ဖေဖော်ဝါရီ ၁၃ ရက်ပြည်ထောင်စုလွှတ် တော်အစည်အဝေးမှာ ပြည် ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ ၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် စစ်ဆေးတွေ့ ရှိချက် အစီရင်ခံစာအပေါ် ပြည် သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ၏ လေ့လာတွေ့ရှိချက်အစီရင်ခံ စာနှင့် စပ်လျဉ်းပြီး ဆွေးနွေးတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်တွေက၁။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အရာရှိများကို ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာ သင်တန်း (MPA) များပေးရာ တွင် လမ်းဘေးကျောင်းသာသာ ရှိသည့် တက္ကသိုလ်တွင် တက်စေ ပြီး မာစတာဘွဲ့များချီးမြှင့်ခြင်း သည် ရှက်စရာအလွန်ကောင်း သည့် ကိစ္စဖြစ်တယ်။၂။ နိုင်ငံကတော့ သန်း ၂၀၀ နီးပါး ရေစုန်မျောသွားပြီးဖြစ်ပါတယ်။ နောက်ဒါမျိုး မလုပ်တော့ပါဘူးဆို ပြီး ဝန်ချတောင်းပန်ရုံနဲ့ ပိုက်ဆံ ပြန်မရသလို ဂုဏ်သိက္ခာလည်း ပြန်ရလာမှာContinue reading “ဘာပြောဦးမလဲ”
Category Archives: Government
စိတ်မပူကြနဲ့
ပြန်ကြားရေးဝန်ကြီးဌာန က ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပြည်သူတွေ စိတ်မပူအောင် အသိပညာပေးတဲ့ ဆောင်းပါး “ ကိုရိုနာ ဗိုင်းရပ်စ် ၂၁ ရာစု အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ရောဂါတွေလောက် ကြောက်စရာမကောင်းသေး” ( မြန်မာ့အလင်းသတင်းစာမှ )
ကျောင်းသားသမဂ္ဂ မရှိသင့်ဘူး၊ မလိုဘူး စသည် စသည်ဖြင့် ဝေဖန်နေသူများအတွက် ၂၀၁၂ ခုနှစ် မေလအတွင်းမှာ အဲဒီအချိန်က အတိုက်အခံ ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က “ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်တည်ဆောက်နေပြီဆိုရင် ကျောင်းသား သမဂ္ဂဆိုတာ ရှိရမှာဖြစ်တယ်“ လို့ ပြောခဲ့တဲ့ သတင်းကို အမှတ်တရ မ ျှဝေလိုက်ပါတယ်။
ပြောမှ သိ ၊ ထိမှ နာ
ဝန်ကြီးဌာနတွေ အသစ်ဖွဲ့၊ ဒုဝန်ကြီးတွေ အသစ်တိုးခန့်တဲ့သတင်းတွေကို ဖတ်ရတိုင်း ၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ပြောတဲ့မိန့်ခွန်းကို ပြန်ပြန် နားထောင်မိတယ်။ အဲဒီမိန့်ခွန်းမှာ သမ္မတ ဦးထင်ကျော်က ဝန်ကြီးဌာနတွေလျော့ချတာနဲ့ပတ်သက်ပြီး အခုလို ပြောခဲ့တယ် — အခုလို ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက်နဲ့ ပြည်ထောင်စုဝန်ကြီးဦးရေ လျော့နည်းသွား ခြင်းအားဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားများအတွက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာ မှာဖြစ်စေ၊ အစိုးရရဲ့ မူဝါဒများကို ဖော်ဆောင်ရာမှာဖြစ်စေ အချိန်နှောင့်နှေးကြန့်ကြာမှုတွေ၊ မလိုအပ်ဘဲ ငွေကုန်ကြေးကျများမှုတွေ များစွာလျော့နည်းသွားမှာဖြစ်ပါတယ်။ xx ဒါ့အပြင်လျော့နည်းသွားတဲ့ ဝန်ကြီးများရဲ့ လစာငွေ နဲ့ အဆောင်အယောင်အသုံးစရိတ်ဟာ အစိုးရ ငါးနှစ်သက်တမ်းအတွင်း သန်းပေါင်းငါးထောင်ခန့် နိုင်ငံအတွက် ချိုးခြံချွေတာပြီးလည်း ဖြစ်ပါ လိမ့် မယ်။ xx ဒါ့ကြောင့်ကျွန်တော့်အနေနဲ့Continue reading “ပြောမှ သိ ၊ ထိမှ နာ”
