သာမိုင်းခမ်း ဆိုတာ ဓနုစကားအရ “သာ” ဆိုတာက “သာယာခြင်း”၊ “မိုင်း” ဆိုတာက ရှမ်းစကား အရ “ပြည်”၊ “ခမ်း” ဆိုတာက ရှမ်းစကားအရ “ရွှေ”၊ ဒါ့ကြောင့် သာမိုင်းခန်းဆိုတာ မြန်မာ စကားနဲ့ “သာယာရွှေပြည်” လို့ အောင်ပန်း ( သို့မဟုတ်) မြို့သစ်တစ်မြို့မွေးဖွားခြင်း (၂၀၀၈) ( ဆရာဦးမြင့်သန်း) စာအုပ်မှာ ဖော်ပြထားတယ်။ ကျွန်တော်လည်း အရင်ကတော့ သာမိုင်းခမ်း ဆိုတဲ့ အမည်ကို ဆရာဒဂုန်တာရာ စာတွေထဲမှာ တွေ့ နေပေမယ့် အလေးအနက်မထားမိဘူး။ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလ အတွင်း ကလော – အင်း လေး ခြေလျင်ခရီးကြမ်းလေ ျှာက်တော့ ညအိပ်ရပ်နားရတဲ့ လမိုင်းရွာက အိမ်ရှင် အဘကြီး ဦးContinue reading “သာမိုင်းခမ်း (၁)”
Category Archives: Travelogue
တံတား အမှတ် ၂၆၇
ရထားလမ်းတွေ ဘူတာရုံလေးတွေကို စိတ်ဝင်စားတဲ့ကျွန်တော်ဟာ ကလောဘူတာရုံကို လည်း ဓာတ်ပုံရိုက်ဖူးတယ်။ မြင်းဒိုက်ဘူတာကနေ ခွေးရုပ်ဘူတာအထိ ရထားလမ်းအတိုင်း ခြေလျင်လေ ျှာက် ပြီး ရထားလမ်းလှိုဏ်ဂူတွေ၊ လွန်းထိုးတွေကို လေ့လာဖူးတယ်။ ဒါပေမဲ့ ကလော မြို့ အနားက ရထားလမ်းပေါ်မှာ အလွန်လှပတဲ့ ကျောက်စီတံတားတစ်ခုရှိမှန်း မသိခဲ့ဘူး။ မော်တင်စွန်းဘုရားပွဲကနေ ရန်ကုန်ကို ပြန်ရောက် ပြီးချိန်မှာပဲ ကလော ဒေသခံ မိတ်ဆွေက သာမိုင်းခမ်းမြို့ဟောင်းနဲ့ ပတ်သက် ပြီး ကျွန်တော်တွေ့ဆုံ မေးမြန်းချင်တဲ့ သူတစ်ယောက် ကို စုံစမ်းလို့ရပြီလို့ အကြောင်းကြားတဲ့အတွက်ကလောကိုနှစ်ညအိပ် သွားခဲ့တယ်။ ကလော ရောက် တော့ မထင်မှတ်ဘဲ ကလောကနေ အောင်ပန်းဘက် အထွက် ရထားလမ်းမှာ ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ ရထားလမ်း တံတားတစ်ခု ရှိ တယ် ဆိုတဲ့Continue reading “တံတား အမှတ် ၂၆၇”
မဟာဝိဟာရကျောင်းတိုက်
