ဝံပုလွေ ပူတင်

ကစ်ပလင်ရဲ့ တောဟေဝန်ဇာတ်လမ်းများ ( The Jungle Book) မှာ ဝံပုလွေတွေအကြောင်းကို အခု လို ရေးခဲ့တယ်- ဝံပုလွေ အုပ်စုတစ်စုကို ဝံပုလွေအထီးတစ်ကောင်က ဦးဆောင်တယ်။ဒါပေမဲ့ ဝံပုလွေ အုပ်စုခေါင်း ဆောင်ဆိုတာ အင်အားကို သုံးပြီး ခေါင်းဆောင်ဖြစ်လာတာဆိုတော့ သူခွန်အားရှိနေသရွေ့ပဲ အုပ်စု ကို ဦးဆောင်လို့ရတယ်။ အုပ်စုထဲက အရွယ်ရောက်လာတဲ့ ဝံပုလွေပျိုအထီးအားလုံးဟာ တစ်နေ့မှာ အုပ်စုခေါင်းဆောင် ဖြစ်ရမယ်ဆိုတဲ့ အကောင်တွေချည်းပဲ။ ဒါ့ကြောင့် သူတို့အားလုံးက အုပ်စုခေါင်းဆောင်အခြေအနေ ကို စောင့်ကြည့် နေကြတယ်။  အမဲလိုက်တဲ့အခါ အုပ်စုခေါင်းဆောင်က ဦးဆောင်ရတယ်။ သူ့တာဝန်က သားကောင်ရှာရုံနဲ့ မပြီး ဘူး၊ သားကောင်ကို ခုန်အုပ်ပြီးချက်ကောင်းကို ကိုက်ခဲ ဆွဲလှဲနိုင်ဖို့လည်း လိုတယ်။ အုပ်စုခေါင်း ဆောင်က သားကောင်ကို မိမိရရ မတိုက်ခိုက်နိုင်ဘူး၊ သားကောင်က ပြန်တိုက်ခိုက်ပြီးContinue reading “ဝံပုလွေ ပူတင်”

သံလွင်ဆည်းဆာ

ဘားအံရောက် ဧည့်သည့်အတော်များများက ဘားအံနေဝင်ဆည်းဆာကို ကြာအင်းတောင်ပေါ် က နေ ဓာတ်ပုံရိုက်တာများပါတယ်။ ဒါပေမယ့် သံလွင်မြစ်ကမ်း သောင်ပြင်ကနေ ရိုက်ရင်လည်း မတူ ကွဲပြားခြားနားတဲ့ နေဝင်ဆည်းဆာအလှကို မြင်ရပါတယ်။

မိုးယွန်းကြီး

မိုးယွန်းကြီးမှာ ဝမ်းစာဖွေရှာ ကိုတံငါ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ဆုံခဲ့တဲ့ အင်းသားကြီးတို့ကတော့ ကျွန်တော်နဲ့ ဆုံခဲ့တဲ့ အင်း ကို လေလံပြန်မရတော့ဘူး။ ဟိုးအဝေးမှာ အင်းသွားပိတ်နေတယ်တဲ့။ မိတ်ဆွေဟောင်းတွေ မရှိ တော့ မိုးယွန်းကြီးက နေ့ချင်းပြန်ခရီးဖြစ်သွားခဲ့တယ်။

အိုး ဆိုင်

ရန်ကုန် – ပဲခူး ကားလမ်း မှာတွေ့ခဲ့ရတဲ့ အိုး ဆိုင်။ အပေါ်ရှုး၊ အောက်ရှုး ပြောင်အိုးအရှည်တွေက ရွှေကျင် မဒေါက်ဘက်ကလာတာတဲ့။ ဂေါက်အိုး လို့ခေါ်တဲ့ ပိုက်ခေါင်းတပ်ထားတဲ့အိုးတွေကလည်း ရွှေကျင် မဒေါက်ဘက်က လာတာပဲ။ မြင်နေ ကြ ရိုးရိုးသောက်ရေအိုးတွေက ပဲခူးဒေသထွက်အိုးတွေ၊ ဆိုင်နားက ရွာမှာလည်း အိုးလုပ်တဲ့ မိသားစု လေးငါး စု ရှိတယ်လို့ သိရတယ်။ ဒီအိုးတွေမှာ သစ်သားလက်ခတ်နဲ့ရိုက်ပြီး ပုံဖော်ထားတာရှိသလို ပြောင် အိုးလည်း ရှိတယ်။ သစ်သားလက်ခတ်နဲ့ ပုံဖော်ထားတာတဲ့ ဒီဇိုင်းကို ကြည့်ပြီး အုန်းလက်ခတ်၊ ပန်းလက် ခတ်၊ ကနုတ်လက်ခတ် အိုးဆိုပြီး ခေါ်တယ်။ ပိုက်ခေါင်းမပါတဲ့ ရေအိုးကိုတော့ ခပ်သောက်အိုးတဲ့ ။ ပိုက်ခေါင်းနဲ့ ဆိုရင် ဂေါက်အိုးတဲ့။ သူ အခေါ်နဲ့Continue reading “အိုး ဆိုင်”

