ဟားမားစ်ဘယ်လဲ

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက်စောစောမှာ ဂါဇာကမ်းမြှောင်ဒေသ မှာ ရှိနေတဲ့ ဟားမားစ် အဖွဲ့က ဂါဇာ ကမ်းမြှောင်ဒေသနဲ့ အစ္စရေး နယ်စပ် မှာရှိတဲ့ အစ္စရေးတပ်မတော်ကင်းစခန်းတွေကို ဝင်တိုက်တယ်၊ ပြီးတော့ နယ်စပ်ခြံစည်းရိုးတွေကို ဖျက်ဆီးပြီး နယ်စပ်ဒေသနဲ့ နီးတဲ့ အစ္စရေး မြို့ရွာတွေကို ဝင်တိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဂါဇာကမ်းမြှောင်ဒေသကနေ အစ္စရေးနိုင်ငံထဲကို ဒုံးကျည်တွေပေါင်း နှစ်ထောင်ကျော်နဲ့ ပစ် ခတ်တယ်။(ဟားမားစ်အဖွဲ့ကတော့ငါးထောင်ကျော်ပစ်ခတ်တယ်လို့ဆိုတယ်)အစ္စရေးနိုင်ငံကလည်း လေကြောင်း၊ ရေကြောင်းကနေ ပြင်းပြင်းထန်ထန်လက်တုန့်ပြန်တိုက်ခိုက်တယ်။ အခုဆောင်းပါးရေးတဲ့အချိန်ထိ အစ္စရေးဘက် က စစ်သည်နဲ့ အရပ်သား အနည်းဆုံး ကိုးရာကျော် သေဆုံးပြီး ထောင်ချီ ဒဏ်ရာရတယ်။ အစ္စရေးစစ်သည်နဲ့ အရပ်သား တစ်ရာနဲ့ တစ်ရာ့ငါးဆယ်ကြား ဟားမားစ်အဖွဲ့အဖမ်းခံထားရတယ်။ ဂါဇာကမ်းမြှောင်ဒေသကို ဗုံးကြဲ တိုက်ခိုက် မှု တွေContinue reading “ဟားမားစ်ဘယ်လဲ”

ဇူလိုင်လပုဂံကိုသွားတဲ့အခါ ပစ္စည်းကရိယာမပြည့်စုံတဲ့အတွက် ညရှုခင်း ဓာတ်ပုံတွေကို စိတ်ကြိုက် ရိုက်ခွင့်မရခဲ့ပါဘူး။ ဒါ့ကြောင့် ဒီတစ်ခေါက် အလှုကိစ္စနဲ့ ပုဂံကို သွားတဲ့အခါ လိုအပ်တဲ့ ပစ္စည်းကရိယာတွေ ယူသွားပြီး ပုဂံ ဘုရားများရဲ့ ညရှုခင်းကို စိတ်တိုင်းကျ ရိုက်ခဲ့တာကို မိတ်ဆွေများအတွက် မျှဝေလိုက်ပါတယ်။ ဘုရားတစ်ဆူချင်းအလိုက် ရိုက်ကူးခဲ့တဲ့နေရာများက အောက်ပါအတိုင်းဖြစ်ပါတယ်- အာနန္ဒာ ဘုရား  –   အနောက်ဘက်မုခ် နဲ့ မြောက်ဘက်မုခ်ကြား။ အဲဒီနေရာမှာ မီးတိုင်ရှိနေတဲ့အတွက် မြင်ကွင်းကန့်သတ်ချက်တော့ရှိတယ်။ စူဠာမဏိ ဘုရား –  အိုးထိန်းတောင်ရှုခင်းကြည့်တောင်ကုန်း။ ဓမ္မရံကြီးဘုရား-  ဘုရားအနောက်ဘက်မှာ ရှိတဲ့ ဘုရားပျက်ကုန်း။

သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၂၀)

သူငယ်ချင်း – မင်း ဖတ်လိုက်ရ၊ ကြားလိုက်ရတယ်မဟုတ်လား။ ပြိုင်ဘက်တွေ ညစ်လို့ ၊ ရစ်လို့ ၊ ကျစ်လို့ အခုလို ဖြစ်နေတာတဲ့။ ကျွန်တော် – ဘယ်ပြိုင်ပွဲ ဖြစ်ဖြစ်တကယ့် အသင်းကောင်းဆိုရင် တစ်ဘက်က ဘယ်လို လုပ်နေတဲ့ ကြား က ကျုပ်တို့ ဒီလို ချပြီး အနိုင်ယူလိုက်တာဗျ လို့ လက်မထောင်ပြောတာပဲ။ အခန့်မသင့်လို့ရှုံးရင်တောင် ကျုပ်တို့ ဒီနေရာမှာ အားနည်းသွားတယ်၊နောက်တစ်ခါမဖြစ် စေရဘူး လို့ပြောတာ။ ခပ်ညံ့ညံ့ အသင်း ကတော့ ကိုယ် ခြေစွမ်း မပြ နိုင်တာကို ဝန်မခံချင်လို့ ကွင်းကြောင့်၊ ဒိုင်ကြောင့်၊ ပရိသတ် ကြောင့်၊ ဘာကြောင့်၊ ညာကြောင့် လို့ ဆင်ခြေပေးတာ ပရီမီယာလိဂ်မှာ ကြားနေကြပဲ။ မင်းအသင်းလည်း အဲဒီလိုContinue reading “သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၂၀)”

သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၁၉)

  ကျွန်တော် – အလို ၊ ဒီတစ်ခါ မျက်နှာမသာမယာနဲ့ ဘာဖြစ်လာတာတုန်း။ သူငယ်ချင်း- တက်လို့ဟေ့၊ တက်လို့။ ငါ လေးသောင်းနဲ့ ဝယ်နေရတဲ့ မျက်စဥ်းက တစ်ပတ်အတွင်း ခုနှစ်သောင်း ဖြစ်သွားတယ်၊ ဆံပင်ဝင်ညှပ်တော့ ဆံပင်ညှပ်ခ နှစ်ထောင်ထပ်တက်တယ်၊ ဆေးဆိုး တာ ငါးထောင်ထပ်တက်တယ်၊ ခေါင်းလျှော်တာ တစ်ထောင့်ငါးရာထပ်တက်တယ်။ မိန်းမကတော့ ဈေးကပြန်လာရင် ပွစိပွစိနဲ့ ဘယ်သူ့ကို ကျိန်ဆဲနေလဲ မသိဘူး။  ကျွန်တော်- အောင်မာ၊ မင်းတောင်အသံထွက်လာပါလား။ အခြေခံလူတန်းစားတွေ၊ လစာနည်း ဝန် ထမ်း တွေဆို ညည်းရလွန်းလို့ အသံတောင်ဝင်နေပြီ။   ဒီတော့ ညည်းမနေနဲ့ ကိုယ့်လူ၊ မင်းတို့ မိုးနတ်မင်း ကြီး ကြားအောင် ဆုတောင်းပေါ့။ သူငယ်ချင်း- မင်းအတော်ညံ့ပါလား၊ မိုးနတ်မင်းလို  နတ်မျိုးက တစ်သက်လုံး ပူဇော်ပသတာပဲ စားလာတာကွ၊Continue reading “သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၁၉)”

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း ( ၁၈  ) 

သူငယ်ချင်း- ဒီတစ်ခါတော့ အတော်လွဲတယ်ကွာ။ တခြားနိုင်ငံတွေမှာ ကိုယ့်နိုင်ငံသားဆို ညှာတယ် လေ၊ သက်သာ အောင်လုပ်ပေးတယ်၊ မယူသင့်ရင်မယူဘူး။  ကျွန်တော်- အောင်မယ်လေးကွာ၊ ဒီထက်အရေးကြီးတဲ့ ကိစ္စတွေမှာတောင် ကိုယ့်နိုင်ငံသားတွေ ကို သက်ညှာဖို့ မစဥ်းစားတာ ၊ မင်းက ဘာတွေ မျှော်လင့်နေတာတုန်း။  စီးပွားရေး သမား ဆို တာ ငွေမျက်နှာပဲကြည့်တာကွ၊ ဈေးတက်ဖို့ပဲ စဥ်းစားမှာပေါ့။ သူငယ်ချင်း- အေးကွာ၊ ဒီကုန်ဈေးနှုန်းနဲ့တော့ ခက်ပါတယ်။ ဤတွင်တစ်ခန်းရပ်

