ပင်လောင်းရောက်တာစောနေသေးတော့ နေ့လယ်စာမစားတော့ဘူး။ ကလောကို ဆက်ထွက် တယ်။ လမ်းမှာ နောင်တရား၊ တီကျစ် ကို ဖြတ်ရတယ်။ နောင်တရားကတော့ မြို့နယ်ခွဲအဆင့် တောင်ဖြစ်နေပြီ။ နှစ်နေရာလုံးက သမိုင်းကြောင်းနဲ့နာမည်ကြီးတဲ့နေရာတွေပဲ။ လွိုင်ကော်၊ ပင်လောင်းလမ်းက သာစည်-တောင်ကြီးကားလမ်း ကလော နဲ့ အောင်ပန်းကြားကို သွားပေါက် တယ်။ လမ်းခွဲက ကလောနဲ့ ပိုနီးတယ်။ အောင်ပန်းဘက်နဲ့ဆို ခြောက်မိုင်လောက်ဝေးသေးတယ်။ ဒီလမ်းခွဲတရားဝင်အမည်က ပင်လောင်းလမ်းခွဲပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ကလောမှာသင်တန်း တက်တဲ့အချိန်က တစ်ချို့က ဒီနေရာကို မာတင် ချော်လဲ လမ်းခွဲလို့ ခေါ်ကြတယ်။ နာမည်က ထူး ဆန်းနေလို့ သမိုင်းကို ပြန်ခြေရာကောက်ကြည့်တယ်။ မာတင်ဆိုတဲ့ လူကြီး ချော်လဲ လို့ ခေါ် တာမဟုတ်ဘူးတဲ့။ “ မာတင်” ဆိုတဲ့ အိန္ဒိယContinue reading “ထင်းရှူးမြိုင် (၈)”
Category Archives: Travelogue
ထင်ရှူးမြိုင် (၇)
မိုင်တိုင် ၆၀ ကျော်တာနဲ့ မြင်ကွင်းကပြောင်းသွားတယ်။ လမ်းဝဲ၊ ယာမှာ တောင်ကုန်းတွေ၊ လ ျှိုမြောင်တွေအစား ယာခင်းတွေ၊ ရွာလေးတွေမြင်ရတယ်။ မြေအနေအထားက မတ်စောက် တောင်တန်းတွေမဟုတ်တော့ဘူး။ လှိုင်းအိလေးတွေလို နိမ့်လိုက်၊ မြင့်လိုက် တောင်ကုန်းတွေ၊ အနီ ရောင် ထွန်ယက်ပြီးစ ယာခင်းတွေ၊ အဝါရောင်၊ အစိမ်းရောင် စိုက်ပျိုးပြီးယာခင်းတွေ၊ ရောင်စုံအကွက်တွေကြားက ထိုးထွက်နေတဲ့ ကျောက်တောင်တွေ၊ တောင်တန်းတွေ။ ဒီရှုခင်းတွေကို ဓာတ်ပုံဆရာ၊ ပန်းချီဆရာတွေက ရှုထောင့် အမျိုးမျိုး ကနေ မှတ်တမ်းတင် ခဲ့ကြပြီးပြီ။ မိုင်တိုင် ၆၁ ကျော်တော့ ဘယ်ဘက်မှာ စားကျက်ကွင်း ရှိတယ်။ အဲဒီနောက်မှာ ကျောက်တောင်ကြီးတစ်ခုရှိတယ်။ ကျောက်တောင်ရဲ့ အပေါ်ကို ချွန်ထွက်နေတဲ့ ထိပ်ပိုင်းတွေ မှာ စေတီငယ်လေးတွေတည်ထားတယ်။ စားကျက်ထဲမှာ ကျွဲအုပ်တွေရှိတယ်။ လမ်းဘေး သစ်ပင်Continue reading “ထင်ရှူးမြိုင် (၇)”
ထင်းရှူးမြိုင် (၆)
