အမေရိကန်သမိုင်းမှာ ၁၈၆၈ ခုနှစ်မှာ သမ္မတ အင်ဒရူးဂျွန်ဆင် နဲ့ ၁၉ ၉ ၈ ခုနှစ်မှာ သမ္မတ ကလင် တန်တို့ နှစ်ယောက်ပဲ အထက်လွှတ်တော်က ကြားနာဆုံးဖြတ်ရတဲ့ ပြစ်တင်စွပ်စွဲ မှုကို ခံခဲ့ ရတယ်။ နှစ်ယောက်လုံးကို အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့တယ်။ သမ္မတ နစ်ဆင်ကတော့ စုံစမ်း စစ်ဆေးမှု နဲ့ပတ်သက်ပြီးအောက်လွှတ်တော်မှာ မဲမခွဲခင် ရာထူးကနေ နုတ်ထွက်သွားခဲ့တယ်။ အခုကိစ္စမှာ အောက်လွှတ်တော်အနေနဲ့ ပထမအဆင့် ထရမ့်ကို စွပ်စွဲပြစ်တင်သင့် ကြောင်း စုံစမ်းစစ်ဆေးအတည်ပြုရမယ်။ ထရမ့် နဲ့ ယူကရိန်းသမ္မတ ဖုန်းပြော တဲ့ အကြောင်းအရာက နိုင်ငံတော်သစ္စာဖောက်မှု၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ငြိစွန်းကြောင်း သက်သေပြဖို့ ခက်တယ်။ “ ကြီးလေးသော ရာဇဝတ်မှုနဲ့ အပြစ်” ဆိုတဲ့အချက်ကတော့ အခြေခံContinue reading

ထရမ့် ရဲ့ နောက်ဆုံးစစ်ပွဲ

၂၀၁၆ သမ္မတရွေးကောက်ပွဲထဲက စလိုက်တဲ့    ထရမ့် နဲ့ ဒီမိုကရက်တွေရဲ့ စစ်ပွဲဟာ ထရမ့်ကို ပြစ်တင်စွပ်စွဲပြီး ဖယ်ရှားဖို့အတွက် ကြိုးစားတဲ့အဆင့်ကိုရောက်သွားခဲ့ပြီ။ စက်တင်ဘာလ ၂၄ ရက်နေ့မှာ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ( ဒီမိုကရက်ပါတီ) က သမ္မတ ထရမ့်ကို ပြစ်တင်စွပ်စွဲနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ တရားဝင်စတင်လုပ်ဆောင်  တော့မယ်လို့ ကြေညာခဲ့တယ်။  အောက်လွှတ်တော်ဥက္ကဋ္ဌ ပလိုစီအနေနဲ့ ပြီးခဲ့တဲ့လပေါင်းများစွာအတွင်း ဒီမိုကရက်အမတ်တွေက ထရမ့်ကို စုံစမ်းစစ်ဆေးဖို့တောင်းဆိုခဲ့တာကို ငြင်းဆန်နေခဲ့ရာကနေ အခုတော့ သဘောထား  ပြောင်းသွားတာဖြစ်ပါတယ်။ ဒါကလည်း ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းမှာ ထရမ့် နဲ့ ယူကရိန်း သမ္မတ တို့ ဖုန်းပြောတဲ့အခါ ထရမ့်က ယူကရိန်းသမ္မတကို ၂၀၂၀ မှာ ဒီမိုကရက်သမ္မတလောင်းဖြစ်နိုင်ချေ ရှိတဲ့ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင် နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ စုံစမ်းပေးဖို့  ပြောဆိုတဲ့Continue reading “ထရမ့် ရဲ့ နောက်ဆုံးစစ်ပွဲ”

ရဲထွဋ်ပြောတဲ့ သင်ခန်းစာများ

ကျွန်တော်ပြုစုတဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့် လက်လွတ်ခဲ့သော အခွင့်အလမ်းများ Myanmar’s Democratic Transition and Lost Opportunities (2011–2016) ကို စင်္ကာပူနိုင်ငံ  ISEAS ((Institute of Southeast Asian Studies) Yusof Ishak Institute ကနေ ထုတ်ဝေဖြန့်ချိလိုက်ပါပြီ။  ၂၀၁၃ ခုနှစ်ဆန်း သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးခံရတဲ့အချိန်ကစပြီး ကျွန်တော် ဟာ သမ္မတ ရဲ့ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်အားလုံးနီးပါးမှာလိုက်ပါခွင့်ရတယ်။ သမ္မတ တက်တဲ့ အရေးကြီး အစည်းအဝေးတွေ၊အခမ်းအနားတွေ အားလုံးနီးပါး တက်ရောက်လေ့လာခွင့်ရခဲ့တယ်။ သမ္မတ နဲ့ နိုင်ငံတကာခေါင်းဆောင်တွေ၊ သံတမန်တွေ တွေ့ဆုံပွဲတိုင်းလိုလိုမှာပါဝင်ခဲ့တယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံမှုဆွေးနွေးမှုတွေကို နားထောင်ခဲ့ရတယ်။  ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ နဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၅ ရွေးကောက်ပွဲContinue reading “ရဲထွဋ်ပြောတဲ့ သင်ခန်းစာများ”