သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း ( ၁၅)

သူငယ်ချင်း –  မင်း xxx ကို မှတ်မိလား။ ကျွန်တော် – အေးမှတ်မိတယ်၊ မတွေ့တာကြာပြီ။ အခုဘာလုပ်နေလဲ။ သူငယ်ချင်း –   xxx ဘက်မှာ ကားဆွဲနေတယ်ကွ၊ ပြီးခဲ့တဲ့ လ က ငါက အဲဒီဘက်မှာ နေခဲ့ဖူး လို့ဆိုပြီး  အကူ အညီတောင်း တယ်။ ကျွန်တော် – ဘာတဲ့လဲ။ သူငယ်ချင်း- သူ့ကားတွေ သယ်ရတဲ့ပစ္စည်းထဲမှာ ရေခဲရိုက် ငါး၊ ပုစွန်တွေလည်း ပါတယ်၊ အဲဒါ လမ်းမှာ ငါးပုံးတွေ ဖွင့်ခိုင်း၊ ဟင်းစားဆိုပြီး နှိုက်နှိုက်ယူတော့ ကားသမား က စိုက်လျော် ရမ လိုဖြစ်နေတယ်၊ တိုင်လည်း မတိုင်ရဲဘူး၊ အဲဒါဘယ်လို လုပ်ရင်ကောင်းမလဲလို့ အကြံတောင်းလာ တာ။ ကျွန်တော်- မင်းက ဘာပြောလိုက်လဲ။ သူငယ်ချင်း –  ငါက အဲဒါဆိုရင် ကုန်သည်တွေကို  ဈေးပေါပေါ ငါးတွေပါတဲ့ ပုံးအပိုတွေတင်ပေးလို့ ပြော၊ လမ်းမှာဟင်းစားတောင်းတဲ့လူတွေ့ရင် အပိုပါလာတဲ့ ပုံးကို ပေးလိုက်၊ အဲဒါ ဆိုရင် ငါးအကောင်းတွေပါတဲ့ ပုံးတွေဖွင့်ပေးဖို့မလိုတော့ဘူးလို့ ပြောလိုက်တယ်။ သိတဲ့အတိုင်းပဲ၊ ငါက အဲဒီဘက်က အထာတွေ ကျွမ်းတယ်လေ။ ကျွန်တော် –  အဲဒီတော့အဆင်ပြေသွားရောလား။ သူငယ်ချင်း – ဟင့်အင်း၊ အလကားပေးတဲ့ ပုံးလည်းယူထားတယ်။ ဈေးကြီးတဲ့ ပုံးကို လည်း ဖွင့် ကြည့်ပြီး စားချင်တာယူထားလိုက်တယ်။ မိအေးနှစ်ခါနာပဲ။ ကျွန်တော် – မင်းက လူမိုက်တွေရဲ့ လောဘကို လျှော့တွက်တာကိုး။ ဤတွင် တစ်ခန်းရပ်

 မနေ့က ခေတ်သုံးခေတ် ကားဆရာ ဆောင်းပါး ကောက်နုတ်ချက်ပြန်တင်တဲ့ ပို့စ်အောက်မှာ လာရေးတဲ့ မှတ်ချက်တစ်ချို့ကို ဖတ်ရင်း လွန်ခဲ့တဲ့ တစ်နှစ်ကျော် ၂၀၂၂ မတ်လ ၂၁ ရက်နေ့ က နည်းပြ Ralf Rangnick လက်ထက်   မန်ယူ အသင်းကို ဝေဖန်နေတဲ့ ပေါစခိုးလ် အပါအဝင် မန်ယူအသင်း သား အဟောင်းတွေ အကြောင်းရေးခဲ့တဲ့ ပို့စ်မှာ  “ ဖလားရအောင်စွမ်းဆောင်နိုင်တဲ့ မန်နေဂျာလက်အောက်မှာ ကစားခဲ့ဖူးတဲ့ သူက  ဖလားရအောင် မစွမ်းဆောင်နိုင်တဲ့အပြင် ပရိသတ်က ရေသန့်ဘူးနဲ့ ပေါက်တာတောင်ခံနေရတဲ့ မန်နေဂျာ အောက် မှာ ကန်တော့ပွဲ နဲ့  ပင့်ရင်တောင် ကစားမှာမဟုတ်ဘူး။ လူပေါင်းမှားပြီး ကယ်တင်ရှင်ဖြစ်မလားလို့ ထင်တစ်လုံးနဲ့ ပြန်လာကစားတဲ့  ရော်နယ်ဒိုတောင် ဒူးနဲ့မျက်ရည်သုတ်နေရပြီမဟုတ်လား။” လို့ရေးခဲ့တာလေး ပြန်သတိရမိတယ်။ 