လိန်းလီ တံတားပေါ်က လှမ်းကြည့်လိုက်ရင် ပင်လောင်းဘက်အခြမ်း ကမ်းနဖူးမှာ လုံခြုံရေးစခန်း တစ်ခု ကို လှမ်းမြင်နေရတယ်။ ပတ်လည် ဝါးခြံစည်းရိုး၊ စခန်းရုံးလို့ ယူဆရတဲ့အဆောက်အဦ၊ လူနေတဲလေးတွေ၊ ပစ်ကျဉ်းတွေ၊ ခေါင်ကတုတ်တွေ။ နိုင်ငံတော်အလံက တလူလူ လွင့် လို့။ ဒီလို စခန်းလေးတွေမှာ အကြိမ်ကြိမ်တာဝန်ထမ်းဆောင်ဘူးတယ်။ နေရာဒေသ အခြေအနေ အရ တည်ဆောက်ပုံ၊ လှုပ်ရှားသွားလာရပုံသာ ကွာခြားကောင်း၊ကွာခြားမယ်။ ဒါပေမယ့် ရဲဘော် ရဲ ဘက်စိတ်နဲ့ အတူတကွနေထိုင်ရတဲ့ဘဝတွေကတော့ အတူတူပါပဲ။ စခန်းရှေ့ရောက်တော့ ကားရပ်ပြီး ဘယ်တပ်ကလဲလို့မေးမိတယ်။ ပင်လောင်းမှာ အခြေစိုက်ထား တဲ့ လေ့ကျင့်ရေးတပ်က အဖွဲ့တွေ။ ကျွန်တော်တို့ လွှဲကြီးမှာ ရှိစဉ်ကလည်း အဲဒီတပ်ဖွဲ့ပဲ။ စခန်း ကနေ ဆက်ထွက်လာတော့ တစ်မိုင်ကျော်လောက်သွားလိုက်တဲ့အခါ အိမ်စုလေးတစ်ခုရှိတယ်။ အဲဒီနေရာမှာ အမျိုးသမီးတစ်ယောက် ကားကိုContinue reading “ထင်းရှူးမြိုင် (၆)”
ထင်းရှူးမြိုင် (၅)
မိုင်တိုင် ၃၅ က စခဲ့တဲ့အဆင်းခရီးဟာ မိုင်တိုင် ၃၉ ကျော်တော့ ပေါင်းလောင်းမြို့သစ်ကိုရောက် ပြီး အဆင်းခရီးဆုံးသွားတယ်။ ပေါင်းလောင်းမြို့သစ် မဖြစ်ခင်က ဒီနေရာမှာ ဖိုကုန်း ၊ လိန်းလီ ဆိုတဲ့ရွာကြီးနှစ်ရွာရှိတယ်။ နနွင်း၊ ပျားရည် နာမည်ကြီးတယ်။ အထက်ပေါင်းလောင်းရေအားလ ျှပ်စစ်စီမံကိန်းအတွက် ဆည်ပိတ်လိုက်တော့ ရေဝပ်ဧရိယာထဲမှာ ရှိတဲ့ ရွာ ၂၂ ရွာကို ဖိုကုန်း ကျေးရွာနဲ့ဆက်စပ်ပြီး ပေါင်းလောင်းမြို့သစ် အဖြစ် တည် ဆောက်ပေးခဲ့တယ်။ အဲဒီလိုရွှေ့ပြောင်းရတဲ့အတွက် လေ ျှာ်ကြေးငွေပေးတယ်၊ ပေါင်းလောင်း မြို့ သစ်ပတ်ဝန်းကျင်မှာ စိုက်ပျိုးမြေသစ်တွေ ဖော်ထုတ်ပေးတယ်ဆိုပေမယ့် သူတို့ရွှေ့ပြောင်းခဲ့ရတဲ့ နေရာမှာ နှစ်ရှည်သီးနှံခြံတွေကျန်ခဲ့တာဆိုတော့ ဒေသသစ်မှာ အဆင်မပြေလှဘူး။ နောက်ပိုင်းမှာတော့ လမ်းပန်းဆက်သွယ်ရေးကောင်းလာတာနဲ့ အတူ ပေါင်းလောင်းချောင်းတစ်လေ ျှာက်မှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေတော့ပေါ်လာပါတယ်။ ပေါင်းလောင်းမြို့သစ်နဲ့ပတ်သက်Continue reading “ထင်းရှူးမြိုင် (၅)”
ထင်းရှူးမြိုင် (၄)
ပေါင်းလောင်းချိုင့်ဝှမ်းထဲကို အဆင်းက ၃၅ မိုင်က စတယ်။ သုံးမိုင်လောက် အဆင်းသက်သက် ပဲ။ အဆင်းတွေကလည်း တစ်ဆစ်ချိုးကွေ့တွေများတယ်။ အကွေ့ကြီး ၁၅ ကွေ့ရှိပြီး နံပါတ်တွေ တပ် ထားတယ်။ ဒီအဆင်းကတော့ ဘရိတ်ကောင်းမှ၊ ဂီယာကြီးနဲ့ဆင်းမှ အန္တရာယ် ကင်းတယ်။ ဒီနေရာမှာတော့ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုက ကန်ထရိုက်စနစ်နဲ့ လမ်းတွေချဲ့နေတာတွေ့တယ်။ မြေထိန်းနံရံတွေကို စနစ် တကျလုပ်နေတယ်။ ကင်းသာ – ပင်းလောင်းလမ်းကို NH 20 ၊ AH 14 လို့သတ်မှတ်ထားတဲ့ ဆိုင်းဘုတ်တွေလည်း တွေ့တယ်။ ၃၆/၇ မိုင်တိုင်နားမှာ ဈေးဆိုင်တဲလေးနှစ်ခုရှိတယ်။ နားနေဖို့ အဆောင်နှစ်ခုဆောက်ထားတယ်။ ဒီနေရာက ကြည့်ရင် ပေါင်းလောင်းချိုင့်ဝှမ်းကို ရှုခင်းကောင်းတယ်။ ဆိုင်နှစ်ဆိုင်မှာ တစ်ဆိုင်က တော့ ပိတ်ထားတယ်။ တစ်ဆိုင်က လူရှိပေမယ့်Continue reading “ထင်းရှူးမြိုင် (၄)”
ထင်ရှူးမြိုင် (၃)
တောင်ကျရွာက ထွက်တော့ မိုးဖွဲဖွဲ ရွာလာတယ်။ မိုးနှင်းတွေကြောင့် ပတ်ဝန်းကျင်ရှုခင်းကို ကောင်းကောင်း မမြင်ရဘူး။ ကားမောင်းရတာလွမ်းစရာကောင်းတယ်။ မိုးနှင်းတွေဝေနေတဲ့ တောင်ပေါ် ခရီးကို သွားရတဲ့အခါ မဲခေါင်ခရီးသွားချိန်က လာအိုနိုင်ငံတောင်ထိပ်၊ မိုးနှင်းတွေကြားမှာ White Lion အဖွဲ့ရဲ့ “ Till Death Do Us Part” သီချင်းလေးကြားခဲ့ရတာကို သတိရတယ်။ ကားက ရှေ့ကို ခရီးနှင်နေပေမယ့် ကျွန်တော့်စိတ်တွေက အတိတ်ကို ပြန်သွားနေတယ်။ လွှဲကြီး မှာ၊ ကိုးကွေ့မှာ၊ တောင်ကျ မှာ တစ်ချိန်က လုပ်ဖော်ကိုင်ဘက်တွေ၊ မိတ်ဆွေတွေ ရှိနိုင်သေး တယ်။ ဒါပေမယ့် ကားရပ်ပြီး မရှာတော့ဘူး။ သူတို့နဲ့ အတူနေချိန်က အကောင်းဆုံး လက်တွဲ ဆက်ဆံခဲ့တယ်၊ ဖြည့်ဆည်းခဲ့တယ်။ တူတာတွေရှိ၊ မတူတာတွေရှိပေမယ့် အတတ်နိုင်ဆုံးContinue reading “ထင်ရှူးမြိုင် (၃)”
