ပေးရတဲ့တန်ဖိုးလည်းနည်း၊ ကင်လို့လည်း လွယ်၊ စားရတာလည်း လွယ်တော့ ငါးသေးသေးလေးတွေက အရင်ကုန်တယ်။ ငါးကြီးတွေကတော့ တန်ဖိုးလည်းကြီး၊ အကိုင်အတွယ်မတတ်ရင် ပျက်စီးနိုင်၊ စားရတာလည်း လက်ဝင်၊ တော်ရုံလူ မကိုင်ရဲတော့ ကျန်နေတာပေါ့။ လာအို နိုင်ငံ ဗီယန်ကျင်းမြို့ အကင်ဆိုင်ကပေးတဲ့ သင်ခန်းစာပါ။

မဲခေါင် ခရီးသည် (၉ )

Hongsa မြို့က နေ့လည်စာစားမယ့် စားသောက်ဆိုင်ရှေ့မှာ သစ်သားအဆောက်အဦကြီးတစ်ခု ရှိတယ်။ အမိုး နဲ့ ပန်းဆွဲတွေအနေအထားအရ ဘုန်းကြီးကျောင်းလို့ ထင်မိတယ်။ မုခ်ဦး၊ ခြံစည်း ရိုး က အစ အဆောက်အဦတစ်ခုလုံး သစ်လုံးကြီးတွေနဲ့ဆောက်ထားတဲ့အတွက် ရှေးလက်ရာ များ လားလို့လည်း တွေးမိတယ်။ဒါ့ကြောင့် ခရီးဖော်တွေတွေ စားသောက်ဖို့ပြင်ဆင်နေဆဲမှာပဲ အဲဒီဘက်ကို သွားခဲ့တယ်။ ခြံတံခါး နှစ်ခုရှိတယ်။ မုခ်ဦးကို လူတစ်ဖက်စာမကတဲ့ ကျွန်းတိုင်ကြီးတွေ နဲ့လုပ်ထားတဲ့ အိမ်ရှေ့ အဝင် တံခါးက ပိတ်ထားတယ်။ အိမ်ဘေးကို ဝင်တဲ့ နောက်တံခါးတစ်ခုက တော့ ဖွင့်ထားတယ်။ အဲဒီက နေ ကြည့်လိုက်တော့ ဘုန်းကြီးကျောင်းမဟုတ်ဘဲ လူနေအိမ်ဖြစ်နေတာတွေ့လိုက်ရ တယ်။ခြံဝင်းကျယ်ကြီး၊ အိမ်ရှေ့မှာ မြက်ခင်းနဲ့ မြေယာအလှပြင်ထားတယ်။ ကျန်တဲ့နေရာအားလုံး ကွန်ကရစ်ခင်း ထားတယ်။ အုတ်အလှစီထားတယ်။ ခြံဝဘေးမှာContinue reading “မဲခေါင် ခရီးသည် (၉ )”

မဲခေါင်ခရီးသည် (၈)

၂၀၂၀ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထိုင်း နိုင်ငံကနေ လာအိုနိုင်ငံကို သွားနိုင်ဖို့အတွက် ခရီးဆက် ခဲ့တယ်။ ကျွန်တော်တို့ ဖြတ်မယ့် ထိုင်းဘက် နယ်စပ်ဖြတ်ကျော်ဂိတ်က Huay Kon လို့ခေါ်တယ်။ Huai Kon လို့လည်း ရေးတယ်။ ဒီဂိတ်က နန်မြို့ကနေ ၁၃၀ ကီလိုလောက်ဝေး တယ်။ လမ်း ကတော့ လေးလမ်းသွားလမ်းမကြီးဖြစ်ပြီး လမ်းထပ်ချဲ့တာ တွေ၊ ပြုပြင်တာ တွေ လည်းတွေ့တယ်။ နယ်စပ်ဂိတ်က ထိုင်း-လာအိုနယ်စပ်တောင်ထိပ် မှာရှိတဲ့အတွက် နယ်စပ်မရောက်ခင် ကီလို ၃၀ လောက်ကစပြီး တောင်တက်လမ်းဖြစ်သွားတယ်။ အဲဒီအပိုင်းမှာတော့ ကားလမ်းကနှစ်လမ်းသွားဖြစ်သွားတယ်။ အတက်နေရာတစ်ချို့မှာ ၈% အတက်ဖြစ်ပါတယ်။ ၈% အတက်ဆိုတာကတော့ ပေ ၁၀၀ သွားတိုင်း တစ်ပေတက်တယ်။ တစ်မိုင် မှာContinue reading “မဲခေါင်ခရီးသည် (၈)”

