လက်ဖက်ခင်းတွေကြားက ပျူပုတီးစေ့များ

ကလော ပတ်ဝန်းကျင် နေ့ချင်းပြန် ခြေလျင်တောလမ်းခရီးအကြောင်းရေးတော့ View Point ဆိုတဲ့ ရှုခင်းသာလေးအကြောင်းရေးခဲ့တယ်။ အဲဒီ View Point ကနေ အနောက်ဘက်ကို လှမ်းကြည့်ရင် တောင်ကြောထိပ်မှာ စေတီတစ်ဆူကို ဖူးမေ ျှာ်ရတယ်။ အဲဒီ စေတီက ရွှေမင်းပုန်းစေတီတဲ့။ အဲဒီစေတီပတ်ဝန်းကျင် ရွာတွေက ပလောင် ရွာတွေ၊ ပလောင် တွေမနေခင်က ကရင်တိုင်းရင်းသားရွာတွေရှိတယ်။ နောက်တော့ ပျဉ်းမနား၊ တောင်ငူ၊ ညောင် လေးပင် ဘက်ကို ရွှေ့သွားတယ်လို့ ဆိုတယ်။ ကရင်အမျိုးသားသမိုင်း ( ၂၀၂၀ ဇွန် ) မှာတော့ ပျဉ်းမနား အရှေ့ ဘက် တောင်ပေါ်ဒေသတွေမှာ နေထိုင်တာဟာ ကရင်ဖြူ ( မဲပုကရင်) တွေ ဖြစ်တယ်၊ ၁၆ ရာစုထဲ ကContinue reading “လက်ဖက်ခင်းတွေကြားက ပျူပုတီးစေ့များ”

လွှမ်းခြုံ မေတ္တာ ည

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က ရွေးကောက်ပွဲ အလွန်ကာလ တင်းမာမှု တွေကြားမှာ ချစ်ခြင်းမေတ္တာတွေ၊ ငြိ်မ်းချမ်းရေးတွေကို မေ ျှာ်လင့်ပြီး ရေးခဲ့တဲ့ အက်ဆေး လေးတစ်ပုဒ်။ xxxx ဖရစ်ဇ်က “ အမေ့ကြောင့် စစ်သားလေး ခုနှစ်ယောက်ဟာ ရန်သူတွေအဖြစ် တွေဆုံခဲ့ပြီး မိတ်ဆွေတွေအဖြစ် လမ်းခွဲနိုင်ခဲ့ကြတယ်။ အမေ က “ လူသားအားလုံး အပေါ် ချစ်ခင်ရမယ်” ဆိုတာ ကျွန်တော့်ကို စံနမူနာပြခဲ့တာပါ ဟု ပြောပြ ခဲ့သည်။ အာဒင်းနိစ်သစ်တောထဲက ခရစ်စမတ်ညလေးမှ ပါဝင်ခဲ့သူတွေအားလုံး ကမ္ဘာကို စွန့်ခွာသွားခဲ့ကြ သော်လည်း သူတို့ ထားခဲ့သည့် မေတ္တာလွှမ်းခြုံခရစ်စမတ်ညလေးကတော့ ထာဝရ ရှင်သန်နေမှာ သေချာပါသည်။ ( ကောက်နှုတ်ချက်) =============================================== လွှမ်းခြုံမေတ္တာည ၁၉Continue reading “လွှမ်းခြုံ မေတ္တာ ည”

မပျော်နိုင်သူ

“ မပျော်နိုင်သူ” ဆိုတဲ့ အက်ဆေးလေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့စင်္ကာပူ ရောက်နေချိန် မှာ ကချင် ပြည်နယ်နဲ့ပတ်သက်တဲ့ သတင်းတစ်ခုအပေါ် ခံစားပြီးရေးခဲ့တာပါ။ အခုတော့ ပျော်လို့မဟုတ်၊ ခံစားနေရတာတွေကို တစ်ခဏ မေ့ပစ်နိုင်ဖို့ ခရီးတွေသွားရင်း ဒီအက်ဆေး လေးကို အကြိမ်ကြိမ်ပြန်ဖတ်နေမိတယ်။xxxxx ပြတင်းပေါက်ကလှမ်းကြည့်လိုက်ရင် မီးရောင်စုံတွေနဲ့လှချင်တိုင်းလှနေသော မြို့ ကြီးကို မြင်ရသည်။ ဒါပေမယ့် “Do They Know It’s Christmas?” တေးသွားမှာတော့ မင်းပြတင်းပေါက်ရဲ့ အပြင်မှာ ၊ မရဏတရားနဲ့ကြောက်ရွံ့ခြင်းတို့စိုးမိုးရာမျက်ရည်မြစ်တို့ စီးဆင်းရာ ကမ္ဘာ၊ဓမ္မတေးခေါင်းလောင်းသံတွေအစား မရဏတေးသံတွေသာကြားနိုင်တဲ့နေရာ တစ်ခုရှိနေခဲ့တာxxxx လို့ ဖွဲ့ဆိုထားသည်။ ( ကောက်နှုတ်ချက်) မပျော်နိုင်သူ ခရစ်စမတ်ပွဲတော်ချိန်ခါ၊ ကြောက်ရွံ့ခြင်းတို့ ကင်းဝေးရာအလင်းကိုဆောင်လို့ အမှောင်ကို ဖယ်ရှားနေချိန် xxxContinue reading “မပျော်နိုင်သူ”

