ကွဲပြားခြင်း၏ တန်ဖိုး

ကွဲပြားခြင်း၏ တန်ဖိုး ပြီးခဲ့တဲ့ ဇန်နဝါရီလ ကလောခရီးစဉ်မှာ မြင်းဒိုက် ဘူတာကနေ ခွေးရုပ်ဘူတာအထိ ရထားသံလမ်းအတိုင်း လမ်းလေ ျှာက်ခဲ့ တဲ့ အကြောင်းကို “ အတိတ်ခရီးသည်” ဆိုပြီး ရေးတော့ “ ရထားလမ်းအတိုင်း လေ ျှာက်နေရင်း မျဉ်းပြိုင်ဖြစ်နေတဲ့ သံလမ်း နှစ်ခုက ရထားကြီး ခရီးရောက်အောင်ပို့ ဆောင် ပေးနိုင်တဲ့အကြောင်းပြန်တွေးမိတယ်။ ၂၀၁၂ မေ ျှာ်လင့် ချက်တွေ ရောင်နီသန်းချိန်မှာ ရထား သံလမ်းနှစ်ခုကို ဥပမာပေးပြီး “ ကွဲပြားခြင်း၏ တန်ဖိုး” ဆိုတဲ့ အက်ဆေး တစ်ပုဒ်ရေးခဲ့ဖူးတယ်။” လို့ ထည့်ပြောခဲ့တယ်။ “ ကွဲပြားခြင်း၏ တန်ဖိုး” ကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်မှာရေးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်Continue reading “ကွဲပြားခြင်း၏ တန်ဖိုး”

အလှပျက်တဲ့မြို့

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ အရှေ့တောင်အာရှ နိုင်ငံရေး၊ သမိုင်း နဲ့ ယဉ်ကျေးမှုတွေအကြောင်း ဆွေးနွေးတဲ့ခရီးစဉ်တစ်ခုမှာလိုက်ပါရင်း သီရိလင်္ကာ နိုင်ငံ က Nuwara Eliya ဆိုတဲ့တောင်ပေါ် အပန်းဖြေမြို့လေးကို ရောက်ခဲ့ပြီး အဲဒီ မြို့ လေး ရင်ဆိုင်နေရတဲ့ အခြေအနေကို “အလှပျက်တဲ့မြို့” လို့ ဆောင်းပါးရေးခဲ့တယ်။ အဲဒီ ဆောင်းပါးအဆုံးသတ်မှာ ဒီမြို့လေးမှာ ဖြစ်ပျက်နေတာတွေမြင်တော့ ကလော၊ ပြင်ဦးလွင် နဲ့ မိုးကုတ် ကို သတိရတယ်လို့ရေးခဲ့တယ်။ ကလောမြို့က သစ်တောကြိုးဝိုင်းထဲ ကျူးကျော် နေသူတွေအကြောင်းကို “ ကျူး ကလော၊ ကလောကျူး” ဆိုပြီး ရေးတော့ သီရိလင်္ကာက အလှပျက်နေတဲ့ မြို့လေးကို သတိရမိတယ်။ဒါ့ကြောင့် အဲဒီဆောင်းပါး မဖတ်လိုက်ရသူများ ဖတ်နိုင်အောင် ပြန်မ ျှဝေလိုက်ပါတယ်။Continue reading “အလှပျက်တဲ့မြို့”

အပြိုင်အဆိုင် အနိုင် ဘောလုံးပွဲ

ဘဝမှာ ဘောလုံးပွဲတွေအများကြီး ကြုံခဲ့ဖူးပေမယ့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော် ကလေးဘဝက ကြုံခဲ့တဲ့ ဘောလုံးပွဲလောက် ဘယ်ပွဲမှ မှတ်မှတ်ရရမဖြစ်ခဲ့ဘူး။ တစ်သက်လုံး တသသ မရှိခဲ့ဘူး။ သင်ခန်းစာယူလို့ မဆုံး မဖြစ်ခဲ့ဘူး။ အဲဒီ ဘောလုံးပွဲဟာ ကျွန်တော့်လက်ထဲကို ထူးခြားတဲ့ဘောလုံး တစ်လုံးရောက်လာတာက အစပြု ခဲ့တာပါ။ ထူးခြားတဲ့ဘောလုံး အကြောင်းမပြောခင် ဘောလုံးရလာတဲ့ အချိန်ကာလကို အရင် ပြောမှ ပြည့်စုံမယ်။ အဲဒီအချိန်က ၁၉ ၆၈- ၆၉ ၊ ကျွန်တော်က လေးတန်းကျောင်းသား။ အဖေက နာဂ တောင်တန်းက မြို့လေးမှာ တာဝန်ကျတယ်။ ကျွန်တော်တို့ မူလတန်းကျောင်းလေးမှာ ကျောင်းသားတွေရဲ့ တစ်ခုတည်းသော ကစားနည်းက ဘောလုံးကန်တာပဲ။ ဘောလုံးဆိုတာလည်း ကောင်းကောင်း ကန်းကန်းမဟုတ်ဘူး။ မြို့ထဲ တရုတ် စတိုးဆိုင်က ရောင်းတဲ့Continue reading “အပြိုင်အဆိုင် အနိုင် ဘောလုံးပွဲ”