မဲခေါင် ခရီးစဉ်

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထိ မြန်မာ – ထိုင်း – လာအို သုံးနိုင်ငံ ကို မိတ်ဆွေတစ်စု ကားခုနှစ်စီးနဲ့ ကိုယ့်ကားကိုယ်မောင်းရင်း ခရီးနှင်ခဲ့တယ်။ မြန်မာ နိုင်ငံက မြို့ နှစ်မြို့၊ ထိုင်းနိုင်ငံက မြို့ငါးမြို့၊ လာအိုနိုင်ငံက မြို့ သုံးမြို့မှာ ညအိပ်ရပ်နား ခဲ့ပြီးရန်ကုန် – နေပြည်တော် အမြန်လမ်း ၃၉ မိုင်ကနေ ခရီးစလို့ ၃၉ မိုင်ကို ပြန်ရောက်တဲ့အထိ လမ်းပေါ်မှာခရီးနှင်ချိန် ၇၄ နာရီ ခရီးမိုင်ပေါင်း ၁၉ ၇၇ မိုင် အောင်အောင်မြင်မြင်ခရီးနှင်နိုင်ခဲ့တယ်။ ဒေသန္တရ ဗဟုသုတတွေ ရခဲ့သလို ခရီးရှည်ကားမောင်တဲ့အချိန်မှာ ကိုယ့်ခံနိုင်ရည်နဲ့ စွမ်းဆောင်နိုင်မှုကိုလည်း စမ်းသပ်နိုင်ခဲ့တယ်။ ခရီးစဉ်Continue reading “မဲခေါင် ခရီးစဉ်”

မဲခေါင်ခရီးသည် (၇)

မဲခေါင်ခရီးသည်တွေရဲ့ ထိုင်း – လာအို ခရီးစဉ်အတွေ့အကြုံတွေကို ဆက်ပြီးမရေးခင် ဒီခရီးစဉ်ကို ဘယ်လိုသွားလို့ရသလဲဆိုတာလေးကို မ ျှဝေလိုပါတယ်။ဘယ်လိုသွားရလဲပထမဆုံးပြောချင်တာကတော့ ဒီခရီးစဉ်ဟာ မဲခေါင်ဒေသနိုင်ငံများအကြားမှာသဘော တူညီ ထားတဲ့ CBTA (Greater Mekong Subregion (GMS) Cross- Border Transport Facilitation Agreement သဘောတူညီချက်ဘောင်ထဲက ဆောင်ရွက်တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားမှန်သမ ျှ သွားလို့ရပါတယ်။ အဲဒီမူဘောင်အတွင်း မှာအာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းရရှိထားတဲ့သဘောတူညီချက်အပေါ်မူတည်ပြီး အပြောင်းအလဲ နည်းနည်းပဲရှိပါတယ်။ ဥပမာအားဖြင့် ဒီခရီးစဉ်မှာ၁။ ထိုင်း နိုင်ငံကို နိုင်ငံတကာလေကြောင်းလိုင်းနဲ့ရောက်လာရင် ဗီဇာမလိုပေမယ့် ကုန်းလမ်းခရီးက ဝင်ရင် ဗီဇာလိုပါတယ်။ ထိုင်းသံရုံးမှာ ဗီဇာသီးခြားလေ ျှာက်ထားရပါတယ်။၂။ လာအိုနိုင်ငံအတွက်တော့ ကုန်းလမ်းက ဝင်ရောက်တဲ့အတွက် သီးခြားဗီဇာလေ ျှာက်ဖို့မလို ဘူး။၃။ သို့သော် လာအိုကနေContinue reading “မဲခေါင်ခရီးသည် (၇)”

ဆူခိုထိုင်း ကနေ နန်မြို့ ကို အသွားလမ်းမှာတွေ့ခဲ့တဲ့ တစ်ကိုယ်တော် စက်ဘီးသမား ပြင်သစ်နိုင်ငံသား အသက် ၆၅ နှစ်။ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ စက်ဘီးစီးနေတာ နှစ်လ ရှိပြီ။ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံ အလယ်ပိုင်းမှာလည်း စီးခဲ့တယ်။ ရှမ်းပြည်မြောက်ပိုင်းကို သွားချင်ပေမယ့် နယ်မြေမအေးချမ်းလို့ မသွားနိုင်ခဲ့ဘူး။ ထိုင်းနိုင်ငံမှာ စက်ဘီးစီးခရီးသွားရတာ ၁။ လမ်းတွေကောင်းတယ်။၂။ ဟိုတယ်ခ၊အစားအသောက် ထိုင်းစားရင်လည်း ဒီဈေး၊ နိုင်ငံခြားသားစားရင်လည်း ဒီဈေးပဲ။၃။ အင်တာနက်ကောင်းတယ်။၄။ လုံခြုံစိတ်ချရတယ်။၅။ ထိုင်းရဲတွေက နိုင်ငံခြားသားတွေ့ရင် ကူညီဖို့ အသင့်ရှိတယ်။ ( မြန်မာနိုင်ငံမှာ ငါ့ကိုတွေ့တာနဲ့ ရဲက ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲ၊ ပတ်စ်ပို့ပြ ဆိုပြီး စစ်ဆေးတယ်။ ) သူ့စကားက မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တစ်ချို့ကို ပြောပြနေ သလိုပဲ။

မဲခေါင်ခရီးသည် (၆)

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မဲဆောက် – ဆူခိုထိုင်း ခရီးစဉ်ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၂ ရက်နေ့ မှာတော့ ကျွန်တော်တို့ ယာဉ်တန်းဟာ နန်မြို့ ( Nan City ) ကို ခရီးဆက်ခဲ့တယ်။ ကျွန်တော်တို့ က မဲဆောက် ကနေ ထိုင်း – လာအို နယ်စပ်ကို သွားနေတာဖြစ်တဲ့အတွက် ဆူခိုထိုင်းကနေ အရှေ့ မြောက်ဘက်ကို ဦးတည်ပြီးသွားရပါတယ်။ ဆူခိုထိုင်းကနေ နန်မြို့ကို သွားတဲ့ကားလမ်းကတော့ အာရှလမ်းမကြီးရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ အတွက် လေးလမ်းသွားပါ။ လမ်းကောင်းတယ်။ မြို့တွေကိုရှောင်ပြီး ဖောက်ထားတဲ့အတွက် ကား ရှင်းတယ်။ ဒီလမ်းမှာ ထူးထူးခြားခြားသတိထားမိတာကတော့ ကီလိုမီတာ ၈၀ လောက်က လေး လမ်းသွားမဟုတ်ဘဲ နှစ်လမ်းသွားဖြစ်နေတာပဲ စုံစမ်းကြည့်တဲ့အခါကျတော့Continue reading “မဲခေါင်ခရီးသည် (၆)”

မဲခေါင်ခရီးသည် (၅)

