နေ့သစ်မှာ ခွန်အားသစ်ပေးတဲ့ တောင်သမန် “ မန္တလေးဟာ ဂရိဒဏ္ဍာရီထဲမှာပါတဲ့ ဖီးနစ်ငှက်နဲ့ တူတယ်။”( မြသန်းတင့်၊ ဖီးနစ်ငှက် မန္တလေး)
Category Archives: Travelogue
ကင်းဝန်မင်းကြီးကျောင်းတိုက်
ကင်းဝန်မင်းကြီးဆိုတာက ကုန်းဘောင်ခေတ်မြန်မာ့သမိုင်းနဲ့ ရင်းနှီးကျွမ်းဝင်သူတိုင်း သိတဲ့ ပုဂ္ဂိုလ် ကြီးပါ။ သူ့ကို လေးစားသူတွေက ခေတ်ရှေ့ပြေးနိုင်ငံရေးသမားလို့ ယူဆကြပေမယ့် သူ့ကို မနှစ် သက်တဲ့သူတွေကတော့ ကင်းဝန်မင်းကြီးကြောင့် သီပေါမင်း ပါတော်မူပြီး သူ့ကျွန်ဘဝရောက် ရတာလို့ စွပ်စွဲကြတယ်။ ကင်းဝန်မင်းကြီးကို ၁၁၈၃ ခုနှစ်တပို့တွဲလဆန်း ၁၂ ရက် (၁၈၂၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်) စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် မင်းတိုင်ပင်ရွာမှာမွေးတယ်။ စာပေကျမ်းဂန်ဗဟုသုတကြွယ်ဝလို့ အသက် ၂၈ နှစ်အရွယ်မှာ မင်းတုန်း မင်းသား ကအိမ်တော်မှာ ခေါ်ယူ ထားခဲ့တယ်။ မင်းတုန်းမင်း နန်းတက်တော့ လွှတ်တော် စာရေးတော်ကြီး အဖြစ်တာဝန်ပေးတယ်။နောက်ပိုင်း အရေးကြီးတဲ့ ရာထူးတွေအဆင့်ဆင့်ထမ်းဆောင်ခဲ့ရပြီး တဲ့နောက် ၁၂၂၈ ခုနှစ်မှာ မင်းကြီး မဟာ စည်သူ ဘွဲ့နဲ့Continue reading “ကင်းဝန်မင်းကြီးကျောင်းတိုက်”
ယောမင်းကြီးကျောင်းတိုက်
ကျွန်တော်ရဲ့ မန္တလေးခရီးစဉ်က မန္တလေးမှာရှိတဲ့ ရှေးဗိသုကာလက်ရာ ဘုန်းတော်ကြီးကျောင်းတွေ နဲ့ အခြားသင့်တော်တဲ့နေရာတွေကို ဓာတ်ပုံရိုက်ဖို့ ရည်ရွယ်တဲ့ခရီးစဉ်ဖြစ်ပြီး မန္တလေးရောက်တာ နဲ့ ဦးစားပေး သွားဖို့ရည်ရွယ်ခဲ့တာက ယောမင်းကြီးကျောင်းတိုက် ဖြစ်ပါတယ်။ တကယ်တော့ ယောမင်းကြီးကျောင်းတိုက်ထက် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ကျောင်း ဒါယကာ ယောမင်းကြီး ဦးဘိုးလှိုင်အကြောင်းဖြစ်ပါတယ်။ ယောမင်းကြီး ဦးဘိုးလှိုင်ကို ယော အတွင်းဝန်၊ ရွှေပြည်ဝန်၊ ဝက်မစွတ်မြို့စား ၊ မကွေးမြို့စားဝန်ရှင်တော်မင်း ကြီး စသည်ဖြင့် လည်း ခေါ်ကြပါတယ်။ ယောမင်းကြီး ဦးဘိုးလှိုင် အသက် ၂၈ နှစ်အရွယ်မှာ မင်းတုန်းမင်းတရားကြီးက မင်းလှ စည်သူဘွဲ့ပေးပြီး ယောမြို့ကို စားစေတယ်၊ ဦးဘိုးလှိုင်ရဲ့ အရည်အချင်းကို နှစ်သက်လို့ သားတော်တို့နဲ့မခြား ချီးမြှောက်ခဲ့တယ်လို့ ဆိုတယ်။ ယောမင်းကြီးဦးဘိုးလှိုင်ဟာ ဉာဏ် ပညာ ထက်မြက်၊ ဗဟုသုတကြွယ်ဝ၊Continue reading “ယောမင်းကြီးကျောင်းတိုက်”
