အိန္ဒိယကြည်းတပ်မတော်က ဗိုလ်ချုပ် Mrinal Suman က ၂၃ ဧပြီ ၂၀၁၆ ရက်နေ့ Indian Defence Review စာစောင်မှာ “When a Soldier Cries” “စစ်သားတစ်ယောက် ဝမ်းနည်း ငိုကြွေးရချိန်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့တယ်။ သူပြောတဲ့ စစ်သား ( Soldier ) ဆိုတာက တပ်မတော်သား အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် အဆင့်အားလုံးကို ဆို လိုတာဖြစ်ပါတယ်။ ဗိုလ်ချုပ် ဆူမန်က စစ်တိုက်တယ်ဆိုတာက ရက်စက်မှု၊ ဖျက်ဆီးမှု နဲ့သေခြင်းတရားတွေကို ရင်ဆိုင်ရတဲ့ အလုပ်ပဲ၊ အန္တရာယ်ကိုရင်ဆိုင်ရဲတဲ့ သတ္တိ ရှိဖို့လိုသလို ကိုယ့်ရန်သူကို သတ်ဖြတ်ရဲ ဖို့လည်းလိုတယ်၊ စစ်သားဆိုတာ ဒီလိုအလုပ်မျိုးကို လုပ်ဆောင်နိုင်ဖို့အတွက် လေ့ကျင့်ပေး ခံContinue reading “စစ်သားမျက်ရည်”
Author Archives: ye htut
မင်္ဂလာ ဒီဇင်ဘာ
“မင်္ဂလာရှိပါစေ၊ ဒီဇင်ဘာလမြတ်မှာအပေါင်းအသင်းများ မိတ်သဟာယဖွဲ့လို့သခင်ဘုရားရှေ့အတူ ဒူးထောက်ဆုတောင်းကာသခင့်မွေးနေ့ကို ကြိုဆိုတယ်” ကလောမြို့ ကရင်နှစ်ခြင်းခရစ်ယန်ဘုရားကျောင်း ကိုရောက်ခဲ့ချိန်က ဘုရားကျောင်း အတွင်းမှာ မြင်ခဲ့ရတဲ့ ဓမ္မသီချင်းစာသားဖြစ် ပါတယ်။ ကရင် နှစ်ခြင်း ခရစ်ယန်ဘုရားကျောင်းကို ၁၃ ဒီဇင်ဘာ ၁၉ ၁၈ ခုနှစ်မှာ အုတ်မြစ် ချခဲ့ တာဆိုတော့ ၁၀၄ နှစ်သက်တမ်းရှိပါပြီ။ ဒီဘုရားကျောင်းက မူလက မက်သဒစ် ဘုရားရှိခိုးကျောင်း ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံခြားသား သင်းအုပ် ဆရာတွေ အမေရိကန်ပြန် သွားတဲ့ အချိန်မှာ ကရင်နှစ်ခြင်း အသင်းတော်ကို လွှဲပေးခဲ့တယ်လို့ သိရပါတယ်။
လမ်းလည်းကျယ်ပါစေ
ကလော – အင်းလေး ဒုတိယနေ့ခရီးစဉ်မှာ ပထမဆုံးတွေ့တဲ့ရွာက ပင်နွေးရွာဖြစ်ပါတယ်။ ပင်နွေး ရွာ က ပအိုဝ်းတိုင်းရင်းသားရွာဖြစ်ပြီး အဲဒီရွာရဲ့ ထူးခြားချက်က ရိုးရာဂျပ်ခုတ်ထည် ရက်လုပ်တာ ကို လေ့လာနိုင်တာဖြစ်ပါတယ်။ ဒီရွာမှာ ရိုးရာဂျပ်ခုတ်ထည် ရက်တာက အသက် ၈၀ ကျော် အဖွားနှစ်ယောက်ပါ။ အဖွားနှစ် ယောက် အိမ်တွေကလည်း ကပ်လျက်၊ အသက်လည်း နှစ်လကြီး နှစ်လ ငယ်။ အသက်ပိုကြီးတဲ့ အဖွား နာမည်က မပေါင် တဲ့ ။နောက်အဖွားနာမည်က မကျန်းတဲ့။ အဖွားနှစ်ယောက်က သား၊ သမီးတွေနဲ့ အတူမနေဘူး။ ကိုယ့်အိမ်နဲ့ ကိုယ်ပဲ။သူတို့ အိမ်တွေ နောက်ဘက်မှာ မြေစိုက်တဲလေးနဲ့ ရက်ကန်းယက်တဲ့နေရာရှိတယ်။ခြေလျင်ခရီးကြမ်းသွားတဲ့ နိုင်ငံခြားသား ဧည့် သည်တွေက ပင်နွေးရွာရောက်ရင် အဖွားတွေ ရက်ကန်းရက်တာကို လေ့လာContinue reading “လမ်းလည်းကျယ်ပါစေ”