ထင်းရှုးမြိုင် ခရီးသွားတောလား

ပင်းဒယ တောင်ပေါ်၊ တောတွင်းလမ်းလေ ျှာက်ခရီးစဉ်တွေ အပြီးမှာ ကလောကို ဆက်ထွက် တယ်။ မူလအစီအစဉ်ကတော့ ပင်းဒယခရီးစဉ်ပြီးရင် ရန်ကုန်ပြန်ဖို့ပါပဲ။ ဒါပေမယ့် တောတွင်း လမ်းလေ ျှာက်ခရီးသွားရတာ အားမရသေးလို့ ကလောပတ်ဝန်းကျင်မှာ ခရီးဆက်ဖို့ ဆုံးဖြတ် ခဲ့တယ်။ ကလောပတ်ဝန်းကျင် မှာ တောတွင်းလမ်းလေ ျှာက်ခရီးစဉ် မျိုးစုံရှိတယ်။ ပင်းဒယ၊ အင်းလေး ဘက်ကို နှစ်ည အိပ်၊ သုံးညအိပ် သွားတဲ့ခရီးစဉ်တွေရှိသလို ကလောပတ်ဝန်းကျင်မှာပဲ နေ့ချင်း ပြန်လမ်းကြောင်း အတော်များများရှိတယ်။ ပင်းဒယ နဲ့ ယှဉ်လိုက်ရင်တော့ ကလောမြို့ ဟာ ပြည် တွင်းခရီးသွားဧည့်သည်တွေကြောင့် နည်းနည်းလှုပ်လှုပ်ရှားရှား ရှိပါသေးတယ်။ ကျွန်တော်ကတော့ ကလောပတ်ဝန်းကျင် မှာရှိတဲ့ သစ်တောကြိုးဝိုင်းနဲ့ တောင်ပေါ် ရွာတွေ ကို သွားတဲ့ နေ့ချင်းပြန်ခရီးစဉ်ကို ရွေးလိုက်တယ်။Continue reading “ထင်းရှုးမြိုင် ခရီးသွားတောလား”

ဇော်ဂျီရေထွက် ၊ ဖေဇော်ဂျီ နဲ့ ရှင်မိယာ

ပင်းတယမြို့၊ ရွှေဥမင်လှိုဏ်ဂူဘုရားသမိုင်းအကြောင်းပြောရင် ကုမ္မာဘယမင်းသားနဲ့ ရှင်မိယာ အကြောင်း မပါလို့မရဘူး။ ပင်းတယ ၊ ရွှေဥမင်လှိုဏ်ဂူ ဘုရားအပြင် ပင်းတယမြို့ ပတ်ဝန်းကျင် နေရာ အတော်များများကလည်း ဒီပုံပြင်နဲ့ ဆက်စပ်နေတယ်။ အဲဒီအထဲမှာ ဇော်ဂျီ ရေထွက်လည်း ပါတယ်။ ကုမ္မာဘယမင်းသား နဲ့ရှင်မိယာပုံပြင်ကလည်း ကိုရီးယားဇာတ်လမ်းတွဲလိုပဲ အတော်ရှည်တယ်။ ကုမ္မဘယ မင်းသားရဲ့ ပထမဆုံးရန်သူက ဂဠုန်၊ ဂဠုန်ကို မင်းသားက သတ်လိုက်တော့ ပင့်ကူ ဖြစ်၊ ပင့်ကူကို သတ်တော့ ဘီလူးဖြစ်၊ ဘီလူးကို သတ်တော့ ဇော်ဂျီဖြစ် ၊ ဇော်ဂျီ သေတော့မှ ဇာတ် လမ်းက ပြီးတာ။ ဒီကြားထဲမှာ ဘီလူးနဲ့ တိုက်ခိုက်လို့ရတဲ့ ဒဏ်ရာနဲ့ မင်းသားသေသွားလို့ သိကြားမင်း ရေစင်ဖျန်းပြီး အသက်ရှင်အောင် ပြန်လုပ်ပေးရတာလည်း ပါသေးတယ်။Continue reading “ဇော်ဂျီရေထွက် ၊ ဖေဇော်ဂျီ နဲ့ ရှင်မိယာ”

