ပါတာဖတ်

သင်တန်းသားဘဝမှာတော့ စင်ပေါ်တက်ပြီး စာအုပ်ထဲ မှာ ရေးပေးတဲ့အတိုင်း ဖတ်ပြတာပဲ လုပ်တတ်တဲ့ နည်းပြဆိုရင် “ ပါတာဖတ်” နည်းပြလို့ ခေါ်ခဲ့ ကြတယ်။တစ်ခါ တစ်လေ သင်တန်းသားက မေးခွန်းမေးရင်၊ မှားတယ်ထင်လို့ ဝေဖန် ထောက်ပြလိုက်ရင် “ ပါတာဖတ်“ နည်းပြ ဒုက္ခရောက်တော့တာပဲ။ တစ်ချို့ ပါတာဖတ် ကတော့ မသိတဲ့အကြောင်းဝန်ခံပြီး နောက်တစ်ချိန်မှာ ဖြေပေးပါ့မယ်လို့ ပြော တယ်။တစ်ချို့ “ ပါတာဖတ်“ ကျတော့လည်း ဆရာမှားတာမဟုတ်ဘူး။ စာရိုက်တဲ့ စာရေး မှားတာ လို့ ဆင်ခြေပေးတတ်တယ်။ သင်တန်းသားကိုလည်း လ ျှာရှည်ရန်ကောဆိုပြီး မကြည်မလင်ဖြစ်တတ်တယ်။အခုတော့ “ ပါတာဖတ်“ ဆိုတာ သင်တန်းတွေမှာပဲ ရှိတယ်လို့ထင်ခဲ့တာ မဟုတ်မှန်းသိရပြီလေ။

YBS နဲ့ ဗီဇာကတ်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YBS ယာဉ်စီးခကို မာစတာကတ်၊ ဗီဇာကတ် စတာတွေနဲ့ပါ ပေးဆောင်နိုင်တော့မယ်၊ ကမ္ဘာပေါ်မှာ ဒီစနစ်မျိုးလုပ်ဆောင်နိုင်တာ လက်ဆယ် ချောင်းပြည့်အောင်မရှိသေးဘူးလို့ ပြောလိုက်ပါတယ်။ ပုံ ၁ နဲ့ ၂ ဝန်ကြီးချုပ်ပြောတဲ့အတိုင်းအကောင်အထည်ဖော်နိုင်ခဲ့ရင် YBS ဟာ လူတန်းစားမရွေး စီးနင်း နိုင် တော့မှာဖြစ်ပြီး ဗီဇာကတ်ပြားကိုင် ဇိမ်ခံကားကြီးစီးနေတဲ့လူတွေပါ YBS ပေါ်ရောက်လာ ရင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာလည်း အထိုက်အလျောက်လျော့ကျသွားမယ်လို့ မေ ျှာ်လင့်ရပါ တယ်။ ဦးဖြိုးမင်းသိန်းနဲ့ ရန်ကိုင်းတိုင်းဒေသကြီးအစိုးရဟာ YBS စနစ်နဲ့ပတ်သက်ရင် အတော်ကြိုးစားဆောင်ရွက်နေတယ်ဆို တာ အောက်ပါ သတင်းတွေကို ကြည့်ရင် သိနိုင်ပါတယ်- ၁။ YBS စနစ်ဟာ အခြားနိုင်ငံများထက်သာစေရမယ်၊ ကျွန်တော်တို့အားလုံး အားသာ ချက် က နောက်ကျခြင်းရဲ့Continue reading “YBS နဲ့ ဗီဇာကတ်”

“ ရွေးကောက်ပွဲကတိပျက်တဲ့ NLD”

“ ရွေးကောက်ပွဲကတိပျက်တဲ့ NLD” ဆိုတော့ RFA ရဲ့ သတင်းခေါင်းစဉ်က နည်းနည်းတော့ ပြင်းထန်တာပေါ့လေ။ ဒါပေမယ့် ဆွေးနွေးချက်တွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အောက်ပါလင့်ခ်မှာ အပြည့်အစုံနားထောင်နိုင်ပါတယ်။ https://www.rfa.org/…/nld-broke-promise-elections-102420190…

