အာဆီယံ အဖွဲ့ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကို ဘယ်လိုလုပ်ဆောင် နေလဲဆိုတာ လေ့လာရင်းနဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာ ရှိ ကြီးတွေ ဗီဒီယို ကွန်ဖရင့်လုပ်ပြီး ဆွေးနွေးတဲ့အကြောင်း သတင်းတင်ထား တာတွေ့တယ်။ ပုံ ၁ အဲဒီသတင်းမှာဖော်ပြထားတဲ့ ဗီဒီယိုကွန်ဖရင့်မှာ ပါဝင်ဆွေးနွေးနေသူတွေ ရဲ့ ဓာတ်ပုံမှာ မြန်မာနိုင်ငံမှာ ခုံအလွတ်ပဲ တွေ့တယ်။ ပုံ ၂ မြန်မာဘက်က ကိုယ်ပျောက်ပုဂ္ဂိုလ်က ဘယ်သူလဲ၊ ဘာတွေဆွေးနွေးသလဲ။ အာဆီယံနိုင်ငံ တွေက အရာရှိကြီးတွေက ခုံအလွတ်ကြီးကို ကြည့်ပြီး ဘာတွေ တွေးနေမလဲ။ စိတ်ဝင်စားစရာပဲ။
Author Archives: ye htut
နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၁၈ မတ် ၂၀၂၀)
၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး Poonam Khetrapal Singh က အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ကိုရိုနာဗိုင်းရပ် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းတွေကို ပို ပြီး ပြင်းပြင်းထန်ထန်လုပ်ဆောင်ဖို့လိုနေပြီ၊ တစ်ချို့နိုင်ငံတွေရဲ့ ကျန်းမာရေးကဏ္ဍဟာ ရော ဂါ ဖြစ်လာရင် ကိုင်တွယ်နိုင်စွမ်းမရှိမှာကို စိုးရိမ်ရတယ်လို့ ပြောကြားခဲ့တယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံက ရောဂါဖြစ်ပွားသူ ၆၇၈ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။ ၂။ အဖွဲ့ဝင် ၂၇ နိုင်ငံပါတဲ့ ဥရောပသမဂ္ဂအဖွဲ့ကတော့ သူတို့နယ်မြေထဲကို ပြည်ပ ခရီးသွား တွေ ဝင်ရောက်ခွင့် တစ်လ ပိတ်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အီးယူအဖွဲ့ဝင်နိုင်ငံ သားတွေ၊ ဗြိတိန်၊ နော်ဝေ၊ အိုက်စ်လန်နိုင်ငံသားတွေနဲ့ အကျုံးမဝင်ဘူးလို့ သိရပါတယ်။ ၃။ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် Ezhou မြို့အုပ်ချုပ်ရေးအာဏာပိုင်တွေကတော့ သူတို့Continue reading “နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၁၈ မတ် ၂၀၂၀)”
တက္ကသိုလ် စာမေးပွဲတွေ ရွှေ့သင့်လား၊မရွှေ့သင့်ဘူးလား ဆိုတဲ့ကိစ္စကိုတော့ မှတ်ချက် မပေးလိုပါဘူး။ဒါပေမယ့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးချက်ထုတ် ထားချိန်မှာ ကျောင်းသင်္ကြန် ကျခဲ့ပေမယ့် အခုမှ စာမေးပွဲ ရွှေ့ဖို့ပြောတယ်ဆိုပြီး ကျောင်းသားတွေကို အပြစ်တင်နေသူတွေအနေနဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မတ်လ ၁၁ ရက်နေ့အထိ အင်အားထောင်ချီတက်တဲ့ လူထုတွေ့ဆုံပွဲတွေ လုပ်ခဲ့တာကို မေ့နေပုံရတယ်။
ဗြိတိန်သံရုံးဆိုတာ အင်န်လယ်လ်ဒီ ပါတီ အတိုက်အခံဘဝထဲက ထဲထဲ ဝင်ဝင် ရင်းနှီးခဲ့တာပဲ။ သံရုံးအရာရှိဟောင်းတစ်ယောက်တောင် အနီးကပ် အကြံပေးအရာရှိပုံစံနဲ့ အတွင်းစည်းအထိ ဝင်ထွက်ခဲ့တာပဲလေ။ အစိုးရဖြစ်လာတော့လည့် အစိုးရ နဲ့ရော၊လွှတ်တော်နဲ့ပါ အလွန်နီးနီး စပ်စပ် နေခဲ့၊ ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံမှာ သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဖွံ့ဖြိုးရေး အကူ အညီတွေပေးခဲ့တာ မျက်မြင်ပဲ။ ဒီလို အတွင်းသိ အစင်းသိ သံရုံးက သူ့နိုင်ငံသားတွေ ပြန်ဖို့ပြောတဲ့အခါ မှာ “ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖိအားတွေ ရင်ဆိုင်ရဖို့ရှိတယ်၊ သာမန် ကျန်းမာရေးစောင့်ရှောက်မှုတွေတောင် မလုပ်နိုင်တာ ဖြစ်လာနိုင်တယ် ( The worldwide coronavirus outbreak is expected to put significant pressure onContinue reading
