တတိယမြောက်စာအုပ် သမ္မတ ဦးသိန်းစိန် တာဝန်ယူစဉ် ကာလ မြန်မာ့နိုင်ငံရေးအခြေအနေတွေအကြောင်း အင်္ဂလိပ် ဘာသာနဲ့ စာအုပ်ရေးမယ်ဆိုတော့ ပထမရွေးတဲ့ခေါင်းစဉ်ကို “ မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ( ၂၀၁၀ – ၂၀၁၆) ” လို့ ရိုးရိုးလေး ပဲရွေးခဲ့တယ်။ စာအုပ်ရေးနေရင်းနဲ့ ၂၀၁၀ – ၂၀၁၆ ကာလအတွင်းမှာ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အင်စတီ ကျူးရှင်းတွေကို ခိုင်မာအောင်တည်ဆောက်ဖို့အခွင့်အလမ်းတွေကို လက်လွတ်ခဲ့ရတဲ့ အတွက် အင်စတီကျူးရှင်းတွေ မခိုင်မာသေးတဲ့ အကျိုးဆက်ဟာ ၂၀၁၆ နောက်ပိုင်း နိုင်ငံရေးအခြေအနေ တွေ အပေါ်မှာပါ အကျိုးသက်ရောက်မှုတွေရှိနေတယ်ဆိုတာကို မြင်လာခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော့်စာအုပ်ကို “ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု နှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ “ Myanmar’s Political TransitionContinue reading “တတိယမြောက်စာအုပ်”
Tag Archives: Politics
ညီလာခံ ၊ ဗီတို နဲ့ ပီအာရ်
သက်ဆွေ ဘာသာပြန်တဲ့ ၂၀၁၀-၂၀၁၆ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအကြောင်း စာအုပ်ကို ဖတ်ပြီးတော့ အဘ ဦးသောင်းညွှန့် က ကျွန်တော့်ကို ဖုန်းဆက်ပြီးတွေ့ချင်တဲ့အကြောင်းပြော ပါ တယ်။ အဘ ဦးသောင်းညွှန့် ဆိုတာ ၁၉ ၈၈ ခုနှစ်မတိုင်ခင်က နိုင်ငံတော်ကောင်စီ ဥပဒေအကြံပေးအဖွဲ့ဝင်၊ တပ်မတော်အစိုးရလက်ထက်မှာ ၁၉ ၉ ၂ ခုနှစ်ထိ ရှေ့နေချုပ်ရုံးညွှန်ချုပ်၊ နောင် နဝတ အစိုးရ ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့မှာလည်း ဥပဒေအကြံပေး အဖြစ်တာဝန်ယူခဲ့ပါတယ်။ အဘ ဦးသောင်းညွန့်ဟာ ၁၉ ၉ ၂ ခုနှစ်က စပြီး ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံကျင်းပရေး လုပ်ငန်းကော် မတီ မှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ( အမျိုးသားညီလာခံကContinue reading “ညီလာခံ ၊ ဗီတို နဲ့ ပီအာရ်”
ထို တစ်နေ့
၁၉ ၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ စနေနေ့ က သာမန်နေ့တစ်နေ့အဖြစ်နဲ့ စတင်ခဲ့ ပေမယ့် နေဝင်ချိန်မှာတော့ အစိုးရဆန့်ကျင်ရေးနေ့အဖြစ်နဲ့ အဆုံးသတ်သွားခဲ့တယ်။ အဲဒီအချိန်က ကျွန်တော်က ဗဟိုထောက်လှမ်းရေးတပ် ( ရေကြည်အိုင်)မှာ ခြေလျင်တပ်က အရာရှိတွေအတွက် ဖွင့်လှစ်ထားတဲ့ လုံခြုံရေးဆိုင်ရာ သင်တန်းတစ်ခုတက်နေတဲ့အချိန်ဖြစ် ပါတယ်။ ခြေလျင်တပ်ရင်းက အရာရှိတွေအနေနဲ့ ရန်ကုန်မှာ သင်တန်းတက်ရတယ်ဆိုတဲ့ အခွင့်အရေးက ထီပေါက်သလိုပဲ။ ကျွန်တော်တို့လို မိဘ ရန်ကုန်မှာ ရှိတဲ့သူတွေဆိုရင် တော့ အတိုင်းအထက်အလွန်ပေါ့။ ကျွန်တော်တို့ သင်တန်းသားတွေက စနေ ၊ တနင်္ဂနွေ ဆိုရင် မင်္ဂလာဒုံ ၊တပ်မတော်ဂေါက်ကွင်း မှာ မနက် ငါးနာရီလောက်ကနေ နေ့လယ် ၁၂ နာရီ၊ တစ်နာရီ လောက်အထိ လုံခြုံရေးယူရတယ်။ အဓိကContinue reading “ထို တစ်နေ့”