ပန်းဆိုးတန်း

ဇရာရဲ့ လက္ခဏာ က ဘာလဲလို့မေးရင် ဆံဖြူတာ၊ မျက်စိမှုန်တာ၊ သွားကျိုးတာ၊ အထိုင် အထ ခက်တာတွေကိုပဲပြောမှာသေချာတယ်။ ကျွန်တော့်ကတော့ ဇရာရဲ့ ထင်ရှားတဲ့လက္ခဏာ တွေ ထဲမှာ ခြေသည်းညှပ်လို့မရတော့တာလည်းပါတယ်လို့ထင်တယ်။ အသက်ကြီးတော့ ဗိုက်ပူ၊ အထိုင်၊အထ ခက်၊ ခါးကုန်းလို့လည်းမလွယ်။ဗိုက်ကလည်းခံနေတော့ ခြေသည်း ညှပ်ရတာ အတော်ခက်တယ်။ မျက်လုံးနဲ့ ခြေထောက်အကွာအဝေးက စာကြည့်မျက်မှန် နဲ့ လည်း အဆင် မပြေ၊ အဝေးကြည့်နဲ့လည်း စကော စက။ ဒီလိုနဲ့ ခြေသည်းတစ်ခါညှပ် ပြီးတိုင်း ခြေသည်း ဟာ ကြွက်ကိုက်ခံထားရသလိုဖြစ်ကျန်ခဲ့ရော။ တစ်ခါကနာမည်ကြီးဆံပင်ညှပ်ဆိုင်မှာဆံပင်ညှပ်ရင်း ခြေသည်းလည်းညှပ်ကြည့်ဖူးတယ်။ ကောင်း တော့ ကောင်းတယ်။ ဒါပေမယ့် ခြေထောက်ကို သန့်ရှင်းရေးလုပ်တာရော၊ ခြေသည်းအတွက် အားဆေးဆို လား ဘာလား ထည့်တာရော ဈေးက မသေးဘူး။Continue reading “ပန်းဆိုးတန်း”

ဆုတံဆိပ် နဲ့ ဂုဏ်သိက္ခာ

ဗိုလ်ချုပ်ကြီး မိုက်ဘော်ဒါ (Jeremy Michael Boorda) အတွက် အမေရိကန် ရေတပ်ဟာ သူ့ ဘဝ၊ သူ့မိသားစုပဲ။ ၁၉ ၅၆ ခုနှစ် သူအသက် ၁၇ နှစ်မှာ အထက်တန်း ကျောင်းထွက်ပြီး ရေတပ်မှာ တပ်သားအဖြစ် နဲ့ စတင်အမှုထမ်းတယ်။ ရေတပ်ကပဲ သူ့ကို အထက်တန်းပညာပြီးဆုံးအောင် သင်ပေးတယ်။ ၁၉ ၆၂ ခုနှစ်မှာတော့ အခြားအဆင့်ရေတပ်သားတွေကို ရွေးချယ်လေ့ကျင့်ပေး တဲ့ ဗိုလ်သင်တန်းကို တက်ခွင့်ရတယ်။ ၁၉ ၆၂ သြဂုတ်လမှာ ပြန်တမ်းဝင်အရာရှိဖြစ်ခဲ့တယ်။ အရာရှိငယ်ဘ၀ နဲ့ ဗီယက်နမ်စစ်ပွဲမှာ အမှုထမ်းခဲ့တယ်။ ၁၉ ၇၁ ခုနှစ် ဒီဇင်ဘာလမှာ Naval War College သင်တန်းပြီးတယ်။ တစ်ပြိုင်တည်းမှာပဲ University of RhodeContinue reading “ဆုတံဆိပ် နဲ့ ဂုဏ်သိက္ခာ”