မမ နဲ့ ခရီးသွားခြင်း (၃)
ရထားက တပ်ကုန်းဘူတာ ကျော်တာနဲ့ လမ်းဘေးဝဲယာရှုခင်းတွေပြောင်းသွားတယ်။ လယ်ကွင်း တွေအစား ပဲခင်းတွေ၊ ငရုတ်စိုက်ခင်းတွေဖြစ်လာတယ်။ တမာပင်တွေ တွေ့လာရတယ်။ ပျော်ဘွယ်နားနီးတော့ စပျစ်စိုက်ခင်းတွေတွေ့တယ်။ ပျော်ဘွယ်ကျော်လာတော့ ထနောင်းပင် တွေ၊ ကန္တရာပင်တွေ နဲ့ အညာရှုခင်းနဲ့ ဆင်တူလာတယ်။ ဒီရှုခင်းတွေကို မြင်တော့ အမျိုးတွေ ကို သတိရပြန်ရော။ အမေဘက်က အဘွား နဲ့ အမေက ရေစကြိုသူတွေ၊ အဘိုးက တောင်တွင်းကြီးသား။ ဒီတော့ ကျွန်တော်က အညာမွေး၊ အညာကြီးမဟုတ်ပေမယ့် အဘိုး၊ အဘွားသွေးနဲ့ ကိုယ့်ကိုကိုယ် အညာ သားလို့ ပဲ ခံယူထားတာ။ အညာက မိုးနည်းရပ်ဝန်းဒေသ၊ ဘဝရှင်သန်ရေးအတွက် ရုန်းကန်ရ၊ ဒီအခက်အခဲမျိုးစုံကို ကျော်ဖြတ်ဖို့ အချင်းချင်းပဲ အပြန်အလှန်မှီခိုအားထားရ ဆိုတော့ အညာသူ အညာသားက ဒေသ ချစ်စိတ်၊Continue reading “မမ နဲ့ ခရီးသွားခြင်း (၃)”
မမ နှင့် ခရီးသွားခြင်း (၂)
ကျွန်တော်တို့ စီးတဲ့ အမှတ် ၃ အဆန်က အထက်တန်းရော၊ ရိုးရိုးတန်းပါ တွဲဟောင်းတွေဖြစ်ပါ တယ်။ ညနေ သုံးနာရီ လေးဆယ့်ငါး ထွက်တဲ့ အမှတ် ၅ အဆန်က လေအိတ်တွဲ လို့ခေါ်တဲ့ တွဲ သစ်တွေဖြစ်ပြီး ၂၀၁၆ ခုနှစ် အတွင်း မှာ တရုတ်နိုင်ငံကနေ ဝယ်ယူခဲ့တဲ့တွဲတွေလို့ သိရတယ်။ အဲဒီရထားကတော့ ထိုင်ခုံတွေကောင်း၊ မီး တွေ အကုန်လင်း၊ အိမ်သာက အစ သန့်ရှင်း တောက်ပြောင်တယ်လို့ ဆိုတယ်။ ကျွန်တော်က အဲဒီရထားကို မစီးဘဲ အမှတ် ၃ အဆန်ကို စီးရတဲ့ အကြောင်းနှစ်ချက်ရှိတယ်။ ပထမတစ်ချက်က လေအိတ် ရထားမှာ အိပ်ခန်းတွဲမပါဘူး။ ညရထားဆိုရင် အိပ်ခန်းတွဲမှာ စီးရတာက ပိုလွတ်လပ်တယ်။ နောက်တစ်ချက်က လေContinue reading “မမ နှင့် ခရီးသွားခြင်း (၂)”
မမ နဲ့ တွေ့ဖို့
“ မမ ” လို့ခေါ်တဲ့ မြန်မာ့မီးရထားနဲ့ ခရီးသွားမယ်ဆိုရင် ပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ လက်မှတ်ဝယ်ဖို့အတွက် စုံစမ်းရတဲ့ကိစ္စပဲ။ ဌာနမှာ တာဝန်ထမ်းဆောင်ချိန်မှာ ရုံးက ဝယ်ပေး တာဆိုတော့သွားမယ့်နေ့၊သွားချင်တဲ့ရထားပြောရုံပဲပေါ့။ အခုကတော့ “ မမ ” နဲ့တွေ့ဖို့ ကိုယ်တိုင် ကြိုးစား ရပြီလေ။ ဒီလိုနဲ့ e-Government ခေတ်ပဲဆိုပြီး အင်တာနက်က ရှာဖွေဖို့ လုပ်တယ်။ မြန်မာ့မီးရထား ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကိုဝင်ကြည့်တဲ့အခါ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ သတင်းများ၊ လုပ်ငန်းစဉ်များ၊ ဥပဒေစည်းမျဉ်းများနဲ့ဆက်သွယ်ရန် ဆိုတဲ့ ကဏ္ဍတွေတွေ့တယ်။ လုပ်ငန်းစဉ်များကဏ္ဍအောက် မှာ လက်မှတ်ခနှုန်းထား၊ တန်ဆာခနှုန်းထား၊ ဥပဒေများတွေ့တယ်။ ကြိုတင်လက်မှတ်ရောင်းတဲ့ စည်းကမ်းသတ်မှတ်ချက် ရှာ မတွေ့ဘူး။ ( မရှာတတ်တာလည်း ဖြစ်နိုင်ပါတယ်။ ) ကိုယ့်အတွေ့အကြုံအရ အစိုးရ ဝက်ဘ်ဆိုက်အတော်များများရဲ့ အားနည်းချက်ကိုContinue reading “မမ နဲ့ တွေ့ဖို့”
မမ နဲ့ တွေ့ဖို့
“ မမ ” လို့ခေါ်တဲ့ မြန်မာ့မီးရထားနဲ့ ခရီးသွားမယ်ဆိုရင် ပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ လက်မှတ်ဝယ်ဖို့အတွက် စုံစမ်းရတဲ့ကိစ္စပဲ။ ဌာနမှာ တာဝန်ထမ်းဆောင်ချိန်မှာ ရုံးက ဝယ်ပေး တာဆိုတော့သွားမယ့်နေ့၊သွားချင်တဲ့ရထားပြောရုံပဲပေါ့။ အခုကတော့ “ မမ ” နဲ့တွေ့ဖို့ ကိုယ်တိုင် ကြိုးစား ရပြီလေ။ ဒီလိုနဲ့ e-Government ခေတ်ပဲဆိုပြီး အင်တာနက်က ရှာဖွေဖို့ လုပ်တယ်။ မြန်မာ့မီးရထား ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကိုဝင်ကြည့်တဲ့အခါ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ သတင်းများ၊ လုပ်ငန်းစဉ်များ၊ ဥပဒေစည်းမျဉ်းများနဲ့ဆက်သွယ်ရန် ဆိုတဲ့ ကဏ္ဍတွေတွေ့တယ်။ လုပ်ငန်းစဉ်များကဏ္ဍအောက် မှာ လက်မှတ်ခနှုန်းထား၊ တန်ဆာခနှုန်းထား၊ ဥပဒေများတွေ့တယ်။ ကြိုတင်လက်မှတ်ရောင်းတဲ့ စည်းကမ်းသတ်မှတ်ချက် ရှာ မတွေ့ဘူး။ ( မရှာတတ်တာလည်း ဖြစ်နိုင်ပါတယ်။ ) ကိုယ့်အတွေ့အကြုံအရ အစိုးရ ဝက်ဘ်ဆိုက်အတော်များများရဲ့ အားနည်းချက်ကိုContinue reading “မမ နဲ့ တွေ့ဖို့”
အမြောက်တစ်လက်
လွန်ခဲ့တဲ့ လေးနှစ် ၇-၁၀-၂၀၁၈ ခုနှစ်မှာ ရေးခဲ့တဲ့ဆောင်းပါး။ မဖတ်ရသေးသူများ ဖတ်နိုင်ဖို့မ ျှဝေလိုက်ပါတယ်။ “အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တွ မဟာဗျူဟာ အမှားကို ကျူးလွန်မိရင် ပြင်ဖို့ ခက်တယ်၊ ပေးဆပ်ရတဲ့အရင်းအနှီးကြီးမားတယ်” ( ဆောင်းပါးကောက်နှုတ်ချက်) အမြောက်တစ်လက် စင်္ကာပူကျွန်းတောင်ဘက်ကမ်းခြေမှာ ရှိတဲ့ Labrador ပန်းခြံမှာ လူအများစုက ကမ်းခြေ တစ် လေ ျှာက်မှာပဲ အပန်းဖြေကြတယ်။ ဒါပေမယ့် နောက်ဘက်က တောအုပ်ထဲကို