သူတို့ သွားကြပြီ
မတ်လ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသ ျှ သံရုံးက ၁။ ကမ္ဘာမှာပျံ့နေတဲ့ဗိုင်းရပ်စ်ကြောင့် မြန်မာဆေးရုံတွေမှာ ဝန်ပိလာနိုင်တယ်၊ ပုံမှန်ဆေးကုသမှုတောင် ခက်လာနိုင်တဲ့အခြေအနေရယ်၊ ၂။ မြန်မာကနေ ထွက်ဖို့ လေယာဉ်ခရီးစဉ်တွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ ရပ်ဆိုင်း လိုက်တာမျိုး ဖြစ်လာနိုင်တဲ့အခြေအနေရယ်၊ ကြောင့် ဗြိတိနိုင်ငံသားတွေကို မြန်မာနိုင်ငံက ထွက်ခွာဖို့ အကြံပေးကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီသတိပေးချက်မှာပဲ သံရုံးဝန်ထမ်းအချို့နဲ့ မှီခိုသူတွေကိုလည်း ရုပ်သိမ်းနေကြောင်းဖော်ပြထား ပါတယ်။
လက်ဆေးမယ်ဆိုရင် ပဲခူးကို သတိရပါ
နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၃ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ လူစုလူဝေး နဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ မလုပ်ဖို့ ညွှန်ကြားတယ်။ ပဲခူးတိုင်းဝန်ကြီးချုပ်ကတော့ မတ်လ ၁၆ ရက်နေ့ပဲခူးတက္ကသိုလ်မှာ တောင်သူတွေနဲ့ တွေ့ဆုံပွဲ လုပ်တယ်။ သမ္မတရုံးညွှန်ကြားချက်နဲ့ ကွဲလွဲနေပေမယ့် ကိုရိုနာ ဗိုင်းရပ် ကာကွယ်၊ထိန်းချုပ်ရေးကို အထောက် အကူပြုတဲ့အနေနဲ့ “ လက်ဆေးဖို့ ပိုက်ဆံမရှိရင် သူ့ဆီလာတောင်းပါ” လို့ ပြောတဲ့အကြောင်း သတင်းမှာဖတ် ရတယ်။ ဒါ့ကြောင့်လည်း ပဲခူးဟာ နာမည်ကြီးတာပဲ။ လက်သန့်စင်ဆေးရည်တွေ ဈေးတက်မှာမပူနဲ့ ပဲခူးဝန်ကြီးချုပ်ရှိတယ်။
နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၁၇ မတ် ၂၀၂၀)
၁။ မတ်လ ၁၆ ရက်နေ့ညနေ မှာ မလေးရှားအစိုးရက မတ်လ ၁၈ ရက်နေ့ကနေ ၃၁ ရက်နေ့ အထိ မလေးရှားနိင်ငံထဲကို အပြင်ကနေလည်း ဝင်ခွင့်မပြုဘူး။ အထဲကလည်း ထွက်ခွင့်မပြုဘူး လို့ ကြေညာခဲ့တယ်။ နိုင်ငံပြင်ပရောက် မလေးရှားနိုင်ငံသားတွေ ပြန်လာရင် (၁၄) ရက် သီးခြားခွဲ ခြားထိန်းသိမ်းခံရမယ်လို့ ကြေညာခဲ့ပါတယ်။ ၂။ မလေးရှားအစိုးရကဘာသာရေးအခမ်းအနားတွေ၊ ဆုတောင်းပွဲတွေ၊ အားကစားပွဲတွေ အားလုံးပိတ်ပင်ခဲ့တယ်။ ဘုရင်ကလည်း သောကြာနေ့ဝတ်ပြုမှုတွေကို ဆိုင်းငံ့ထားဖို့ အမိန့် ထုတ်ခဲ့တယ်။ ရုံးတွေ၊ ဈေးဆိုင်တွေ၊ ရုပ်ရှင်ရုံတွေပိတ်ထားရမယ်။ အစိုးရရုံးတွေမှာလည်း အများ ပြည်သူဝန်ဆောင်မှုအတွက် မဖြစ်မနေလိုတဲ့ ရုံးတွေပဲဖွင့်မယ်။ ဆူပါမားကက်၊မီနီမားကတ်တွေ နဲ့ စတိုးဆိုင်လေးတွေကိုတော့ ဖွင့်ခွင့်ပြုတယ်။ ၃။ စင်္ကာပူနိုင်ငံမှာတော့ မလေးရှားနယ်စပ်ကို ပိတ်လိုက်တဲ့အတွက် စားနပ်ရိက္ခာအတွက် စိုးရိမ်Continue reading “နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၁၇ မတ် ၂၀၂၀)”
ဗိုင်းရပ်စ် နဲ့ ပြည်သူ
