“နောင်တက်လာမည့် သမ္မတ အသစ်သည် ရုပ်သေးသမ္မတ မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်များကို ခွဲဝေယူမည့် သမ္မတ ဟု ဆို ” မုံရွာအောင်ရှင် ( ၂၀၁၈) အပြော နဲ့ အလုပ် ညီ၊ မညီ မဲဆန္ဒရှင်ပြည်သူများပဲ သုံးသပ်ကြပါတော့
Tag Archives: yehtutarticle
နိုင်ငံဝန်ထမ်းများနဲ့ ဒေါက်တာအောင်မျိုး
ဝန်ထမ်းတွေကို သတင်းပေးမလုပ်ဖို့ တစ်ဖက်သတ် သတိပေးခံရတဲ့အခါ ( ပုံ ၁ နဲ့ ၂ ) ဝန်ထမ်းတွေကို အောက်ခြေက ခွေးတွေ လို့ အပြောခံရတဲ့အခါ ( ပုံ ၃ ) ဝန်ထမ်းတွေကြောင့် အစိုးရ ကို လူထု အကြည်ညိုပျက်တာ လို့ အပြစ်တင်ခံရတဲ့အခါ ( ပုံ ၄ နဲ့ ၅) ဝန်ထမ်းတွေက ဝတ်ကြီး ဝတ်ငယ်ပြုစုရတဲ့ ခေတ် မကုန်သေးတဲ့အခါ ( ပုံ ၅) ဝန်ထမ်းတွေဘက်က ရဲရဲရင့်ရင့် ရပ်တည်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်တော့ ရှိဖို့လိုတယ်။ ဇမ္ဗူသီရိ မြို့နယ်က ဝန်ထမ်းများ ၊ ဝန်ထမ်းမိသားစုများ ဒေါက်တာအောင်မျိုးကို ရွေးချယ်ခြင်းဖြင့် တစ်နိုင်ငံလုံးက ဝန်ထမ်းတွေအတွက် အကျိုးဆောင်ပေးကြပါ။ ဒေါက်တာအောင်မျိုးကိုContinue reading “နိုင်ငံဝန်ထမ်းများနဲ့ ဒေါက်တာအောင်မျိုး”
မဲမပေးခင် စဉ်းစားဖို့ (၁၂)
စီးပွားရေး ပြီးခဲ့တဲ့ ငါးနှစ်အတွင်း သင့်မိသားစု၊ သင့်ရပ်ကွက်/ကျေးရွာ စီးပွားရေးအခြေအနေ၊ အလုပ် အကိုင်အခွင့်အလမ်းရရှိမှု ပိုကောင်းလာသလား၊ ပိုဆိုးလာသလား ။ စဉ်းစားကြည့်ပါ။ အစိုးရရဲ့ စီးပွားရေး စွမ်းဆောင်မှုကို ဘယ်လို တိုင်းမလဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခု လို ပြောခဲ့ဖူးတယ်။ ( ပုံ ၁ နှင့် ၂ ) “ ပြည်သူလူထု စားဝတ်နေရေးမြင့်တက်ခြင်းမရှိခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမှန်တကယ်မရှိကြောင်း” “ တိုးတက်မှုဆိုတာ ဘာနဲ့တိုင်းမလဲ ဆိုတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေးအခြေအနေပေါ့” “ အခု ADB ကနေပြီးတော့ ၆.၄% ရှိတယ်ဆိုတာလည်း တစ်ချို့ပညာရှင်တွေက မေးခွန်းထုတ် ကြတယ်။ xx ပညာရှင်တွေပြောတာထားလိုက်၊ တကယ်တော့ ကိုယ့်ပြည်သူလူထုနဲ့ သွားပြီး စကားပြောရင် သိတာပဲ။Continue reading “မဲမပေးခင် စဉ်းစားဖို့ (၁၂)”
ကြိုတင်မဲ အကြောင်း သိကောင်းစရာ
၂၀၂၀ ရွေးကောက်ပွဲမှာ ထူးခြားချက်ကတော့ ကိုဗစ် ရောဂါဖြစ်ပွားမှုအခြေအနေအရ Stay at Home အဖြစ်သတ်မှတ်ထားတဲ့ မြို့နယ်များနဲ့ လူဦးရေ ထူထပ်သော မြို့နယ်များ ( တစ်စတုရန်း ကီလိုမီတာပ ျှမ်းမ ျှ လူဦးရေ ငါးထောင်နဲ့ အထက်) မှာ အသက်ခြောက်ဆယ်နဲ့ အထက်မဲဆန္ဒရှင် များ ( ၁၉ ၆၀ ပြည့်နှစ် နဲ့ ၎င်းနှစ်ရှေ့ပိုင်းမွေးဖွားသူတွေ) ကြိုတင်မဲပေး နိုင်အောင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်တွေက စီစဉ်ပေးရမယ်ဆိုတဲ့အချက်ပါပဲ။ ဒါကလည်း သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ နည်းဥပဒေများ အရ ကိုယ်တိုင် လာရောက်မဲမပေးနိုင်တဲ့ အသက်အရွယ်ကြီးရင့်သူတွေကို ကြိုတင်မဲပေးနိုင်အောင် စီစဉ်ပေးရမယ် ဆိုတဲ့ အချက်အပေါ်မူတည် ဆောင်ရွက်တာဖြစ်ပါတယ်။ အခု ကိစ္စမှာတော့ လာမဲပေးနိုင်တဲ့ အခြေအနေရှိ ပေမယ့် ကိုဗစ် ရောဂါContinue reading “ကြိုတင်မဲ အကြောင်း သိကောင်းစရာ”