ခေတ်သုံးခေတ် ကားဆရာ

  ++++လုပ်သက် နှစ်ဆယ်ကျော်သူ့ဝန်ထမ်းဘဝကို  လူတွေက မကြိုက်ပေမယ့် အလိုက်သင့် နေ တဲ့ခေတ်၊ နည်းနည်းအမြင်ကောင်းလာတဲ့ခေတ်၊  ဝိုင်းကူတဲ့ခေတ်၊ ခေတ် သုံးခေတ် ကို ဖြတ်ခဲ့ တယ် ဆိုပြီး ဆစ်ပိုင်းပြတယ်။ သူတို့ဌာနက ရုံးပေါ်ကနေ စာနဲ့လုပ်ရတဲ့ ဌာန မ ဟုတ်ဘူး၊ လူကြားထဲဆင်းပြီး လုပ်ရတဲ့ ဌာနဆိုတော့ လူတွေက ငါတို့အစိုးရ ဆိုပြီး စိတ်ပါလက်ပါ ဝိုင်းကူ ရင် ပိုအောင်မြင် တာပေါ့ ဆိုပြီး သူ့အတွေ့  အကြုံကို ပြောတယ်။   ပြီးတော့မှ ခေတ်မျိုးစုံ ကြုံပြီး မှတော့  မကြိုက်ရုံတင်မဟုတ်တော့ဘူး မုန်းတဲ့ အဖြစ်ကို မခံနိုင်တော့ဘူးလို့ပြောပြီး စကားရပ် သွားတယ်။ ++++တစ်ချိန်က  “ရထားကြီးထွက်ပြီ” လို့ပြောတဲ့ သူငယ်ချင်းကို “ရထားထွက်ပေမယ့် ဘယ်ဘူတာ ရောက်ရောက်လက်မှတ်မဲ့ က လက်မှတ်မဲ့ ပဲ” လို့ ပြန်ပြောခဲ့ဖူးတယ်။ ဒီတစ်ခါ သူနဲ့ပြန် ဆုံရင်တော့ “ လူရာမဝင်တဲ့ လက်မှတ်မဲ့လည်း စီးခဲ့ဖူးတဲ့၊ လက်မှတ်ဝယ်ပြီး ထိုင်ခုံ နဲ့ ဟန်ကျ ပန်ကျလည်း စီးခဲ့ဖူးတဲ့ လူတစ်ယောက်ဟာ  နောက်တစ်ကြိမ် လက်မှတ်မဲ့ စီးဖို့ မသင့်တော့ဘူး” ဆိုတဲ့ အယူအဆကို ဆွေးနွေးရမယ်။   ( ခေတ်သုံးခေတ် ကားဆရာ ဆောင်းပါးကောက်နှုတ်ချက်    ၊ ဘယ်ကို သွားမလဲ – ကမ္ဘာကြီး နဲ့ လှိုင်သာယာ စာအုပ်)  City Mart စာအုပ်ဆိုင်များ ပင်လယ်စာပေ  ဖုန်း ၀၉ ၇၅၈၂၉ ၀၇၁၆   Book Tree စာအုပ်ဆိုင်   ဖုန်း ၀၉ ၄၂၆ ၄၉ ၁ ၀၂၄ ။ https://www.facebook.com/profile.php?id=100066514606843  

