သူတို့ သွားကြပြီ

မတ်လ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသ ျှ သံရုံးက ၁။ ကမ္ဘာမှာပျံ့နေတဲ့ဗိုင်းရပ်စ်ကြောင့် မြန်မာဆေးရုံတွေမှာ ဝန်ပိလာနိုင်တယ်၊ ပုံမှန်ဆေးကုသမှုတောင် ခက်လာနိုင်တဲ့အခြေအနေရယ်၊ ၂။ မြန်မာကနေ ထွက်ဖို့ လေယာဉ်ခရီးစဉ်တွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ ရပ်ဆိုင်း လိုက်တာမျိုး ဖြစ်လာနိုင်တဲ့အခြေအနေရယ်၊ ကြောင့် ဗြိတိနိုင်ငံသားတွေကို မြန်မာနိုင်ငံက ထွက်ခွာဖို့ အကြံပေးကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီသတိပေးချက်မှာပဲ သံရုံးဝန်ထမ်းအချို့နဲ့ မှီခိုသူတွေကိုလည်း ရုပ်သိမ်းနေကြောင်းဖော်ပြထား ပါတယ်။

လက်ဆေးမယ်ဆိုရင် ပဲခူးကို သတိရပါ

နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၃ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ လူစုလူဝေး နဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ မလုပ်ဖို့ ညွှန်ကြားတယ်။ ပဲခူးတိုင်းဝန်ကြီးချုပ်ကတော့ မတ်လ ၁၆ ရက်နေ့ပဲခူးတက္ကသိုလ်မှာ တောင်သူတွေနဲ့ တွေ့ဆုံပွဲ လုပ်တယ်။ သမ္မတရုံးညွှန်ကြားချက်နဲ့ ကွဲလွဲနေပေမယ့် ကိုရိုနာ ဗိုင်းရပ် ကာကွယ်၊ထိန်းချုပ်ရေးကို အထောက် အကူပြုတဲ့အနေနဲ့ “ လက်ဆေးဖို့ ပိုက်ဆံမရှိရင် သူ့ဆီလာတောင်းပါ” လို့ ပြောတဲ့အကြောင်း သတင်းမှာဖတ် ရတယ်။ ဒါ့ကြောင့်လည်း ပဲခူးဟာ နာမည်ကြီးတာပဲ။ လက်သန့်စင်ဆေးရည်တွေ ဈေးတက်မှာမပူနဲ့ ပဲခူးဝန်ကြီးချုပ်ရှိတယ်။

နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၁၇ မတ် ၂၀၂၀)

၁။ မတ်လ ၁၆ ရက်နေ့ညနေ မှာ မလေးရှားအစိုးရက မတ်လ ၁၈ ရက်နေ့ကနေ ၃၁ ရက်နေ့ အထိ မလေးရှားနိင်ငံထဲကို အပြင်ကနေလည်း ဝင်ခွင့်မပြုဘူး။ အထဲကလည်း ထွက်ခွင့်မပြုဘူး လို့ ကြေညာခဲ့တယ်။ နိုင်ငံပြင်ပရောက် မလေးရှားနိုင်ငံသားတွေ ပြန်လာရင် (၁၄) ရက် သီးခြားခွဲ ခြားထိန်းသိမ်းခံရမယ်လို့ ကြေညာခဲ့ပါတယ်။ ၂။ မလေးရှားအစိုးရကဘာသာရေးအခမ်းအနားတွေ၊ ဆုတောင်းပွဲတွေ၊ အားကစားပွဲတွေ အားလုံးပိတ်ပင်ခဲ့တယ်။ ဘုရင်ကလည်း သောကြာနေ့ဝတ်ပြုမှုတွေကို ဆိုင်းငံ့ထားဖို့ အမိန့် ထုတ်ခဲ့တယ်။ ရုံးတွေ၊ ဈေးဆိုင်တွေ၊ ရုပ်ရှင်ရုံတွေပိတ်ထားရမယ်။ အစိုးရရုံးတွေမှာလည်း အများ ပြည်သူဝန်ဆောင်မှုအတွက် မဖြစ်မနေလိုတဲ့ ရုံးတွေပဲဖွင့်မယ်။ ဆူပါမားကက်၊မီနီမားကတ်တွေ နဲ့ စတိုးဆိုင်လေးတွေကိုတော့ ဖွင့်ခွင့်ပြုတယ်။ ၃။ စင်္ကာပူနိုင်ငံမှာတော့ မလေးရှားနယ်စပ်ကို ပိတ်လိုက်တဲ့အတွက် စားနပ်ရိက္ခာအတွက် စိုးရိမ်Continue reading “နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၁၇ မတ် ၂၀၂၀)”