ထင်ရှူးမြိုင် (၂)
နေပြည်တော်ဘူတာကြီးေ ရှ့လမ်းအတိုင်း သိုက်ချောင်းလမ်းဆုံကို သွားတယ်။ သိုက်ချောင်းရောက်တော့ ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်း ပေါ်ကိုတက်တယ်။ ၂၀၀၅-၂၀၀၆ ခုနှစ် ဝန်ကြီးဋ္ဌာနတွေ ရန် ကုန် ကနေ နေပြည်တော်ကို ရွှေ့တဲ့အချိန်မှာ ရန်ကုန် – နေပြည်တော် အမြန်လမ်းမသစ်ကြီး စဖောက် နေသလို လမ်းဟောင်းကိုလည်း ပုဂ္ဂလိက ကုမ္ပဏီ တွေကို BOT စနစ်နဲ့ လုပ်ပိုင်ခွင့်ပေးခဲ့ တယ်။ ရန်ကုန်ကနေ ရုံးပစ္စည်းတွေတင်ပြီး ယာဉ်တန်းနဲ့လာတော့ တစ်ချို့နေရာတွေမှာ လမ်းပခုံးတွေချဲ့နေလို့ အသွား/အပြန် တစ်လှည့် စီစောင့်ပြီးမောင်းရတာမှတ်မိသေးတယ်။ အခုတော့ လမ်းဟောင်းကလည်း အတော်ကောင်းနေပါပြီ။ မြို့တွေကို ဖြတ်တဲ့အချိန် နဲ့ မျက်နှာချင်းဆိုင်က လာတဲ့ ကုန်ကားတွေ၊ ဆိုင်ကယ်တွေကြောင့် သတိထားမောင်းရတာတစ်ခုပဲ။ ကားရှင်းရင် အမြန်လမ်းမကြီးထက် တောင်မောင်းလို့ကောင်းသေးတယ်။ ကင်းသာ-Continue reading “ထင်ရှူးမြိုင် (၂)”
မြို့ပြတေး
ကြက်ဥကြော်နဲ့ ထမင်းကြော်တစ်ပွဲ၊ ကျဆိမ့်တစ်ခွက် စားပွဲပေါ်ရောက်လာတယ်။ ပလက်ဖောင်း ပေါ်မှာ လူသွားလူလာများလာပြီ။ ဘယ်သူက တာဝန်ပေးထားမှန်း မသိတဲ့လူတစ်ယောက်ကလည်လမ်ဘေး နေရာလွတ်တွေနားမှာရပ်စောင့်ပြီး ကားတွေကို နေရာချပေးနေတယ်။ ပြီးရင် နှစ်ရာတောင်းတယ်။ ဘယ်သူကမှ မေးခွန်းမထုတ်ဘူး။ ငွေနှစ်ရာထုတ်ပေးလိုက်တာပဲ။ ကားတွေကို သူစောင့်ကြည့်ပေး ၊ မပေး မသေချာဘူး။ ဒါပေမယ့် ငွေမပေးရင် လူရော၊ ကားပါ ကသိကအောင့်ဖြစ်စရာတွေ ကြုံမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ပေးသွားကြတာပဲ။ အဆောက်အဦ နံရံကို မှီပြီးဖွင့်ထားတဲ့ ဒီဆိုင်ဟာ လမ်းဘေးဆိုင်ထဲမှာတော့ ဆိုင်ကြီး စာရင်း ဝင် တယ်။ ထီးမိုးထားတဲ့ စားပွဲလေးငါးလုံးရှိတယ်။ ထမင်းဖြူ၊ ထမင်းကြော်ရတယ်။ ချဉ်ပေါင်ကြော်၊ ကြက်ဥကြော်၊ ဝက်သား၊ကြက်၊ ငါး၊ ပုဇွန် ဟင်းတွေ ရတယ်။ အစိုးရရုံးတွေ၊ ပုဂ္ဂလိက ဆိုင်ခန်း တွေနားမှာရှိတော့Continue reading “မြို့ပြတေး”