ဦးထင်လင်းဦး
ဦးထင်လင်းဦးနဲ့ ဘယ်တုန်းကမှ သဘောထားချင်း၊ အယူအဆချင်းမတူခဲ့ဘူး။ဒါပေမယ့် ယုံကြည်ချက်အတိုင်း ရပ်တည်နိုင်၊ ပြောနိုင်တဲ့သူတွေ နိုင်ငံရေး လောက ထဲက ထွက်ခွာသွားတာကိုလည်း မမြင်ချင်ဘူး။အယူအဆမတူတဲ့သူတွေ၊ သဘောထားချင်းမတိုက်ဆိုင်တဲ့သူတွေ ရှိနေတာဟာ ကိုယ့်အတွက် ပြဿနာတွေကို အခြားရှုထောင့်က တွေးနိုင်အောင် အထောက်အကူပြုတယ်လို့ပဲခံယူပါတယ်။ဒ့ါကြောင့်လဲ ကျွန်တော့်ဖေ့စ်ဘွတ်မိတ်ဆွေစာရင်းထဲမှာ ကျွန်တော့်ကို ဝေဖန်တဲ့အဆင့်မဟုတ်ဘူး ၊ ငါ နဲ့ ၊ မအေ နဲ့ကိုင်ပြီးဆဲတဲ့သူတွေတောင်ရှိတယ်။ ဒါပေမယ့် သူရိုင်းတာက သူ့အဆင့်အတန်းပဲ၊ နိုင်ငံရေး၊ စီးပွားရေး နဲ့ပတ်သက်ရင် သူ့အယူအဆတွေ သိရတာက ငါ့အတွက် အမြတ်ပဲဆိုပြီး စာရင်းမဖျက်ဘဲ ထားပါ တယ်။နိုင်ငံရေးလောကကို စွန့်ခွာသွားပေမယ့် သတင်းသမားတစ်ယောက် အနေနဲ့ တန်ဖိုးရှိတဲ့ဝေဖန်ထောက်ပြမှုတွေ လုပ်နိုင်မယ်လို့ ယုံကြည်ပါ တယ်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဟာ စဉ့်လုပ်ငန်းရှင်တွေကို မီးဖို ထုတ်လုပ်မှုမှာတင် ရပ်တန့်မနေဘဲ နူကလီယာ ဓာတ်ပေါင်းဖို့ ထုတ်လုပ်နိုင်တဲ့အထိ ကြိုးစားဖို့ တိုက်တွန်းခဲ့ဖူးတယ်ဆိုတော့ သူ့ လေ့လာမှုစွမ်းအားနဲ့ ရည်မှန်း ချက်ကိုတော့ လေ ျှာ့တွက်လို့မရဘူး။
ပြည်တွင်းစစ်ဖြစ်ရခြင်း အကြောင်း
ပြောတဲ့သူ ဘယ်သူလဲဆိုတာတော့ သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါပေမယ့်ဝတ်ထားတဲ့ တိုက်ပုံအရောင်နဲ့ နောက်ခံစာသား“ တွေ့ဆုံပွဲ” ဆိုတာကြောင့် အာဏာရ အင်န်အယ်လ်ဒီပါတီက ခေါင်းဆောင်တစ်ယောက်ဆိုတာတော့ သေချာတယ်။ကျိုက်ထီးရိုးမှာ ဝါးသေနတ်တွေရောင်းတာကြောင့် ပြည်တွင်းစစ်ဖြစ်ရတယ်၊ အဲဒီသေနတ်တွေ ဝယ်လာတဲ့ကလေးတွေကြီးလာတော့ ဗိုလ်ချုပ်ကြီးတွေဖြစ်လာတယ် ဆိုတာကတော့ မှတ် သားလောက်တဲ့အယူအဆပဲ။ဟာသ ပြောတယ်လို့ ဆိုရအောင်လည်း တွေ့ဆုံပွဲ ဆိုတာ အငြိမ့်ကနေတာ၊ ကွက်စိတ်ဟောနေတာမှ မဟုတ်ဘူး ။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တာဝန်ရှိ သူတွေနဲ့ ပြည်သူတွေ တွေ့ဆုံတဲ့၊ အမြင်ချင်းဖလှယ်တဲ့ အခမ်းအနား၊ တက်လာတဲ့ ပြည်သူကို လေးလေးစားစားပြောဆိုဆက်ဆံရမယ်လို့ပဲ နားလည်မိတယ်။မဲလိုတဲ့အခါ ပြည်သူဆိုတဲ့ စကားလုံးကို ပါးစပ်က မချဘူးဆိုရင် ပြည်သူနဲ့တွေ့တဲ့အခါ လေးလေး စားစားဆက်ဆံဖို့၊ ပေါက်ပန်းဈေး မပြောဖို့တော့လိုမယ်ထင်ပါတယ်။https://www.facebook.com/…/pcb.1981031214…/198102124777278/…https://www.facebook.com/100037324749679/videos/pcb.198103121443845/198102124777278/?type=3&theater
