ရွှေ အင်းတိန် ဘုရား ၃

ရွှေအင်းတိန်ဘုရားဝင်းထဲက အရံစေတီတွေမှာ အင်္ဂတေပန်းနွယ်၊ပန်းခက်လက်ရာတွေရှိတယ်။ ပုဂံ လက်ရာလို အနုစိတ်တာမျိုးမဟုတ်ပေမယ့် ရှေးယခင်က အင်းလေးဒေသမှာ ဒီလို ပန်းတော့ ပညာ ထွန်းကားခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေဖြစ်ပါတယ်။ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကတော့ အသစ်ပြန်ပြင်ထားတဲ့ စေတီတွေက လက်ရာတွေ ကို စိတ်မဝင်စားဘူး၊ မပြင်ရသေးတဲ့ ဒါမှမဟုတ် လက်ရှိအနေအထားထက် ပိုပြီး ပျက်စီးမသွား အောင် ထိန်းသိမ်းထားတဲ့ လက်ရာတွေကိုပဲ စိတ်ဝင်စားတယ်၊သေသေချာချာလေ့လာတယ် လို့ သိခဲ့ရတယ်။ ပြည်တွင်းခရီးသွားတွေကတော့ အဲဒီလက်ရာတွေရှိတဲ့ဘက်ကို သွားလေ့လာတဲ့ သူ နည်းမယ်ထင်တယ်။ ဒါ့ကြောင့် စိတ်ဝင်စားသူများ လေ့လာသိရှိနိုင်အောင် လက်လှမ်းမီသလောက် မှတ်တမ်းတင် မ ျှေ၀ ပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရင်းနဲ့ ဘုရားဟောင်းတွေပေါ်မှာ သစ်ပင်ချုံနွယ်တွေပေါက်နေ တာ မြင်ရတော့ ဂေါပကအဖွဲ့အနေနဲ့ ဘုရားဟောင်းကို အသစ်ဖြစ်အောင် ပြင်သလို ဘုရားဟောင်း တွေပေါ် ကContinue reading “ရွှေ အင်းတိန် ဘုရား ၃”

အရုဏ်တက်ချိန် ၊ လမင်းသာချိန်

လကြတ်တယ်ဆိုတာ၊ လ ငပုတ်ဖမ်းတယ်ဆိုတာ ခဏတာပါ။ “ဘယ်အမှောင် ဘယ်လိုမှောင်လဲ၊ တစ်နေ့တော့လင်းရမယ် စိတ်မလေ ျှာ့နဲ့လေ” ( အားလုံးကို ကျော်ဖြတ်ရမယ် ၊ ကိုနေဝင်း)

ဗိုလ်တထောင်ဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် နှစ်ဆန်းတစ်ရက်နေ့၊ ၁၇ -၄-၂၀၂၂ မှာ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်ကို ဖူးမြော်နှစ်သစ် ကုသိုလ် ပြုပြီး “ကျွန်တော်တို့ နိုင်ငံမှာ ငြိမ်းချမ်းမှု၊ တရားမ ျှတမှု၊ လွတ်လပ်မှု၊ တန်းတူ ညီမ ျှမှု များ ရှင်သန် ထွန်းကားပါ စေကြောင်း နဲ့ ပြည်သူ တစ်ဦးချင်းရဲ့ ကောင်းမြတ် သောဆန္ဒများ အားလုံးပြည့်ဝပါ စေကြောင်း ဆုတောင်းခဲ့ပါတယ်။”

အိမ်တော်ရာ ဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက်နေ့၊ ၁၆ -၄-၂၀၂၂ မှာ အိမ်တော်ရာ ဘုရားကို ဖူးမြော်ခဲ့ပါတယ်။ အိမ်တော်ရာဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “မဟဓမ္မရံသီ အိမ်တော်ရာစေတီ” ဖြစ်ပါတယ်။ အိမ်တော်ရာဘုရားဟာ ရွှေတိဂုံ စေတီတော်အနီး မှာ တည်ရှိပေမယ့် ၁၉ ၈၃ ခုနှစ်ကစပြီး ဘက်စုံပြုပြင်မွမ်းမံရေးတွေ အဆင့်ဆင့် မလုပ်ဆောင်မီအထိ သတိပြုမိသူအတော်နည်းမယ် ထင်ပါတယ်။ ကျွန်တော်ဆိုရင် ၁၉ ၇၄ ခုနှစ်ကနေ ၁၉ ၇၇ ခုနှစ် အထိ ဂျူဗလီဟော အနားက အရှေ့ဈေးလမ်းမှာနေခဲ့တယ်။ အိမ်တော်ရာ ဘုရား ပတ်ဝန်းကျင်မှာ ရှိတဲ့ မိုင်ဒါကွင်း၊ တပ် မ တော်ရုပ်ရှင်ရုံ၊ အမှတ် ၂ စစ်ဆေးရုံ၊ ဘဒ်လမ်း (Continue reading “အိမ်တော်ရာ ဘုရား”