ဆူခိုထိုင်းမှာ တည်းခိုတဲ့ဟိုတယ်က လေယာဉ်ကွင်းကို သွားတဲ့လမ်းဘက်မှာ။ မြို့ထဲနဲ့ နည်းနည်း လှမ်းတယ်။ ဟိုတယ်နဲ့ ဆယ်ကီလိုမီတာလောက်ဝေးတဲ့နေရာမှာ မြို့လေးတစ်မြို့ရှိတယ်။ ဒါနဲ့ ကျွန်တော်နဲ့ မိတ်ဆွေတစ်ယောက် မနက်အစောကြီး အဲဒီမြို့ဈေးဘက်ကို ကားတစ်စီးနဲ့ ထွက်ခဲ့ တယ်။ ခရီးသွားအေဂျင်စီက စကားပြန်တစ်ယောက်လိုက်လာတယ်။ ကျွန်တော်တို့ ရောက်တော့ မြို့လေးက အိပ်ပျော်နေတုန်း။ မြို့လယ်လမ်းမကြီး ဘေးက ဆိုင်တွေ မဖွင့်သေးဘူး။ ဒါပေမယ့် ဈေးလေးကတော့ အသက်ဝင်နေပြီ။ ဈေးက လမ်းမကြီးကနေ တစ်ကွက် ငုတ်နေရာမှာရှိတယ်။ ဈေးရုံကြီးတစ်ခုရှိတယ်။ ဈေးရုံလေးဘက် လေးတန်က လမ်းကြားမှာ ဈေး ဗန်းခင်းရောင်းသူတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာလို ပျံကျဈေးသည်တွေကို ရန်မရှာ ဘူး။ ပစ်မထားဘူး။ ရာသီမရွေးရောင်းလို့ရအောင် လမ်းကြားလေးတွေကို သံတန်းတွေနဲ့ အမိုး လုပ်ထားပေးတယ်။ ဈေးရုံမျက်နှာစာနဲ့ ပျံကျဈေးသည်တွေကြားမှာ ဆိုင်ကယ်ရပ်ဖို့နေရာလုပ်Continue reading “မဲခေါင်ခရီးသည် (၅)”

မဲခေါင်ခရီးသည် (၄)

၁၉ ၈၀ – ၉ ၀ နှစ်များက ကရင်ပြည်နယ်မှာတာဝန်ထမ်းဆောင်ခဲ့ချိန်က မဲဆောက်မြို့ကို ရောက်ခဲ့ဖူးတယ်။ အဲဒီ အချိန်က မဲဆောက်ကိုသွားတယ်ဆိုတာ တရားဝင်သွားလို့ရတာမဟုတ်ဘူး။ ကိုယ်ဖြစ်ကိုယ်ခံ ၊ ကိုယ့်အဆက်အသွယ်နဲ့ ကိုယ်ချိတ်ဆက်သွားခဲ့ရတာ။ မဲဆောက်မြို့မှာလည်း ကိုယ်နဲ့ ဆန့် ကျင် ဘက်အဖွဲ့အစည်းတွေကလည်း ရှိနေတော့ ဖင်ပူအောင်တောင်မနေနိုင်ဘူး။ ရောက်ဖူးတယ် လို့ ပြောနိုင်ရုံ၊ အမှတ်တရ ပစ္စည်းဝယ်ပြီး ပြန်လစ်ရတာပဲ။ အခုတော့ ချစ်ကြည်ရေးတံတားပေါ်မှာ မြန်မာဘက်က ထိုင်းဘက်ကို ကူးမယ့်သူ၊ ထိုင်းဘက် က မြန်မာဘက်ကို ကူးမယ့်သူတွေနဲ့ အပြည့်။ အရင်လို မြဝတီက မှောင်မဲလို့၊ မဲဆောက်က တော့ ဟိုဘက်ကမ်းက မီးထိန်ထိန် ဆိုတာမျိုးမဟုတ်တော့ဘူး။ မဲဆောက်ကနေ မြဝတီညတွေကို ယစ်မူးနိုင်ဖို့ လာရတဲ့အခြေအနေဖြစ်နေပြီ။ မြဝတီဘက် သောင်းရင်းမြစ်ကမ်းဟာ မမှတ်မိနိုင်Continue reading “မဲခေါင်ခရီးသည် (၄)”

အခြားနိုင်ငံတစ်ခုရဲ့ အဝေးပြေးလမ်းမပေါ်မှာ မြန်မာနိုင်ငံအလံကို လွှင့်ပြီး ယာဉ်တန်းနဲ့ခရီးသွားရတဲ့အခါ ခံစားရတဲ့ နိုင်ငံချစ်စိတ်ကိုလွတ်လပ်ရေးနေ့အခမ်းအနားမှာတောင် နိုင်ငံတော်အလံလွှင့်ထူ ဖို့ ပျက်ကွက်နေတဲ့ ပါတီက ခေါင်းဆောင်တွေ၊ ပါတီဝင်တွေ နားလည်နိုင်မှာမဟုတ်ဘူး။