တပ်မတော်နဲ့ ပြည်သူတွေမှာပဲ တာဝန်ရှိပါတယ်တဲ့ ။ နိုင်ငံရေး ပါတီတွေနဲ့ နိုင်ငံရေးသမားတွေကတော့ လူထု မဲလိုချင်တာပဲ ရှိပါတယ်။ တာဝန်တော့ မရှိဘူးပေါ့။ ဒါက တပ်မတော်ကနေပြီးတော့ တိုင်းပြည်ကို အာဏာနဲ့ အုပ်ချုပ်လို့ တကယ်တမ်းလည်း အဲဒီလိုဖြစ်သွားတယ်။ ဒါပေမယ့် တပ်မတော်တွေက အာဏာသိမ်းလောက်အောင် အခြေအနေတွေကို ဘယ်သူတွေက ဖန်တီးတာလဲ။ တိုင်းပြည်ကြီး ဗရုတ်ဗရက်ဖြစ်ပြီး တပ်မတော်က အာဏာသိမ်းလောက်အောင် ဘယ်သူတွေက ဖန်တီးနေကြတာလဲ။ ပြည်သူတွေက ဖန်တီးနေတာမဟုတ်ဘူးလား” ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောဆိုသည်။( ကောက်နှုတ်ချက်)
သူ့ သမိုင်း၊ သူ့ပုံပြင်
လွန်ခဲ့တဲ့ နှစ်နှစ် ၂၇ ဖေဖော်ဝါရီလ ၂၀၁၈ ခုနှစ်မှာ ရေးခဲ့တဲ့ သူ့အကြောင်း သူ့ သမိုင်း၊ သူ့ပုံပြင် သူအာဏာရလာတော့အရင်အစိုးရလက်ထက်က ကသောင်းကနင်းအခြေအနေအနေကိုစိတ်ပျက်နေတဲ့ပြည်သူတွေက ကြိုဆိုကြတယ်။အနောက်နိုင်ငံတွေကလည်း ကြိုဆိုတာပဲ။အရင်အစိုးရက အနောက်နိုင်ငံတွေဘက်ကို ယိမ်းလွန်းတယ် ဆိုပြီးစိတ်ပူနေတဲ့တရုတ်ကလည်း ကြိုဆိုတယ်။မြေပေါ်က လက်ဝဲ၊ လက်ယာနိုင်ငံရေးသမားအတော်များများကလည်းထောက်ခံတယ်။ အပြောင်းအလဲကို ကြိုဆိုတယ်။ပြည်တွင်း၊ ပြည်ပ သတင်းစာတွေကလည်း အကောင်းမြင်ကြတယ်။ဗကသ ကျောင်းသားတွေကပဲသူတို့ ဘဝင်မကျတာကို ထုတ်ပြောတယ်။ဒါပေမယ့် အဲဒီ ကျောင်းသားတွေပဲ အရင်ဆုံး နှိပ်ကွပ်ခံခဲ့ရတယ်။ သူကလည်းအာဏာရပြီဆိုတာနဲ့ငြိမ်းချမ်းရေးရဖို့ အရင်အစိုးရနဲ့မတူတဲ့ နည်းလမ်းတွေကို သုံးတယ်။စီးပွားရေးစနစ်ကိုလည်းပြောင်းတယ်။ ပြောင်းတာမှ အရင်အစိုးရလုပ်ခဲ့တာတွေကိုပြောင်းပြန်ဖြစ်အောင်ကို ပြောင်းတာပဲ။ ဒါပေမယ့်နှစ်နှစ် ၊ သုံးနှစ်လောက်ကြာတော့ငြိမ်းချမ်းရေးလုပ်တာလည်းမအောင်မြင်စီးပွားရေးကလည်း ကျဆင်းလာတယ်။ အဲဒီအချိန်မှာ သူ့အနားကတော်လှန်ရေးတုန်းက လုပ်ဖော်ကိုင်ဘက်တွေလည်းအကြောင်းအမျိုးမျိုးနဲ့ လွင့်ပါးသွားကြပြီ။သတင်းစာတွေလည်းအသံတိတ်ကုန်ပြီ။သူ့ပါတီကလွဲရင် ကျန်တဲ့နိုင်ငံရေးပါတီတွေလည်းချောင်ထိုးခံရပြီ။ အနားမှာကျန်နေတာက သူနဲ့ ဝါ၊ သဘာ အများကြီးကွာတဲ့သူ့နောက်လိုက်တွေနဲ့တစ်ခြားပါတီတွေကနေ ခြံခုန်လာတဲ့သူတွေ။Continue reading “သူ့ သမိုင်း၊ သူ့ပုံပြင်”