မှော်ဘီမြို့နယ်၊ဘိုးဒေါနကုန်းကျေးရွာမှာ တည်ရှိတဲ့ “ မဟာ ဝိဟာရ” ကျောင်းတိုက်မှာ ပရိယတ် ပဋိပတ်များ ဆည်းပူးသင်ယူအားထုတ်နေတဲ့ သံဃာတော်များ၊ ရှင်သာမဏေများ ကို မနေ့( ၂၁ မတ်လ)က ဖူးမျှော် ကြည်ညို ခွင့်ရ ခဲ့ပါတယ်။ မဟာဝိဟာရကျောင်းတိုက်မှာ ဝါဆိုသံဃာ အနေနဲ့ ရဟန်း ၂၃၉ ပါး၊ သာမဏေ ၁၀၁၉ ပါး ရှိတယ် လို့ သိရပါတယ်။ ဒါပေမဲ့ ဆွမ်းလောင်းချိန်၊ ဆွမ်းစားချိန်များမှာ ချောင်းဆိုးသံတောင်မကြားရ အောင် တိတ်ဆိတ်ငြိမ်သက်လှသလို သွားလာလှုပ်ရှားရာမှာလည်း သာမဏေငယ်လေးများက အစ ဣန္ဒြေကြီးလှပါတယ်။ ကျန်တဲ့အချိန်မှာလည်း စာဝါတက်၊ စာအံတဲ့အသံကလွဲလို့ ဆူညံ သံ၊ အော်ဟစ်စကားပြောသံမကြားရပါဘူး။ ငြိမ်သက် အေးချမ်းလှပါတယ်။ ဘာသာရေးဆိုင်ရာအကြောင်းအရာဖြစ်လို့ စကားလုံး အသုံးအနှုန်းများမှာ အမှားပါသွားမှာ စိုးရိမ် တဲ့Continue reading “မဟာဝိဟာရကျောင်းတိုက်”
မော်တင်စွန်း (၉ )
အပြန်ခရီးအတွက်ကားလက်မှတ်ကိုလည်း ကံထူးအောင် ကားလိုင်းကပဲ ဝယ်လိုက်တယ်။ မော်တင်စွန်း – ရန်ကုန်ကားက မော်တင်စွန်းကနေ ညနေ နှစ်နာရီခွဲမှ ထွက်တယ်။ ပြီးရင် ကျောက် ချောင်းမှာ ဟိုင်းကြီးကျွန်းခရီးသည်တင်ပြီး ညနေ လေးနာရီမှာ ပြန်ထွက်တယ်။ ဒါ့ကြောင့် ပြန် မယ့်နေ့ မနက်ပိုင်းကို ကျား (၁)၊ ကျား (၂ ) ၊ ကျား (၃) ဆိုတဲ့ ငါးဖမ်းလှေဆိပ်တွေ သွားဖို့ စီစဉ်ခဲ့ တယ်။ အဲဒီငါးဖမ်းလှေဆိပ်တွေကို ကားလမ်းအတိုင်း ကံချိုင်ရွာကို သွားပြီးမှ ကမ်းခြေဘက်ကို ဖြတ်ဆင်း ရင်လည်း ရသလို ရေကျချိန်ဆိုရင် ကမ်းခြေအတိုင်းသွားလို့လည်းရတယ်။ ကျွန်တော်တို့က ကမ်းခြေအတိုင်းပဲဆိုင်ကယ်နဲ့ သွားခဲ့တယ်။ ငါးဖမ်းလှေဆိပ်ရဲ့ အဝေးမြင်ကွင်းကတော့ အတော် လှတယ်။ ၊ မနက်နေရောင်ခြည် ရောင်ပြန်ဟပ်နေတဲ့Continue reading “မော်တင်စွန်း (၉ )”
မော်တင်စွန်း (၈)
မော်တင်စွန်းရောက်ပြီး ပထမနေ့မှာ ဘုရားပတ်ဝန်းကျင်နဲ့ ငွေတောင်ကမ်းခြေကို သွားတယ်။ ဒုတိယနေ့မှာ မော်တင်စွန်းကနေ ကျောက်ကလပ် ကမ်းခြေကို ဆိုင်ကယ်၊ စက်လှေ၊ ကား သုံးဆင့်စီးပြီးသွားတယ်။ ကျောက်ကလပ်ကို သွားမယ်ဆိုရင် ရေတက်ရေကျ အချိန်ကို မေးထား ဖို့လိုတယ်။ ကျောက်ကလပ်ကမ်းခြေက ဒီရေကျချိန်မှ ကမ်းခြေကို ဆင်းလို့ ဓာတ်ပုံရိုက်လို့ ရ တယ်။ ကျွန်တော်တို့ သွားတဲ့ရက်က ၁၁ နာရီပတ်ဝန်းကျင် ရေစတက်မယ်လို့သိရတဲ့ အတွက် မော်တင်စွန်းကနေ မနက် ၇နာရီထွက်ခဲ့တယ်။ ခရီးသွားချိန်က မော်တင်စွန်းကနေ ကျောက် ကလပ်ထိ နှစ်နာရီ နီးပါးကြာနိုင်တယ်။ ဆိုင်ကယ်က ကမ်းနားလမ်းအတိုင်း ကံချိုင် ရွာကတဆင့်သွားတယ်။ ကံချိုင်ရွာက ရေလုပ်ငန်း လုပ်တဲ့ ရွာကြီး။ ရွာကနေ ပင်လယ်ကမ်းခြေဘက်ဆင်းလိုက်ရင် ကျား (၁) ၊ ကျားContinue reading “မော်တင်စွန်း (၈)”
ဘဝကမ်းခြေ (၃)
မော်တင်စွန်း နဲ့ ဟိုင်းကြီးကျွန်းက ရုန်းကန်လှုပ်ရှား အမျိုးသမီးများ
မော်တင်စွန်း (၇)
မော်တင်စွန်း ဘုရားပွဲဈေးတန်းကနေ ဘုရားကုန်းတော်ပေါ်ကို ဈေးတန်းအတိုင်း ပြန်တက် လာ ရင်း ဆိုင်ခန်း နှစ်ခု ကြားကနေ စက္ကူရုပ်ကြီးတွေနဲ့ ပြခန်းတစ်ခုကို လှမ်းမြင်လိုက်ရလို့ အနား ကို သွားကြည့်တဲ့အခါ “ မြန်မာ့ပင်လယ်လိပ်ထိန်းသိမ်းရေးနဲ့ ပညာပေးပြခန်း” “ ပင်လယ် အဏ္ဏဝါ ဂေဟ စနစ် ကျန်းမာဖို့ ၊ ပင်လယ်လိပ်ကို ထိန်းသိမ်းစို့” လို့ဆိုင်းဘုတ်တင်ထားတဲ့ ပြခန်း တစ်ခု ကို တွေ့တယ်။ ပြခန်းဘေးမှာ စက္ကူနဲ့လုပ်ထားတဲ့ ပင်လယ်လိပ်ရုပ်ကြီးသုံးခုရှိတယ်။ အဲဒီလိပ်ရုပ်ကြီး တွေရဲ့ ပါးစပ်နဲ့ ဝမ်းဗိုက်ထဲမှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတချို့ထည့်ထားတယ်။ ဘေးက ဆိုင်းဘုတ်မှာတော့ အင်္ဂလိပ်- မြန်မာ နှစ်ဘာသာနဲ့ “ ပလတ်စတစ်ဆိုရင် ‘No’ ပါပဲ” ၊ “Say ‘No’ toContinue reading “မော်တင်စွန်း (၇)”
မော်တင်စွန်း (၆)
မော်တင်စွန်း ဘုရားပွဲ ဈေးတန်းက ဘုရားတောင်ခြေ ပင်လယ်ကမ်းခြေတလေ ျှာက်မှာ ရှိပါတယ်။ အနေအထားအရ ရှုခင်းလှတဲ့ ပွဲဈေးတန်းလို့ ဆိုရမှာပါ။ ပွဲဈေးတန်း အနေအထားက ပင်လယ် ကို မျက်နှာမူထားတဲ့ဈေးတန်းက ဆိုင်ကြီးတွေ ဖြစ်ပါတယ်။ ၁၂ ပွဲဈေးသည်များရဲ့ဆိုင်တန်းလို့ ပြော လို့ရမယ်ထင်ပါတယ်။ ပင်လယ်ကိုကျောပေးထားတာကတော့ ဆိုင်ခန်းငယ်တွေ၊ အသုပ်ဆိုင်၊အကြော်ဆိုင် လို ဆိုင်မျိုး တွေ၊ မျက်မှန် ၊ ခေါင်းစည်း စတာတွေရောင်းတဲ့ဆိုင်လေးတွေ၊ အဲဒီဆိုင်အများစုကတော့ ဒေသခံ တွေများပါတယ်။အဲဒီဆိုင်တန်းနှစ်တန်းကြားမှာလည်း