ဗိုင်းရပ်စ် နဲ့ ဘင်္ဂလားဒေ့ရှ် စီးပွားရေး

ဒီနေ့မနက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံသူ ၄၄ ယောက်ရှိတယ်။ ငါးဦးသေ ဆုံးတယ်။ ဗိုင်းရပ်စ် ကူးစက်မှုက အခြေအနေမဆိုးသေးပေမယ့် နိုင်ငံစီးပွားရေးအတွက် အဓိက ကျတဲ့ အထည်ချုပ်လုပ်ငန်းကတော့ ဥရောပနိုင်ငံတွေက အမှာစာတွေဖျက်သိမ်းမှုကြောင့် ထိခိုက် မှုတွေရှိလာတယ်။

International Finance Corporation , IFC ရဲ့ အဆိုအရ ဘင်္ဂလားဒေ့ရ်ှ အထည်ချုပ်လုပ်ငန်း က ပို့ကုန်ပမာဏဟာ ဒေါ်လာ ၃၄ ဘီလျံရှိပြီး ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး အထည်ချုပ် တင်ပို့ မှုဖြစ်တယ်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံပို့ကုန်ဝင်ငွေ ၈၀% က အထည်ချုပ်လုပ်ငန်းက ရရှိတာဖြစ်ပြီး အလုပ်သမား ၄.၁ သန်းရှိတယ်။

ဥရောပတိုက်နဲ့ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဖြစ်ပွားပြီးနောက် အမှာစာတွေ ဆိုင်းငံ့တာ ဒါမှမဟုတ် ဖျက်သိမ်းတာကြောင့် အထည်ချုပ်လုပ်ငန်းတွေအနေနဲ့ ဒေါ်လာ ၁.၅ ဘီလျံလောက်ဆုံးရှုံးခဲ့ပြီး အလုပ်သမား ၁.၂ သန်းအပေါ် ထိခိုက်မှုတွေရှိခဲ့တယ်။

ဒီအခြေအနေကြောင့် ဘင်္ဂလားဒေ့ရ်ှ ဝန်ကြီးချုပ် ဟာဆီနာက ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ အလုပ် သမားတွေကို အကာအကွယ်ပေးနိုင်မယ့် ကူညီထောက်ပံ့ရေး အစီအစဉ်တစ်ခုကို မတ်လ ၂၅ ရက်နေ့မှာ ကြေညာခဲ့တယ်။ အဲဒီအစီအစဉ်ရဲ့ အရေးကြီးတဲ့အချက်တွေကတော့

၁။ ပို့ကုန်လုပ်ငန်းရှင်တွေကို တာကာ ၅၀ ဘီလျံ ( ကျပ် ၈၂၅ ဘီလျံကျော်) ထောက်ပံ့ပေး မယ်။ ဒါပေမယ့် ဒီငွေကို အလုပ်သမားလစာနဲ့ ခံစားခွင့်တွေအတွက်ပဲ သုံးရမယ်။

၂။ ချေးငွေ ပြန်ဆပ်တာ၊ ချေးငွေမဆပ်နိုင်လို့ အရေးယူတာတွေကို ဇွန်လ အထိ ဆိုင်းငံ့ထား မယ်။

၃။ စက်ရုံပိတ်လို့ ရွာပြန်သွားရတဲ့ ဝင်ငွေနည်းမိသားစုတွေကို မိမိတို့ ရပ်ကွက်/ကျေးရွာအလိုက် ‘Ghore Fera’ အစီအစဉ်အရ ထောက်ပံ့ကြေးပေးမယ်။ ( ‘Ghore Fera’ အစီအစဉ်ဆိုတာက ကျေး လက်ဒေသက ဆင်းရဲနွမ်းပါးသူတွေ ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်အောင် ထောက်ပံ့တဲ့ အစီအစဉ် ဖြစ် ပါတယ်။ )

၄။ အိုးမဲ့ အိမ်မဲ့တွေကို ခြောက်လစာ အစားအသောက်နဲ့ ထောက်ပံ့ကြေးပေးမယ်။ ခိုလှုံဖို့ နေရာစီစဉ်ပေးမယ်။

၅။ ဈေးတင်ရောင်းတဲ့ ကုန်သည်တွေကို အရေးယူမယ်။

ဝန်ကြီးချုပ် ဟာဆီနာက ဗိုင်းရပ်စ် ကပ်ဘေးကြောင့် အလုပ်လက်မဲ့တွေဖြစ်သွားသူတွေနဲ့ အတူ ရပ်တည်ပါ့မယ် လို့ ကတိပေးသွားတယ်။

မြန်မာနိုင်ငံဟာလည်း ဘင်္ဂလားဒေ့ရ်ှ နည်းတူ ပို့ကုန်ကဏ္ဍမှာ အထည်ချုပ်လုပ်ငန်းကို အဓိက အားထားနေရတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့် ဘင်္ဂလားဒေ့ရ်ှ အတွေ့အကြုံကလည်း မြန်မာ အတွက် လေ့လာစရာပါပဲ။

ကိုးကား
DW သတင်းဌာန၊ IFC ဝက်ဘ်ဆိုက်၊ Financial Express သတင်းစာမျက်နှာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: