“ ရထားလမ်းအတိုင်း ခြေလျင်ခရီးနှင် ချင်တယ်ဗျာ” ။ ကျွန်တော့်စကားကို ကြားတော့ ဒေသခံ ဧည့်လမ်းညွှန်က နားမလည်နိုင်တဲ့ အကြည့်နဲ့ ပြန်ကြည့်တယ်။ သူက သာစည်ကနေ ကလော ကိုရထားနဲ့လာတဲ့။ ဒါမှမဟုတ် ညောင်ရွှေကနေ ဆင်တောင်ကို ရထားနဲ့သွား၊ ဆင်တောင် မှညအိပ် ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကို ခရီးလှည့်တဲ့နိုင်ငံခြားခရီးသွားတွေကိုပဲ ကြုံဖူးတာကိုး။ ကျွန်တော်ကတော့ မြင်းဒိုက် ဘူတာ ကနေ ခွေးရုပ်ဘူတာအထိ ရထားလမ်းအတိုင်း လမ်းလေ ျှာက် ဖို့ ဆုံးဖြတ်ထားတာ။ ကျွန်တော်ငယ်ငယ်က အဖေ အောင်ပန်းမှာ တာဝန်ကျတော့ သာစည်- ရွှေညောင် ရထားကို အကြိမ်ကြိမ်စီးခဲ့ဖူးတယ်။ တောင်တက်လမ်းကို အသံကုန် အော်ပြီးတက်နေတဲ့ စက်ခေါင်းကြီးကို သနားဖူးတယ်။ လွန်းထိုးတွေမှာ ရထားကြီးကို ရှေ့နောက် အတက်အဆင်းတွေလုပ်နိုင်ဖို့ သံလမ်းတွေအပြောင်းအလဲလုပ်တာကို အံ့သြမဆုံး၊Continue reading “အတိတ် ခရီးသည်”
Category Archives: Travelogue
အရှေ့မြင် အနောက်မြင်တောင် (၂)
တောင်တက်လမ်းက လီဆူစခန်းကျော်တာနဲ့ တောင်စောင်းအတိုင်းတက်သွားတယ်။ ဒီနေရာမှာ လမ်းက ခြေတစ်ဖဝါးစာကျော်ကျော်လေးပဲရှိတယ်။ တစ်ဖက်မှာ တောင်နံရံ၊ တစ်ဖက်မှာ ချောက် ဆိုတော့ အတွေ့အကြုံမရှိတဲ့ ခရီးသွားတွေ ၊ အထူးသဖြင့် အမျိုးသမီးတွေ အခက်အခဲဖြစ် တဲ့ နေရာလို့ လမ်းပြတွေက ပြောပြတယ်။ တောင်စောင်းအတိုင်းတက်တဲ့လမ်းဆုံးတော့ အရှေ့မြင် အနောက်မြင်တောင်ထိပ်ကို သွားတဲ့ တောင်ကြောပေါ်ရောက်သွားတယ်။ တောင်ကြောပေါ်တက်ပြီး နည်းနည်းလေ ျှာက်လိုက် တာနဲ့ ရပ်စောက်၊ ပင်းတယ နဲ့ ရွာငံ မြို့နယ်သုံးခု ဆုံတဲ့ အမှတ်အသား ကျောက်ပုံတစ်ပုံကို တွေ့ရ တယ်။ ကျောက်ပုံကို မျက်နှာမူပြီး ကြည့်လိုက်ရင် ညာဘက်က ရပ်စောက်မြို့နယ်၊ ဘယ် ဘက်က ပင်းတယ မြို့နယ် ၊ ရှေ့တူရူက ရွာငံမြို့နယ်လို့ ဆိုတယ်။ ကျွန်တော်တို့ တက်တဲ့နေ့ကContinue reading “အရှေ့မြင် အနောက်မြင်တောင် (၂)”
အရှေ့မြင် အနောက်မြင်တောင် (၁)
“ တောင်တက် တယ်ဆိုတာ တောင်ကို အနိုင်ယူသိမ်းပိုက်တာမဟုတ်ဘူး၊ ကိုယ့်ကိုကိုယ် အောင်နိုင်ခြင်း ဖြစ်တယ်” ( Sir Edmund Hillary ဧဝရတ်တောင်ထိပ်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့သူ) တောင်တက်တယ်ဆိုတာနဲ့ ထိပ်ဆုံးရောက်ဖို့အတွက် အခက်အခဲတွေ၊ ပင်ပန်း မှု တွေနဲ့ ရင်ဆိုင်ရမယ်၊ လမ်းတစ်ဝက်မှာပဲ လက်မြှောက်အရှုံးပေးပြန်လှည့်ချင်စိတ်တွေ ပေါ်လာ မယ်။ ဒီလို ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ အခက်အခဲတွေကို ကျော်လွှားနိုင်မှ တောင်ထိပ်ကို ရောက် နိုင်မယ်။ ဒါ့ကြောင့်လည်း Hillary က ကိုယ့်ကိုကိုယ် အောင်နိုင်ခြင်း လို့ ပြောခဲ့တာပဲ။ တစ်နည်းအားဖြင့် တောင်တက်ခြင်းဟာ ကိုယ့်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုကို ဆန်းစစ် ခြင်း လည်း ဖြစ်တယ်။ ဒါ့ကြောင့်လည်း ၂၀၂၂ ခုနှစ်ကိုContinue reading “အရှေ့မြင် အနောက်မြင်တောင် (၁)”
အဖြူရောင်ပင်လယ်ပြင်
ပင်းတယ ဘေဘီလုံ တောင်ပေါ် စခန်းမှာ ညအိပ်ခဲ့စဉ်က ပင်းတယ လွင်ပြင်ပေါ်မှာ တိမ်ပင်လယ် ဖြစ်တာကို မမြင်ခဲ့ရပေမယ့် ကလောရောက်ချိန်မှာ တိမ်ပင်လယ်ကို မြင်ခဲ့ရတယ်။ တကယ်တော့ မြူတွေ အုပ်ဆိုင်းလာပြီး ကလောမြို့လေးကို ဖုံးအုပ်သွားတာကို တောင်ပေါ်က စောင့်ကြည့်ရတာဖြစ်လို့ မြူလွင်ပြင်လို့ ခေါ်တာက ပိုမှန်မယ်ထင်ပါတယ်။ တိမ်ပင်လယ်ကို ကြည့်ဖို့အတွက် ကလောမြို့ကနေ အောင်ပန်းဘက် အထွက် မှာရှိတဲ့ “ကလောမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ် ဘေးကနေ အိုးစည် တောင်ပေါ်ကို တက်ရတယ်။ တောင်ထိပ်အထိ ကားတက်လို့ရတယ်။ လမ်းကျဉ်းတယ်။ အကွေ့အကောက်များတယ်။ တောင်ထိပ်မှာ စေတီ တစ်ဆူနဲ့ ဘုန်းတော်ကြီး ကျောင်းရှိတယ်။ ကားရပ်ဖို့ နေရာ ကျယ်ကျယ်ရှိတယ်။ တိမ်ပင်လယ်ကြည့်မယ့်နေရာက ကားရပ်တဲ့နေရာကနေ ဘုန်းကြီးကျောင်း နောက်ဘက်ထဲကို ဆင်းသွားရတယ်။ တောင်ကြောလေးအတိုင်းContinue reading “အဖြူရောင်ပင်လယ်ပြင်”
လက်ဖက်ခင်းတွေကြားက ပျူပုတီးစေ့များ
ကလော ပတ်ဝန်းကျင် နေ့ချင်းပြန် ခြေလျင်တောလမ်းခရီးအကြောင်းရေးတော့ View Point ဆိုတဲ့ ရှုခင်းသာလေးအကြောင်းရေးခဲ့တယ်။ အဲဒီ View Point ကနေ အနောက်ဘက်ကို လှမ်းကြည့်ရင် တောင်ကြောထိပ်မှာ စေတီတစ်ဆူကို ဖူးမေ ျှာ်ရတယ်။ အဲဒီ စေတီက ရွှေမင်းပုန်းစေတီတဲ့။ အဲဒီစေတီပတ်ဝန်းကျင် ရွာတွေက ပလောင် ရွာတွေ၊ ပလောင် တွေမနေခင်က ကရင်တိုင်းရင်းသားရွာတွေရှိတယ်။ နောက်တော့ ပျဉ်းမနား၊ တောင်ငူ၊ ညောင် လေးပင် ဘက်ကို ရွှေ့သွားတယ်လို့ ဆိုတယ်။ ကရင်အမျိုးသားသမိုင်း ( ၂၀၂၀ ဇွန် ) မှာတော့ ပျဉ်းမနား အရှေ့ ဘက် တောင်ပေါ်ဒေသတွေမှာ နေထိုင်တာဟာ ကရင်ဖြူ ( မဲပုကရင်) တွေ ဖြစ်တယ်၊ ၁၆ ရာစုထဲ ကContinue reading “လက်ဖက်ခင်းတွေကြားက ပျူပုတီးစေ့များ”
ထင်းရှုးမြိုင် ခရီးသွားတောလား
ပင်းဒယ တောင်ပေါ်၊ တောတွင်းလမ်းလေ ျှာက်ခရီးစဉ်တွေ အပြီးမှာ ကလောကို ဆက်ထွက် တယ်။ မူလအစီအစဉ်ကတော့ ပင်းဒယခရီးစဉ်ပြီးရင် ရန်ကုန်ပြန်ဖို့ပါပဲ။ ဒါပေမယ့် တောတွင်း လမ်းလေ ျှာက်ခရီးသွားရတာ အားမရသေးလို့ ကလောပတ်ဝန်းကျင်မှာ ခရီးဆက်ဖို့ ဆုံးဖြတ် ခဲ့တယ်။ ကလောပတ်ဝန်းကျင် မှာ တောတွင်းလမ်းလေ ျှာက်ခရီးစဉ် မျိုးစုံရှိတယ်။ ပင်းဒယ၊ အင်းလေး ဘက်ကို နှစ်ည အိပ်၊ သုံးညအိပ် သွားတဲ့ခရီးစဉ်တွေရှိသလို ကလောပတ်ဝန်းကျင်မှာပဲ နေ့ချင်း ပြန်လမ်းကြောင်း အတော်များများရှိတယ်။ ပင်းဒယ နဲ့ ယှဉ်လိုက်ရင်တော့ ကလောမြို့ ဟာ ပြည် တွင်းခရီးသွားဧည့်သည်တွေကြောင့် နည်းနည်းလှုပ်လှုပ်ရှားရှား ရှိပါသေးတယ်။ ကျွန်တော်ကတော့ ကလောပတ်ဝန်းကျင် မှာရှိတဲ့ သစ်တောကြိုးဝိုင်းနဲ့ တောင်ပေါ် ရွာတွေ ကို သွားတဲ့ နေ့ချင်းပြန်ခရီးစဉ်ကို ရွေးလိုက်တယ်။Continue reading “ထင်းရှုးမြိုင် ခရီးသွားတောလား”
ဇော်ဂျီရေထွက် ၊ ဖေဇော်ဂျီ နဲ့ ရှင်မိယာ
ပင်းတယမြို့၊ ရွှေဥမင်လှိုဏ်ဂူဘုရားသမိုင်းအကြောင်းပြောရင် ကုမ္မာဘယမင်းသားနဲ့ ရှင်မိယာ အကြောင်း မပါလို့မရဘူး။ ပင်းတယ ၊ ရွှေဥမင်လှိုဏ်ဂူ ဘုရားအပြင် ပင်းတယမြို့ ပတ်ဝန်းကျင် နေရာ အတော်များများကလည်း ဒီပုံပြင်နဲ့ ဆက်စပ်နေတယ်။ အဲဒီအထဲမှာ ဇော်ဂျီ ရေထွက်လည်း ပါတယ်။ ကုမ္မာဘယမင်းသား နဲ့ရှင်မိယာပုံပြင်ကလည်း ကိုရီးယားဇာတ်လမ်းတွဲလိုပဲ အတော်ရှည်တယ်။ ကုမ္မဘယ မင်းသားရဲ့ ပထမဆုံးရန်သူက ဂဠုန်၊ ဂဠုန်ကို မင်းသားက သတ်လိုက်တော့ ပင့်ကူ ဖြစ်၊ ပင့်ကူကို သတ်တော့ ဘီလူးဖြစ်၊ ဘီလူးကို သတ်တော့ ဇော်ဂျီဖြစ် ၊ ဇော်ဂျီ သေတော့မှ ဇာတ် လမ်းက ပြီးတာ။ ဒီကြားထဲမှာ ဘီလူးနဲ့ တိုက်ခိုက်လို့ရတဲ့ ဒဏ်ရာနဲ့ မင်းသားသေသွားလို့ သိကြားမင်း ရေစင်ဖျန်းပြီး အသက်ရှင်အောင် ပြန်လုပ်ပေးရတာလည်း ပါသေးတယ်။Continue reading “ဇော်ဂျီရေထွက် ၊ ဖေဇော်ဂျီ နဲ့ ရှင်မိယာ”
