မန္တလေးမြို့က အုတ်ကျောင်းတိုက်ကြီးလို့ ပြောလိုက်ရင် ယောမင်းကြီးကျောင်းတိုက်ကို ပဲ သိတဲ့သူများပါလိမ့်မယ်။ ဒါပေမယ့် မန္တလေးမြို့မှာ ကုန်းဘောင်ခေတ်နဲ့ ကိုလိုနီခေတ်ဦး လက်ရာ အုတ်ကျောင်းတိုက်ကြီးတွေအများကြီးရှိပါသေးတယ်။ တစ်ချို့ကျောင်းတိုက်တွေကတော့ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ အင်္ဂလိပ်ဗုံးဒဏ်ကြောင့်ပျက်စီးခဲ့ပေမယ့် ကျောင်းတိုက်အစိတ်အပိုင်းတစ်ချို့ ကျန်ခဲ့ပြီး ဗိသုကာလက်ရာတွေကို လေ့လာလို့ရသေးတယ်။ အက္ကပတ်မြို့ဝန်ကျောင်းတိုက် က အဲဒီလို ကျောင်းတိုက်တစ်ခုဖြစ်ပါတယ်။ ကျောင်းတိုက်အကြောင်းမပြောခင် အက္ကပတ် ဆိုတဲ့ ဝေါဟာရ အကြောင်း အရင်ပြောမှဖြစ်မယ်။ အလောင်းမင်းတရား အာသံ၊မဏိပူရကို သိမ်းပိုက်ပြီးတဲ့အခါမှာ အဲဒီက မြင်းသည်တော်တွေ ကို ခေါ်ဆောင်လာပြီး ကသည်းမြင်းတပ်နဲ့ အက္ကပတ်မြင်းတပ် ဆိုပြီး ဖွဲ့စည်းခဲ့တယ် လို့ မှတ်သား ခဲ့ရပါတယ်။ ဦးမောင်မောင်တင် ရေးတဲ့ “ ရွှေနန်းသုံး ဝေါဟာရ အဘိဓာန်” မှာ “အက္ကပတ်စားထိုး မြင်းအစု၊ မြင်းခေါင်း မြင်းတပ်ဗိုလ်Continue reading “အက္ကပတ်မြို့ဝန်ကျောင်းတိုက်”
Tag Archives: yehtutarticle
ရွှေကျောင်းတော်
ရွှေကျောင်းတော်ဆိုတာ မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရား အနီး၊ အတုမရှိကျောင်း( မဟာအတုလဝေယန်) ဝင်း အတွင်းမှာ ရှိတဲ့ မြန်မာမှုလက်ရာ သစ်သားကျောင်းကြီး ဖြစ် ပါတယ်။ ရွှေကျောင်းတော်၊ ရွှေကျောင်းကြီး စသည်ဖြင့် ခေါ်နေပေမယ့် ရွှေကျောင်းတော်ရဲ့ တရားဝင် အမည်က ရွှေနန်းတော်ကျောင်းဖြစ်ပါတယ်။ ဒီကျောင်းက ဒုတိယ ရွှေအင် ပင်ကျောင်းလို ဘုန်းကြီးကျောင်းအဖြစ် ရည်မှန်းဆောက်လုပ်ခဲ့တာမဟုတ်ဘူး။ မန္တလေး နန်းတွင်းမှာရှိတဲ့ မင်းတုန်းမင်းရဲ့ နန်းတော်ဆောင်ကို ဖျက်ပြီး ရွှေ့ဆောက်ထားတာ ဖြစ် ပါတယ်။ ဒါ့ကြောင့်လည်း ရွှေနန်းတော်ကျောင်းလို့ ခေါ်တာဖြစ်ပါတယ်။ မန္တလေးနန်းတော်ကြီးမှာ ဘုရင်နေထိုင်အိပ်စက်ဖို့အတွက် မှန်နန်းဆောင်ရှိပေမယ့် မင်းတုန်း မင်း က မှန်နန်းဆောင်မြောက်ဘက်မှာ သီးခြားအဆောင်ဆောက်ပြီး အခါအားလျော်စွာနေထိုင်လေ့ရှိ တယ်၊ အဲဒီရွှေနန်းတော်ဆောင်ရဲ့ အရှေ့ပိုင်းမှာ မှူးမတ်တွေကို လက်ခံတွေ့ဆုံတဲ့နေရာရှိပြီး အနောက် ဘက်မှာတော့ မင်းတုန်းမင်းContinue reading “ရွှေကျောင်းတော်”
