သူငယ်ချင်း- သူတို့ကို ဒီအတိုင်းလွှတ်ပေးထားရင် အခြေအနေတွေပိုဆိုးလာမှာကွ၊ ဒါ့ကြောင့် ကြားဝင်ရတာ၊ မင်းနားလည်လား။ ကျွန်တော် – ဟေ ။ အခုကော အခြေအနေတွေက ပိုကောင်းလာလို့လား။ သူငယ်ချင်း- မင်း ကတ်တီးကပ်ဖဲ့ မပြောနဲ့ ဤတွင် တစ်ခန်းရပ်။
Tag Archives: yehtutarticle
ဒီမိုကရေစီ နဲ့ နိုင်ငံရေးပါတီ
အခုတလော မကြာခဏ ဖတ်နေရ၊ ကြားနေရတာက “ မြန်မာပြည် ပါတီတွေကများ” ဆိုတဲ့ စကားပဲ။ အဲဒီ စကားနဲ့ ဒွန်တွဲပြီးပါလာတာက အမေရိကန် နဲ့ အင်္ဂလိပ် (ဗြိတိန်) ဆိုရင် နှစ်ပါတီ ပဲရှိတယ်ဆိုတဲ့ စကားပေါ့။ အံ့သြဖို့ကောင်းတာက အဲဒီစကားပြောတဲ့သူအများစုက ကျန်တဲ့ကိစ္စ တွေမှာ အမေရိကန် နဲ့ အင်္ဂလိပ် ဟာ မြန်မာပြည်ကို ဖျက်ဆီးမယ့် ငပွကြီးတွေဆိုပြီး ပြောလေ့ ရှိတဲ့ သူတွေဖြစ်ပေမယ့် အခု ကိစ္စမှာတော့ “အမေရိကန်တောင်မှ ဒီလို” ဆိုပြီး ကိုးကားလာတာပဲ။ ဒီလူတွေက သူတို့လုပ်ချင်တာ၊ ပြောချင်တာကို အထောက်အကူဖြစ်ဖို့အတွက်သာ အမေရိကန်၊ အင်္ဂလိပ် နိုင်ငံရေးစနစ်ကို ကိုးကားနေတာ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်ကို အတွင်းကျကျ လေ့လာ ထားပုံလည်း မရဘူး။ တကယ်တော့Continue reading “ဒီမိုကရေစီ နဲ့ နိုင်ငံရေးပါတီ”
အမေရိကန် – အာဆီယံ အစည်းအဝေး ၂၀၁၆
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ သမ္မတ အိုဘားမားရဲ့ ဖိတ်ကြားချက်အရ အမေရိကန် – အာဆီယံခေါင်းဆောင်များအစည်းအဝေးကို ကျင်းပခဲ့တယ်။ အဲဒီအစည်းအဝေးကို သမ္မတ ဦးသိန်း စိန် ကိုယ်စား ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်ခဲ့တယ်။ ပြောချင်တာက အဲဒီထိပ်သီးအစည်းအဝေးအကြောင်းမဟုတ်ဘူး။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အစည်းအဝေးတက်တဲ့အကြောင်းပြောချင်တာ။ ဦးဉာဏ်ထွန်းက ၂၀၁၅ ခုနှစ် အထွေထွေ ရွေး ကောက်ပွဲမှာ ပဲခူးတိုင်း၊ ဇီးကုန်းမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လူထု ထောက်ခံမဲ ၆၀.၃၈% ၊ မဲအရေအတွက် ၂၄၉ ၅၂ မဲ နဲ့ ရွေး ချယ်တင်မြှောက်ခံရတယ်။ ဦးဉာဏ်ထွန်းက ရွေး ကောက်ခံရပြီးတော့လည်း ဒုတိယသမ္မတ တာဝန်ကို ဆက်လက်ထမ်း ဆောင်ခဲ့တဲ့ အပြင် သမ္မတ ဦးသိန်းစိန်Continue reading “အမေရိကန် – အာဆီယံ အစည်းအဝေး ၂၀၁၆”
