နှင်းဆီ

ရန်ကုန် ပတ်ဝန်းကျင်မှာ နှင်းဆီ စိုက်ခင်းတွေ မြင်ဖူး၊ တွေ့ဖူးပေမယ့် တောင်ပေါ်ဒေသမှာ ဧက ရာချီတဲ့ နှင်းဆီပန်းခင်းတွေ မြင်ရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ပင်းတယ မြို့ခံမိတ်ဆွေက ကျွန်တော့်ကို နှင်းဆီပန်းခင်းတွေပြမယ်၊ ပြီးရင် ထူးခြားတဲ့ ရှေးဟောင်း ထမင်းကြော်ကျွေးမယ်ဆိုပြီး ပင်းတယ – ရပ်စောက်လမ်းအတိုင်းခေါ်သွားတယ်။ ပင်းတယ ကနေ ဆယ်မိုင်လောက်မောင်းလာတဲ့အခါ မိုင်းအင်ရွာကို ရောက်တယ်။ မိုင်းအင် ရွာက ထွက်တာနဲ့ လမ်းဘေး ဝဲယာမှာ နှင်းဆီစိုက်ခင်းတွေ စတွေ့ရတယ်။ ပင်းတယ နယ် မိုင်းအင် နဲ့ ရပ်စောက် နယ်ကောင်းဘို ကြား လမ်းဝဲယာ နဲ့ အတွင်းပိုင်းမှာ နှင်းဆီစိုက်ဧက ခြောက်ရာကျော် လောက် ရှိတယ်လို့ပြောတယ်။ မိတ်ဆွေဖြစ်သူက လမ်းဝဲယာ ထက် အတွင်းပိုင်းက စိုက်ခင်းတွေက ပိုကျယ်၊Continue reading “နှင်းဆီ”

ကျူး ကလော ၊ ကလော ကျူး

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလ အတွင်းက ကလောပတ်ဝန်းကျင် မှာ တောတွင်း ခရီးကြမ်းလမ်း လေ ျှာက်ခဲ့တော့ ကလော သစ်တော ကြိုးဝိုင်းထဲက မြေဘုတ်ဘီလူးတွေအကြောင်း ကြားခဲ့ ရတယ်။ ဒါပေမယ့် ထူးဆန်းတာက အဲဒီ မြေဘုတ်ဘီလူးတွေအကြောင်း တိတိ ကျကျ ပြောစမ်းပါဆိုရင် ပြောမယ့်သူမရှိဘူး။ မြေဘုတ်ဘီလူးဖမ်းစားမှာကို ကြောက်နေကြတယ်။ ဒ့ါကြောင့် ဒီတစ်ခေါက်တော့ ကိုယ်တိုင်ပဲ မြို့ပတ်ဝန်းကျင်လှည့်လည်ပြီး မြေဘုတ် ဘီလူး ရှာပုံ တော်ဖွင့်ခဲ့တယ်။ ကလောမြို့ပတ်ဝန်းကျင်က ထင်းရှူးတောတွေဟာ ကလောမြို့ရဲ့ ကျက်သရေပဲ။ ကလောမြို့ထဲမှာ နဲ့ မြို့ပတ်ဝန်းကျင်မှာလည်း ကလောမြို့ကို ထင်းရှူးမြို့တော်အဖြစ် တည် ဆောက်ဖို့၊ ထင်းရှူးပင်တွေကို ဝိုင်းဝန်းထိန်းသိမ်းဖို့ မေတ္တာရပ်ခံတဲ့ ဆိုင်းဘုတ်တွေ၊ ထင်းရှူးပင် တွေဟာ သစ်တောဥပဒေအရ အကာအကွယ်ပေးထားတဲ့ သစ်ပင်ဖြစ်တဲ့အတွက် ခုတ်လှဲရင်Continue reading “ကျူး ကလော ၊ ကလော ကျူး”