မယ်လမု ဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ၁၅ -၄-၂၀၂၂ မှာ မယ်လမု ဘုရားကို ဖူးမြော်ခဲ့ပါတယ်။ မယ်လမုဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “ ဆုတောင်းပြည့် မယ်လမုစေတီ ” ဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်မှာ တည်ရှိပါတယ်။ ( မြေပုံဖော်ပြထားပါတယ်။ ) မယ်လမု ဘုရားသမိုင်းကို နှစ်ပိုင်းခွဲပြောရမယ်ထင်တယ်။ ပထမပိုင်းကတော့ တိဿရသေ့ကြီး၊ သိကြားမင်း၊ လမုသီးထဲမှာ သံသေဓဇပဋိသန္ဓေယူပြီးမွေးဖွားလာတဲ့ မယ်လ မု၊ မယ်လမုရဲ့ သားတော် ဥက္ကလာပမင်း၊ နန္ဒမင်းသား၊ ငမိုးရိပ်မိချောင်း တို့နဲ့ ဒဏ္ဍာရီဆန်ဆန်သမိုင်း ဖြစ်ပါတယ်။ ဒုတိယပိုင်းကတော့ ဒီဘက်ခေတ် လက်ရှိမယ်လမုစေတီကို ပြန်လည်တည်ထားတဲ့ ဖြစ်စဉ်ပါ။ အဲဒီ ဖြစ်စဉ် အရ တော့ ကြည့်မြင့်တိုင်မှာ နေထိုင်တဲ့ စိုက်ပျိုးရေး ဝန်ထောက် ဦးလှContinue reading “မယ်လမု ဘုရား”

ခြောက်ထပ်ကြီး ဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်၊ ၁၄ -၄-၂၀၂၂ မှာ ခြောက်ထပ် ကြီး ဘုရားကို ဖူးမြော်ခဲ့ပါတယ်။ ခြောက်ထပ်ကြီး ဘုရားရဲ့ ဘွဲ့အမည် အပြည့်အစုံက “ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရား ကြီး” ဖြစ်ပါတယ်။ ခြောက်ထပ်ကြီးဘုရားဟာ ငါးထပ်ကြီးဘုရား နဲ့ ရွှေဂုံတိုင်လမ်းမကြီး ခြား ပြီး တည်ရှိပါတယ်။ ဗြိတိသ ျှ ကိုလိုနီခေတ်မှာတည်ထားခဲ့တဲ့ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီးနဲ့ ကိုးထပ်ကြီး ဘုရား သုံးဆူ အနက် ခြောက်ထပ်ကြီးဘုရားသမိုင်းက ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရပြီးခေတ် မြန်မာ့နိုင်ငံရေး၊စီးပွားရေး အခြေအနေတွေနဲ့ ဆက်စပ်မှုအများဆုံး လို့လည်း ပြော ရမယ်ထင်ပါတယ်။ ဒါ့ကြောင့်ဘုရားသမိုင်းကို ရှည်ရှည်ရေးပြချင်ပါတယ်။ ခြောက်ထပ်ကြီးဘုရားသမိုင်းအစက ငါးထပ်ကြီးဘုရားနဲ့ဆက်စပ်နေပါတယ်။ ငါးထပ် ကြီး ဘုရားဒါယကာContinue reading “ခြောက်ထပ်ကြီး ဘုရား”

ကျိုက္ကစံဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်၊ ၁၃ -၄-၂၀၂၂ မှာ ကျိုက္ကစံ ဘုရားကို ဖူးမြော်ခဲ့ပါတယ်။ ကျိုက္ကစံဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “ ကျိုက္ကစံ ဆံတော်ရှင်စေတီတော်” ဖြစ်ပါတယ်။ ကျိုက္ကစံဘုရားဟာ ရန်ကုန်မြို့ပတ်ဝန်းကျင်မှာ မွန်ဘာသာနဲ့ ဘွဲ့တော်အမည်ရှိတဲ့ စေတီတော် တွေထဲက ထင်ရှားတဲ့ စေတီတစ်ဆူဖြစ်ပါတယ်။ ကျိုက္ကစံ ဆိုတာ မွန်ဘာသာအရ – ကျိုက် = ဘုရား၊ အရှန် = ရဟန္တာ ၊ ရဟန္တာများတည်ထားသည့်စေတီ၊ ကျိုက်အရှန် ကနေ ကာလ ကြာတော့ ကျိုက္ကစံ ဖြစ်လာတယ် လို့ မှတ်သားရပါတယ်။ ဘုရားရင်ပြင်မှာ စိုက်ထူထားတဲ့ ကျောက်စာအရ ကျိုက္ကစံစေတီတော်ကို မဟာသက္ကရာဇ် ၁၁၁ ခုနှစ်မှာ မြတ်စွာဘုရားကContinue reading “ကျိုက္ကစံဘုရား”

ကျိုက္ကလဲ့ဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်၊ ၁၂ -၄-၂၀၂၂ မှာ ကျိုက္ကလဲ့ ဘုရားကို ဖူးမြော်ခဲ့ပါတယ်။ ကျိုက္ကလဲ့ဘုရားက ရန်ကုန်မြို့စွန်က ဘုရားလို့ဆိုနိုင်ပါတယ်။ ရန်ကုန်- ပြည်ကားလမ်းအတိုင်း ထောက်ကြန့်ဘက်ကို ထွက်လာရင် ခရေပင်လမ်းဆုံကျော်တာနဲ့ မီးရထားခုံးကျော်တံတားကို ဖြတ်ရမယ်။ တံတားကျော်ပြီးရင် ဘယ်ဘက်မှာ ကျိုက္ကလဲ့ ဘုရားမုခ်ဦးနဲ့ ကားလမ်းရှိပါတယ်။ ( မြေပုံဖော်ပြထားပါတယ်။ ) မြန်မာနိုင်ငံ ဘုရားသမိုင်းပေါင်းချုပ် ( လှသမိန် ) စာအုပ်မှာတော့ ကျိုက္ကလဲ့ ဆိုတာ မွန်ဘာသာ နဲ့ ကျိုက် ဆိုတာ ဘုရား ၊ ဒေးကလဲ့ ဆိုတာ ပျောက်သောကုန်း ၊ “ ဘုရားပျောက်သောကုန်း” လို့ အနက်ဖွင့်ထားတယ်။ ဘုရားသမိုင်းနဲ့ပတ်သက်ရင်တော့ ဒဏ္ဍာရီContinue reading “ကျိုက္ကလဲ့ဘုရား”