မန္တလာ ဦးကျောက်လုံး
ကလော-အင်းလေး ခြေလျင်ခရီးကြမ်းလေ ျှာက်တော့ ပထမ ညအိပ်တဲ့ရွာက လမိုင်းရွာဖြစ်ပါ တယ်။ ညအိပ်တဲ့ အိမ်က အဖိုးကြီး ၊အဖွားကြီးနှစ်ယောက်ပဲရှိတယ်။ ကျွန်တော်တို့ရောက်တော့ အိမ်ရှင် အဘကြီးက “ Welcome, Make yourself at home” လို့ပြောပြီးကြိုတယ်။ သူ့အိမ်မှာ နိုင်ငံခြားသားတွေ တည်းခိုနေကြဖြစ်လို့ အလွတ်ကျက်ထားတယ်လို့ ထင်မိပေမယ့် မဟုတ်ဘူး။ ကျန်တဲ့အချိန်တွေမှာလည်း အင်္ဂလိပ်စကားကို ညှပ်ပြောသေးတယ်။ ပြီးတော့ မြန်မာစကားကို လည်း အသံဝဲပေမယ့် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တယ်။ စိတ်ထဲမှာ ထူးခြားတယ်လို့ ထင် မိ တာနဲ့ နောက်နေ့မနက်မှာ အဘကြီးရဲ့ ဘဝအကြောင်းကို မေးကြည့်မိတယ်။ အဘဦးကျောက်လုံး က စကားပြောတဲ့အခါ ကျွန်တော့်ကို “ အမောင်” လို့ ခေါ်ပြီး ဥပမာ “Continue reading “မန္တလာ ဦးကျောက်လုံး”
သူလဲ ဥမင်
ကလော – အင်း လေး ခြေလျင်ခရီးစဉ်မှာ ဒီနှစ် တောင်သူတွေ စိုက်တဲ့ သီးနှံအမျိုးအစားပြောင်း သွားတဲ့အတွက် အရောင်စုံတဲ့ သီးနှံစိုက်ပျိုးခင်းဓာတ်ပုံတွေ မရိုက်နိုင်ခဲ့ဘူး။ ဒါ့ကြောင့် ကလော ပြန်ရောက်တဲ့အခါ အဲဒီလို စိုက်ခင်းတွေရှိတဲ့ ရွာငံလမ်းက မြင်းမူကုန်းကို သွားဖို့ စီစဉ်တယ်။ ဒါ ပေမယ့် ကလောမှာ တစ်ရက်ပဲနေပြီး သွားချင်တဲ့နေရာတွေက များနေတော့ လမ်းညွှန် ကိုမျိုးဇော် က အောင်ပန်းနားက “ သူလဲ ဥမင်” ကို သွားတဲ့ လမ်းမှာလည်း ဓာတ်ပုံရိုက်လို့ ကောင်း တဲ့ စိုက်ခင်းတွေရှိတယ်။ အဲဒီကို သွားပါလားလို့ အကြံပေးတယ်။ ဒါနဲ့“သူလဲ ဥမင်” ကို ဆိုင်ကယ်ကယ်ရီငှားပြီး သွားတယ်။ ကလောကနေ အောင်ပန်း၊ အောင်ပန်း ကနေ ပင်းဒယသွားတဲ့လမ်းအတိုင်းContinue reading “သူလဲ ဥမင်”
ရွှေအင်းတိန် ဘုရား ၄
ရွှေအင်းတိန်ဘုရားရဲ့ အရံစေတီတွေမှာ ရွှေတိဂုံရင်ပြင်ပေါ်က စေတီတစ်ချို့မှာလိုပဲ အစောင့် ရုပ်တု တွေရှိတယ်။ ရွှေတိဂုံဘုရားများ အတွေ့များတာက ခြင်္သေ့၊ နဂါး၊ ဘီလူး၊ ဇော်ဂျီ ရုပ်တွေ ဖြစ်ပေမယ့် ရွှေအင်းတိန်ဘုရားမှာတော့ လူရုပ်ပုံတွေများပါတယ်။ နတ်သား၊နတ်သမီးလို့ ယူဆ ရတဲ့ ရုပ်တုတွေလည်းရှိတယ်။ လူပုံအနေအထားတွေကလည်း သူငယ်တော်လို့ယူဆရတဲ့ အရုပ်ရှိသလို ကလေးရုပ်လေး လို့ ယူဆရတဲ့ အရုပ်လည်းတွေ့တယ်။ တစ်နေရာမှာ ကလေးချီထားတဲ့ မိခင်၊ ဖခင်ပုံလည်းတွေ့ တယ်။ နန်းဝတ်နန်းစားနဲ့ အမျိုးသားတစ်ယောက်အောက်မှာ ကလေးနှစ်ယောက် မတ်တပ်ရပ် နေပုံလည်း ရှိတယ်။ အမျိုးသားအမျိုးသမီး ကနေတဲ့ ပုံ လည်း ရှိတယ်။ ဝတ်ကောင်းစားလှနဲ့ အမျိုးသား၊ အမျိုးသမီးပုံ ကို တစ်ဖက်တစ်ချက်မှာ ထားတာ လည်း ရှိတယ်။ အိုးရွက်ထားတဲ့အမျိုးသမီးတစ်ယောက်ပုံကတော့ ခေါင်းမှာ အခုContinue reading “ရွှေအင်းတိန် ဘုရား ၄”
ရွှေ အင်းတိန် ဘုရား ၃
ရွှေအင်းတိန်ဘုရားဝင်းထဲက အရံစေတီတွေမှာ အင်္ဂတေပန်းနွယ်၊ပန်းခက်လက်ရာတွေရှိတယ်။ ပုဂံ လက်ရာလို အနုစိတ်တာမျိုးမဟုတ်ပေမယ့် ရှေးယခင်က အင်းလေးဒေသမှာ ဒီလို ပန်းတော့ ပညာ ထွန်းကားခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေဖြစ်ပါတယ်။ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကတော့ အသစ်ပြန်ပြင်ထားတဲ့ စေတီတွေက လက်ရာတွေ ကို စိတ်မဝင်စားဘူး၊ မပြင်ရသေးတဲ့ ဒါမှမဟုတ် လက်ရှိအနေအထားထက် ပိုပြီး ပျက်စီးမသွား အောင် ထိန်းသိမ်းထားတဲ့ လက်ရာတွေကိုပဲ စိတ်ဝင်စားတယ်၊သေသေချာချာလေ့လာတယ် လို့ သိခဲ့ရတယ်။ ပြည်တွင်းခရီးသွားတွေကတော့ အဲဒီလက်ရာတွေရှိတဲ့ဘက်ကို သွားလေ့လာတဲ့ သူ နည်းမယ်ထင်တယ်။ ဒါ့ကြောင့် စိတ်ဝင်စားသူများ လေ့လာသိရှိနိုင်အောင် လက်လှမ်းမီသလောက် မှတ်တမ်းတင် မ ျှေ၀ ပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရင်းနဲ့ ဘုရားဟောင်းတွေပေါ်မှာ သစ်ပင်ချုံနွယ်တွေပေါက်နေ တာ မြင်ရတော့ ဂေါပကအဖွဲ့အနေနဲ့ ဘုရားဟောင်းကို အသစ်ဖြစ်အောင် ပြင်သလို ဘုရားဟောင်း တွေပေါ် ကContinue reading “ရွှေ အင်းတိန် ဘုရား ၃”
ရွှေအင်းတိန် ဘုရား ၂
ရွှေအင်းတိန်ဘုရားရဲ့ နောက်ထပ် ထူးခြားချက်တစ်ခုက စောင်းတန်းရှည်ကြီးဖြစ်ပါတယ်။ မှတ်တမ်း များ အရတော့ စောင်းတန်းအရှည်က ၃.၃ ဖာလုံ ( ပေ နှစ်ထောင့်တစ်ရာကျော်) ရှိပြီး တိုင်ပေါင်း ၄၀၃ လုံးရှိတယ်။ စောင်းတန်းရှည်တယ်ဆိုပေမယ့် ဘုရားကုန်းပေါ်ကို ပြေပြေလေး ချိုးကွေ့တက် သွားတဲ့အတွက် တက်ရတာ မပင်ပန်းပါဘူး။ ကျွန်တော်တို့ကတော့ ကုန်းတော်ပေါ်ကို ကားနဲ့ တက်ခဲ့တာဆိုတော့ ကားကို အောက်ပြန်လွှတ်ပြီး စောင်းတန်းအတိုင်းခြေလျင်ပြန်ဆင်းခဲ့ တယ်။ တကယ်တော့ ဘုရားဖူးတဲ့အခါ စောင်းတန်းအတိုင်း တက်ပြီးဖူးတာ အကောင်းဆုံးပဲ။ စောင်းတန်း တလေ ျှာက်မှာ ဗုဒ္ဓဝင်ပန်းချီကားတွေရှိရင် လေ့လာလို့ရတယ်။ ဈေးဆိုင်တွေကို ကြည့်ပြီး ဒေသ လူမှု စီးပွားရေးအခြေအနေကို အကဲဖြတ်လို့ရတယ်။ အလှူရှင်အမည်ရေးထားတာ တွေကို ဖတ်ပြီး အဲဒီခေတ်ကာလ အခေါ်အဝေါ်တွေ ၊ သတ်ပုံတွေကိုContinue reading “ရွှေအင်းတိန် ဘုရား ၂”
ရွှေအင်းတိန် ဘုရား (၁)
ခရီးစဉ်တတိယနေ့မှာ ပတ္တူပေါက်ရွာကနေ အင်းတိန်ရွာကို ကားနဲ့ သွားပါတယ်။ ပက္တူပေါက် ရွာကနေ အောင်ပန်း – အင်းတိန် ကားလမ်းအထိ မြေသားလမ်းဖြစ်ပြီး ဆယ်မိနစ်လောက် မောင်း ရတယ်။ အောင်ပန်း – အင်းတိန်ကားလမ်းက တစ်ချို့နေရာတွေမှာ ကျောက်ချောလမ်း၊တစ်ချို့ နေရာတွေမှာ ကတ္တရာလမ်းဖြစ်ပြီး လမ်းအခြေအနေကောင်းပါတယ်။ တစ်နေရာမှာတော့ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း ၅.၆၉ ကီလိုမီတာကို ကတ္တရာလမ်းအဆင့်မြှင့်တင် တည် ဆောက်မယ်ဆိုတဲ့ အကြောင်း ဆိုင်းဘုတ်ထောင်ထားတာတွေ့ခဲ့ရတယ်။ ပက္တူပေါက်လမ်းခွဲကနေ အင်းတိန်းဘက်ကို သွားရင် ထီသိန်ရွာ၊ ကျောက်စုရွာ၊ နန်းရုပ်ရွာတွေကို ဖြတ်ပြီး အင်းတိန်ကို ရောက်တယ်။ ထီသိန်၊ ကျောက်စု နဲ့နန်းရုပ်ရွာတွေက ပအိုဝ်း ရွာတွေ၊ အင်း တိန်က အင်းသားရွာဖြစ်ပါတယ်။ ထီသိန်မှာ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းContinue reading “ရွှေအင်းတိန် ဘုရား (၁)”
Hi Bar @ ဘော်ဒါ ဘား
Hi Bar ပုံတင်ပေးပါဆိုလို့ အခြားသူတွေ အနည်းဆုံးပါတဲ့ပုံတွေ ရွေးတင်ပေးလိုက်ပါတယ်။ ဖယောင်းတိုင်တွေထွန်းထားတာကတော့ စတိုင်လုပ်ထားမဟုတ်ပါဘူး။ မီးပျက်နေလို့ပါ။ ဘားကောင်တာ အပေါ်မှာ တွဲလောင်းဆွဲထားတာတွေက သောက်သုံးသူ ဘော်ဒါများက အမှတ် တရ ရေးပြီးထားခဲ့တဲ့ ဖုန်းကာဗာတွေ၊ ငွေစက္ကူတွေဖြစ်ပါတယ်။ နံရံပေါ်က စာတွေကလည်း အဲဒီ လိုပါပဲ။ ဓာတ်ပုံနဲ့ တွဲဖတ်လို့ရအောင် အရင်တင်ထားတဲ့ “သွား စား နားခဲ့သမ ျှ ” စာစု ထဲက Hi Bar အကြောင်းရေးထားတာလေးကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ် – ဘယ်မှာ နား ညနေ အပန်းဖြေဖို့ ဆိုရင် မြို့မဈေးနားက Hi Bar မှာထိုင်တယ်။ ဒီဆိုင်က ကျဉ်းကျဉ်းလေး။ U ပုံ စားပွဲရှည်ကြီးမှာ ၁၅ ယောက်၊ အတွင်းကContinue reading “Hi Bar @ ဘော်ဒါ ဘား”