ရန်ကုန် ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အင်န်အယ်လ်ဒီအစိုးရ ပေးခဲ့သော ကတိ စကားအချို့ ၁။ ရန်ကုန်တိုင်း၏ အိမ်ထောင်ဦးစီးနေရာတွင် တာဝန်ယူထားပြီး ၂၀၁၈ မှာ ရန်ကုန်တိုင်းကို တရားဥပဒေစိုးမိုးရေး နဲ့ စီးပွားရေးကောင်းအောင်ဆောင်ရွက်မယ်။၂။ ကျူးကျော်များအတွက် အိမ်ရာများ ခြောက်လအတွင်း စီစဉ်ပေးမည်။၃။ အစိုးရသစ်၏ ကျန်ရှိနေသည့် သက်တမ်းသုံးနှစ်အတွင်း ရန်ကုန်မြို့တွင် လာနေသူတိုင်း အိမ်ရာပိုင်ဆိုင်အောင်ဆောင်ရွက်ပေးမည်။၄။ ရန်ကုန်မြစ်အနောက်ဘက်ကမ်းတွင် ယခုနှစ်အတွင်း Smart City တစ်ခုနှစ် စီးပွားရေး ဇုန် တစ်ခု ပေါ်ထွန်းလာမည်။၅။ စက်သုံးဆီ တန်ချိန်သန်းချီ သိုလှောင်ကန်များတည်ဆောက်ကာ ဆီဈေးကျအောင် လုပ်မည်။၆။ ရန်ကုန်တိုင်းသည် ရေကြီးသည့် စာရင်းမှ လွတ်မြောက်ခဲ့ပြီ။၇။ YBS စနစ် အခြားနိုင်ငံများထက်သာစေရမည်။၈။ YBS ယာဉ်လိုင်းများ၏ ငွေပေးချေမှုစနစ် အရှေ့တောင်အာရှ၌ အရှေ့ဆုံးသို့ရောက်လာမည်။ ပြီးခဲ့တဲ့ငါးနှစ်အတွင်းContinue reading “မဲမပေးခင် စဉ်းစားဖို့ (၁၃)”
Author Archives: ye htut
ဆိုက်ကား ကော်မရှင်
ဒဂုံတောင် အမှတ် ၂၀ ရပ်ကွက် မှာတော့ NLD ပါတီတံဆိပ် ပါတဲ့ ထီးတပ်ထားတဲ့ ((ဆိုင်ကယ်) ဆိုက်ကားနဲ့ ကြိုတင်မဲလိုက်ကောက်တယ်လို့ သတင်းမှာပါနေတယ်။ ရွေးကောက်ပွဲ ကော်မရှင် လုပ်ငန်းတွေမှာ ပါတီတံဆိပ်တွေ နဲ့ ဆောင်ရွက်သင့်ပါသလား။ အောက်ခြေကော်မရှင်တွေ က ဘယ်သူ့ ကို နမူနာယူပြီးလိုက်လုပ်နေသလဲ ဦးလှသိန်းကော်မရှင် အနေနဲ့ အောက်ခြေအဆင့်က ပြဿနာတွေကို အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းသင့်နေပါပြီ။ မရှင်းနိုင်ရင် သတင်းစာရှင်းလင်းပွဲမှာ ကားနဲ့ ကြိုတင်မဲပေးနိုင်ဖို့ ဆောင်ရွက်မယ်လို့ ပြောခဲ့ပေမယ့် ရပ်ကွက် အဆင့်မှာ ဆိုက်ကားကော်မရှင်ဖြစ်နေပြီ လို့ အပြောခံနေရဦးမယ်။
မဲပေးခြင်း
မနေ့ညက အသက် ၆၀ ကျော်တွေ ကျန်းမာ ရေးကောင်းရင် အုပ်ကြီးရုံးမှာ ကိုယ်တိုင် ကြိုတင်မဲ လာပေးရမယ်၊ ကျန်းမာရေးမကောင်းဘူး ၊ မလာနိုင်ဘူးဆိုရင် အကြောင်းကြားပါ၊ အိမ် ကို မဲရုံတာဝန်ရှိသူတွေ လာခဲ့မယ် လို့ အုပ်ကြီးနဲ့အဖွဲ့ အသံချဲ့စက်နဲ့ လှည့်ကြေညာတယ်။ အုပ်ကြီး ပြောတာကို ကြားတော့ ငါလည်း လူအို စာရင်းထဲပါနေပါလားဆိုတာ သတိရတယ်။ ရွေးကော် သတင်းစာ ရှင်း လင်းပွဲမှာပြောသလို ကားနဲ့ အိမ်ရှေ့အရောက်လာမဲပေးခိုင်းမယ်ဆိုတဲ့ စနစ်တော့ မဟုတ် တော့ဘူး။ ဒါပေမယ့် ဒီအစီအစဉ်က ပိုပြီးလက်တွေ့ကျပါတယ်။ နေ့လယ် ၁၂ နာရီကျော်လောက်မှာ အုပ်ကြီးရုံးကို သွားတယ်။ လမ်းမှာ ကြိုတင်မဲ စာအိတ်တွေ ပိတ်ဖို့အတွက် လိုရင်သုံးနိုင်အောင် ကော်ဘူးတစ်ဘူးဝယ်တယ်။ အုပ်ကြီးရုံး ရှေ့အဖီအောက်မှာ မဲပေးမယ့်Continue reading “မဲပေးခြင်း”
ပလက်၀ ကော်မရှင် (၂)
