ ဒါနဲ့ ပြီးခဲ့တဲ့ နိုဝင် ဘာလ တစ်ခုသော တနင်္ဂနွေမှာ တွံတေးမြို့ကို ခရီးဆက်ခဲ့တယ်။ ပထမတော့ ကားနဲ့ သွားဖို့ပါ။ ဒါပေမဲ့ Yangon Water Bus က စနေ ၊ တနင်္ဂနွေ ခရီးစဉ် ပြန်ပြေးဆွဲနေပြီိလို့ သိရတဲ့အတွက် စုံစမ်း ခဲ့ တယ်။ ပရိုမိုးရှင်းရှိတယ်၊ လူတစ်ယောက် တစ်သောင်းရှစ်ထောင် ဆိုတဲ့ အတွက် Yangon Water Bus ကို ဖုန်းဆက်ပြီး စာရင်းပေးတယ်။ တနင်္ဂနွေ နေ့ မနက် ရှစ်နာရီခွဲထွက်မယ်ဆိုတော့ လမ်းသစ်ဆိပ်ခံတံတားနေရာကို ရှစ်နာရီ အရောက် သွားတယ်။ လက်မှတ်အရောင်းဌာနက ဆိပ်ခံတံတားထိပ်မှာပဲရှိတယ်။ YWB သင်္ဘောက နှစ်ထပ် ၊Continue reading “တွံတေး အတွေး”
စကျဘီးနဲ့လူ
တကယ်တော့ စာအုပ်လိုချင်တယ်ဆိုရင် ပန်းဆိုးတန်းက စာအုပ်ဆိုင်တွေဆီကို လူကိုယ်တိုင်သွား၊ လိုချင်တဲ့စာအုပ်ရှာနေကြပါ။ တစ်ခါတစ်လေ လိုချင်တဲ့စာအုပ်က တစ်အုပ်၊ စာအုပ်စင်တွေကို မွှေ နှောက်ရင်း ဖတ်ချင်လို့ဆိုပြီး ဝယ်လာဖြစ်တာက လေးငါးဆယ်အုပ်။ စာအုပ်နဲ့ ဥစ္စာက ကက်ကင်းမိတယ်။ စာအုပ်တွေဝယ်လိုက်ရင် အိပ်ကပ်ထဲက ဥစ္စာက ခုန်ပျံထွက်သွားရော။ တစ်နေ့ကတော့ ပန်းဆိုးတန်းသွားဖို့ အခြေအနေမပေး၊ စာအုပ်ကလည်းချက်ခြင်း ဖတ်ချင်ဖြစ်နေ တော့ ဝယ်နေကျ စာအုပ်ဆိုင်ကို ဖုန်း ဆက်ပြီး စာအုပ်ပို့ပေးလို့ရသလား၊ ဒဲလ်လီ ( Delivery) ရှိလားလို့မေးလိုက်တော့ ရှိတယ် ၊ ဒီနေ့ အရောက်ပို့ပေးမယ်လို့ အကြောင်းပြန်တယ်။ မွန်းလွဲနှစ်နာရီခွဲလောက်မှာ ကျွန်တော်မသိတဲ့ ဖုန်းနံပါတ်တစ်ခုက ခေါ်လာတယ်။ ဖုန်းဖြေလိုက် တော့ စာအုပ်လာပို့တဲ့သူ၊ ကျွန်တော်တို့ လမ်းသွယ်လေးကို ရှာမတွေ့လို့ မေးတာ။ သူ့အသံ ကContinue reading “စက်ဘီးနဲ့လူ”
မန္တလာ အိုးေ၀
“ အိုးေ၀ လို့ပဲ ခေါ်ပါဗျာ၊ တုပ်တုပ် လို့မခေါ်ပါနဲ့” မန္တလေးက အိုးေ၀ စီးတော်ယာဉ်မောင်းရဲ့ တောင်းဆိုချက်ပေါ့။ ကျွန်တော် မန္တလေးမှာ တစ် ပတ် နေခဲ့ချိန်အတွင်း မန္တလေးမြို့ခံများက မီနီအိုးဝေ၊ အိုးေ၀ လို့ခေါ်ပြီး ကျွန်တော်တို့အောက် သား တွေက တုပ်တုပ်လို့ခေါ်တဲ့ သုံးဘီးယာဉ်နဲ့ မြို့လုံးပတ်လည် လှည့်ခဲ့တယ်။ မင်းကွန်းအထိ လည်း သွားခဲ့တယ်။ မန္တလေးရောက်တော့ ကျွန်တော်တို့က နှုတ်ကျိုးနေတဲ့အတိုင်း တုပ်တုပ် လို့ပဲ ခေါ်တာ၊ ပြော တာ ပေါ့။ပထမနှစ်ရက်မှာတွေ့တဲ့အိုးဝေဆရာတွေကလည်း ရန်ကုန်က ဧည့်သည် တွေ မှန်းသိနေ တော့ တုပ်တုပ်လို့ခေါ်တာကိုလည်း ထူးထူးခြားခြား သဘောထားပုံမရဘူး။ တတိယမြောက်နေ့မှာ တွေ့ တဲ့ အိုးဝေဆရာလေးကတော့ တုပ်တုပ်လို့ ပြောသံကြားတာနဲ့ အိုးဝေလို့ ခေါ်ပါဆိုပြီး ပြောContinue reading “မန္တလာ အိုးေ၀”