မနေ့ည ( မတ်လ ၁၆ ) ၈နာရီသတင်းအပြီးမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုရို နာ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ၊ ကုသ ရေးနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးဆိုင်ရာ အခြေအနေများ နဲ့ လူထုကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းကို ထုတ်လွှင့်ခဲ့တယ်။တကယ်တော့ မတ်လ ၁၂ ရက်နေ့ ည ရန်ကုန် မြို့သူမြို့သားတွေ ထိတ်လန့်ပြီး ဈေးဝယ်တာတွေ ဖြစ်ခဲ့ပြီး မတ်လ ၁၃ ရက်နေ့မှာ သမ္မတ ၊ ဒါမှမဟုတ် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တစ်ဦးဦးက ပြည်သူ လူထုကို မိန့်ခွန်းပြောမယ်လို့ မေ ျှာ်လင့်ခဲ့ပေမယ့် မတ်လ ၁၆ ရက်နေ့ ည မှာပဲ ဒီမိန့်ခွန်းကို ကြားခဲ့ရတယ်။အခုအချိန်မှာ လူတွေရဲ့Continue reading “ဗိုင်းရပ်စ် နဲ့ ပြည်သူ”
နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၁၆ မတ် ၂၀၂၀ )
၁။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး နမူနာကို အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့မှာ ဒီနေ့ (မတ်လ ၁၆ ရက်) စမ်းသပ်မှုတွေ စတင်လုပ်ဆောင်မယ်လို့ အမည်မဖော်တဲ့ အမေရိကန်အစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး အေပီ သတင်းမှာဖော်ပြခဲ့ပါတယ်။ ကာကွယ်ဆေးကို ဆန္ဒအလျောက်ပါဝင်သူ ၄၅ ဦး မှာစမ်းသပ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးကို ချက်ခြင်းအသုံးပြုနိုင်မှာမဟုတ်ဘူး။ ဘေးထွက် ဆိုးကျိုး အပါအဝင် အခြေအနေအမျိုးမျိုးအတွက် စမ်းသပ်ရမှာဖြစ်ပြီး လက်တွေ့အသုံးပြုနိုင်ဖို့အတွက် အနည်းဆုံးတစ်နှစ်လောက်အချိန်ယူရမယ်လို့လည်း ဆိုပါတယ်။ ၂။ တစ်နိုင်ငံလုံးမှာ ခရီးသွားလာမှု၊ အိမ်ပြင်ထွက်မှုတွေကို ကန့်သတ်ထားပေမယ့် အီတလီ နိုင်ငံမှာ မနေ့က တစ်နေ့ထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃၆၈ ဦး သေဆုံးခဲ့တယ်။ ဒါ ဟာ တစ်နေ့တည်းမှာ အများဆုံးသေဆုံးတဲ့အရေအတွက်ဖြစ်ပါတယ်။ အခုအချိန်ထိ အီတလီမှာ ရောဂါ ကြောင့်သေဆုံးသူContinue reading “နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၁၆ မတ် ၂၀၂၀ )”
ဦးထင်လင်းဦး
ဦးထင်လင်းဦးနဲ့ ဘယ်တုန်းကမှ သဘောထားချင်း၊ အယူအဆချင်းမတူခဲ့ဘူး။ဒါပေမယ့် ယုံကြည်ချက်အတိုင်း ရပ်တည်နိုင်၊ ပြောနိုင်တဲ့သူတွေ နိုင်ငံရေး လောက ထဲက ထွက်ခွာသွားတာကိုလည်း မမြင်ချင်ဘူး။အယူအဆမတူတဲ့သူတွေ၊ သဘောထားချင်းမတိုက်ဆိုင်တဲ့သူတွေ ရှိနေတာဟာ ကိုယ့်အတွက် ပြဿနာတွေကို အခြားရှုထောင့်က တွေးနိုင်အောင် အထောက်အကူပြုတယ်လို့ပဲခံယူပါတယ်။ဒ့ါကြောင့်လဲ ကျွန်တော့်ဖေ့စ်ဘွတ်မိတ်ဆွေစာရင်းထဲမှာ ကျွန်တော့်ကို ဝေဖန်တဲ့အဆင့်မဟုတ်ဘူး ၊ ငါ နဲ့ ၊ မအေ နဲ့ကိုင်ပြီးဆဲတဲ့သူတွေတောင်ရှိတယ်။ ဒါပေမယ့် သူရိုင်းတာက သူ့အဆင့်အတန်းပဲ၊ နိုင်ငံရေး၊ စီးပွားရေး နဲ့ပတ်သက်ရင် သူ့အယူအဆတွေ သိရတာက ငါ့အတွက် အမြတ်ပဲဆိုပြီး စာရင်းမဖျက်ဘဲ ထားပါ တယ်။နိုင်ငံရေးလောကကို စွန့်ခွာသွားပေမယ့် သတင်းသမားတစ်ယောက် အနေနဲ့ တန်ဖိုးရှိတဲ့ဝေဖန်ထောက်ပြမှုတွေ လုပ်နိုင်မယ်လို့ ယုံကြည်ပါ တယ်။