မဲပေးခင် စဉ်းစားဖို့ (၁၁)
ဆရာကြီးဝါဒ အင်န်အယ်လ်ဒီပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် တို့နှစ်ဦးက လာမယ့်ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီကိုပဲ ပုံအောပြီး မဲပေးဖို့ ထပ်မံတိုက်တွန်းခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၉ ရက်နေ့ ကော့မှူး မဲဆန္ဒနယ်က မဲဆန္ဒရှင် ခြောက်ယောက်နဲ့ အွန်လိုင်းစကားဝိုင်းလုပ်တဲ့အခါ “ အာဏာရှင်စနစ်ကနေ လုံး၀ ဒီမိုကရေစီ စနစ်ဖြစ်အောင် လုပ်တဲ့ လုပ်ငန်းမပြီးသေးတဲ့အတွက် အင်န်အယ်လ်ဒီပါတီ အပြတ်အသတ် နိုင် ဖို့ လိုအပ်တယ်။” လို့ပြောခဲ့တယ်။ ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာဖွင့်ပြီးချိန်ကစလို့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ၊ ကုသ ရေးနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်ပေါ်နေ လူထုကို သတင်းစကားပေးတာ မရှိသလောက်ဖြစ် ပေမယ့် မဲပေးဖို့အတွက်တော့ အဆက်မပြတ် ရေးသားနေတဲ့ ဦးဝင်းမြင့်ကတော့ “ (မြန်မာ့နိုင်ငံရေးမှာ ) ဒီမိုကရေစီအုပ်စုContinue reading “မဲပေးခင် စဉ်းစားဖို့ (၁၁)”
မှတ်မှတ်သားသား ထိုစကား (၃)
ဖွဲ့စည်းပုံ မပြင်လ ျှင် ၂၀၁၅ ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်မဝင် ။ “ ဂုဏ်သိက္ခာရှိတဲ့ သူတွေ အနေနဲ့လည်း ဒီဖွဲ့စည်းပုံနဲ့တော့ မဝင်သင့်ဘူး။ ( ၂၀၁၃ ၊ ပုံ ၁ ) အင်န်အယ်လ်ဒီအစိုးရ တက်ရင် မြစ်ဆုံစီမံကိန်းကို ပထမဆုံးဖြေရှင်းမယ်။ xx ပြည်သူတွေကို ချပြ သွားမယ်။ တိုင်းရင်းသားတွေ ဖက်ဒရယ်ပြည်ထောင်စုလည်းပေးမယ်။ ( ၂၀၁၅ ပုံ ၂) ပြည်သူတွေရဲ့ အကြိုက်ကို ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ မမှန်သည် ဖြစ်စေ၊ ငါတို့မဲရရင်ပြီးရောဆိုပြီးလုပ်တဲ့သူတွေကိုလည်း အားမကိုးပါနဲ့။ ( မြစ်ကြီးနား ဖေ ၂၃ ၂၀၁၂။ ပုံ ၃ ) ကတိမတည်တဲ့ပါတီကို မဲမေ ပးကြပါနဲ့။ ( ၂၀၁၅Continue reading “မှတ်မှတ်သားသား ထိုစကား (၃)”
CNA သတင်းအစီအစဉ်
ဒီနေ့ မနက် CNA သတင်းအစီအစဉ် ( စင်္ကာပူစံတော်ချိန် မနက် ၈း၃၀) မှာ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော့်ဆွေးနွေးချက်အကျဉ်းချုပ်က အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်မှာ မေးခွန်းထုတ်စရာတွေရှိတယ်။ ရွေးကောက်ပွဲ မလုပ်ဘူး ဆိုတဲ့ ကိုးမြို့နယ်အနက် သုံး/လေးမြို့နယ်မှာ ပြီးခဲ့တဲ့လတွေအတွင်း တိုက်ပွဲမရှိသလောက်ပဲ။ ဒါပေမယ့် ၂၀၁၅ မှာ အင်န်အယ်လ်ဒီ နိုင်ခဲ့တဲ့ တိုက်ပွဲတွေတောက်လေ ျှာက် ဖြစ်နေတဲ့ ပလက်ဝမှာ ရွေးကောက်ပွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီဆုံးဖြတ်ချက်ဟာ ရခိုင် တိုင်းရင်းသားတွေကို ဒေါသထွက်စေတယ်။ ၂။ ရခိုင်တိုင်းရင်းသားတွေဟာ နိုင်ငံရေးအခွင့်အရေးငြင်းပယ်ခံရရင် လက်နက်ကိုင်နည်းလမ်း ဘက်ကို ပိုအားသန်သွားနိုင်တယ်။ ၃။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်ရင် အေအေ နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တရုတ် –Continue reading “CNA သတင်းအစီအစဉ်”