ခြစ်မယ် ၊  ညှစ်မယ် 

ခြစ်မယ်၊ ညှစ်မယ် ရဲ့ ဇာတ်လမ်းအစကတော့ ကျွန်တော်ပဲပေါ့။ ဖေ့စ်ဘွတ်ပေါ်က  ရန်ကုန်မြို့   စားသောက်ဆိုင် အညွှန်းတွေကို ဖတ်ရင်း  အုန်းထမင်းနဲ့ အမဲနှပ် စားချင်စိတ်ပေါက်လာတယ်။ အိမ်မှာ အဆိုတင်သွင်းလိုက်တော့ ကန့်ကွက်သူမရှိ အတည်ပြုကြတယ်။အဲဒီမှာ အုန်းထမင်းချက်ဖို့အတွက် အုန်းသီး ညှစ်ဖို့ တာဝန်က ကျွန်တော့် တာဝန်ဖြစ်လာတယ်။  ဒါနဲ့ မနက်စောစော လမ်းလျှောက်ထွက်ရင်း အုန်းသီး ခြစ်လို့ ညှစ် လို့ရမယ့် နေရာကို စုံစမ်းလိုက်တော့ အိမ် ကနေ   ဆယ့်ငါး မိနစ်လောက်လျှောက်ရတဲ့လမ်းသွယ်လေးထဲမှာရှိတယ်လို့ သိရတယ်။ ပြောတဲ့သူကလည်း နေရာတိတိကျကျ သိတာမဟုတ်ဘူး။ ဒီတော့ လမ်းလျှောက်ရင်း အဲဒီလမ်းထိပ်ကို အရင်သွားလိုက်တယ်။    အဲဒီ လမ်းထိပ်အနားမှာတွေ့တဲ့ ကွမ်းယာဆိုင်ကို မေးလိုက်တော့ “လမ်းထဲဝင်သွား၊ လမ်းအလယ်လောက်မှာ  “ငွေဖြည့် ကတ်မျိုးစုံရောင်း သည်”ဆိုတဲ့ ဆိုင်းဘုတ်နဲ့ စတိုးဆိုင်လေးရှိတယ်။ အဲဒီစတိုးဆိုင်နဲ့ မျက်နှာချင်းဆိုင် က အိမ်မှာ အုန်သီးညှစ်လို့ ရတယ်”လို့Continue reading “ခြစ်မယ် ၊  ညှစ်မယ် “

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၁၃) 

သူငယ်ချင်း –  ငါ့စက်ရုံမှာ သင်္ကြန်စတုဒီသာကျွေးတယ်၊ ကာရာအိုကေ ပြိုင်ပွဲလုပ်ပေးတယ်၊ အား လုံးပျော်နေတာပဲ။ ပုံမှန်ဖြစ်သွားပြီ သိလား။  ကျွန်တော်-  ကောင်းတာပေါ့ကွာ၊ ဒါဆိုကျန်တဲ့စက်ရုံတွေလည်း နမူနာယူနိုင်အောင်   အလုပ် သမား တွေကို ဘာမှ မကြောက်နဲ့၊ အရင်လို အလုပ်သမားဥပဒေ၊ ငြိမ်းစုစီ ဥပဒေတွေနဲ့ အညီ ပြောစရာရှိ တာပြော၊ တောင်းစရာရှိတာတောင်းလို့ဖွင့်ပေးလိုက်ပါလား။ သူငယ်ချင်း- ဟာ ဒါတော့ ဘယ်ဖြစ်မလဲ။ ကိုဗစ်ဖြစ်ထဲက စီးပွားရေးအခြေအနေက သာမန်အခြေ အနေ မဟုတ်ဘူးလေ။    ကျွန်တော်-  အဲဒါဆိုလည်း လူတွေ ပုံမှန်ဖြစ်သွားပြီလို့ စိတ်ကူးယဉ်မနေပါနဲ့ကွာ။  “မချစ်သော် လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူ” ၊ “ငါ့ ၀မ်းပူဆာ မနေသာ”၊” မချိသွားဖြဲ” ဆိုတဲ့စကားတွေ မင်း လည်း ကြားဖူးနေတာပဲ။   ဤတွင် တစ်ခန်းရပ်