ပျံကျဈေးသည်တွေရှိတယ်၊ ဖောင်တော်ဆိပ် စေတီ သွား လေ ျှာက်လမ်းထိပ်မှာလည်း ပျံကျဈေးသည်တွေရှိတယ်။ ကျွန်တော်တို့ရောက်တဲ့ပထမနေ့က ဈေးမစည်သေးဘူး။ ဒုတိယနေ့ ညနေ ရောက်တော့ အတော် စည်လာပြီ။ဈေးတန်းထိပ်မှာ ဇာတ်ရုံတစ်ရုံဆောက်နေတယ်။ အဲဒီနေရာမှာ “ မဟာ ရန်ကုန် စွမ်းနိုင်မိုးသဘင်၊Continue reading “မော်တင်စွန်း (၆)”
ဘဝကမ်းခြေ
မော်တင်စွန်း ဘုရားကနေ အနောက်ဘက်ကမ်းခြေအတိုင်း သွားရင် ဇီးချိုင်ရွာရှိတယ်။ အရှေ့ဘက်ကို သွားရင် ကံချိုင်ရွာရှိတယ်။ အဲဒီရွာတွေကို သွားရင် ကမ်းခြေအလှအပကို မြင် ရသ လို ရေလုပ်ငန်းလုပ်နေတဲ့ ဒေသခံသူတွေရဲ့ ဘဝကိုလည်း မြင်ရပါတယ်။ အထူးသဖြင့် ကံချိုင်ရွာ ကနေ ကမ်းခြေဘက်ကို ဆင်းလိုက်ရင် ကျား (၁ ) ၊ ကျား (၂ ) ၊ ကျား (၃) လို့ခေါ်တဲ့ ငါးလှေ ဆိုက်တဲ့နေရာတွေမှာ ငါးဒိုင်တွေ ငါးဖမ်းလှေတွေအများကြီးတွေ့နိုင်ပါတယ်။ ငါးပိ၊ ငါးခြောက် ဝယ် မယ်ဆိုရင် ဘုရားပွဲဈေးမှာ ဝယ်တာထက် ကံချိုင်ရွာမှာ သွားဝယ်တာက ပိုကောင်းတယ်။ ဆိုင်ကယ်နဲ့ဆိုရင် မိနစ်နှစ်ဆယ်လောက်ပဲသွားရတယ်။
မော်တင်စွန်း (၅)
ဆံတော်ရှင်မော်တင်စွန်းဘုရားပွဲရဲ့ ထူးခြားချက်တစ်ခုက ဘုရားစောင်းတန်းနဲ့ ဖောင်တော် ဆိုက် စေတီ လေ ျှာက်လမ်း မှာ နဂါး စာ ရောင်းချတဲ့ ဆိုင်တွေအများအပြားတွေ့ရတာပါပဲ။ ဒီလို နဂါးစာကျွေးတယ်ဆို တာက ဘုရားသမိုင်းအရ မော်တင်စွန်းစေတီတော်ကို နာဂ သေန နဂါးမင်းက သူရထားတဲ့ မြတ်စွာဘုရားရဲ့ ဆံတော်ဓာတ်တော်နှစ်ဆူကို ဌာပနာပြီး တည်ထား ကိုး ကွယ်ခဲ့တယ် ဆိုတဲ့အချက်နဲ့ သက်ဆိုင်နေပါတယ်။ ဒါ့ကြောင့် မော်တင်စွန်းရောက်ချိန် နဂါးပူဇော်ပသမှုကို လေ့လာနိုင်ဖို့ အကူအညီ တောင်းတော့ ဖောင်တော် ဆိုက်စေတီလေ ျှာက်လမ်းထိပ်မှာရှိတဲ့ “ ငွေသော်တာစန်း ၊ နဂါးစာဖောင် နှင့် ဆွမ်း၊ပန်း အရောင်း ဆိုင်” က ဓာတ်ပုံလည်းရိုက်ခွင့်ပြုတယ်။ အသံဖမ်းခွင့်လည်း ပြုတယ်။ မော်တင်စွန်းမှာရောင်းတဲ့ နဂါးစာဖောင်တွေက တစ်သောင်းတန်ကနေ ခြောက်သောင်း၊Continue reading “မော်တင်စွန်း (၅)”