မဲမပေးခင် စဉ်းစားဖို့ ( ၁၀ )
ဟန်ပြ တကယ်အလုပ်လုပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ဘယ်လိုလူမျိုးလဲ ဥပမာ ။ ၂၀၁၅ ရွေးကောက်ပွဲပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကော့မှူးမြို့ကို သွားပြီး အမှိုက်ကောက်ပြခဲ့တယ်။ ( ပုံ ၁ ) အဲဒီအမှိုက်ကောက်တဲ့သတင်းမှာ ကော့မှူးမြို့နယ်ပါဝင်တဲ့ တိုင်းလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက ဒေါ်အောင်ဆန်းစုကြည်က တစ်လ တစ်ကြိမ် ဒါမှမဟုတ် တစ်ပတ်တစ်ကြိမ် အမှိုက်ကောက်ဖို့ သက်ဆိုင်ရာပါတီခေါင်းဆောင်တွေကို မှာတယ် လို့ ပြောသွားတယ်။ ( ပုံ ၂ ) အဲဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ အလုပ်များတဲ့အတွက် ကော့မှူးကို သွားပြီး အမှိုက်ကောက်ပြနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ကော့မှူးမှာရှိတဲ့ ဒေါ်သန္တာအေး အပါအဝင် အင်န်အယ်လ်ဒီတာဝန်ရှိသူတွေ ပြီးခဲ့ တဲ့ ငါးနှစ်အတွင်းမှာ တစ်လတစ်ကြိမ်Continue reading “မဲမပေးခင် စဉ်းစားဖို့ ( ၁၀ )”
Facebook အစွမ်း အံ့မခန်း
မဲမပေးခင် စဉ်းစားဖို့ ဆိုတဲ့ဆောင်းပါးတွေ အခန်းဆက်ရေးလိုက်တာ အခန်း (၉ ) ပြီးသွားတော့ထူးခြားမှုတွေပြလာတယ်။ဒီနေ့ ဆံပင်ညှပ်ဆိုင် ပို့စ်တင်လိုက်တော့ ကျွန်တော့်ပို့စ်ကို Like လုပ်တဲ့ အရေအတွက် မမြင်ရ တော့ဘူး။ ( ပုံ ၁ )စာဖတ်သူတွေကလည်း Like လုပ်လို့မရတဲ့အကြောင်း ပြောလာတယ်။ ( ပုံ ၂)စာဖတ်သူတွေဘက်က ပို့စ်ကို မြင်ရတဲ့အနေအထားက အခုလိုပါ ( ပုံ ၃)ကျွန်တော့်ဖေ့စ်ဘွတ်အကောင့်မှာ သတိပေးထားတာများရှိလားဆိုပြီး စစ်ကြည့်တော့လည်း မတွေ့ဘူး။ ( ပုံ ၄ )နည်းပညာဆိုင်ရာပြဿနာလား၊ ဘာလား စောင့်ကြည့်လိုက်ဦးမယ်။သန်းခြောက်ထောင် က အလကားတော့မဟုတ်လောက်ဘူး။
မဲမပေးခင် စဉ်းစားဖို့ (၉ )
အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းများ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲဆွယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းစဉ်တပ်ပြီး “ အမယ်အိုရဲ့ သောက လျော့ပါးဖို့ အင်န်အယ်လ်ဒီကို မဲပေးဖို့ ” ဆိုပြီး မဲဆွယ် ခဲ့ကြတယ်။ ( ပုံ ၁ နဲ့ ၂ ) လက်တွေ့မှာတော့ အရည်အချင်းရှိလို့မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီ အရှိန် ကြောင့် သာ အနိုင်ရခဲ့တယ်ဆိုတာ ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင် ဝန်ခံထားတယ်။ ( ပုံ ၃ ) လွှတ်တော်ရောက်သွားတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည် အားကိုး ရတဲ့ သူတွေ ဖြစ်မလာပဲ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ထဲ အလုပ်အားလုံးကို သိမ်းကျုံးလုပ်နေ ရလို့ ကာတွန်းတွေ နဲ့လှောင်ပြောင်ခံခဲ့ရတယ်။ နောင်ဆိုရင် ကိုယ်စားလှယ်ကို မကြည့် ပဲ ၊Continue reading “မဲမပေးခင် စဉ်းစားဖို့ (၉ )”