ကျွန်တော် – ငါ ၁၉၉၂ ခုနှစ် မှာ ထုတ်ခဲ့တဲ့ ရဲဘော်သစ်မောင်ရဲ့ ပြည်တွင်းသောင်းကျန်းမှုသမိုင်း စာအုပ်ပြန်ဖတ် နေတယ်။ သူငယ်ချင်း- ကောင်းတယ်။ ဒါမှ ဒီအဖွဲ့တွေ ဘာ့ကြောင့်ပေါ်လာသလဲ၊ ဘယ်သူ့ကြောင့်ပေါ်လာ သလဲဆိုတာ မင်း ပြန်သတိရပြီး လစ်ဘရယ်ရောဂါ နည်းနည်းသက်သာသွားမယ်။ ကျွန်တော်- အေးပါကွာ၊ ဒါနဲ့ အဲဒီစာအုပ် အပိုင်း(၃) စာမျက်နှာ ၂၃ မှာ ၁၉ ၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန် ရေး ကောင်စီအစိုးရတက်လာချိန်မှာ အစိုးရကို လက်နက်ကိုင်ဆန့်ကျင်တိုက်ပွဲ ဝင်နေတာ ဗကပ၊ အလံနီ ကွန်မြူနစ်၊ ကေအင်ယူ၊ ရှမ်းအဖွဲ့ သုံးဖွဲ့၊ ကေအိုင်အေ၊ မွန်ပြည်သစ်၊ ကေအင်န်ပီပီ၊ တရုတ်ဖြူ အကြွင်းအကျန်နဲ့ မူဂျာဟစ်အကြွင်းအကျန် ပဲ ရှိတယ်လို့ ပါတယ်။ အားလုံး ဆယ့် တစ်ဖွဲ့ ပေါ့။ သူငယ်ချင်း – အေးလေ၊ အဲဒါဘာဖြစ်လဲ။ ကျွန်တော် – အခု ဘယ်နှစ်ဖွဲ့ရှိလဲ သိချင်လို့။ သူငယ်ချင်း- မင်းကွာ။ ဤတွင်တစ်ခန်းရပ်။
Tag Archives: dialogue
သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း ( ၂၂ )d
သူငယ်ချင်း- ကုန်စျေးနှုန်းတွေ တက်ပြီးရင်း တက်နေတာ ဝိသမလောဘသားတွေကြောင့်ကွ။ ဒီလူတွေကို အခု အရေးယူနေတာထက် ပိုပြီး ထိထိရောက်ရောက် အရေးယူရမယ်။ ကျွန်တော်- မင်းပြောတာကြားတော့ ကုန်သည်တစ်ယောက်ပြောတာ သွားသတိရတယ်ကွ။ သူငယ်ချင်း- သူက ဘာပြောတာလဲ။ ကျွန်တော်- သူပြောတာက ဒီလို။ “ ကုန်သည်ဆိုတာက ပိုက်ဆံရယ်၊ ကျွမ်းကျင်မှုရယ်ကို ရင်းပြီး အမြတ်ရ အောင်လုပ်တာပါ။ မတရား အမြတ်ကြီးစားတယ်ဆိုပြီး အရေးယူရင်လည်းခံရမှာပဲ။ ဒါပေမဲ့ ဘာအရင်းအနှီးမှ မရှိဘဲ လုပ်ပိုင်ခွင့်လေးကိုပဲ ရင်းပြီး အမြတ်ကြီးစားသွားတဲ့ မဟာဝိသမလောဘသားတွေက သူတို့ထက် ပိုဆိုးပါတယ်။ သူတို့ကိုလည်း ပိုပြီး ပြင်း ပြင်းထန်ထန်အရေးယူပေးပါ” တဲ့။ သူငယ်ချင်း – အင်း ၊ ဒါကတော့ကွာ။ ဤတွင်တစ်ခန်းရပ်။
သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၂၁)
ကျွန်တော်- ဒီတစ်ခါတော့ ပြုံးပြုံးကြီးပါလား။ ဘာတွေဖြစ်လာတာတုံး။ သူငယ်ချင်း- မင်းမသိသေးဘူးလား။ BRICS အဖွဲ့ကြီးက ကိုယ်ပိုင်ငွေထုတ်တော့မယ်တဲ့။ အဲဒါနဲ့ အိတ်စပို့ ၊ အင်ပို့ ငွေချေလို့ရတော့မယ်။ ငါတို့ ကုမ္ပဏီ ဒေါ်လာကြောင့် စိတ်မညစ်ရတော့ဘူး၊ ဒေါ်လာကို မသုံးတော့ဘူး၊ ဟို ငပွကြီး အမေရိကန်ကိုလည်း ဂရုစိုက်ဖို့ မလိုတော့ဘူး လို့ ဘော့စ် ကပြောလိုက်တယ်။ ကျွန်တော်- မင်းကလည်း အီးယူက