ဒယ်နီလေး

ကားထဲကို ဝင်ထိုင်လိုက်တာနဲ့ ကားဆရာက နောက်ကြည့်မှန်ကနေ လှမ်းကြည့်ရင်း “ဦးရဲထွဋ် ပါလား” လို့ လှမ်းပြောတယ်။ ဟုတ်ပါ့ဗျာ လို့ ပြန်ဖြေရင်း စကားပြောဖော်ကောင်းတော့ ရပြီပေါ့လို့ တွေးလိုက်တယ်။ ကားဆရာက လူကိုယ် ခပ်ဖိုင့်ဖိုင့်၊ မျက်မှန်နဲ့၊ ဘိုကေ ကို သပ်သပ်ရပ်ရပ်ညှပ်ထားတယ်။ ကားက Grab ကားဆိုတော့ အတွင်းပိုင်းလည်း သန့်ရှင်း၊ လေအေး ပေးစက်လည်း ဖွင့်ထားတာပေါ့။ အခုလို ဝေးဝေးစီးရတဲ့နေရာကို သွားရင် Grab တို့၊ ကီလို တက္ကစီ တို့က ဈေးဆစ်ဖို့လည်းမလို၊ လေအေးပေးစက်လည်း ဖွင့်ပေးတဲ့အတွက် အတော်အဆင်ပြေ တယ်။ မြို့တွင်း ခရီးနီးရင်တော့ လက်တား စီးတာက ပိုအဆင်ပြေတယ်။ ဈေးပိုသက်သာတယ်။ ကားဆရာက ရန်ကုန်သားမဟုတ်ဘူး။ ရန်ကုန်- ပြည်ကားလမ်းပေါ် မြို့လေးတစ်မြို့က နေContinue reading “ဒယ်နီလေး”

ဒေးဗစ် နဲ့ ဂိုလိယက်

ဒေးဗစ်နဲ့ ဂိုလိယက် ဆိုတာ သမ္မာကျမ်းစာ ဓမ္မရာဇဝင်ပထမစောင်မှာ ပါတဲ့ တိုက်ပွဲဖြစ်စဉ်ပေါ့။ သမ္မာကျမ်းစာမှာတော့ ဒေးဗစ်နဲ့ ဂိုလိယက်လို့ မသုံးဘူး။ ဒါဝိတ် နဲ့ ဂေါလျက် လို့ သုံးတယ်။ တကယ်တော့ ဒေးဗစ်က စစ်သူရဲကောင်းမဟုတ်ဘူး။ သာမာန်သိုးကျောင်းသား၊ သူ့အကိုကြီး သုံးယောက်ကသာ ဣသရေလ (အစ္စရေး) စစ်တပ်က သူရဲကောင်းတွေ၊ ဒေးဗစ်က သားရှစ်ယောက်မှာ အငယ်ဆုံး။ အဖေက စစ်မြေပြင်မှာ ရှိတဲ့ သူ့ အကို တွေဆီကို စားစရာ တွေသွားပို့ ခိုင်းလို့ ရှေ့တန်းကို ရောက်သွားတာ။ စစ်မြေပြင်ရောက်ပြီးအကိုတွေနဲ့တွေ့နေတဲ့အချိန်မှာ ရန်သူဘက်က လူ့ဘီလူးကြီး ဂိုလိ ယက်ဟာ နှစ်ဖက်တပ်ဖွဲ့ကြားနယ်မြေထဲကို ထွက်လာပြီး ဣသရေလ ဘက်က သတ္တိရှိတဲ့လူ သူနဲ့ လာတိုက် ဖို့ စိန်ခေါ်နေတာကို မြင်လိုက်ရတယ်။Continue reading “ဒေးဗစ် နဲ့ ဂိုလိယက်”

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၁၁ )

သူငယ်ချင်း – ထိုင်း နဲ့ ငါတို့ဘာကွာလဲ။ ကျွန်တော်- ထိုင်းက သူ့အတိုင်းအတာနဲ့ သူစားတယ်။ လောဘ မကြီးဘူး။ အတိုင်း အရှည် သိတယ်။ ငါတို့ဆီကတော့ အကုန်စားတယ်။ အသားဟင်း၊ ထမင်း၊ ဟင်းချို ၊ အစိမ်း ကြော်၊ ငါးပိရည်၊ တို့စရာ၊ ဘာမှ မချန်ဘူး။ စားနေရင်းနဲ့ အချိုပွဲကိုတောင် လှမ်းပြီး မျက်စောင်းထိုးလိုက်သေးတယ်။ သူငယ်ချင်း – မင်း ဘာတွေပြောနေတာလဲ။ ကျွန်တော် – ထိုင်း အစားအစာအကြောင်းလေ။ ဤတွင်တစ်ခန်းရပ်

ထိုင်းရွေးကောက်ပွဲ ၂၀၂၃ (၁)