ဒုတိယ ရွှေအင်ပင်ကျောင်း
မန္တလေးမြို့မှာ ကင်းဝန်မင်းကြီးကျောင်းတိုက်၊ ယောမင်းကြီး ကျောင်းတိုက်တို့လို ဥရောပ ဗိသုကာ လက်ရာတွေနဲ့ ပေါင်းစပ်တည်ဆောက်ထားတဲ့ ဘုန်းတော်ကြီးကျောင်းတွေရှိသလို မြန်မာမှုလက် ရာ အပြည့်နဲ့ ဘုန်းတော်ကြီးကျောင်းတွေလည်းရှိပြီး အဲဒီကျောင်းတွေထဲမှာ ထင်ရှားတဲ့ ကျောင်း တစ်ကျောင်းက ဒုတိယ ရွှေအင်ပင်ကျောင်းဖြစ်ပါတယ်။ ဒုတိယရွှေအင်ပင်ကျောင်းက မြန်မာဘုန်းတော်ကြီးကျောင်းများရဲ့ တည်ဆောက်ပုံ နည်းစနစ်များ အတိုင်း တည်ဆောက်ထားတဲ့ကျောင်းကြီးဖြစ်ပါတယ်။ လူသိများတဲ့ ရွှေကျောင်းတော်ကြီးဆိုတာ က မင်းတုန်းမင်းရဲ့ ရွှေနန်းဆောင်ကို သီပေါမင်းလက်ထက်မှာ ရွှေ့ပြောင်းဆောက်လုပ်လှူဒါန်း ထားတာဖြစ်တဲ့အတွက် မြန်မာမှုအနုပညာလက်ရာတွေ ကောင်းပေမယ့် မြန်မာဘုန်းတော်ကြီး ကျောင်းတည်ဆောက်ပုံနည်းစနစ်နဲ့ ဖွဲ့စည်းပုံမတူဘူ့းလို့ ဆိုပါတယ်။ “ပြင်သစ်ဗိသုကာနှင့် ဘုန်းကြီးကျောင်း” ( ဆူးငှက်) ဆောင်းပါးမှာ ဖော်ပြချက်များအရ မြန်မာမှု ဗိသုကာစစ်စစ်ဘုန်းကြီးကျောင်းဟာအရှေ့အနောက်ဝင်ရိုးပြုပြီးဆောက်လုပ်တယ်၊အခန်းဖွဲ့စည်း တဲ့အခါ အရှေ့ဘက်ဆုံးမှာ ပြာသာဒ်ဆောင်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်များ သီတင်းသုံးတယ်၊ ပြသာဒ် ဆောင်ပြီးရင် ကျောင်းထိုင်ဘုန်းတော်ကြီးContinue reading “ဒုတိယ ရွှေအင်ပင်ကျောင်း”
တောင်လေးလုံး ကွန်သာယာ
တောင်သမန်အင်း လို့ပြောလိုက်ရင် မယ်ဇယ်ပင်တန်းနဲ့ ဦးပိန်တံတားကို မြင်မိ၊ သတိရမိ တဲ့ သူများမှာပါ။ ဒါပေမယ့် စာပေနဲ့ သုတေသန နယ်ပယ်မှာတော့ တောင်သမန် လို့ပြောလိုက်ရင် တောင်လေးလုံးကျောင်းတိုက် ဆရာတော် ဦးပညာဇောတ ( ကိုပညာ(အမရပူရ)) ကို မြင်မိ၊ သတိရမိတဲ့သူတွေအတော်များများရှိမှာသေချာပါတယ်။ ဆရာတော်ဦးပညာဇောတ က ကိုပညာ(အမရပူရ) ကလောင်အမည်နဲ့ ဘာသာရေး၊ ယဉ်ကျေးမှု နဲ့ သမိုင်းဆိုင်ရာဆောင်းပါးတွေပြုစုရေးသားခဲ့တယ်။ ၁၉ ၉ ၆ ခုနှစ်မှာ “ တောင်သမန်ဝန်းကျင် သမိုင်း ဝင် နေရာများ” စာအုပ်နဲ့ သုတပဒေသာ ( ဝိဇ္ဇာ) အမျိုးသားစာပေဆုရခဲ့တယ်။ ဆရာတော် က ဦးမောင်မောင်တင်( မဟာဝိဇ္ဇာ) ၊ ဒေါက်တာသန်းထွန်း၊ လူထု ဦးလှ၊ အိုးဝေညိုမြ စတဲ့ ပညာရှင်များနဲ့Continue reading “တောင်လေးလုံး ကွန်သာယာ”
မင်းကွန်း ပုထိုးတော်ကြီး
မင်းကွန်းပုထိုးတော်ကြီးလို့ ပြောလိုက်ရင် ဘိုးတော်ဘုရား ( ခ) ဗဒုံမင်းရဲ့ ကောင်းမှှု ခြင်္သေ့ကြီး၊ ခေါင်းလောင်းကြီး တို့နဲ့ တွဲမြင်ကြမှာပါ။ တကယ်တော့ အဲဒီသုံးခုအပြင် ရေကန်ကြီး ရှိသေး တယ်။ ကျွန်တော်မင်းကွန်းကို ပထမဆုံးရောက်ခဲ့တာ ၁၉ ၇၈ ၊ နောက်ဆုံးရောက်တာ ၁၉ ၉ ၃ ခုနှစ်ဆိုတော့ ပြန်မရောက်တာ နှစ်သုံးဆယ်နီးပါးကြာခဲ့ပြီ။ ဒါ့ကြောင့် ဒီတစ်ခေါက် မန္တလေး ရောက်ခိုက် မင်းကွန်းသွားဖို့ဆုံးဖြတ်ခဲ့တယ်။ မန္တလေးကနေ မင်းကွန်းကို စက်လှေနဲ့ သွားလို့လည်း ရတယ်။ ကားလမ်းက သွားရင်လည်း ရတယ်။ စက်လှေနဲ့ သွားရင် ဟိုတယ်ကနေ စက်လှေဆိပ် အတွက် တုတ်တုတ်ငှား၊ မင်းကွန်းရောက်ရင် သွားလိုရာ သွားနိုင်ဖို့ အတွက် တုတ်တုတ်ထပ်ငှားဆိုတော့ စာရင်းရှုပ်တယ်။ ဒါ့ကြောင့် ကားလမ်းကနေContinue reading “မင်းကွန်း ပုထိုးတော်ကြီး”
ကင်းဝန်မင်းကြီးကျောင်းတိုက်
ကင်းဝန်မင်းကြီးဆိုတာက ကုန်းဘောင်ခေတ်မြန်မာ့သမိုင်းနဲ့ ရင်းနှီးကျွမ်းဝင်သူတိုင်း သိတဲ့ ပုဂ္ဂိုလ် ကြီးပါ။ သူ့ကို လေးစားသူတွေက ခေတ်ရှေ့ပြေးနိုင်ငံရေးသမားလို့ ယူဆကြပေမယ့် သူ့ကို မနှစ် သက်တဲ့သူတွေကတော့ ကင်းဝန်မင်းကြီးကြောင့် သီပေါမင်း ပါတော်မူပြီး သူ့ကျွန်ဘဝရောက် ရတာလို့ စွပ်စွဲကြတယ်။ ကင်းဝန်မင်းကြီးကို ၁၁၈၃ ခုနှစ်တပို့တွဲလဆန်း ၁၂ ရက် (၁၈၂၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်) စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် မင်းတိုင်ပင်ရွာမှာမွေးတယ်။ စာပေကျမ်းဂန်ဗဟုသုတကြွယ်ဝလို့ အသက် ၂၈ နှစ်အရွယ်မှာ မင်းတုန်း မင်းသား ကအိမ်တော်မှာ ခေါ်ယူ ထားခဲ့တယ်။ မင်းတုန်းမင်း နန်းတက်တော့ လွှတ်တော် စာရေးတော်ကြီး အဖြစ်တာဝန်ပေးတယ်။နောက်ပိုင်း အရေးကြီးတဲ့ ရာထူးတွေအဆင့်ဆင့်ထမ်းဆောင်ခဲ့ရပြီး တဲ့နောက် ၁၂၂၈ ခုနှစ်မှာ မင်းကြီး မဟာ စည်သူ ဘွဲ့နဲ့Continue reading “ကင်းဝန်မင်းကြီးကျောင်းတိုက်”