ဝင်သွားလိုက်မယ် ဆိုရင် တောင်ကုန်းထိပ်မှာ အမြောက်စခန်းဟောင်းတစ်ခုနဲ့ အမြောက်ကြီးတစ်လက်ကို တွေ့လိမ့် မယ်။ အဲဒီတောင်ကုန်းအခြေမှာလည်း ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့ စက်သေနတ်ထားတဲ့ အခိုင်အမာ ကွန်ကရစ်ဘန်ကာတွေရှိတယ်။ ဗြိတိသ ျှတွေက စင်္ကာပူကျွန်းကာကွယ်ရေးအတွက် ပြင်ဆင်ခဲ့ချိန်မှာ ရန်သူဟာ ပင်လယ်ဘက်က လာမယ်လို့မေ ျှာ်လင့်ခဲ့တယ်။ ဒါ့ကြောင့် ကမ်းခြေစောင့်အမြောက်ကြီးတွေ၊Continue reading “အမြောက်တစ်လက်”
ထီးထမ်း လမ်းလေ ျှာက် ပန်းဆိုးတန်း
အောက်တိုဘာ ၃ ရက်၊ တနလာၤနေ့မနက်ခင်း ။ “ဟေ့ ဒီနေ့ ပင်စင်သွားထုတ်မယ်” ဆိုပြီး အိမ်မှာ ကြေညာလိုက်တယ်။ အိမ်ကလူတွေက တော့ ဒါဟာ ဘဏ်ကို အကြောင်းပြပြီး မြို့ထဲမှာ ကိုးကုန်း ကိုးကျင်း သွားတော့မယ်ဆိုတာ သဘော ပေါက်ပြီး သားဆိုတော့ ထူးထူးထွေထွေ မပြောတော့ဘူး။ နေ့လယ်စာ အိမ်မှာ စားမှာလား လို့ ပဲ မေးတယ်။ ကျွန်တော်ကတော့ အဆင်ပြေသလိုပဲ ၊ ထမင်းစားစောင့်မနေနဲ့လို့မှာခဲ့တယ်။ မြို့ထဲသွားမယ်ဆိုမှ မိုးတဖြောက်ဖြောက်ရွာနေလို့ ခဏ စောင့်ပြီး ကိုးနာရီခွဲလောက်မှ အိမ်က ထွက်တယ်။ လိုရမယ်ရ ခေါက်ထီးလေးယူလာတယ်။ ပန်းဆိုးတန်းဟာ အင်မတန် ကားရပ်ရ ခက်တဲ့ နေရာဆိုတော့ တက္ကစီ နဲ့ ပဲ သွား တယ်။ ပင်စင်Continue reading “ထီးထမ်း လမ်းလေ ျှာက် ပန်းဆိုးတန်း”
သက်တန့်တစ်စင်း
လွန်ခဲ့တဲ့ ခုနှစ်နှစ် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ က ရေးခဲ့တဲ့ ဟိန္ဒူဘုရားပွဲ အကြောင်းခရီးသွားဆောင်းပါး အဲဒီအချိန်က မြန်မာနိုင်ငံအတွက် သက်တန့်တစ်စင်းကို မေ ျှာ်လင့်ခဲ့ပေမယ့် အခုတော့ မိုးသက်မုန်တိုင်းပဲရောက်လာခဲ့တယ်။ ဒါပေမယ့် မုန်တိုင်းစဲရင်တော့ သက်တန့်တစ်စင်း ပေါ်လာ ကောင်းပါရဲ့။ သက်တန့်တစ်စင်း အခုတစ်လော ခရီးမကြာခဏထွက်နေရသည့် ကျွန်တော် ဒီနေ့( စက်တင်ဘာ ၁၃ ) မှာတော့ ရန်ကုန်- မန္တလေးကားလမ်းဟောင်းအတိုင်း နေပြည်တော်သို့ ပြန်လာခဲ့သည်။ လမ်းတလေ ျှာက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများကို ဝင်ရောက် တွေ့ဆုံရင်း ၁၁၅ မိုင်ကတဆင့် နေပြည်တော်ကို ပြန်ဖို့ စီစဉ် ခဲ့သည်။ ထုံးစံအတိုင်း ကားတစ်စီးထဲ၊ ကျွန်တော်၊ ယာဉ်မောင်း နောက်ပြီး ခရီးစဉ်စစ်ဆေး ချက်မှတ်တမ်းရေးမည့်Continue reading “သက်တန့်တစ်စင်း”