ဆင်တောင်

ကျွန်တော့်ခရီးစဉ်မှာ ခွေးရုပ်ဘူတာကနေ အပြန်အခရီးမှာ ဆင်တောင်ကို ခြေလျင်ပြန်သွားခဲ့ ရတယ်။ ဆင်တောင်ရောက်တဲ့အခါမှာတော့ ကားငှားပြီး မြင်းဒိုက်ဘူတာကို ပြန်ခဲ့တယ်။ ဆင်တောင်ရွာက အိမ်ခြေ လေးရာတစ်ဆယ်ရှိတယ်။ ပအိုဝ်း၊ တောင်ရိုး ၊ဓနု တိုင်းရင်းသားတွေနဲ့ ဂေါ်ရခါး လူမျိုးတွေများတယ်။ ဗမာတိုင်းရင်းသားအိမ်ထောင်စုက နှစ်ဆယ်ကျော်ပဲရှိတယ်။ ဆင်တောင်ရွာရဲ့ အဓိက လုပ်ငန်းက နနွင်း ( ဆနွင်း) စိုက်ပျိုးရေးပါ။ နနွင်းစိုက်တဲ့နေရာ အများစုက ဆင်တောင်ရွာ ပတ်ဝန်းကျင်မှာမဟုတ်ဘူး။ ဆိုင်ကယ်နဲ့ သွားရင် နာရီဝက် ကျော်ကျော်၊ ခြေလျင်သွားရင် နှစ်နာရီကျော်သွားရတဲ့ ပေါင်းလောင်းချောင်းဦး ပတ်ဝန်းကျင် မှာ စိုက်ပျိုးကြတာဖြစ်ပါတယ်။ ပေါင်းလောင်းချောင်းဦး ဆိုတာ ပေါင်းလောင်းချောင်းအစ ကို ခေါ်တာပါ။ အဲဒီနေရာက တောင်ခြေ ဂူထဲကနေ ရေထွက်နေတာဖြစ်ပြီး တောင်ထိပ်မှာ စေတီတစ်ဆူရှိတယ်။ ချောင်းဦးနေရာနဲ့ ပေါင်းContinue reading “ဆင်တောင်”

မြင်းဒိုက်ဘူတာ

မြင်းဒိုက်ဘူတာ က ရွှေညောင်ဘူတာဘက်ကလာရင် ကလော အလွန်တစ်ဘူတာပေါ့။ ကလော ကနေ နန်းသဲကျေးရွာကို ဖြတ်ပြီး မြင်းဒိုက်ဘူတာ အထိ ကတ္တရာလမ်းအတိုင်း ကားနဲ့ သွားလို့ရ တယ်။ ကျွန်တော့်ခရီးစဉ်မှာ ရောက်ခဲ့တဲ့ မြင်းဒိုက်၊ ဆင်တောင်၊ ခွေးရုပ် ဘူတာသုံးခု ထဲမှာ မြင်းဒိုက်ဘူ တာက အဆောက်အဦ အများဆုံးပဲ။ ဘူတာရုံအပြင် ကိုလိုနီခေတ်လက်ရာ မီးခိုးခေါင်းတိုင် နဲ့ တည်ဆောက်ထားတဲ့ နေအိမ်တစ်လုံး၊ လေးခန်းတွဲလိုင်းခန်းတစ်လုံးရှိတယ်။ဒ့ါအပြင် အမိုး အုတ်ကြွပ်ပြားတွေမှာ ၁၉ ၅၃ လို့ရေးထား တဲ့ ဒီဘက်ခေတ် တန်းလျား နှစ်ခု ရှိတယ်။ မီးခိုးခေါင်းတိုင်နဲ့ အိမ်က ဘူတာရုံပိုင်အိမ်။ လေးခန်းတွဲက အရင်က စက်ခေါင်းမောင်းတွေ၊ တွဲ စစ်တွေနားတဲ့ရိပ်သာ၊ အခုတော့ အလုပ်သမားတန်းလျားဖြစ်နေပြီ။ အဖေကလည်း ဒီဘူတာမှာContinue reading “မြင်းဒိုက်ဘူတာ”

နီးနီး ဝေးဝေး ပညာရေး

မြင်းဒိုက်ကနေ ဆင်တောင်ကို ရထားသံလမ်းအတိုင်း သွားတော့ လမ်းမှာ ကျောင်းသူလေး တစ်ယောက်နဲ့တွေ့တယ်။ ဆယ်တန်းကျောင်းသူလေး။ ဆက်သွားတော့ နောက်ထပ် ကျောင်းသားသုံးယောက်၊ ကျောင်းသူတစ်ယောက်တွေ့တယ်။ ပထမတွေ့တဲ့ကျောင်းသူလေးနဲ့ တစ်ရွာတည်းပဲ။ ဆယ်တန်းနှစ် ယောက်ပါတယ်။ ကျန်တာက ရှစ် တန်း၊ ကိုးတန်းတွေ။ သူတို့ရွာကနေ မြင်းဒိုက် အထက်တန်း ကျောင်းကို နေ့စဉ်လမ်းလေ ျှာက်ပြီးလာရတယ်။ အသွားတစ်နာရီ၊ အပြန်တစ်နာရီ ကြာတယ်။ သူတို့ရွာမှာ အဲဒီလို ကျောင်းတက်နေတာ ရှစ်ယောက်ရှိတယ်တဲ့။ နီးနီးလေးရှိတဲ့ကျောင်းကို တက်သင့် မတက်သင့် အငြင်းပွားနေချိန်မှာ ၊ သူတို့လေးတွေကတော့ ဘယ်လောက်ဝေးဝေး ရောက်အောင်သွားပြီး ပညာဆည်းပူးနေဆဲပဲ။