ဦး အစိတ် ခေါက်ဆွဲကြော်

၂၀၁၉ ခုနှစ် စက်တင်ဘာလ မှာ အဖေ အမေနဲ့ အတူစားခဲ့ရတဲ့ ၊ ငယ်ငယ်က စွဲလမ်းနှစ်သက်ခဲ့ တဲ့၊ အိမ်လုပ်ခေါက်ဆွဲ နူးနူးညံ့ညံ့ နဲ့ ကြော်တဲ့၊ မီးခိုးနံ့သင်းသင်း ခေါက်ဆွဲကြော် ရယ် ၊ ကြွပ်ရွ နူးညံ့တဲ့ အခေါက်ကင်ရယ် ကို စားချင်လို့ မှော်ဘီ အထိ သွားခဲ့ရတဲ့ အကြောင်း “ ချန်စိန်” ဆိုတဲ့ အက်ဆေးလေးတစ်ပုဒ် ရေးခဲ့ဖူး တယ်။ အဲဒီ အက်ဆေးအဆုံးမှာ “ တကယ်တော့ ချန်စိန်ဆိုင်က ခေါက်ဆွဲကြော်၊ အခေါက်ကင်ထက် ပိုကောင်းတဲ့ဆိုင်တွေ ရှိ သည်။ ပြည်ပက စားဖိုမှူးကြီးတွေ ကိုယ်တိုင်ချက်ပြုတ်ကြော်လှော်ပေးသည့် တန်ဖိုးကြီးဆိုင်တွေ လည်း ရှိသည်။ ဒါပေမယ့် လှပတဲ့ အတိတ်နဲ့ ရောကြော်ထားသော ခေါက်ဆွဲContinue reading “ဦး အစိတ် ခေါက်ဆွဲကြော်”

နှလုံးသားကျောက်စာ

ယစကျီ (၂) ခရီးသွားဆောင်းပါးမှာ ပင်းတယ မီးအိမ်ရှင် ဒါက်တာသန်းမင်းထွဋ် နဲ့ အလှုရှင်တွေ ပူးပေါင်း အကောင်အထည်ဖော်ထားတဲ့ ကျေးလက်ရေပေးရေး စီမံကိန်းတစ်ခုကို မြင်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစား ချက်အကြောင်း ပြောရင်းနဲ့ ၂၀၁၂ ခုနှစ်က “ နှလုံးသားကျောက်စာ” ဆိုတဲ့ အက်ဆေးလေး ရေးခဲ့ကြောင်း ထည့်ပြောခဲ့တယ်။ စာဖတ်သူတစ်ချို့က “ နှလုံးသားကျောက်စာ” အက်ဆေးကို ဖတ်ချင်တယ်ဆိုလို့ ပြန်တင်ပေးလိုက် ပါတယ်။ ကျွန်တော်က အက်ဆေးတွေ၊ ဆောင်းပါးတွေရေးတဲ့အခါ များသောအားဖြင့် မိတ်ဆွေတစ်ယောက် ကို လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်းပြောပြတဲ့ ခံစားချက်နဲ့ ရေးတာဖြစ်လို့ ပြောစကားနဲ့ ရေးတာများပါတယ်။ တစ်ခါ တစ်လေ အတွေးနက်နက်၊ ဆွေးဆွေးမြေ့မြေ့ ခံစားရတဲ့ အဖြစ်အပျက်ဆိုရင်တော့ စကားပြေနဲ့ ရေး ပါတယ်။ အခု အက်ဆေးကContinue reading “နှလုံးသားကျောက်စာ”

ယစကျီ (၃)

ယစကျီ ရွာ အဝင် မှာ ချက်ခြင်း သတိထားမိတာ သန့်ရှင်းသပ်ရပ်မှုပဲ။ လမ်းမှာ ဖြတ်ခဲ့ရ တဲ့ ထွက်နီ၊ ဆီးကျအင်းရွာတွေမှာလည်း ဒီအချက်ကို သတိထားမိတယ်။ မြေထိန်းနံရံ လုပ်ဖို့ လို တဲ့နေရာတွေမှာ ဗြုန်းအုတ်နဲ့ စနစ်တကျလုပ်ထားတယ်။ ခြံဝင်းတွေထဲမှာရော၊ လမ်းဝဲယာ မှာ ပါ အမှိုက်၊ အထူးသဖြင့် ပလတ်စတစ်အမှိုက်တွေ ပြန့်ကျဲနေတာမျိုးမရှိဘူး။ ဒါပေမယ့် လမ်းဘေး ဝဲယာမှာ အမှိုက်ပုံးတွေထားပေးတာ၊ အမှိုက်မပစ်ရ၊ အမှိုက်ပစ်လ ျှင် ဒဏ်ငွေ xxxx ဆိုတဲ့ ဆိုင်းဘုတ် တွေ ပလူပျံအောင် ကပ်ထားတာလည်း မတွေ့ရပြန်ဘူး။ ရွာဝင်လမ်းကို ကြည့်ပြီး လူတွေ စည်းကမ်းမရှိလေ သတိပေး ဆိုင်းဘုတ် များလေ ဆိုတဲ့ စကားကို သတိရမိတယ်။ ရွာအဝင်မှာလမ်းနှစ်သွယ်ရှိတယ်။ ညာဘက်လမ်းကContinue reading “ယစကျီ (၃)”