မနေ့ ( အောက်တိုဘာ ၂၇) ည ၈ နာရီခွဲ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်သတင်း မှာတော့ ပလက်၀ မှာရွေးကောက်ပွဲ ပြုလုပ်မယ့် အခြေအနေနဲ့ပတ်သက်ပြီး အခုလိုဖော်ပြထားတာတွေ့ရပါတယ်။ “ပလက်ဝကမဲဆန္ဒနယ် ၅ နေရာလုံးမှာ ၂၀၁၅ က NLD အနိုင်ရခဲ့တာပါ။ ချင်းပြည်နယ်ဝန်ကြီးချုပ်လောင်းလို့ သတင်းထွက်နေတဲ့ ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်က ပလက်ဝ(၁)က ဝင်ပြိုင်မှာပါ။ ပလက်ဝ(၁) မှာ အရင်က ကိုယ်စားလှယ်လောင်း ၃ ဦးဝင်ပြိုင်မှာဖြစ်ပေမယ့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ ကိုဖျက်သိမ်းလိုက်တဲ့အတွက် ဦးစိုးထက်က ကြံ့ခိုင်ရေးအမတ်ဦးနန်းဆိုက်တစ် ဦးတည်းနဲ့ပဲပြိုင်ရတော့မှာပါ။” (သတင်းကောက်နှုတ်ချက်) ဒီသတင်းအချက်အလက်မှန်ကန်တယ်ဆိုရင်တော့ ဦးလှသိန်းကော်မရှင်ဟာ အင်န်အယ်လ်ဒီ ပါတီက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လျာထားသူ နေရာမပျောက်စေဖို့အတွက် တိုက်ပွဲတွေ ဖြစ် နေတဲ့ကြားက ပလက်ဝတစ်မြို့နယ်လုံးမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ခဲ့တယ်။ ကန့်ကွက်မှု တွေပေါ်လာတဲ့အခါContinue reading “ပလက်၀ ကော်မရှင် (၂)”
ပလက်၀ ကော်မရှင်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ( ဦးလှသိန်းကော်မရှင်) က ၂၇ အောက်တိုဘာ ရက်စွဲ နဲ့ ရွေးကောက်ပွဲမလုပ်မယ့် နယ်မြေစာရင်းတွေကို အပြောင်းအလဲလုပ်ထုတ်ပြန်ခဲ့တယ်။ ဒီထုတ်ပြန်ချက်ဟာ တပ်မတော်သတင်းစာရှင်းလင်းပွဲ နဲ့နိုင်ငံရေးပါတီများရဲ့ ရွေးကော်ဆုံးဖြတ်ချက်များအပေါ် ကန့်ကွက်ပြောကြားမှုများ နောက်ပိုင်းမှာ ပေါ် ထွက်လာ တာဖြစ်ပါတယ်။ ဦးလှသိန်းကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ အပိုင်းနှစ်ပိုင်းပါတယ်။ ပထမတစ်ခုက အရင်က ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ ကြေညာထားတဲ့ကျေးရွာအုပ်စုတွေကို စာရင်းက ပယ်ဖျက် ပေးတာဖြစ်ပါတယ်။ ပယ်ဖျက်ပေးတာတွေကတော့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် က ကျေးရွာအုပ်စု သုံးခု၊ အမ်း မြို့နယ်က ကျေးရွာအုပ်စု လေးခု၊ ရှမ်းပြည်နယ် မူဆယ်မြို့ပေါ်ရပ်ကွက်တစ်ခု၊ လားရှိုးမြို့နယ် ကျေးရွာအုပ်စု တစ်ခု နဲ့ ကွမ်းလုံမြို့နယ်ကျေးရွာအုပ်စုတစ်ခုဖြစ်ပါတယ်။ ဒုတိယတစ်ပိုင်းက မူလက ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့ နယ်မြေ တစ်ချို့ မှာ ရွေးကောက်ပွဲမလုပ်တော့ဘူးလို့ ပြင်ဆင်Continue reading “ပလက်၀ ကော်မရှင်”
မှတ်မှတ်သားသား ထိုစကား (၄)
“နောင်တက်လာမည့် သမ္မတ အသစ်သည် ရုပ်သေးသမ္မတ မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်များကို ခွဲဝေယူမည့် သမ္မတ ဟု ဆို ” မုံရွာအောင်ရှင် ( ၂၀၁၈) အပြော နဲ့ အလုပ် ညီ၊ မညီ မဲဆန္ဒရှင်ပြည်သူများပဲ သုံးသပ်ကြပါတော့