ယူရို ငွေကို သူတို့ ဘုံငွေကြေးအဖြစ်ထုတ်ပြီး သုံးလာတာ အနှစ်နှစ်ဆယ် ရှိပြီ၊ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ ဒေါ်လာနေရာကို အစားထိုးနိုင်လို့လား။ နိုင်ငံတကာ ကုန်သွယ်မှု ရှစ်ဆယ် ရာခိုင်နှုန်းလောက်က ဒေါ်လာနဲ့ပဲ လုပ်နေတာ။ မင်းပြောတဲ့ BRICS က ဆောက်ဖြစ်မှ ကျောင်းဒကာ၊ လုပ်ဖြစ်ရင်တောင် ဒေါ်လာ ကို အစားထိုးနိုင်ဖို့ အဝေးကြီး။ သူငယ်ချင်း-မင်းကလည်း BRICS မှာ တရုတ်၊ ရုရှား၊ အိန္ဒိယတို့လို ဆရာကြီးတွေပါတယ်လေကွာ၊ နောက်ပြီး ဆော်ဒီတို့ ယူအေအီးတို့ ရေနံသူဌေးတွေလည်း ပါဦးမှာတဲ့ ။ Continue reading “သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၂၁)”
သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၂၀)
သူငယ်ချင်း – မင်း ဖတ်လိုက်ရ၊ ကြားလိုက်ရတယ်မဟုတ်လား။ ပြိုင်ဘက်တွေ ညစ်လို့ ၊ ရစ်လို့ ၊ ကျစ်လို့ အခုလို ဖြစ်နေတာတဲ့။ ကျွန်တော် – ဘယ်ပြိုင်ပွဲ ဖြစ်ဖြစ်တကယ့် အသင်းကောင်းဆိုရင် တစ်ဘက်က ဘယ်လို လုပ်နေတဲ့ ကြား က ကျုပ်တို့ ဒီလို ချပြီး အနိုင်ယူလိုက်တာဗျ လို့ လက်မထောင်ပြောတာပဲ။ အခန့်မသင့်လို့ရှုံးရင်တောင် ကျုပ်တို့ ဒီနေရာမှာ အားနည်းသွားတယ်၊နောက်တစ်ခါမဖြစ် စေရဘူး လို့ပြောတာ။ ခပ်ညံ့ညံ့ အသင်း ကတော့ ကိုယ် ခြေစွမ်း မပြ နိုင်တာကို ဝန်မခံချင်လို့ ကွင်းကြောင့်၊ ဒိုင်ကြောင့်၊ ပရိသတ် ကြောင့်၊ ဘာကြောင့်၊ ညာကြောင့် လို့ ဆင်ခြေပေးတာ ပရီမီယာလိဂ်မှာ ကြားနေကြပဲ။ မင်းအသင်းလည်း အဲဒီလိုContinue reading “သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၂၀)”
သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၁၉)
ကျွန်တော် – အလို ၊ ဒီတစ်ခါ မျက်နှာမသာမယာနဲ့ ဘာဖြစ်လာတာတုန်း။ သူငယ်ချင်း- တက်လို့ဟေ့၊ တက်လို့။ ငါ လေးသောင်းနဲ့ ဝယ်နေရတဲ့ မျက်စဥ်းက တစ်ပတ်အတွင်း ခုနှစ်သောင်း ဖြစ်သွားတယ်၊ ဆံပင်ဝင်ညှပ်တော့ ဆံပင်ညှပ်ခ နှစ်ထောင်ထပ်တက်တယ်၊ ဆေးဆိုး တာ ငါးထောင်ထပ်တက်တယ်၊ ခေါင်းလျှော်တာ တစ်ထောင့်ငါးရာထပ်တက်တယ်။ မိန်းမကတော့ ဈေးကပြန်လာရင် ပွစိပွစိနဲ့ ဘယ်သူ့ကို ကျိန်ဆဲနေလဲ မသိဘူး။ ကျွန်တော်- အောင်မာ၊ မင်းတောင်အသံထွက်လာပါလား။ အခြေခံလူတန်းစားတွေ၊ လစာနည်း ဝန် ထမ်း တွေဆို ညည်းရလွန်းလို့ အသံတောင်ဝင်နေပြီ။ ဒီတော့ ညည်းမနေနဲ့ ကိုယ့်လူ၊ မင်းတို့ မိုးနတ်မင်း ကြီး ကြားအောင် ဆုတောင်းပေါ့။ သူငယ်ချင်း- မင်းအတော်ညံ့ပါလား၊ မိုးနတ်မင်းလို နတ်မျိုးက တစ်သက်လုံး ပူဇော်ပသတာပဲ စားလာတာကွ၊Continue reading “သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၁၉)”
သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း ( ၁၈ )
သူငယ်ချင်း- ဒီတစ်ခါတော့ အတော်လွဲတယ်ကွာ။ တခြားနိုင်ငံတွေမှာ ကိုယ့်နိုင်ငံသားဆို ညှာတယ် လေ၊ သက်သာ အောင်လုပ်ပေးတယ်၊ မယူသင့်ရင်မယူဘူး။ ကျွန်တော်- အောင်မယ်လေးကွာ၊ ဒီထက်အရေးကြီးတဲ့ ကိစ္စတွေမှာတောင် ကိုယ့်နိုင်ငံသားတွေ ကို သက်ညှာဖို့ မစဥ်းစားတာ ၊ မင်းက ဘာတွေ မျှော်လင့်နေတာတုန်း။ စီးပွားရေး သမား ဆို တာ ငွေမျက်နှာပဲကြည့်တာကွ၊ ဈေးတက်ဖို့ပဲ စဥ်းစားမှာပေါ့။ သူငယ်ချင်း- အေးကွာ၊ ဒီကုန်ဈေးနှုန်းနဲ့တော့ ခက်ပါတယ်။ ဤတွင်တစ်ခန်းရပ်
သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၁၇)
သူငယ်ချင်း – ဘယ်လိုမြင်လဲ။ ကျွန်တော် – မဖြစ်မနေလုပ်ရမယ့်အလုပ်ကိုမှ မလုပ်တာကွာ။ လက်ပူတိုက်တိုက်တဲ့ အဆင့်ပါ ပဲ။ ဘာမှမထူးပါဘူး။ သူငယ်ချင်း – မင်းကလည်း အခုခေတ်မှာ “ ပန့်၊နော်ဇယ်၊” အုပ်စုံလဲဖို့ လွယ်တယ် များထင် နေလား။ ကျွန်တော်- အေးလေ၊ အဲဒါဆိုလည်း ခရီးသည်တွေဆဲတာခံပြီးမင်းဘတ်စ်ကားကြီးကို မီးခိုးတလူလူနဲ့ ဆက်မောင်းနေပေါ့ကွာ။ဒါပေမဲ့ အင်ဂျင်အလုံးလိုက်လဲရတဲ့အခြေအနေရောက်သွားရင် ပန့်လဲ တာ ထက်ပိုအကုန်အကျများမယ်ဆိုတာတော့ မမေ့နဲ့ ပေါ့။
သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၁၆)
သူငယ်ချင်း- ငါတို့ကုမ္ပဏီကတော့ အကျိုး အကြောင်း အပြည့်အစုံ ကြိုပြောခဲ့တာပဲကွ၊ ဒါပေမဲ့ ငါတို့ ဘော့စ် ကို မကြည်တဲ့စီးပွားပြိုင်ဘက် တွေက အမြဲတမ်း အကွက်ချောင်းနေတော့ ဒီကိစ္စဖြစ်တာနဲ့ အမျိုးမျိုးတိုက်ခိုက် နေတာပဲ။ ရှင်းလို့ကို မဆုံးတော့ဘူး။ ဒီကြားထဲ မင်းကလည်း တစ်မျိုး၊ ငါ့တွေ့တာနဲ့ပြောမယ်ဆိုတာပဲ။ ကျွန်တော်- အေးပါကွာ၊ မင်းပြောတာမှန် ပါတယ်။ မင်းတို့က လုပ်သင့်လို့လုပ်တာ၊ ပြောသင့်တာလည်း ပြော တာပဲ၊ လူတွေ ကိုက ခက်နေတာပါကွာ။ သူငယ်ချင်း- အဲဒီလို လုပ်ပါကွ၊ မင်း နားမဝေးပါဘူး။ ကျွန်တော် – ဒါနဲ့ စကားမစပ်၊ ငါတို့ ငယ်ငယ်တုန်းကရန်သူစောင့်နေမှန်းလည်း သိတယ်၊ ရှောင်နိုင်တဲ့ နည်း လမ်း လည်းရှိတယ်။ ဒါတောင်မှ သတ်ကွင်းထဲကို တည့်တည့်ဝင်အောင် လုပ်တဲ့ တပ်မှူးကို ဘယ်လို သုံးသပ်ခဲ့လဲ။ သူငယ်ချင်း – ဟေ့ကောင်၊ တော်တော့။ မေးခွန်းမသတ်နဲ့။ ဤတွင်တစ်ခန်းရပ်