ယစကျီ (၂ )

နေ့လယ်စာ စားပြီးတာနဲ့ ဆီးကျအင်းက ဆက်ထွက်တယ်။ရွာလေးက နောက်မှ ကျန်နေပေမယ့် ဒေသခံတွေရဲ့ စကားတွေက ထပ်ချပ်လိုက်လာတယ်။ ရိုးရှင်း ပွင့်လင်းတဲ့ သူတို့ စကားတွေက တွေးစရာတွေပေးတယ်။ ဆရာနေဝင်းမြင့် က သူ့ခရီးသွားဆောင်းပါးတွေကို “ ခရီးနိုင်ငံရေး” နာမည်နဲ့ စာအုပ်ထုတ်ဝေခဲ့ ဖူးတယ်။ အဲဒီစာအုပ်မှာ ဆရာမြသန်းတင့်က ခရီးသွားခြင်း နဲ့ပတ်သက်ပြီး “ နိုင်ငံရေး အစစ်ဟာ ခရီးတွေသွားမှ မြင်ရတယ်။ ကြားရတယ်။ ခရီးသွားရင်း တွေ့ရ ကြုံရ သူတွေကို ကြည့်ရင် သူတို့မှာ ဘယ်လိုမှ ဖုံးကွယ်ထားမှုမပါဘူး။ ဘယ်လို ဟန်ဆောင်မှု မျိုး မှ မပါဘူး။ ဘယ်လို ပယောဂမှ မပါဘူး။ သည်လို မပါတဲ့အတွက် သူတို့ ဆီက အမှန်တရားကို ရှင်းရှင်းလင်းလင်းရနိုင်တယ်။ ကိုယ်တိုင်ခရီးတွေသွားမှContinue reading “ယစကျီ (၂ )”

ယစကျီ (၁)

ယစကျီဆိုတာက မဲနယ်တောင်ပေါ်မှာ ရှိတဲ့ ပလောင်ရွာဖြစ်ပါတယ်။ ဒါပေမယ့် ပင်းတယမြို့နယ် ထဲမှာ မဟုတ်ဘူး။ ရွာငံမြို့နယ်ထဲမှာရှိတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ထဲ မှာ ပလောင်ရွာငါးရွာရှိတယ်။ ယစကျီ လို့ ပြောပေမယ့် ကျွန်တော်သွားမှာက ယစကျီ တောင်ရွာ၊ အဲဒီ ရွာနဲ့ ဆယ့်ငါးမိနစ်လောက်ခရီးမှာ ယစကျီ မြောက်ရွာဆိုတာ ရှိသေးတယ်။ အဲဒါလည်း ပလောင် ရွာပါပဲ။ ကျွန်တော်တို့ နိုင်ငံရဲ့ လူဦးရေပျံနှံ့မှုအနေအထားအတိုင်းပဲ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုပေမယ့် ဓနု တိုင်းရင်းသားတွေပဲ နေထိုင်တာတော့မဟုတ်ဘူး။ ပအို့ဝ်၊ ပလောင် နဲ့ တောင်ရိုး တိုင်းရင်းသားတွေလည်းနေထိုင်ကြတယ်။ ဘေဘီလုံ တောတွင်းစခန်းအနောက်ဘက်ထဲက မဲနယ် တောင်ရွာဆိုရင် ပအို့ဝ်ရွာကြီးပေါ့။ ပင်းတယ- ဟဲဟိုးလမ်းဘက်မှာ တောင်ရိုးရွာတွေရှိတယ်။ ပင်းတယမှာ တောင်ပေါ်တောတွင်းခရီးစဉ်တွေကို စီစဉ်ပေးတဲ့ ခရီးသွားလုပ်ငန်းတွေ၊ တစ်ကိုယ် တော်ဧည့်လမ်းညွှန်တွေရှိတယ်။Continue reading “ယစကျီ (၁)”