ဗိုင်းရပ်စ် နဲ့ ပြည်သူ

မနေ့ည ( မတ်လ ၁၆ ) ၈နာရီသတင်းအပြီးမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုရို နာ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ၊ ကုသ ရေးနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးဆိုင်ရာ အခြေအနေများ နဲ့ လူထုကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းကို ထုတ်လွှင့်ခဲ့တယ်။တကယ်တော့ မတ်လ ၁၂ ရက်နေ့ ည ရန်ကုန် မြို့သူမြို့သားတွေ ထိတ်လန့်ပြီး ဈေးဝယ်တာတွေ ဖြစ်ခဲ့ပြီး မတ်လ ၁၃ ရက်နေ့မှာ သမ္မတ ၊ ဒါမှမဟုတ် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တစ်ဦးဦးက ပြည်သူ လူထုကို မိန့်ခွန်းပြောမယ်လို့ မေ ျှာ်လင့်ခဲ့ပေမယ့် မတ်လ ၁၆ ရက်နေ့ ည မှာပဲ ဒီမိန့်ခွန်းကို ကြားခဲ့ရတယ်။အခုအချိန်မှာ လူတွေရဲ့Continue reading “ဗိုင်းရပ်စ် နဲ့ ပြည်သူ”

နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၁၆ မတ် ၂၀၂၀ )

၁။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး နမူနာကို အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့မှာ ဒီနေ့ (မတ်လ ၁၆ ရက်) စမ်းသပ်မှုတွေ စတင်လုပ်ဆောင်မယ်လို့ အမည်မဖော်တဲ့ အမေရိကန်အစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး အေပီ သတင်းမှာဖော်ပြခဲ့ပါတယ်။ ကာကွယ်ဆေးကို ဆန္ဒအလျောက်ပါဝင်သူ ၄၅ ဦး မှာစမ်းသပ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးကို ချက်ခြင်းအသုံးပြုနိုင်မှာမဟုတ်ဘူး။ ဘေးထွက် ဆိုးကျိုး အပါအဝင် အခြေအနေအမျိုးမျိုးအတွက် စမ်းသပ်ရမှာဖြစ်ပြီး လက်တွေ့အသုံးပြုနိုင်ဖို့အတွက် အနည်းဆုံးတစ်နှစ်လောက်အချိန်ယူရမယ်လို့လည်း ဆိုပါတယ်။ ၂။ တစ်နိုင်ငံလုံးမှာ ခရီးသွားလာမှု၊ အိမ်ပြင်ထွက်မှုတွေကို ကန့်သတ်ထားပေမယ့် အီတလီ နိုင်ငံမှာ မနေ့က တစ်နေ့ထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃၆၈ ဦး သေဆုံးခဲ့တယ်။ ဒါ ဟာ တစ်နေ့တည်းမှာ အများဆုံးသေဆုံးတဲ့အရေအတွက်ဖြစ်ပါတယ်။ အခုအချိန်ထိ အီတလီမှာ ရောဂါ ကြောင့်သေဆုံးသူContinue reading “နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၁၆ မတ် ၂၀၂၀ )”