ပင်လယ်ပြင်ကို အောင်နိုင်ခြင်း
ကမ္ဘာတစ်လွှားမှာ ကိုဗစ် ၁၉ နဲ့ ဗျာများနေဆဲ မှာ အသက် ၇၂ နှစ်အရွယ် အဖိုးအိုကတော့ အတ္တလန်တစ်သမုဒ္ဒရာ ပင်လယ်ပြင်မှာ မုန်တိုင်းနဲ့ တိုက်ပွဲဝင်နေခဲ့တယ်။Mr. Graham Walters ဟာ ဗြိတိန်နိုင်ငံ Leicestershire ခရိုင် Thurmaston မြို့လေး ကဖြစ် ပါတယ်။ မစ္စတာဝေါ်လတာ ဟာ လက်သမားလုပ်တယ်။ သူ့လှေကို လွန်ခဲ့တဲ့ ၂၂ နှစ်က သူကိုယ် တိုင်တည်ဆောက်ခဲ့တာပါ။ လှေကို သူ့အဖိုးရဲ့ နာမည် George Geary လို့ပေးထားတယ်။မစ္စတာ ဝေါ်လတာဟာ လှေတစ်ကိုယ်တော်လှေလှော်ခရီးနှင်ရတာကို ဝါသနာပါတယ်။ သိမ်း မြစ် အစကနေ ပင်လယ်ပြင်အထိ တစ်ကိုယ်တော်လှေလှော်ခရီးနှင်ခဲ့ဖူးတယ်။ အတ္တလန်တစ် သမုဒ္ဒရာ ကို အရင်က လေးကြိမ်ဖြတ်ဖူးတယ်။ နှစ်ကြိမ်က တစ်ကိုယ်တော်၊ နှစ်ကြိမ်ကContinue reading “ပင်လယ်ပြင်ကို အောင်နိုင်ခြင်း”
မဲခေါင် ခရီးသည် (၂၁)
ဖေဖော်ဝါရီလ ၈ ရက်နေ့မနက် ၈ နာရီ ၅ မိနစ်မှာ ကျွန်တော်တို့ယာဉ်တန်းက ဗီယန်ကျင်းကနေ ထိုင်းနိုင်ငံ ခေါက်ရိုင် ( Khao Yai) ကို ထွက်တယ်။ ဒီနေ့ခရီးစဉ်က ၅၀၇ ကီလိုမီတာရှိတဲ့အတွက် ခရီးစဉ်တစ်ခုလုံးမှာ အဝေးဆုံးကားမောင်းရတဲ့နေ့ဖြစ်ပါတယ်။ဗီယန်ကျင်းက ထိုင်းနိုင်ငံနဲ့ မဲခေါင်မြစ်ဘဲ ခြားပေမယ့် မြို့ထဲကနေ ထိုင်းနယ်စပ်ကို တိုက်ရိုက် ဖြတ်လို့မရဘူး။ နောင်ခိုင် နယ်ခြားဂိတ်ကနေဖြတ်ရတယ်။ မြို့ကနေ နယ်စပ်ထို ၂၅ ကီလို မီတာ ဝေးတယ်။ အဲဒီနေရာမှာ အမှတ် ၁ ချစ်ကြည်ရေးတံတားရှိတယ်။ဗီယန်ကျင်းကနေ တံတားကို လေးလမ်းသွား လမ်းသစ်ဖောက်ထားတယ်။ ဗီယန်ကျင်းမြို့ လယ် မှာ အထပ်မြင့် အဆောက်အဦတွေ မတွေ့ရပေမယ့် လမ်းသစ်ဘက် မြို့စွန်ကိုရောက်တာနဲ့ အထပ်မြင့်အဆောက်အဦ စီမံကိန်းတွေ စပြီးတွေ့လာရတယ်။ တံတားမရောက်ခင်Continue reading “မဲခေါင် ခရီးသည် (၂၁)”