ဦး အစိတ် ခေါက်ဆွဲကြော်
၂၀၁၉ ခုနှစ် စက်တင်ဘာလ မှာ အဖေ အမေနဲ့ အတူစားခဲ့ရတဲ့ ၊ ငယ်ငယ်က စွဲလမ်းနှစ်သက်ခဲ့ တဲ့၊ အိမ်လုပ်ခေါက်ဆွဲ နူးနူးညံ့ညံ့ နဲ့ ကြော်တဲ့၊ မီးခိုးနံ့သင်းသင်း ခေါက်ဆွဲကြော် ရယ် ၊ ကြွပ်ရွ နူးညံ့တဲ့ အခေါက်ကင်ရယ် ကို စားချင်လို့ မှော်ဘီ အထိ သွားခဲ့ရတဲ့ အကြောင်း “ ချန်စိန်” ဆိုတဲ့ အက်ဆေးလေးတစ်ပုဒ် ရေးခဲ့ဖူး တယ်။ အဲဒီ အက်ဆေးအဆုံးမှာ “ တကယ်တော့ ချန်စိန်ဆိုင်က ခေါက်ဆွဲကြော်၊ အခေါက်ကင်ထက် ပိုကောင်းတဲ့ဆိုင်တွေ ရှိ သည်။ ပြည်ပက စားဖိုမှူးကြီးတွေ ကိုယ်တိုင်ချက်ပြုတ်ကြော်လှော်ပေးသည့် တန်ဖိုးကြီးဆိုင်တွေ လည်း ရှိသည်။ ဒါပေမယ့် လှပတဲ့ အတိတ်နဲ့ ရောကြော်ထားသော ခေါက်ဆွဲContinue reading “ဦး အစိတ် ခေါက်ဆွဲကြော်”
လ ျှပ်တစ်ပြက် ပုံရိပ်များ
ပင်းတယ-ဆီးကျအင်း-ယစကျီ – ပင်းတယ ခရီးစဉ်မှာ တွေ့ခဲ့ရတဲ့ ဓနုနဲ့ ပလောင်တိုင်းရင်း သားများကို လ ျှပ်တစ်ပြက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံ အထားအသို၊ အလင်းအမှောင် ဘာကိုမှ ပြင်ဆင်တည်းဖြတ်မှုမလုပ်ပါဘူး။
နှလုံးသားကျောက်စာ
ယစကျီ (၂) ခရီးသွားဆောင်းပါးမှာ ပင်းတယ မီးအိမ်ရှင် ဒါက်တာသန်းမင်းထွဋ် နဲ့ အလှုရှင်တွေ ပူးပေါင်း အကောင်အထည်ဖော်ထားတဲ့ ကျေးလက်ရေပေးရေး စီမံကိန်းတစ်ခုကို မြင်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစား ချက်အကြောင်း ပြောရင်းနဲ့ ၂၀၁၂ ခုနှစ်က “ နှလုံးသားကျောက်စာ” ဆိုတဲ့ အက်ဆေးလေး ရေးခဲ့ကြောင်း ထည့်ပြောခဲ့တယ်။ စာဖတ်သူတစ်ချို့က “ နှလုံးသားကျောက်စာ” အက်ဆေးကို ဖတ်ချင်တယ်ဆိုလို့ ပြန်တင်ပေးလိုက် ပါတယ်။ ကျွန်တော်က အက်ဆေးတွေ၊ ဆောင်းပါးတွေရေးတဲ့အခါ များသောအားဖြင့် မိတ်ဆွေတစ်ယောက် ကို လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်းပြောပြတဲ့ ခံစားချက်နဲ့ ရေးတာဖြစ်လို့ ပြောစကားနဲ့ ရေးတာများပါတယ်။ တစ်ခါ တစ်လေ အတွေးနက်နက်၊ ဆွေးဆွေးမြေ့မြေ့ ခံစားရတဲ့ အဖြစ်အပျက်ဆိုရင်တော့ စကားပြေနဲ့ ရေး ပါတယ်။ အခု အက်ဆေးကContinue reading “နှလုံးသားကျောက်စာ”