လ ျှူရှောက်ချီ၊ တက္ကစီ နဲ့ ပင်စင်

သီတင်းကျွတ်ပြီးတာနဲ့ မိုးပါ အကျွတ်အလွတ်ဖြစ်သွားတယ်။ ပေါ်မလာတော့ဘူး။ ဒီတော့ ရန်ကုန် ဟာ နေ့လယ်ဆိုရင် ကျွက်ကျွက်ဆူအောင်ပူတော့တာပဲ။ မိုးပြီးရင် ဆောင်းဦးလာတယ်ဆိုတာ ဒဏ္ဍာရီထဲမှာကျန်ခဲ့ပြီ။ မိုးဟာ အေးမြခြင်းကို မထားခဲ့တော့ဘူး။ သူထွက်သွားတဲ့အခါ အပူတွေ ပဲ ချန်ခဲ့တော့တယ်။ နေပူတော့ လူက အခန်းပဲအောင်းနေရတာပေါ့။ ဒါပေမယ့် မြို့ထဲကို မသွားမဖြစ် သွားရမယ့်ကိစ္စပေါ်လာတော့ စဉ်းစားရပြီ။ ပုံမှန်ကတော့ မြို့ထဲ ဆိုရင် နီးရင် လမ်းလေ ျှာက်၊ ဝေးရင် တက္ကစီပေါ့။ ကိုယ့်ကားနဲ့ကိုယ် သွားဖို့ကတော့ ကားရပ် ဖို့ နေရာအခက်အခဲကြောင့်ဆယ်ခါ တစ်ခါပဲ သွားဖြစ်တော့တယ်။ ဒီတစ်ခါသွားမှာက နည်းနည်း လှမ်းတော့ ဒီနေ နဲ့လမ်းလေ ျှာက်လို့မဖြစ်၊ ပြီးတော့ သုံးလေးနေရာ ဆက်သွားရမှာဆိုတော့ တက္ကစီခကလည်း မနည်းဘူး။ ဒီလိုနဲ့ ကိုယ့်ကားနဲ့ကိုယ်လာခဲ့တယ်။Continue reading “လ ျှူရှောက်ချီ၊ တက္ကစီ နဲ့ ပင်စင်”

ဆု အတု နဲ့ ဒေါက်တာဝင်းမြတ်အေး

ဆု အတု နဲ့ ဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်းရဲ့ ဒေါက်တာ ဘွဲ့အတု ကိစ္စ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရဲ့ စီစဉ်မှုနဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ခရီးသွားဆုအတု လက်ခံယူရတော့မယ့် ကိစ္စ တွေကို ဖော်ထုတ်ရေးသားခဲ့တဲ့ (ကို) နေယံဦး #NayYanOo က သူ့ဖေ့ဘွစ် စာမျက် နှာမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လက်ခံရယူထားတဲ့ ဆုအတုတစ်ခု အကြောင်း ကို ဓာတ်ပုံအထောက်အထားတွေနဲ့ တကွ ဖော်ထုတ်ရေး သားထားပါတယ်။ နေယံဦးက အင်န်အယ်လ်ဒီအစိုးရအဖွဲ့မှာ တက္ကသိုလ် ပါမောက္ခချုပ်တွေကို ပြည်ထောင်စု ဝန်ကြီး ခန့်အပ်တာဝန်ပေးမှုတွေအပေါ် ဆက်စပ်လေ့လာရင်းတွေ့ ရှိလာတဲ့အတွက် ဖော်ထုတ် ရေးသား တာဖြစ်တယ်လို့ဆိုပါတယ်။ သူရေးသားထားတဲ့အထဲကContinue reading “ဆု အတု နဲ့ ဒေါက်တာဝင်းမြတ်အေး”