တွေးကြည့် ပြေးကြည့်
ဒုဝန်ကြီးတွေ မလိုအပ်လို့ မခန့်ဘူးဆိုပေမယ့် တကယ်လုပ်ကြည့်လို့ လိုအပ်မှန်းသိတော့လည်း ခန့်ရတာပေါ့။ တစ်ခုပါပဲ. လေးနှစ်ကျော်မှ ဒုဝန်ကြီး လိုအပ်တယ်ဆိုတာတွေ့ပြီး ထပ်ထပ် ခန့်နေရတော့ အသိ နောက်ကျနေပြီလားလို့ စိုးရိမ်မိတယ်။ ပညာရှိတွေးကြည့်ရင် ပြေးကြည့်တာထက်မှန်တယ်ဆိုတဲ့စကားကြားဖူးတယ်။ တွေးမကြည့်ပဲ ပြေးကြည့်မှ သိတယ်ဆိုရင်တော့ xxxx
အမိန့်ထုတ်လိုက် ပြန်ပြင်လိုက်ဖွင့်လိုက် ပိတ်လိုက် လုပ်တာတွေများလာတဲ့အခါသာမန် ပြည်သူက အစ ရင်းနှီးမြှုပ်နှံမယ့်သူအဆုံးအစိုးရမူဝါဒတွေအပေါ် စောင့်ကြည့်ရဦးမယ် ဆိုတဲ့ အမြင်တွေဖြစ်လာတာ မထူးဆန်းပါဘူး။ =========================ဝန်ထမ်းများ ကားတင်သွင်းခွင့်မည့်ကိစ္စ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရှင်းလင်း ထုတ်ပြန်ချက်များ အလွန်အကျွံဖြစ်နေ၍ နှုတ်မိန့်ဖြင့် ခေတ္တဆိုင်းငံ့ထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောခွင့်ရှိသူ ဦးဇော်ဌေးက သတင်းမီဒီယာများသို့ပြောသည်။
ကျွန်တော်နဲ့ ကန့်ကွက်သူများ
၂၀၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ ရန်ကုန်မှာ ကျင်းပတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ညီ လာခံ တစ်ခုမှာ ကျွန်တော်မိန့်ခွန်းပြောခဲ့တယ်။ အဲဒီအချိန်က သတင်းသမားတွေ အဖမ်းခံရတာ၊ အမှု ဖွင့်ခံရတာတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက အစိုးရနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ကန့်ကွက်ဆန္ဒပြတဲ့အချိန်ပေါ့။ဒါ့ကြောင့် ကျွန်တော်မိန့်ခွန်းပြောနေချိန်မှာ သတင်းသမားတစ်ယောက်က ဆိုင်းဘုတ် ကိုင်ပြီး ရပ်တယ်။ ခဏနေတော့ အခန်းအပြင်ကို ထွက်သွားတယ်။အဲဒီဆန္ဒပြမှုနဲ့ပတ်သက်ပြီး ကျွန်တော်က ညီလာခံမှာ ရှိတဲ့ နိုင်ငံခြားသားအပါအဝင် ပရိသတ်ကို ဒီလိုဆန္ဒပြမှုဟာ မြန်မာနိုင်ငံဘယ်လောက်ပြောင်းလဲနေပြီလဲ ဆိုတာကို သက်သေပြလိုက်တာ ပဲ လို့မိန့်ခွန်းထဲမှာထည့်ပြောခဲ့တယ်။ ဆန္ဒပြသူကို လက်ခုပ်တီးပြီး ဂုဏ်ပြုပါလို့တောင် နောက် ဆက်တွဲဆက်ပြောခဲ့သေးတယ်။ ပရိသတ်ကလည်း လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ပါတယ်။ကျွန်တော်ကတော့ စစ်သားဘဝကလာတဲ့ ဝန်ကြီးဆိုတော့ စိတ်ရှည်နိုင်တာပေါ့လေ။
အိုဘားမား နဲ့ ကန့်ကွက်သူများ
၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက် နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကို အိုဘားမားလာတက်တယ်။ နိုဝင်ဘာ ၁၄ ရက်နေ့မှာ နေပြည်တော်ကနေ ရန်ကုန်ကိုသွားတယ်။ ရန်ကုန်မှာ လူငယ်လေးရာလောက်ကို မိန့်ခွန်းပြောတယ်။အဲဒီအချိန်က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေတဲ့အချိန်လည်းဖြစ်တယ်။ ဒီတော့ အိုဘားမား မိန့်ခွန်းပြောနေချိန်မှာပဲ အဲဒီအချိန်က အမျိုးသားပညာရေးဥပဒေကို ကန့် ကွက်နေတဲ့ လူငယ်တစ်ချို့က“ အတုအယောင်ပြုပြင်ပြောင်းလဲရေး” ၊ “ ပြောင်းလဲစို့” လို့ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ထောင်ပြကြတယ်။အိုဘားမားကတော့ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံကြီးရဲ့ သမ္မတ ခင်ဗျားတို့နိုင်ငံမှာ စကားလာပြောနေတာကို အလေးမထားပဲ ဆိုင်းဘုတ်ထောင်ရသလားလို့ ဒေါသမထွက်ရှာဘူး။ ဒီအခမ်းအနားကို မနှောင့်ယှက်နဲ့ လို့ ဆူတာမျိုးမလုပ်ရှာဘူး။အဲဒီဆိုင်းဘုတ်တွေကို အသံထွက်ပြီးဖတ်တယ်။ ပြီးတော့ “ ခင်ဗျားContinue reading “အိုဘားမား နဲ့ ကန့်ကွက်သူများ”
အားတက်ဖို့
ဝူဟန် ဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ ပြည်ထောင်စု ဝန်ကြီးဒေါက်တာ မြင့်ထွေး ၏ အားတက်စရာ မှတ်ချက်များ၁။ ရောဂါ ရှာဖွေစစ်ဆေးရာ၌ အခြားနိုင်ငံများထက် သေချာအောင် ဆောင်ရွက်ထား၂။ ကုသမှုအပိုင်းမှာ လုပ်ထားတာ ပျံနေတာပဲ။၃။ ဖြစ်လို့ရှိရင် ကျွန်တော်တို့ ကုလို့မရဘူး၊ ထိုင်းနိုင်ငံပို့မယ်။ ထိုင်းက ပိုက်ဆံတစ်ပြားမှမယူဘူး။၄။ ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်လာပါက သေမည် ရှင်မည်ကို ဝေခွဲမရဖြစ်နေ ။
ကိုယ့်ပြည်သူတွေ ယုံကြည်မှုရှိအောင်ပြောတာလည်း ပြောသင့်ပါတယ် ဒါပေမယ့် စင်္ကာပူ ၊ ထိုင်း ၊ ဂျပန် ၊အမေရိကန် တို့ ထိုင်ငိုသွားလောက်အောင်တော့လည်း မပြော သင့်ပါဘူး။ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားသူ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ တစ်ဦးမျှ မတွေ့ရှိသေးသော်လည်း ရောဂါရှာဖွေ စစ်ဆေးရာ၌ အခြားနိုင်ငံများထက်ပင် သေချာစွာ ဆောင်ရွက်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။xxxx “ဝေဖန်တဲ့သူကို ကျွန်တော်ဆီ လာခဲ့ခိုင်းလိုက်။ ဒီမှာလာရင် သူဖျားသွားမယ်။ အခြားနိုင်ငံတောင် ဒီလောက်မလုပ်ဘူး။ ကျွန်တော်တို့နိုင်ငံ လုပ်ထားတာ ဘယ်လောက်ထိ ရှိတယ်ဆိုတာ။ သေချာကိုလ ုပ်ထားတာ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည် ဖြေကြားသည်။xx “အခုထိ တစ်ယောက်မှ မတွေ့သေးဘူး။ မတွေ့သော်ငြားလည်း ကုသမှုပိုင်းမှာဆိုရင် လုပ်ထားတာ ပျံနေတာပဲ။Continue reading