ရဲထွဋ်ပြောတဲ့ သင်ခန်းစာများ

ကျွန်တော်ပြုစုတဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့် လက်လွတ်ခဲ့သော အခွင့်အလမ်းများ Myanmar’s Democratic Transition and Lost Opportunities (2011–2016) ကို စင်္ကာပူနိုင်ငံ  ISEAS ((Institute of Southeast Asian Studies) Yusof Ishak Institute ကနေ ထုတ်ဝေဖြန့်ချိလိုက်ပါပြီ။  ၂၀၁၃ ခုနှစ်ဆန်း သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးခံရတဲ့အချိန်ကစပြီး ကျွန်တော် ဟာ သမ္မတ ရဲ့ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်အားလုံးနီးပါးမှာလိုက်ပါခွင့်ရတယ်။ သမ္မတ တက်တဲ့ အရေးကြီး အစည်းအဝေးတွေ၊အခမ်းအနားတွေ အားလုံးနီးပါး တက်ရောက်လေ့လာခွင့်ရခဲ့တယ်။ သမ္မတ နဲ့ နိုင်ငံတကာခေါင်းဆောင်တွေ၊ သံတမန်တွေ တွေ့ဆုံပွဲတိုင်းလိုလိုမှာပါဝင်ခဲ့တယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံမှုဆွေးနွေးမှုတွေကို နားထောင်ခဲ့ရတယ်။  ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ နဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၅ ရွေးကောက်ပွဲContinue reading “ရဲထွဋ်ပြောတဲ့ သင်ခန်းစာများ”