လင်းယုန် ၊နဂါး အပစ်အခတ်ရပ်စဲရေး

အမေရိကန်- တရုတ်ကုန်သွယ်ရေးစစ်ပွဲက သူတို့နှစ်နိုင်ငံသာမဟုတ်ဘူး။ ကျန်တဲ့နိုင်ငံတွေပါ တုတ်ဆက်ပြီး ဒုက္ခရောက်နေတာကြာပြီ။ ကာယကံရှင်နိုင်ငံတွေမှာလည်း ဒီစစ်ပွဲကို အမြန် အဆုံးသတ်ဖို့အတွက် ဖိအားတွေရှိနေတယ်။ တရုတ်နိုင်ငံဆိုရင် ပြည်ပပို့ကုန်ရော၊ ပြည်တွင်းဝယ်လိုအားရောကျတယ်။ စီးပွားရေးတိုးတက် မှု နှုန်းကလည်းကျလာတယ်။ တရုတ်အစိုးရနဲ့ ကွန်မြူနစ်ပါတီအပေါ် ဖိအားတွေတိုးလာတယ်။ အမေရိကန်အတွက်ဆိုရင်လည်း လယ်ယာပို့ကုန်တွေ ကို တရုတ် ဘက်က အခွန်တိုးကောက်လို့ ရီပတ်ဘလီကင်ကို ထောက်ခံသူလယ်သမားတွေ ဒုက္ခရောက်နေတယ်။ လွှတ်တော်ရဲ့ စုံစမ်းစစ် ဆေးမှုကို ခံနေရတဲ့ ထရမ့်အတွက်လည်း ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ရလဒ်တစ်ခု ခု ပြဖို့လိုနေတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ ၁၁ ရက်နေ့ကတော့ အမေရိကန် – တရုတ် ကြားမှာ ကုန်သွယ်ရေး ဆိုင်ရာ ပဏာမသဘောတူညီချက်တစ်ခုရခဲ့တယ်လို့ သမ္မတ အိမ်ဖြူတော်မှာ ကြေညာခဲ့တယ်။ ထရမ့် ဘက်ကတော့ ဒါဟာContinue reading “လင်းယုန် ၊နဂါး အပစ်အခတ်ရပ်စဲရေး”

နိုင်လွတ်လုံ နဲ့ ကျွန်တော်

ကျွန်တော်၊ ဦးဘိုဘိုကျော်ငြိမ်း နဲ့ ဦးလှဆွေတို့ ရဲ့ သူရဦးရွှေမန်းနိုင်ငံရေးပါတီထူထောင်တဲ့အပေါ် သုံးသပ်ချက်အင်တာဗျူးတွေကို နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့တိုင်ချက်ဖွင့်ခံထားရတယ်။ အခုတော့ အမှုကိစ္စနဲ့ပတ် သက်ပြီး စုံစမ်းတွေ့ရှိချက်တွေကို ဥပဒေအကြံတောင်းတဲ့အခါ နိုင်လွတ်လုံပုဒ်မ ၁၀ နဲ့ ပြစ်မှု မမြောက်တဲ့အတွက် တရားစွဲတင်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်က ပြောတဲ့ အကြောင်းသတင်းတွေတက်လာပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော့်ကို တရားဝင်အသိပေးတာမရှိဘူး။ တရားမဝင်ကြားတာလည်း မရှိဘူး။ အခု သတင်းတက်လာမှ သိတာပါ။ အဲဒီသတင်းအပေါ် ကျွန်တော့်သဘောထားကို မီဒီယာတစ်ခုက မေးတဲ့အတွက် အခုလို ဖြေခဲ့ပါတယ်။ ၁။ မူလထဲက ကိုယ့်စကားကို ကိုယ်တာဝန်ယူပြီး တရားရုံးမှာ ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးဖြစ်တဲ့အတွက် ဦးရွှေမန်းနဲ့ မိသားစုဝင်တွေကို သက်သေအဖြစ်ခေါ်ပြီး သူ့လုပ်ဆောင်ချက်တွေအပေါ် မေးခွန်းထုတ်နိုင်မယ့် အခွင့်အရေ းဆုံးရှုံးသွားတယ်လို့ပဲ မြင်ပါတယ်။ ၂။Continue reading “နိုင်လွတ်လုံ နဲ့ ကျွန်တော်”