ပန်းခြံ နဲ့ ကင်မရာ

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အရုဏ်တက်ချိန် ရွှေတိဂုံစေတီတော်မြင်ကွင်းကို ဓာတ်ပုံ ရိုက် ကူးပူဇော်နိုင်ဖို့ ပြည်သူ့ရင်ပြင်ကို သွားခဲ့တယ်။ ပြည်သူ့ရင်ပြင်ဘက်ကနေ ရိုက်ပြီးတဲ့အခါ နောက် ထပ်ရှုထောင့်တစ်ခုက ရိုက်ချင်တဲ့အတွက် ဦးဥတ္တမ ပန်းခြံ ( ကန်တော်မင်/ ကန်တော်မင်္ဂလာ ပန်းခြံ ) ကို သွားတယ်။ အဓိကကတော့ ပန်းခြံရေကန်ကနေ ဘုရားကို မြင်ရတဲ့ ရှုခင်းကို ဓာတ်ပုံ ရိုက်ချင်တာပါ။ ပန်းခြံထဲရောက်ပြီး ဓာတ်ပုံရိုက်ဖို့နေရာရွေးတဲ့အခါ ရေကန်စပ်မှာ “ ဤပန်းခြံအတွင်း၌ ဓာတ်ပုံ ၊ ဗီဒီယို ရိုက်ကူးမည်ဆိုပါက ဌာနဆိုင်ရာ ခွင့်ပြုချက်ယူပြီးမှသာလ ျှင် ရိုက်ကူးခွင့်ပြုပါသည်။ ” ဆို တဲ့ ဆိုင်းဘုတ်နဲ့ တည့်တည့်တိုးတယ်။ ဒါပေမယ့် ဓာတ်ပုံရိုက်တယ်ဆိုတာ စီးပွားရေးအရ မင်္ဂလာContinue reading “ပန်းခြံ နဲ့ ကင်မရာ”

သူလဲ ဥမင်

ကလော – အင်း လေး ခြေလျင်ခရီးစဉ်မှာ ဒီနှစ် တောင်သူတွေ စိုက်တဲ့ သီးနှံအမျိုးအစားပြောင်း သွားတဲ့အတွက် အရောင်စုံတဲ့ သီးနှံစိုက်ပျိုးခင်းဓာတ်ပုံတွေ မရိုက်နိုင်ခဲ့ဘူး။ ဒါ့ကြောင့် ကလော ပြန်ရောက်တဲ့အခါ အဲဒီလို စိုက်ခင်းတွေရှိတဲ့ ရွာငံလမ်းက မြင်းမူကုန်းကို သွားဖို့ စီစဉ်တယ်။ ဒါ ပေမယ့် ကလောမှာ တစ်ရက်ပဲနေပြီး သွားချင်တဲ့နေရာတွေက များနေတော့ လမ်းညွှန် ကိုမျိုးဇော် က အောင်ပန်းနားက “ သူလဲ ဥမင်” ကို သွားတဲ့ လမ်းမှာလည်း ဓာတ်ပုံရိုက်လို့ ကောင်း တဲ့ စိုက်ခင်းတွေရှိတယ်။ အဲဒီကို သွားပါလားလို့ အကြံပေးတယ်။ ဒါနဲ့“သူလဲ ဥမင်” ကို ဆိုင်ကယ်ကယ်ရီငှားပြီး သွားတယ်။ ကလောကနေ အောင်ပန်း၊ အောင်ပန်း ကနေ ပင်းဒယသွားတဲ့လမ်းအတိုင်းContinue reading “သူလဲ ဥမင်”

ရွှေအင်းတိန် ဘုရား ၄

ရွှေအင်းတိန်ဘုရားရဲ့ အရံစေတီတွေမှာ ရွှေတိဂုံရင်ပြင်ပေါ်က စေတီတစ်ချို့မှာလိုပဲ အစောင့် ရုပ်တု တွေရှိတယ်။ ရွှေတိဂုံဘုရားများ အတွေ့များတာက ခြင်္သေ့၊ နဂါး၊ ဘီလူး၊ ဇော်ဂျီ ရုပ်တွေ ဖြစ်ပေမယ့် ရွှေအင်းတိန်ဘုရားမှာတော့ လူရုပ်ပုံတွေများပါတယ်။ နတ်သား၊နတ်သမီးလို့ ယူဆ ရတဲ့ ရုပ်တုတွေလည်းရှိတယ်။ လူပုံအနေအထားတွေကလည်း သူငယ်တော်လို့ယူဆရတဲ့ အရုပ်ရှိသလို ကလေးရုပ်လေး လို့ ယူဆရတဲ့ အရုပ်လည်းတွေ့တယ်။ တစ်နေရာမှာ ကလေးချီထားတဲ့ မိခင်၊ ဖခင်ပုံလည်းတွေ့ တယ်။ နန်းဝတ်နန်းစားနဲ့ အမျိုးသားတစ်ယောက်အောက်မှာ ကလေးနှစ်ယောက် မတ်တပ်ရပ် နေပုံလည်း ရှိတယ်။ အမျိုးသားအမျိုးသမီး ကနေတဲ့ ပုံ လည်း ရှိတယ်။ ဝတ်ကောင်းစားလှနဲ့ အမျိုးသား၊ အမျိုးသမီးပုံ ကို တစ်ဖက်တစ်ချက်မှာ ထားတာ လည်း ရှိတယ်။ အိုးရွက်ထားတဲ့အမျိုးသမီးတစ်ယောက်ပုံကတော့ ခေါင်းမှာ အခုContinue reading “ရွှေအင်းတိန် ဘုရား ၄”