ပုဂံမြင်ကွင်းကျယ် ( ၁၀)

အညာရှုခင်း ပုဂံ ညောင်ဦးဒေသရှုခင်းဟာ ပိုင်စိုးဝေ ရဲ့  “မိုးနည်းရပ်ဝန်းမြေပေါ်မှာ” ဆိုတဲ့ ကဗျာကို သတိရ စေတယ်။ အဲဒီကဗျာမှာ အညာသားကဗျာဆရာက အညာကလူတွေအကြောင်း အခုလို ရေးဖွဲ့ ခဲ့ တယ် –  “သည်လူတွေ မိုးနည်းရပ်ဝန်း မြေပေါ်မှာ  ထန်းပင်တက်၊ ထန်းလျက်ကျို ယာကိုလည်း ထွန် ၊ သစ်ပင်လည်း စိုက် သိုးဆိတ်နွားကျောင်း ပုပ္ပါးတောင်စောင်းဆီ မျှော်ကြည့်ငေးမောရင်း လွမ်းစရာ တေးသီချင်းတွေ ဆိုကြ။ ထန်းပင်မြင့်မြင့်ကြီးတွေပေါ် တကြော်ကြော် အော်ဟစ် တွံတေးသိန်းတန်ခေတ်ကို အမှတ်ရကြ။ သည်လူတွေ တောင်သူဓလေ့ ယာမီးငွေ့တွေကြား မှုန်ဝါးဝါး ပန်ချီကားတစ်ချပ်လို ဘဝကို တပ်မက် အသက်ရှင်ခြင်းကိုဖက်တွယ် သဘာဝကို ဘယ်တော့မှ အရှုံးမပေးတဲ့  မိုးနည်းရပ်ဝန်းမြေပေါ်က  တို့ဘဝရဲ့ ရုပ်ပုံလွှာ။” ဒါပေမဲ့  ပုဂံဒေသရှုခင်းကိုကြည့်ရင်း  ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက အညာ ဒေသရှုခင်း ကိုContinue reading “ပုဂံမြင်ကွင်းကျယ် ( ၁၀)”

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၁၇)

သူငယ်ချင်း –  ဘယ်လိုမြင်လဲ။ ကျွန်တော် –   မဖြစ်မနေလုပ်ရမယ့်အလုပ်ကိုမှ မလုပ်တာကွာ။ လက်ပူတိုက်တိုက်တဲ့ အဆင့်ပါ ပဲ။ ဘာမှမထူးပါဘူး။   သူငယ်ချင်း – မင်းကလည်း အခုခေတ်မှာ “ ပန့်၊နော်ဇယ်၊” အုပ်စုံလဲဖို့ လွယ်တယ် များထင် နေလား။  ကျွန်တော်-  အေးလေ၊ အဲဒါဆိုလည်း ခရီးသည်တွေဆဲတာခံပြီးမင်းဘတ်စ်ကားကြီးကို  မီးခိုးတလူလူနဲ့ ဆက်မောင်းနေပေါ့ကွာ။ဒါပေမဲ့   အင်ဂျင်အလုံးလိုက်လဲရတဲ့အခြေအနေရောက်သွားရင် ပန့်လဲ တာ ထက်ပိုအကုန်အကျများမယ်ဆိုတာတော့ မမေ့နဲ့ ပေါ့။ 

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၁၆) 