အတိတ် ခရီးသည်

“ ရထားလမ်းအတိုင်း ခြေလျင်ခရီးနှင် ချင်တယ်ဗျာ” ။ ကျွန်တော့်စကားကို ကြားတော့ ဒေသခံ ဧည့်လမ်းညွှန်က နားမလည်နိုင်တဲ့ အကြည့်နဲ့ ပြန်ကြည့်တယ်။ သူက သာစည်ကနေ ကလော ကိုရထားနဲ့လာတဲ့။ ဒါမှမဟုတ် ညောင်ရွှေကနေ ဆင်တောင်ကို ရထားနဲ့သွား၊ ဆင်တောင် မှညအိပ် ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကို ခရီးလှည့်တဲ့နိုင်ငံခြားခရီးသွားတွေကိုပဲ ကြုံဖူးတာကိုး။ ကျွန်တော်ကတော့ မြင်းဒိုက် ဘူတာ ကနေ ခွေးရုပ်ဘူတာအထိ ရထားလမ်းအတိုင်း လမ်းလေ ျှာက် ဖို့ ဆုံးဖြတ်ထားတာ။ ကျွန်တော်ငယ်ငယ်က အဖေ အောင်ပန်းမှာ တာဝန်ကျတော့ သာစည်- ရွှေညောင် ရထားကို အကြိမ်ကြိမ်စီးခဲ့ဖူးတယ်။ တောင်တက်လမ်းကို အသံကုန် အော်ပြီးတက်နေတဲ့ စက်ခေါင်းကြီးကို သနားဖူးတယ်။ လွန်းထိုးတွေမှာ ရထားကြီးကို ရှေ့နောက် အတက်အဆင်းတွေလုပ်နိုင်ဖို့ သံလမ်းတွေအပြောင်းအလဲလုပ်တာကို အံ့သြမဆုံး၊Continue reading “အတိတ် ခရီးသည်”

အရှေ့မြင် အနောက်မြင်တောင် (၂)

တောင်တက်လမ်းက လီဆူစခန်းကျော်တာနဲ့ တောင်စောင်းအတိုင်းတက်သွားတယ်။ ဒီနေရာမှာ လမ်းက ခြေတစ်ဖဝါးစာကျော်ကျော်လေးပဲရှိတယ်။ တစ်ဖက်မှာ တောင်နံရံ၊ တစ်ဖက်မှာ ချောက် ဆိုတော့ အတွေ့အကြုံမရှိတဲ့ ခရီးသွားတွေ ၊ အထူးသဖြင့် အမျိုးသမီးတွေ အခက်အခဲဖြစ် တဲ့ နေရာလို့ လမ်းပြတွေက ပြောပြတယ်။ တောင်စောင်းအတိုင်းတက်တဲ့လမ်းဆုံးတော့ အရှေ့မြင် အနောက်မြင်တောင်ထိပ်ကို သွားတဲ့ တောင်ကြောပေါ်ရောက်သွားတယ်။ တောင်ကြောပေါ်တက်ပြီး နည်းနည်းလေ ျှာက်လိုက် တာနဲ့ ရပ်စောက်၊ ပင်းတယ နဲ့ ရွာငံ မြို့နယ်သုံးခု ဆုံတဲ့ အမှတ်အသား ကျောက်ပုံတစ်ပုံကို တွေ့ရ တယ်။ ကျောက်ပုံကို မျက်နှာမူပြီး ကြည့်လိုက်ရင် ညာဘက်က ရပ်စောက်မြို့နယ်၊ ဘယ် ဘက်က ပင်းတယ မြို့နယ် ၊ ရှေ့တူရူက ရွာငံမြို့နယ်လို့ ဆိုတယ်။ ကျွန်တော်တို့ တက်တဲ့နေ့ကContinue reading “အရှေ့မြင် အနောက်မြင်တောင် (၂)”

အရှေ့မြင် အနောက်မြင်တောင် (၁)