ပြီးခဲ့တဲ့မေလ ၁၄ ရက် ထိုင်းရွေးကောက်ပွဲမှာ ဘုရင်နဲ့ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ဝန်ကြီးချုပ် ပရာယွတ်ရဲ့ ပါတီ အမတ် နေရာ ရရှိမှု အဆင့်ငါးနေရာကို ရောက်သွားပြီး ထိုင်းနိုင်ငံရေး လောကမှာ လူငယ်တွေ ဦးဆောင်တဲ့ Move Forward party ပါတီက ထိပ်ဆုံးနဲ့ ဝန်ကြီးချုပ် ဟောင်းသက်ဆင်ရဲ့ သမီးဦးဆောင်တဲ့ ဖွေ့ထိုင်း( Pheu Thai )ပါတီက ဒုတိယအမတ်နေရာ အများဆုံးပါတီဖြစ်လာတယ်။ ပြီးတော့ ဒီပါတီတွေက နိုင်ငံရေးမှာထိုင်းစစ်တပ် ပါဝင်နေတဲ့ အနေ အထားကို ပြုပြင်ပြောင်းလဲမယ်ဆိုပြီး ကြွေးကြော်ထားတဲ့ပါတီတွေလည်း ဖြစ်နေတဲ့အတွက် ဒီရွေးကောက်ပွဲရလဒ်အပေါ် စစ်တပ်က ဘယ်လို တုန့်ပြန်မလဲဆိုတာကို ထိုင်းပြည်သူတွေရော၊ နိုင်ငံတကာကပါ စိတ်ဝင်စားနေကြတယ်။ ဒါပေမဲ့အခုရွေးကောက်ပွဲအကြောင်းကို မပြောခင် လက်ရှိ ထိုင်းအခြေခံဥပဒေပေါ်ပေါက်လာပုံနဲ့ ဝန်ကြီးချုပ်ပရာယွတ်အာဏာရလာပုံအကြောင်းသိထားရင်ပိုကောင်းပါတယ်။ပရာယွတ် အကြောင်း ပြောရင်Continue reading “ထိုင်းရွေးကောက်ပွဲ ၂၀၂၃ (၁)”

သာမိုင်းခမ်း (၅)

သာမိုင်းခမ်းစော်ဘွား မင်းမောင်ဖိုးကွယ်လွန်တော့ ပဒေသရာဇ်အစဉ်အလာအတိုင်းဆိုရင် သား အကြီးဆုံးက အရိုက်အရာကို ဆက်ခံရမှာဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်အုပ်ချုပ်ရေးလက် အောက်မှာတော့ အဲဒီလို မဟုတ်တော့ဘူး။ ၁၈၈၅ ခုနှစ် မန္တလေးနေပြည်တော်ကို သိမ်းပိုက်ပြီးတဲ့အချိန်မှာ အင်္ဂလိပ်တွေက အောက်မြန်မာ နိုင်ငံမှာ ကျင့်သုံးနေတဲ့ ဗြိတိသ ျှ အုပ်ချုပ်ရေးစနစ်အတိုင်း အထက်မြန်မာနိုင်ငံကို တိုးချဲ့အုပ် ချုပ် ဖို့ဆောင်ရွက်ခဲ့ပေမယ့် ရှမ်းပြည်နယ်ကိုတော့ သီးခြားထားရှိအုပ်ချုပ်ခဲ့တယ်။ ဒါကလည်း ရှမ်းပြည် နယ်က မြန်မာ ဘုရင်အုပ်ချုပ်ရေးရဲ့ တိုက်ရိုက်လက်အောက်ခံအဖြစ်ထက် ပဏ္ဍာဆက် ( Tributary) အဖြစ်သာ နေခဲ့ရတဲ့အစဉ်အလာကို ထောက်ပြီး အင်္ဂလိပ်အရာရှိတွေရဲ့ ကြီးကြပ်မှုနဲ့ လက်ရှိ ကျင့်သုံးနေ တဲ့ အစဉ်အလာ ပဒေသရာဇ်စနစ်အုပ်ချုပ်ရေးကို ထားရှိဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ်တွေက ရှမ်းပြည်နယ်က စော်ဘွား၊Continue reading “သာမိုင်းခမ်း (၅)”