ယောမင်းကြီးကျောင်းတိုက်
ကျွန်တော်ရဲ့ မန္တလေးခရီးစဉ်က မန္တလေးမှာရှိတဲ့ ရှေးဗိသုကာလက်ရာ ဘုန်းတော်ကြီးကျောင်းတွေ နဲ့ အခြားသင့်တော်တဲ့နေရာတွေကို ဓာတ်ပုံရိုက်ဖို့ ရည်ရွယ်တဲ့ခရီးစဉ်ဖြစ်ပြီး မန္တလေးရောက်တာ နဲ့ ဦးစားပေး သွားဖို့ရည်ရွယ်ခဲ့တာက ယောမင်းကြီးကျောင်းတိုက် ဖြစ်ပါတယ်။ တကယ်တော့ ယောမင်းကြီးကျောင်းတိုက်ထက် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ကျောင်း ဒါယကာ ယောမင်းကြီး ဦးဘိုးလှိုင်အကြောင်းဖြစ်ပါတယ်။ ယောမင်းကြီး ဦးဘိုးလှိုင်ကို ယော အတွင်းဝန်၊ ရွှေပြည်ဝန်၊ ဝက်မစွတ်မြို့စား ၊ မကွေးမြို့စားဝန်ရှင်တော်မင်း ကြီး စသည်ဖြင့် လည်း ခေါ်ကြပါတယ်။ ယောမင်းကြီး ဦးဘိုးလှိုင် အသက် ၂၈ နှစ်အရွယ်မှာ မင်းတုန်းမင်းတရားကြီးက မင်းလှ စည်သူဘွဲ့ပေးပြီး ယောမြို့ကို စားစေတယ်၊ ဦးဘိုးလှိုင်ရဲ့ အရည်အချင်းကို နှစ်သက်လို့ သားတော်တို့နဲ့မခြား ချီးမြှောက်ခဲ့တယ်လို့ ဆိုတယ်။ ယောမင်းကြီးဦးဘိုးလှိုင်ဟာ ဉာဏ် ပညာ ထက်မြက်၊ ဗဟုသုတကြွယ်ဝ၊Continue reading “ယောမင်းကြီးကျောင်းတိုက်”
မမ နဲ့ ခရီးသွားခြင်း (၃)
ရထားက တပ်ကုန်းဘူတာ ကျော်တာနဲ့ လမ်းဘေးဝဲယာရှုခင်းတွေပြောင်းသွားတယ်။ လယ်ကွင်း တွေအစား ပဲခင်းတွေ၊ ငရုတ်စိုက်ခင်းတွေဖြစ်လာတယ်။ တမာပင်တွေ တွေ့လာရတယ်။ ပျော်ဘွယ်နားနီးတော့ စပျစ်စိုက်ခင်းတွေတွေ့တယ်။ ပျော်ဘွယ်ကျော်လာတော့ ထနောင်းပင် တွေ၊ ကန္တရာပင်တွေ နဲ့ အညာရှုခင်းနဲ့ ဆင်တူလာတယ်။ ဒီရှုခင်းတွေကို မြင်တော့ အမျိုးတွေ ကို သတိရပြန်ရော။ အမေဘက်က အဘွား နဲ့ အမေက ရေစကြိုသူတွေ၊ အဘိုးက တောင်တွင်းကြီးသား။ ဒီတော့ ကျွန်တော်က အညာမွေး၊ အညာကြီးမဟုတ်ပေမယ့် အဘိုး၊ အဘွားသွေးနဲ့ ကိုယ့်ကိုကိုယ် အညာ သားလို့ ပဲ ခံယူထားတာ။ အညာက မိုးနည်းရပ်ဝန်းဒေသ၊ ဘဝရှင်သန်ရေးအတွက် ရုန်းကန်ရ၊ ဒီအခက်အခဲမျိုးစုံကို ကျော်ဖြတ်ဖို့ အချင်းချင်းပဲ အပြန်အလှန်မှီခိုအားထားရ ဆိုတော့ အညာသူ အညာသားက ဒေသ ချစ်စိတ်၊Continue reading “မမ နဲ့ ခရီးသွားခြင်း (၃)”