ဦးထင်လင်းဦး

ဦးထင်လင်းဦးနဲ့ ဘယ်တုန်းကမှ သဘောထားချင်း၊ အယူအဆချင်းမတူခဲ့ဘူး။ဒါပေမယ့် ယုံကြည်ချက်အတိုင်း ရပ်တည်နိုင်၊ ပြောနိုင်တဲ့သူတွေ နိုင်ငံရေး လောက ထဲက ထွက်ခွာသွားတာကိုလည်း မမြင်ချင်ဘူး။အယူအဆမတူတဲ့သူတွေ၊ သဘောထားချင်းမတိုက်ဆိုင်တဲ့သူတွေ ရှိနေတာဟာ ကိုယ့်အတွက် ပြဿနာတွေကို အခြားရှုထောင့်က တွေးနိုင်အောင် အထောက်အကူပြုတယ်လို့ပဲခံယူပါတယ်။ဒ့ါကြောင့်လဲ ကျွန်တော့်ဖေ့စ်ဘွတ်မိတ်ဆွေစာရင်းထဲမှာ ကျွန်တော့်ကို ဝေဖန်တဲ့အဆင့်မဟုတ်ဘူး ၊ ငါ နဲ့ ၊ မအေ နဲ့ကိုင်ပြီးဆဲတဲ့သူတွေတောင်ရှိတယ်။ ဒါပေမယ့် သူရိုင်းတာက သူ့အဆင့်အတန်းပဲ၊ နိုင်ငံရေး၊ စီးပွားရေး နဲ့ပတ်သက်ရင် သူ့အယူအဆတွေ သိရတာက ငါ့အတွက် အမြတ်ပဲဆိုပြီး စာရင်းမဖျက်ဘဲ ထားပါ တယ်။နိုင်ငံရေးလောကကို စွန့်ခွာသွားပေမယ့် သတင်းသမားတစ်ယောက် အနေနဲ့ တန်ဖိုးရှိတဲ့ဝေဖန်ထောက်ပြမှုတွေ လုပ်နိုင်မယ်လို့ ယုံကြည်ပါ တယ်။

နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၁၅ မတ် ၂၀၂၀ )

၁။ မတ်လ ၁၃ ရက်နေ့ ညနေပိုင်း စမ်းသပ်စစ်ဆေးချက်အရ အမေရိကန်သမ္မတ ထရမ့် မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြီးခဲ့ တဲ့ တစ်ပတ်က သမ္မတ ထရမ့်နဲ့တွေ့ဆုံခဲ့တဲ့ ဘရာဇီးလ်ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်နေကြောင်းတွေ့ရပြီးတဲ့နောက် အခုလို စစ်ဆေးမှုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂။ သမ္မတ ထရမ့်က ဗြိတိန်နိုင်ငံနဲ့ အိုင်ယာလန်နိုင်ငံကိုပါ အမေရိကန် နိုင်ငံကို လာရောက် ခွင့် ပိတ်ပင်တဲ့ စာရင်းထဲမှာ ထပ်မံထည့်သွင်းခဲ့ပါတယ်။ ၃။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် ဝင်ထွက်လမ်းတွေ မှာ ရဲတပ်ဖွဲ့ဝင်တွေနေရာယူပြီး လူဝင် လူထွက် ထိန်းချုပ်မှုကို စတင်လုပ်ဆောင်ဖို့ ပြင်ဆင်နေပါပြီ။ မြို့တော်ကို အလုပ်လုပ်ဖို့ ဝင်/ ထွက်သူတွေကို စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှာဖြစ်ပါတယ်။ ကျောင်းတွေ၊ အခမ်းအနားContinue reading “နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၁၅ မတ် ၂၀၂၀ )”

ဗိုင်းရပ်စ် ကာကွယ်ရေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၁။ ဗိုင်းရပ်စ်ပိုးက နေပူ မိုးရွာ စွတ်စို ထိုင်းမှိုင်း ဘယ်ရာသီဥတုမဆို ကူးစက်နိုင်ပါတယ်။ ပုံ ၁။ ၂။ ပိုးသတ်လက်ဆေးဆပ်ပြာရည်မရှိလည်း ဆပ်ပြာရိုးရိုး နဲ့ ရေနဲ့ လက်ဆေးရင်လည်း ကာကွယ်နိုင်ပါတယ်။ ပုံ ၂ ၃။ အခု အချိန်ထိ ရရှိထားတဲ့ အထောက်အထားတွေအရ ဗိုင်းရပ်စ်ပိုးက ရောဂါရှိသူနဲ့ နီးနီးကပ်ကပ်နေထိုင်တဲ့အခါ နှာချေ၊ ချောင်းဆိုးရာက နေ ကူးစက်တာက အဓိကပဲ။ နှာချေ၊ ချောင်းဆိုးတဲ့အခါ အမှု အမွှားတွေ အဝေးဆုံးလွင့်စင် လာနိုင်တဲ့အကွာအဝေး တစ်မီတာကျော် ( သုံးပေကျော် ) ရှိတယ်။ အဲဒီ ထက် ဝေးဝေးမရောက်နိုင်ဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်က မျက်နှာပြင်တွေပေါ်မှာ အသက်ရှင်နိုင် တယ်။ (ဒီပိုးက လေထဲမှာ မနေနိုင်တဲ့အတွက်Continue reading “ဗိုင်းရပ်စ် ကာကွယ်ရေး”

နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၁၄ မတ် ၂၀၂၀ )

၁။ မတ် ၁၃ ရက်နေ့မှာ အမေရိကန်သမ္မတ ထရမ့်က အမေရိကန်နိုင်ငံမှာ အရေးပေါ် အခြေ အနေကြေညာခဲ့ပြီး ပြည်ထောင်စုရန်ပုံငွေက ဒေါ်လာ ဘီလျံ ၅၀ အသုံးပြုဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ၂။ သမ္မတ ထရမ့် နဲ့ မတ်လ ၇ ရက်နေ့မှာ တွေ့ဆုံခဲ့တဲ့ ဘရားဇီးလ် သမ္မတရဲ့ လက်ထောက် တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်တဲ့လက္ခဏာတွေ့ခဲ့ရပြီးတဲ့နောက် ထရမ့်က သူလည်း ရော ဂါ လက္ခဏာရှိမရှိ ဆေးစစ်ခံဖို့ရှိတဲ့အကြောင်း မတ်လ ၁၃ ရက်နေ့မှာ သတင်းထောက်တွေကို ပြောခဲ့တယ်။ ၃။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဥရောပတိုက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားတဲ့ အချက် အခြာနေရာဖြစ်လာပြီလို့ မတ်လ ၁၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အခုအချိန်မှာ ဥရောပ မှာContinue reading “နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၁၄ မတ် ၂၀၂၀ )”

ဒီနေ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ကြေ ညာချက်မှာပါတဲ့ “ လူစုလူဝေး” ဆိုတဲ့စကားရပ်ကို ဘယ်လို အနက်ဖွင့် မလဲ လို့ သတင်းထောက်တွေကမေးခဲ့တယ်။ ဘာသာရေးအရ ဝတ်ပြု ဆုတောင်းတာတွေကို ဘယ်လိုလုပ်မလဲလို့လည်း ထောက်ပြခဲ့တယ်။ ဦးဇော်ဌေးကတော့ သက်ဆိုင်တဲ့ ဌာနတွေ၊ တိုင်းဒေသကြီး၊ ပြည်နုယ်အစိုးရတွေက ဆုံးဖြတ်မယ်ဆိုတဲ့ သဘောဖြေကြားခဲ့တယ်။ စင်္ကာပူမှာတော့ လူ ၂၅၀ ကျော်တဲ့ အခမ်းအနားတွေ၊ ဖျော်ဖြေပွဲတွေ မလုပ်ဖို့၊ ဒါမှမဟုတ် ရွှေ့ဆိုင်းဖို့ အမိန့်ထုတ်ပြန်ထားတယ်။ လက်မှတ်ရောင်း ထားပြီးပြီဆိုရင်တော့ လုံလောက်တဲ့အကာကွယ်လုပ်ထားတဲ့ အကြောင်း ကျေနပ်အောင် သက်သေပြနိုင်မှ ဆက်လက်ကျင်းပခွင့်ပြုမယ်။ ဒီကန့်သတ်ချက်ဟာ ဘာသာရေးအခမ်းအနားတွေ၊ ပုဂ္ဂလိက အခမ်း အနား ( ဥပမာ မွေးနေ့ပွဲ ) တွေနဲ့လည်း အကျုံးဝင်ပါတယ်။ ဒါ့အပြင်Continue reading