ရှေးဟောင်း ထမင်းကြော်

ဒီဆိုင်လေးက လူသွားလူလာများတဲ့ လမ်းမကြီးဘေးမှာ မရှိဘူး။ မိုင်းအင်ရွာ ငါးရက် တစ်ဈေး ဈေးတန်း လေးရဲ့နောက်ဘက်ချောင်ထဲမှာ ရောက်နေတယ်။ ဆိုင်နာမည် ဆိုင်းဘုတ် မရှိ သလို ဈေးထိပ်မှာ ဆိုင်ကို ညွှန်းတဲ့ လမ်းညွှန် အမှတ်အသားလည်း မရှိဘူး။ ဆိုင်က သွပ်မိုး ၊ ထရံကာ မြေစိုက်တဲလေး။ သွပ်မိုးတွေက သံချေးရောင်ပေါက်နေပြီ။ ဆိုင်ခေါင်းရင်းဘက်က မိုးပက်လို့ ထင် တယ်၊ ပလတ်စတစ်စတွေနဲ့ ကာထားတယ်။ ဆိုင်ရှေ့မှာ ချထားတဲ့ တိုင်ကီ အဟောင်း လေးလုံး ကြောင့် အဝေးက ကြည့်ရင် စားသောက်ဆိုင် ထက် စက်သုံးဆီ ဆိုင်လို့ ထင်စရာဖြစ်နေတယ်။ ဒါပေမယ့် ပင်းတယ၊ မိုင်း အင် ပတ်ဝန်းကျင်မှာ တော့ ဒီဆိုင်လေးကို မသိသူ မရှိသContinue reading “ရှေးဟောင်း ထမင်းကြော်”

နှင်းဆီ

ရန်ကုန် ပတ်ဝန်းကျင်မှာ နှင်းဆီ စိုက်ခင်းတွေ မြင်ဖူး၊ တွေ့ဖူးပေမယ့် တောင်ပေါ်ဒေသမှာ ဧက ရာချီတဲ့ နှင်းဆီပန်းခင်းတွေ မြင်ရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ပင်းတယ မြို့ခံမိတ်ဆွေက ကျွန်တော့်ကို နှင်းဆီပန်းခင်းတွေပြမယ်၊ ပြီးရင် ထူးခြားတဲ့ ရှေးဟောင်း ထမင်းကြော်ကျွေးမယ်ဆိုပြီး ပင်းတယ – ရပ်စောက်လမ်းအတိုင်းခေါ်သွားတယ်။ ပင်းတယ ကနေ ဆယ်မိုင်လောက်မောင်းလာတဲ့အခါ မိုင်းအင်ရွာကို ရောက်တယ်။ မိုင်းအင် ရွာက ထွက်တာနဲ့ လမ်းဘေး ဝဲယာမှာ နှင်းဆီစိုက်ခင်းတွေ စတွေ့ရတယ်။ ပင်းတယ နယ် မိုင်းအင် နဲ့ ရပ်စောက် နယ်ကောင်းဘို ကြား လမ်းဝဲယာ နဲ့ အတွင်းပိုင်းမှာ နှင်းဆီစိုက်ဧက ခြောက်ရာကျော် လောက် ရှိတယ်လို့ပြောတယ်။ မိတ်ဆွေဖြစ်သူက လမ်းဝဲယာ ထက် အတွင်းပိုင်းက စိုက်ခင်းတွေက ပိုကျယ်၊Continue reading “နှင်းဆီ”

