ပိုက်ထဲမှာ ပါလာတဲ့ ငါးပူတင်းသုံးကောင်နဲ့စုပ်ခွက်ငါးတစ်ကောင်။ စုပ်ခွက်ငါး ကို ငါးကျောက်ဖား လို့လည်းခေါ်တယ်။ အလှမွေးငါးကနေ အင်းတွေထဲရောက်လာတာ ။ စားလို့မရဘူး။ ငါးမွေးမြူရေးသမားတွေကတော့ သူတို့ကန်တွေထဲကို ဒီငါးတွေ ရောက်လာမှာကို ကြောက်ကြတယ်လို့ပြောတယ်။ ငါးပူတင်းကိုလည်းမစားဘူး။ ဒါပေမယ့် သေသွားတဲ့အခါ ကလေးတွေ လေပြန်မှုတ်ပြီး ဆော့ကြ တယ်။

အင်း ပုံပြင် (၃)

အင်းထဲရောက်ရင် ပထမဆုံး လုပ်ရတဲ့အလုပ်ကတော့ ဖိနပ်ချွတ်ဖို့ပဲ။ ကန်သင်းရိုးတွေပေါ်မှာ၊ ဗွက်တောတွေထဲမှာ ဖိနပ်နဲ့အဆင်မပြေဘူး။ ရွံ့တွေနဲ့ ချော်နေတဲ့ ကန်သင်းရိုးပေါ်မှာ ခြေမ လေးနဲ့ ကုတ်ပြီး ထိန်းသွားမှအဆင်ပြေတယ်။ ခြေဗလာနဲ့ဆိုရင် ဗွက်ထဲ ဖိနပ်ကျန်ခဲ့မှာ မပူရဘူးပေါ့။ အင်းသားကြီးတို့က ရေစုတ်ထားတဲ့အကန့်မှာ ပိုက်ဆွဲဖို့ပြင်နေပြီ။ သူတို့အင်းချောင်းရဲ့ ဒီအပိုင်းက တာဘောင် ပြင်တဲ့အချိန်မှာ ဘက်ဟိုးတူးထားလို့ မြောင်းဖြစ်နေ တယ်။ အောက်မှာလည်း စမ်းပေါက်ပြီးရေလိုက်နေလို့ ရေကုန်အောင်အတော်အချိန်ယူရတယ်။ ဒီနေ့ကတော့ ပိုက်ဆွဲမယ်၊ နောက်နေ့ ရေခန်းသွားရင် ကျန်တဲ့ငါးတွေကို ထပ်ဖမ်းမယ်လို့ အင်းသားကြီးက ရှင်းပြတယ်။ ကျွန်တော်က ပိုက်ဆွဲတာကို မြင်ချင်နေပေမယ့် အင်းသားကြီးတို့ကတော့ အေးအေးဆေးဆေးပဲ။ အင်းသားကြီးကိုယ်တိုင်ဦးစီးပြီး အင်းချောင်းဘေးမှာ ပိုက်ဖြန့်ပြီး ပိုက်ပေါက်တွေကို စိတ်ရှည်လက်ရှည်နဲ့ ဖာထေးပြုပြင်နေတယ်။ ပိတ်ထားတဲ့ အကန့်ထဲက ငါးတွေက ဘယ်အချိန်ဖမ်းဖမ်းရတယ်။ ဒါပေမယ့်Continue reading “အင်း ပုံပြင် (၃)”

ကိုတံငါ

အသက်ဘယ်လောက်လဲ၊ကျောင်းမနေဘူးလား၊ဘာညာ သာရကာဆင်စွယ်နန်းပေါ်က မေးခွန်းတွေမမေးနဲ့။အစာအိမ်ကအရာရာထက်အရေးကြီးတဲ့ဘဝတွေအများကြီးရှိတယ်။

ကာတွန်းမီးထွန်းပွဲတော်

ကာတွန်း ဦးဘဂျမ်းလမ်း (၁၃ လမ်း) ကာတွန်းမီးထွန်းပွဲတော် ကာတွန်းချစ်တဲ့ ပရိသတ် နဲ့ ကာတွန်းဆရာတွေ ကာတွန်းတွေအများကြီးပြထားပေမယ့် တစ်စိမ့်စိမ့်တွေးပြီး ပြုံးရတဲ့ ကာတွန်းနည်းနည်းပဲ တွေ့ခဲ့တယ်။