သူငယ်ချင်းနှစ်ယောက် ဆွေးနွေး ခန်း (၄)
ကျွန်တော်- ဒီမိုကရေစီ သွားမယ်လို့ပြောနေရင် သတင်းလွတ်လပ်ခွင့်တော့ရှိရမှာပေါ့။ တိုက်အိမ် လို့ပြောရင် အုတ်နံရံ၊ သွပ်မိုး ဆိုတဲ့ အင်္ဂါရပ်နဲ့တော့ ပြည့်စုံရမယ်။ ဝါး ထရံကာ ၊ ဓနိမိုးကို လက်ညှိုးထိုးပြီး တိုက်အိမ် လို့ ပြောရင်တော့ ဘယ်သူမှ လက်ခံမှာမဟုတ် ဘူး။ သူငယ်ချင်း- မင်းတို့ မီဒီယာတွေကို လွှတ်ပေးလို့ လူတွေက မီဒီယာတွေပြောသမ ျှယုံပြီး ဟိုဘက် ပါသွားတာ၊ မင်းတို့လည်း တာဝန်ရှိတယ်။ ကျွန်တော်- ဒါဆိုရင် နှစ်နှစ်ဆယ်ကျော်လောက် မီဒီယာတွေကို ထိန်းချုပ်ထားပြီး ငါတို့ပဲ ပြောချင် တာ ပြောလာခဲ့တာ လူတွေက ဘာလို့ ငါတို့ပြောတာကို မယုံတာလဲ လို့ ပြန်စဉ်းစား ကြည့်ပါလား၊ မီဒီယာတွေရေးတာတစ်ခုတည်းကြောင့်တော့ မဟုတ်လောက်ဘူး။ သူငယ်ချင်း- လူတွေက ခက်ပါတယ်ကွာ။ ဤတွင်တစ်ခန်းရပ်
သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၃)
သူငယ်ချင်း – ဒီမိုကရေစီစနစ်က ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရေးသမားတွေ၊ ပါ တီ တွေ အရည် အချင်းမရှိရင် တိုင်းပြည်နစ်နာတယ်ကွ။ ကျွန်တော် – ဘယ်စနစ် ဖြစ်ဖြစ် ခေါင်းဆောင်အရည်အချင်းမရှိရင် တိုင်းပြည်နာတာပဲ။ သို့သော် ဒီမိုကရေစီမှာ နိုင်ငံရေးသမားတွေ အသုံးမကျရင် လူထုက ငါးနှစ် ဒါမှမဟုတ် လေးနှစ် တစ်ကြိမ် ရွေးကောက်ပွဲက တဆင့် ဖယ်ရှား ဖို့အတွက် အခွင့်အရေးရှိ သေး တယ်။ ကျန်တဲ့စနစ်တွေကတော့ သိတဲ့အတိုင်းပဲ၊ မကြိုက်လို့ စင်ပေါ်က တွန်းချရင်တောင် တိုင်ဖက် ထားသေးတာ။ ဤတွင်တစ်ခန်းရပ်။ မှတ်ချက်။ သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း ခေါင်းစဉ်ဖြင့် စာနှစ်ပုဒ်ကို ၅ ဇူလိုင် ၂၀၂၂ နှင့် ၂၈ ဇန် ၂၀၂၃ တို့တွင် ရေးသားခဲ့ဖူးသည့်အတွက်Continue reading “သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၃)”
လေသာဆောင်
ဝရန်တာ (Veranda) ဆိုတာ အင်္ဂလိပ်ဝေါဟာရကနေ တိုက်ရိုက်မွေးစားထားတဲ့စကားလုံးပါ။ မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ အင်္ဂလိပ် – မြန်မာ အဘိဓာန်မှာတောင် “ Veranda” – ဝရန်တာ လို့ပဲ အနက်ပေးထားတာကို တွေ့တယ်။ ကျွန်တော်တို့အားလုံးကလည်း “ ဝရန်တာ” လို့ ပြော လိုက်တာနဲ့ အိမ်အပြင်မှာ ထုတ်ထားတဲ့ လက်ရန်းပဲရှိတဲ့ ဟင်းလင်းဖွင့်နေရာလေးဆိုတာ နားလည်ပြီးသားဖြစ်နေပါပြီ။ မြို့ပြက တိုက်ခန်းတွေမှာ ဝရန်တာပါခဲ့ရင် အဲဒီနေရာလေးဟာ အပန်းဖြေဖို့ပန်းခြံငယ်လေး အဖြစ် ရှိနေတတ်တယ်။ ပန်းအိုးလှလှလေးတွေရှိမယ်။ ထိုင်ခုံသေးသေးလေးတွေရှိမယ်။ ဒီနေရာလေး မှာ မနက်စော စော ကော်ဖီတစ်ခွက်နဲ့ ၊ ညနေစောင်းမှာ အဖျော်ယမကာလေးနဲ့ အပန်းဖြေ လို့ရတယ်။ မိသားစု ဖြစ် ဖြစ်၊ မိတ်ဆွေသူငယ်ချင်းနဲ့ ဖြစ်ဖြစ် အေးအေးဆေးဆေး စကားContinue reading “လေသာဆောင်”
ဇွဲကပင် ခရီးစဉ် (၆)
ဇွဲကပင်တောင်ကို အောင်အောင်မြင်မြင် တက်ပြီးတက်အချိန်မှာ ဘားအံခရီးစဉ် ပြီးမြောက်သွားပြီ ဖြစ်တဲ့အတွက် နောက်နေ့ပြန်ဖို့ စီစဉ်တယ်။ တောင်ပေါ်က ဆင်းလာတဲ့နေ့ကိုတော့ ပေါ့ပေါ့ ပါးပါး ပဲဖြတ်သန်းလိုက်တယ်။ ဟိုတယ်မှာနားတယ်၊ ညနေစောင်း သံလွင်မြစ်ကမ်းခြေကို ဆင်းပြီး နေ ဝင် ဆည်းဆာချိန် ဓာတ်ပုံရိုက်တယ်။ ညစာကိုတော့ မြို့ခံမိတ်ဆွေတစ်ယောက်က ကျွေးတယ်။ ရန်ကုန်အပြန်အတွက် ကားလက်မှတ်ဝယ်တဲ့အခါ မြဝတီက ထွက်တဲ့ နာမည်ကြီးကားလိုင်း တွေ ရှိပေမယ့် ဘားအံကို မနက် ၁၁ နာရီမှရောက်တဲ့အတွက် ညောင်ခါးရှည်မှာ ကြာနေရင် ရန်ကုန် ဝင် ချိန် နောက်ကျနိုင်လို့ ဘားအံက ထွက်တဲ့ ကားကိုပဲဝယ်လိုက်တယ်။ တစ်ယောက် တစ်သောင်း နှစ် ထောင်၊ အလာတုန်းကထက်သက်သာတယ်။ ကားကို ဟိုတယ်ရှေ့ကပဲစောင့်စီးတယ်။ ကားရောက်လာလို့ ပစ္စည်းတင်မယ်ဆိုတော့ ပုံမှန် ပစ္စည်းContinue reading “ဇွဲကပင် ခရီးစဉ် (၆)”
ဇွဲကပင် ခရီးစဉ် (၅)
ဇွဲကပင်တောင်ပေါ်ကျောင်းမှာ သံဃာသုံးပါးသီတင်းသုံးတဲ့ အနက် ဘက်စုံပြုပြင်ရေးလုပ်ငန်း တွေ၊ ဘုရားဖူးတွေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ဆရာတော်ဦးနန္ဒိယက အများဆုံးတာဝန်ယူလုပ်ဆောင် ပေးနေတာပါ။ ဆရာတော်က ကျွန်တော်ဘယ်သူဆိုတာ မသိပါဘူး။ ဘားအံမြို့က သူ့ဒကာရဲ့ မိတ် ဆွေအနေနဲ့ပဲသိတာပါ။ ဆရာတော်က ကျွန်တော်တို့ နှစ်ယောက်ကို ရင်ပြင်ဒုတိယအဆင့်မှာ ရှိတဲ့ အဆောင်ငယ်တစ်ခုမှာနေရာချပေးပါတယ်။ တောင်ပေါ်ကို ကျွန်တော်တို့ ရှေ့မှာ ရောက်နေတဲ့ မိ သားစု သုံးယောက်ကိုတော့ ရင်ပြင်တော်ပထမဆင့် နှစ်ထပ်ကျောင်းဆောင်မှာ နေရာချပေး ထား တယ်။ တော်ပုံလမ်းအတိုင်း တက်လာပြီး ကျွန်တော်တို့နောက်မှ ရောက်လာတဲ့ ၉ ယောက် ပါ အဖွဲ့ကိုလည်းရင်ပြင်ဒုတိယအဆင့်ကနှစ်ထပ်ဆောင်မှာ နေရာချထားပေးတယ်။ ညအိပ်ဧည့်သည် အားလုံးအတွက်လိုအပ်တဲ့ဖျာ၊ စောင်နဲ့ခေါင်းအုံးတွေပေးပါတယ်။ ပစ္စည်းတွေနေရာချပြီးတော့ ရေချိုးဖို့ ပြင်ဆင်တယ်။ ဇွဲကပင်ရင်ပြင်တော်က အဆင့်သုံးဆင့်ရှိ တယ်။ခလောက်နို့ဘက်ကတက်ရင်ပထမဆုံးတွေတဲ့ အဆင့်မှာ ဆွမ်းစားဆောင်၊Continue reading “ဇွဲကပင် ခရီးစဉ် (၅)”
ဇွဲကပင် ခရီးစဉ် ( ၄)
ကန်သာယာ အရုဏ်တက်ချိန် ဓာတ်ပုံရိုက်ပြီးတော့ ဆရာမ အမိုး အိမ်ကို သွားတယ်။ (အမိုး နဲ့ တွေ့တဲ့ အကြောင်းတော့ သီးခြားရေးပါ့မယ်။ ) အမိုး အိမ်ကနေ အပြန်ကော်ဖီဝင်သောက်ပြီး ဟို တယ်ကို ပြန် နား၊ နေ့လယ်စာစား၊ညနေစောင်း ဇွဲကပင်တောင်ကို တက်ဖို့ လိုအပ်တာတွေ ပြင် ဆင်တယ်။ ဇွဲကပင်တောင်ကို တက်တဲ့လမ်းက အရှေ့ဘက်ခလောက်နို့ဘက်ကတက်တဲ့လမ်းနဲ့ အနောက် ဘက် တော်ပုံရွာဘက်က တက်တဲ့လမ်းဆိုပြီး နှစ်လမ်းရှိတယ်။ ကျွန်တော်က ဘားအံမှာ တာဝန် ကျ ချိန်က တော်ပုံရွာဘက်က အကြိမ်ကြိမ် တက်ဖူးတယ်။ ဒါ့ကြောင့် ဒီတစ်ကြိမ်မှာ အတက်ကို ခလောက်နို့ဘက်ကတက်မယ်၊ တောင်ပေါ်မှာ ညအိပ်မယ်၊ မနက်စောစော တော်ပုံရွာဘက်က ပြန် ဆင်းမယ်လို့ စီ စဉ်ခဲ့တယ်။ ခလောက်နို့ဘက်ကContinue reading “ဇွဲကပင် ခရီးစဉ် ( ၄)”
အပြိုင်အဆိုင် အနိုင် ဘောလုံးပွဲ
လွန်ခဲ့တဲ့ တစ်နှစ်က ရေးခဲ့တဲ့ ဘောလုံးပွဲက ရခဲ့တဲ့ ဘ၀ သင်ခန်းစာမဖတ်ရသေးသူများအတွက် ပြန်လည်မ ျှဝေလိုက်ပါတယ်။ “မင်း သတ္တိရှိရင်၊ လုပ်ရဲလို့ ခံရဲတယ် ဆိုရင် လူမိုက်လုပ်ကွ၊ လူညစ်တော့ မလုပ်နဲ့။ ယောကျ်ား သိက္ခာကျတယ်။” ( ဆောင်းပါးကောက်နှုတ်ချက်) အပြိုင်အဆိုင် အနိုင် ဘောလုံးပွဲ ဘဝမှာ ဘောလုံးပွဲတွေအများကြီး ကြုံခဲ့ဖူးပေမယ့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော် ကလေးဘဝက ကြုံခဲ့တဲ့ ဘောလုံးပွဲလောက် ဘယ်ပွဲမှ မှတ်မှတ်ရရမဖြစ်ခဲ့ဘူး။ တစ်သက်လုံး တသသ မရှိခဲ့ဘူး။ သင်ခန်းစာယူလို့ မဆုံး မဖြစ်ခဲ့ဘူး။ အဲဒီ ဘောလုံးပွဲဟာ ကျွန်တော့်လက်ထဲကို ထူးခြားတဲ့ဘောလုံး တစ်လုံးရောက်လာတာက အစပြု ခဲ့တာပါ။ ထူးခြားတဲ့ဘောလုံး အကြောင်းမပြောခင် ဘောလုံးရလာတဲ့ အချိန်ကာလကို အရင် ပြောမှ ပြည့်စုံမယ်။ အဲဒီအချိန်ကContinue reading “အပြိုင်အဆိုင် အနိုင် ဘောလုံးပွဲ”