ကျူး ကလော ၊ ကလော ကျူး

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလ အတွင်းက ကလောပတ်ဝန်းကျင် မှာ တောတွင်း ခရီးကြမ်းလမ်း လေ ျှာက်ခဲ့တော့ ကလော သစ်တော ကြိုးဝိုင်းထဲက မြေဘုတ်ဘီလူးတွေအကြောင်း ကြားခဲ့ ရတယ်။ ဒါပေမယ့် ထူးဆန်းတာက အဲဒီ မြေဘုတ်ဘီလူးတွေအကြောင်း တိတိ ကျကျ ပြောစမ်းပါဆိုရင် ပြောမယ့်သူမရှိဘူး။ မြေဘုတ်ဘီလူးဖမ်းစားမှာကို ကြောက်နေကြတယ်။ ဒ့ါကြောင့် ဒီတစ်ခေါက်တော့ ကိုယ်တိုင်ပဲ မြို့ပတ်ဝန်းကျင်လှည့်လည်ပြီး မြေဘုတ် ဘီလူး ရှာပုံ တော်ဖွင့်ခဲ့တယ်။ ကလောမြို့ပတ်ဝန်းကျင်က ထင်းရှူးတောတွေဟာ ကလောမြို့ရဲ့ ကျက်သရေပဲ။ ကလောမြို့ထဲမှာ နဲ့ မြို့ပတ်ဝန်းကျင်မှာလည်း ကလောမြို့ကို ထင်းရှူးမြို့တော်အဖြစ် တည် ဆောက်ဖို့၊ ထင်းရှူးပင်တွေကို ဝိုင်းဝန်းထိန်းသိမ်းဖို့ မေတ္တာရပ်ခံတဲ့ ဆိုင်းဘုတ်တွေ၊ ထင်းရှူးပင် တွေဟာ သစ်တောဥပဒေအရ အကာအကွယ်ပေးထားတဲ့ သစ်ပင်ဖြစ်တဲ့အတွက် ခုတ်လှဲရင်Continue reading “ကျူး ကလော ၊ ကလော ကျူး”

ဆင်တောင်

ကျွန်တော့်ခရီးစဉ်မှာ ခွေးရုပ်ဘူတာကနေ အပြန်အခရီးမှာ ဆင်တောင်ကို ခြေလျင်ပြန်သွားခဲ့ ရတယ်။ ဆင်တောင်ရောက်တဲ့အခါမှာတော့ ကားငှားပြီး မြင်းဒိုက်ဘူတာကို ပြန်ခဲ့တယ်။ ဆင်တောင်ရွာက အိမ်ခြေ လေးရာတစ်ဆယ်ရှိတယ်။ ပအိုဝ်း၊ တောင်ရိုး ၊ဓနု တိုင်းရင်းသားတွေနဲ့ ဂေါ်ရခါး လူမျိုးတွေများတယ်။ ဗမာတိုင်းရင်းသားအိမ်ထောင်စုက နှစ်ဆယ်ကျော်ပဲရှိတယ်။ ဆင်တောင်ရွာရဲ့ အဓိက လုပ်ငန်းက နနွင်း ( ဆနွင်း) စိုက်ပျိုးရေးပါ။ နနွင်းစိုက်တဲ့နေရာ အများစုက ဆင်တောင်ရွာ ပတ်ဝန်းကျင်မှာမဟုတ်ဘူး။ ဆိုင်ကယ်နဲ့ သွားရင် နာရီဝက် ကျော်ကျော်၊ ခြေလျင်သွားရင် နှစ်နာရီကျော်သွားရတဲ့ ပေါင်းလောင်းချောင်းဦး ပတ်ဝန်းကျင် မှာ စိုက်ပျိုးကြတာဖြစ်ပါတယ်။ ပေါင်းလောင်းချောင်းဦး ဆိုတာ ပေါင်းလောင်းချောင်းအစ ကို ခေါ်တာပါ။ အဲဒီနေရာက တောင်ခြေ ဂူထဲကနေ ရေထွက်နေတာဖြစ်ပြီး တောင်ထိပ်မှာ စေတီတစ်ဆူရှိတယ်။ ချောင်းဦးနေရာနဲ့ ပေါင်းContinue reading “ဆင်တောင်”

မြင်းဒိုက်ဘူတာ

မြင်းဒိုက်ဘူတာ က ရွှေညောင်ဘူတာဘက်ကလာရင် ကလော အလွန်တစ်ဘူတာပေါ့။ ကလော ကနေ နန်းသဲကျေးရွာကို ဖြတ်ပြီး မြင်းဒိုက်ဘူတာ အထိ ကတ္တရာလမ်းအတိုင်း ကားနဲ့ သွားလို့ရ တယ်။ ကျွန်တော့်ခရီးစဉ်မှာ ရောက်ခဲ့တဲ့ မြင်းဒိုက်၊ ဆင်တောင်၊ ခွေးရုပ် ဘူတာသုံးခု ထဲမှာ မြင်းဒိုက်ဘူ တာက အဆောက်အဦ အများဆုံးပဲ။ ဘူတာရုံအပြင် ကိုလိုနီခေတ်လက်ရာ မီးခိုးခေါင်းတိုင် နဲ့ တည်ဆောက်ထားတဲ့ နေအိမ်တစ်လုံး၊ လေးခန်းတွဲလိုင်းခန်းတစ်လုံးရှိတယ်။ဒ့ါအပြင် အမိုး အုတ်ကြွပ်ပြားတွေမှာ ၁၉ ၅၃ လို့ရေးထား တဲ့ ဒီဘက်ခေတ် တန်းလျား နှစ်ခု ရှိတယ်။ မီးခိုးခေါင်းတိုင်နဲ့ အိမ်က ဘူတာရုံပိုင်အိမ်။ လေးခန်းတွဲက အရင်က စက်ခေါင်းမောင်းတွေ၊ တွဲ စစ်တွေနားတဲ့ရိပ်သာ၊ အခုတော့ အလုပ်သမားတန်းလျားဖြစ်နေပြီ။ အဖေကလည်း ဒီဘူတာမှာContinue reading “မြင်းဒိုက်ဘူတာ”