သူငယ်ချင်း- ငါတို့ကုမ္ပဏီကတော့ အကျိုး အကြောင်း အပြည့်အစုံ ကြိုပြောခဲ့တာပဲကွ၊ ဒါပေမဲ့ ငါတို့ ဘော့စ် ကို မကြည်တဲ့စီးပွားပြိုင်ဘက် တွေက အမြဲတမ်း အကွက်ချောင်းနေတော့ ဒီကိစ္စဖြစ်တာနဲ့  အမျိုးမျိုးတိုက်ခိုက် နေတာပဲ။  ရှင်းလို့ကို မဆုံးတော့ဘူး။ ဒီကြားထဲ မင်းကလည်း တစ်မျိုး၊ ငါ့တွေ့တာနဲ့ပြောမယ်ဆိုတာပဲ။   ကျွန်တော်-  အေးပါကွာ၊ မင်း‌‌ပြောတာမှန် ပါတယ်။ မင်းတို့က လုပ်သင့်လို့လုပ်တာ၊ ပြောသင့်တာလည်း ပြော တာပဲ၊ လူတွေ ကိုက ခက်နေတာပါကွာ။  သူငယ်ချင်း- အဲဒီလို လုပ်ပါကွ၊ မင်း နားမဝေးပါဘူး။  ကျွန်တော် – ဒါနဲ့ စကားမစပ်၊ ငါတို့ ငယ်ငယ်တုန်းကရန်သူစောင့်နေမှန်းလည်း သိတယ်၊  ရှောင်နိုင်တဲ့ နည်း လမ်း လည်းရှိတယ်။ ဒါတောင်မှ သတ်ကွင်းထဲကို တည့်တည့်ဝင်အောင် လုပ်တဲ့ တပ်မှူးကို ဘယ်လို သုံးသပ်ခဲ့လဲ။   သူငယ်ချင်း – ဟေ့ကောင်၊ တော်တော့။ မေးခွန်းမသတ်နဲ့။ ဤတွင်တစ်ခန်းရပ်

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၁၅)

သူငယ်ချင်း – မင်းကြားပြီးပြီလား။ ကောင်မလေးက ဟိုလူကို မချစ်ဘူး၊ လက်မခံဘူးတဲ့။ ငါ့တူ အတွက် တော့ သတင်းကောင်းပဲ။ ကျွန်တော်- အေးကြားပြီးပြီ။ ဒါပေမဲ့ ဟိုလူကို မချစ်ဘူး၊ လက်မခံဘူးဆိုတာ မင်းတူကို ချစ်တယ်၊ လက်ခံလိုက် ပြီ လို့ ပြောတာ မဟုတ်ဘူးလေ။ မင်းတူကိုလည်း အပိုင်တွက်ပြီး ဝမ်းသာမနေနဲ့ ၊ “ရွှေ ငုံးမင်း အမြီးမျှော်သလို “ ဖြစ်နေ ဦးမယ်လို့ သတိပေးလိုက်ဦး။

အကြွေးဇာတ်လမ်း

ဒီတစ်ခေါက် နေပြည်တော်ရောက်တော့ ရိုးရင်းမိတ်ဆွေကြီးနဲ့တွေ့တယ်။ ဒီလူနဲ့ ခင်ပေမယ့် အခု နောက်ပိုင်းကာလတွေမှာ အမြင်မတူတော့ မကြာခဏ စကားစစ်ထိုးရတယ်။ ပါတီစုံ ဒီမိုကရေစီ စနစ်မှာ ပြည်သူလူထု ထောက်ခံမှု ရအောင်လုပ်၊ ပြည်သူထောက်ခံမှု မရဘဲ နဲ့ ဖြတ်လမ်းနည်းနဲ့ အာဏာရ‌ပါတီ ဖြစ်ဖို့ကြိုးစားတာ ရှက်ဖို့ကောင်းတဲ့အကြောင်းရေးထားတဲ့ ပုဏ္ဏား တိုင် ဆောင်းပါး ဆိုရင် သူနဲ့ ပြောခဲ့တာတွေကို အခြေခံပြီး ရေးခဲ့တာ တွေပါ။ ဒီတစ်ခါဆုံတော့ မိတ်ဆွေကြီးက ပိုင်ပြီဆိုတဲ့ အပြုံးနဲ့ ကျွန်တော့်ကို “ နဝတ အစိုးရ လက်ထက်မှာ နိုင်ငံခြားက ငွေချေးတာမရှိခဲ့ဘူး၊ ပြီးခဲ့တဲ့အစိုးရ နှစ်ခု လက်ထက်မှာ နိုင်ငံခြားကငွေတွေ အများ ကြီး ချေးခဲ့တယ်” လို့ ဆိုင်းမပါ ဗုံမဆင့် ပြောပါလေရော။ သူ့စကားကိုContinue reading “အကြွေးဇာတ်လမ်း”