နိုင်ငံဝန်ထမ်းများနဲ့ ဒေါက်တာအောင်မျိုး
ဝန်ထမ်းတွေကို သတင်းပေးမလုပ်ဖို့ တစ်ဖက်သတ် သတိပေးခံရတဲ့အခါ ( ပုံ ၁ နဲ့ ၂ ) ဝန်ထမ်းတွေကို အောက်ခြေက ခွေးတွေ လို့ အပြောခံရတဲ့အခါ ( ပုံ ၃ ) ဝန်ထမ်းတွေကြောင့် အစိုးရ ကို လူထု အကြည်ညိုပျက်တာ လို့ အပြစ်တင်ခံရတဲ့အခါ ( ပုံ ၄ နဲ့ ၅) ဝန်ထမ်းတွေက ဝတ်ကြီး ဝတ်ငယ်ပြုစုရတဲ့ ခေတ် မကုန်သေးတဲ့အခါ ( ပုံ ၅) ဝန်ထမ်းတွေဘက်က ရဲရဲရင့်ရင့် ရပ်တည်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်တော့ ရှိဖို့လိုတယ်။ ဇမ္ဗူသီရိ မြို့နယ်က ဝန်ထမ်းများ ၊ ဝန်ထမ်းမိသားစုများ ဒေါက်တာအောင်မျိုးကို ရွေးချယ်ခြင်းဖြင့် တစ်နိုင်ငံလုံးက ဝန်ထမ်းတွေအတွက် အကျိုးဆောင်ပေးကြပါ။ ဒေါက်တာအောင်မျိုးကိုContinue reading “နိုင်ငံဝန်ထမ်းများနဲ့ ဒေါက်တာအောင်မျိုး”
စကားပြောသော ဓာတ်ပုံများ
ရွေးကောက်ပွဲကော်မရှင်ရဲ့ ကိုဗစ် ကူးစက်မှု ကာကွယ်ရေး အစီအစဉ်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတ ဟောင်း ဦးသိန်းစိန် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦးလုံး ကြိုတင်မဲ ပေးရတော့မယ်။ ရွေးကောက်ပွဲနေ့မှာ မဲရုံမှာ သွားပြီး မဲပေးခွင့်ရမှာမဟုတ်ဘူး။ ဒ့ါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့နှစ်ဦး မဲပေးခဲ့ပုံတွေကို အမှတ်တရ ပြန်တင်ပေးလိုက် ပါတယ်။ ( ၂၀၁၅ ခုနှစ်ထဲက သိမ်းဆည်းထားတဲ့ပုံတွေဖြစ်နေလို့ မူရင်းသတင်းဌာနကို မသိတော့တဲ့ အတွက် ခရက်ဒစ်မပေးနိုင်တာခွင့်လွှတ်ပါ။ )
မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ( MRTV ) က ၂၀၁၅ မှာ ထုတ်လွှင့်ခဲ့တဲ့ ၂၀၁၁- ၂၀၁၅ ရုပ်သံမှတ်တမ်း လေးပါ။ ၂၀၂၀ မှာ အခြေအနေတွေ ပိုကောင်းနေပြီလား Credit MRTV
မဲမပေးခင် စဉ်းစားဖို့ (၁၂)
စီးပွားရေး ပြီးခဲ့တဲ့ ငါးနှစ်အတွင်း သင့်မိသားစု၊ သင့်ရပ်ကွက်/ကျေးရွာ စီးပွားရေးအခြေအနေ၊ အလုပ် အကိုင်အခွင့်အလမ်းရရှိမှု ပိုကောင်းလာသလား၊ ပိုဆိုးလာသလား ။ စဉ်းစားကြည့်ပါ။ အစိုးရရဲ့ စီးပွားရေး စွမ်းဆောင်မှုကို ဘယ်လို တိုင်းမလဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခု လို ပြောခဲ့ဖူးတယ်။ ( ပုံ ၁ နှင့် ၂ ) “ ပြည်သူလူထု စားဝတ်နေရေးမြင့်တက်ခြင်းမရှိခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမှန်တကယ်မရှိကြောင်း” “ တိုးတက်မှုဆိုတာ ဘာနဲ့တိုင်းမလဲ ဆိုတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေးအခြေအနေပေါ့” “ အခု ADB ကနေပြီးတော့ ၆.၄% ရှိတယ်ဆိုတာလည်း တစ်ချို့ပညာရှင်တွေက မေးခွန်းထုတ် ကြတယ်။ xx ပညာရှင်တွေပြောတာထားလိုက်၊ တကယ်တော့ ကိုယ့်ပြည်သူလူထုနဲ့ သွားပြီး စကားပြောရင် သိတာပဲ။Continue reading “မဲမပေးခင် စဉ်းစားဖို့ (၁၂)”