အတိတ် ခရီးသည်

“ ရထားလမ်းအတိုင်း ခြေလျင်ခရီးနှင် ချင်တယ်ဗျာ” ။ ကျွန်တော့်စကားကို ကြားတော့ ဒေသခံ ဧည့်လမ်းညွှန်က နားမလည်နိုင်တဲ့ အကြည့်နဲ့ ပြန်ကြည့်တယ်။ သူက သာစည်ကနေ ကလော ကိုရထားနဲ့လာတဲ့။ ဒါမှမဟုတ် ညောင်ရွှေကနေ ဆင်တောင်ကို ရထားနဲ့သွား၊ ဆင်တောင် မှညအိပ် ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကို ခရီးလှည့်တဲ့နိုင်ငံခြားခရီးသွားတွေကိုပဲ ကြုံဖူးတာကိုး။ ကျွန်တော်ကတော့ မြင်းဒိုက် ဘူတာ ကနေ ခွေးရုပ်ဘူတာအထိ ရထားလမ်းအတိုင်း လမ်းလေ ျှာက် ဖို့ ဆုံးဖြတ်ထားတာ။ ကျွန်တော်ငယ်ငယ်က အဖေ အောင်ပန်းမှာ တာဝန်ကျတော့ သာစည်- ရွှေညောင် ရထားကို အကြိမ်ကြိမ်စီးခဲ့ဖူးတယ်။ တောင်တက်လမ်းကို အသံကုန် အော်ပြီးတက်နေတဲ့ စက်ခေါင်းကြီးကို သနားဖူးတယ်။ လွန်းထိုးတွေမှာ ရထားကြီးကို ရှေ့နောက် အတက်အဆင်းတွေလုပ်နိုင်ဖို့ သံလမ်းတွေအပြောင်းအလဲလုပ်တာကို အံ့သြမဆုံး၊Continue reading “အတိတ် ခရီးသည်”

အရှေ့မြင် အနောက်မြင်တောင် (၂)

တောင်တက်လမ်းက လီဆူစခန်းကျော်တာနဲ့ တောင်စောင်းအတိုင်းတက်သွားတယ်။ ဒီနေရာမှာ လမ်းက ခြေတစ်ဖဝါးစာကျော်ကျော်လေးပဲရှိတယ်။ တစ်ဖက်မှာ တောင်နံရံ၊ တစ်ဖက်မှာ ချောက် ဆိုတော့ အတွေ့အကြုံမရှိတဲ့ ခရီးသွားတွေ ၊ အထူးသဖြင့် အမျိုးသမီးတွေ အခက်အခဲဖြစ် တဲ့ နေရာလို့ လမ်းပြတွေက ပြောပြတယ်။ တောင်စောင်းအတိုင်းတက်တဲ့လမ်းဆုံးတော့ အရှေ့မြင် အနောက်မြင်တောင်ထိပ်ကို သွားတဲ့ တောင်ကြောပေါ်ရောက်သွားတယ်။ တောင်ကြောပေါ်တက်ပြီး နည်းနည်းလေ ျှာက်လိုက် တာနဲ့ ရပ်စောက်၊ ပင်းတယ နဲ့ ရွာငံ မြို့နယ်သုံးခု ဆုံတဲ့ အမှတ်အသား ကျောက်ပုံတစ်ပုံကို တွေ့ရ တယ်။ ကျောက်ပုံကို မျက်နှာမူပြီး ကြည့်လိုက်ရင် ညာဘက်က ရပ်စောက်မြို့နယ်၊ ဘယ် ဘက်က ပင်းတယ မြို့နယ် ၊ ရှေ့တူရူက ရွာငံမြို့နယ်လို့ ဆိုတယ်။ ကျွန်တော်တို့ တက်တဲ့နေ့ကContinue reading “အရှေ့မြင် အနောက်မြင်တောင် (၂)”