“ တောင်တက် တယ်ဆိုတာ တောင်ကို အနိုင်ယူသိမ်းပိုက်တာမဟုတ်ဘူး၊ ကိုယ့်ကိုကိုယ် အောင်နိုင်ခြင်း ဖြစ်တယ်” ( Sir Edmund Hillary ဧဝရတ်တောင်ထိပ်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့သူ) တောင်တက်တယ်ဆိုတာနဲ့ ထိပ်ဆုံးရောက်ဖို့အတွက် အခက်အခဲတွေ၊ ပင်ပန်း မှု တွေနဲ့ ရင်ဆိုင်ရမယ်၊ လမ်းတစ်ဝက်မှာပဲ လက်မြှောက်အရှုံးပေးပြန်လှည့်ချင်စိတ်တွေ ပေါ်လာ မယ်။ ဒီလို ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ အခက်အခဲတွေကို ကျော်လွှားနိုင်မှ တောင်ထိပ်ကို ရောက် နိုင်မယ်။ ဒါ့ကြောင့်လည်း Hillary က ကိုယ့်ကိုကိုယ် အောင်နိုင်ခြင်း လို့ ပြောခဲ့တာပဲ။ တစ်နည်းအားဖြင့် တောင်တက်ခြင်းဟာ ကိုယ့်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုကို ဆန်းစစ် ခြင်း လည်း ဖြစ်တယ်။ ဒါ့ကြောင့်လည်း ၂၀၂၂ ခုနှစ်ကိုContinue reading “အရှေ့မြင် အနောက်မြင်တောင် (၁)”

မြို့အုပ်မင်း

အခု အချိန်မှာတော့ “ အိမ်အတွက် ဘာပဲလိုလို ကျွန်တော့်ကို ခိုင်းပါ” ဆိုပြီး တောင်းဆိုနေရ တယ်။ အဓိက ကတော့ အပြင်ထွက်ဖို့ အတွက် ခေါင်းစဉ်ရှာတာပါပဲ။ ကျွန်တော်ကလည်း ခရီး သွားရင် သွားရ၊ မသွားရရင် မြို့လုံးပတ်လည် လှည့်ချင်နေတာကိုး။ ဒါပေမယ့် အိမ်သူ က လည်း တောင်ပေါ် မြေပြန့်မခွဲခြားဘဲ အုန်းအုန်းထ ဝုန်းဒိုင်းကြဲနေတဲ့ အခုလို အချိန်မှာ ဘယ်မှ မသွားစေချင် ဘူး။ ဒီလိုနဲ့ ဘာပဲလိုလို ငါသွားဝယ်မယ် ဆိုပြီး တောင်းဆိုရတော့တာပဲ။ အခုလည်း အသီးအရွက်နဲ့ ဟင်းချက်စရာတစ်ချို့လိုတယ်လို့ အသံကြားတာနဲ့ ၊ “ကားဆီ ထည့် ဖို့လည်းရှိတယ်၊ ငါသွားလိုက်မယ်ဟေ့” ဆိုပြီး တစ်ချိုးတည်း လစ်ထွက်လာခဲ့တယ်။ ပထမဆုံး ဈေးဝယ်ဖို့ စီးတီးမတ်ကိုContinue reading “မြို့အုပ်မင်း”

ကုလားထိုင်များ

ဒီအက်ဆေးကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့မှာ ရေးခဲ့ပါတယ်။ အဲဒီအချိန်က ရွေးကောက်ပွဲ နိုင် အင်န်အယ်လ်ဒီပါတီ ကို အစိုးရအဖွဲ့တာဝန်တွေ လွှဲပြောင်းပေးဖို့ ပြင်ဆင်နေချိန်ဖြစ်ပြီး ထိုင်ခုံ ပျောက်တော့မယ့်အခြေအနေကြောင့် သွေးလေ ချောက်ချားနေသူတွေ၊ ထိုင်ခုံ အသစ်အတွက် ခါးတောင်းကျိုက်ပြင်နေသူတွေကို ခံစား ရေးဖွဲ့ခဲ့တာဖြစ်ပါတယ်။ ကုလားထိုင်များ မြန်မာအဘိဓာန်တွင်တော့ ကုလားထိုင်ကို ခြေလေးချောင်းနှင့် အမှီပါသော ထိုင်ခုံ ဟု ဖွင့်ဆိုထားသည်။ ကျွန်တော့်အဖိုးကတော့ ငါတို့ဗမာတွေမှာ ကုလားထိုင်ဆိုတာမရှိဘူး၊ ကုလားဖြူတွေရောက်လာမှ ယူလာတာ။ ဒါ့ကြောင့် ကုလားထိုင်လို့ ခေါ်တာဟု ပြောဖူး သည်။ ဘယ်လိုပဲ ပြောပြော ကုလားထိုင် ဆိုတာက သာမန်ပရိဘောဂတစ်ခုလို့ ပြော လို့ ရသလို အခြေအနေတစ်ခု၊ အခွင့်အရေးတစ်ခုကို ပြသခြင်းဖြစ်သည်ဟုလည်း ဆိုနိုင် မည်Continue reading “ကုလားထိုင်များ”