မမ နှင့် ခရီးသွားခြင်း (၂)
ကျွန်တော်တို့ စီးတဲ့ အမှတ် ၃ အဆန်က အထက်တန်းရော၊ ရိုးရိုးတန်းပါ တွဲဟောင်းတွေဖြစ်ပါ တယ်။ ညနေ သုံးနာရီ လေးဆယ့်ငါး ထွက်တဲ့ အမှတ် ၅ အဆန်က လေအိတ်တွဲ လို့ခေါ်တဲ့ တွဲ သစ်တွေဖြစ်ပြီး ၂၀၁၆ ခုနှစ် အတွင်း မှာ တရုတ်နိုင်ငံကနေ ဝယ်ယူခဲ့တဲ့တွဲတွေလို့ သိရတယ်။ အဲဒီရထားကတော့ ထိုင်ခုံတွေကောင်း၊ မီး တွေ အကုန်လင်း၊ အိမ်သာက အစ သန့်ရှင်း တောက်ပြောင်တယ်လို့ ဆိုတယ်။ ကျွန်တော်က အဲဒီရထားကို မစီးဘဲ အမှတ် ၃ အဆန်ကို စီးရတဲ့ အကြောင်းနှစ်ချက်ရှိတယ်။ ပထမတစ်ချက်က လေအိတ် ရထားမှာ အိပ်ခန်းတွဲမပါဘူး။ ညရထားဆိုရင် အိပ်ခန်းတွဲမှာ စီးရတာက ပိုလွတ်လပ်တယ်။ နောက်တစ်ချက်က လေContinue reading “မမ နှင့် ခရီးသွားခြင်း (၂)”
မမ နဲ့ တွေ့ဖို့
“ မမ ” လို့ခေါ်တဲ့ မြန်မာ့မီးရထားနဲ့ ခရီးသွားမယ်ဆိုရင် ပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ လက်မှတ်ဝယ်ဖို့အတွက် စုံစမ်းရတဲ့ကိစ္စပဲ။ ဌာနမှာ တာဝန်ထမ်းဆောင်ချိန်မှာ ရုံးက ဝယ်ပေး တာဆိုတော့သွားမယ့်နေ့၊သွားချင်တဲ့ရထားပြောရုံပဲပေါ့။ အခုကတော့ “ မမ ” နဲ့တွေ့ဖို့ ကိုယ်တိုင် ကြိုးစား ရပြီလေ။ ဒီလိုနဲ့ e-Government ခေတ်ပဲဆိုပြီး အင်တာနက်က ရှာဖွေဖို့ လုပ်တယ်။ မြန်မာ့မီးရထား ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကိုဝင်ကြည့်တဲ့အခါ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ သတင်းများ၊ လုပ်ငန်းစဉ်များ၊ ဥပဒေစည်းမျဉ်းများနဲ့ဆက်သွယ်ရန် ဆိုတဲ့ ကဏ္ဍတွေတွေ့တယ်။ လုပ်ငန်းစဉ်များကဏ္ဍအောက် မှာ လက်မှတ်ခနှုန်းထား၊ တန်ဆာခနှုန်းထား၊ ဥပဒေများတွေ့တယ်။ ကြိုတင်လက်မှတ်ရောင်းတဲ့ စည်းကမ်းသတ်မှတ်ချက် ရှာ မတွေ့ဘူး။ ( မရှာတတ်တာလည်း ဖြစ်နိုင်ပါတယ်။ ) ကိုယ့်အတွေ့အကြုံအရ အစိုးရ ဝက်ဘ်ဆိုက်အတော်များများရဲ့ အားနည်းချက်ကိုContinue reading “မမ နဲ့ တွေ့ဖို့”