မဇ္ဈိမ စကားဝိုင်း (၆)

ဒီနေ့စကားဝိုင်းမှာ ကျွန်တော်တစ်ဦးတည်းကိုပဲ ဦးတည်မေးမြန်းခဲ့တဲ့ မေးခွန်းကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲလက်မှတ်အတုတွေ့တယ်၊ မဲစာရင်းမှာပါတဲ့လူဦးရေထက် မဲလက်မှတ် တွေက ပိုများနေတယ်ဆိုတဲ့ အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး “၂၀၁၅ ခုနှစ်မှာ မဲလက်မှတ်တွေကို ဘယ်လိုပုံ နှိပ်ခဲ့သလဲ ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။” ဒီမေးခွန်းနဲ့ပတ်သက်လို့ကတော့ စကားဝိုင်းမှာ အချိန်ကန့်သတ်ချက်ကြောင့် မပြောနိုင်ခဲ့တဲ့ အချက်တွေ နဲ့ ဓာတ်ပုံမှတ်တမ်းတွေကို ဖြည့်စွက်ပြီး ရှင်းပြပါ့မယ်။ ၂၀၁၂ ရွေးကောက်ပွဲ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့မှာကျင်းပတယ်။ အဲဒီရွေးကောက်ပွဲ မှာ မဲပေးတဲ့အခါ ဘောပင် နဲ့ အမှန် အမှတ်အသားခြစ်ပြီး မဲပေးတဲ့ စနစ်ကို ကျင့်သုံးတယ်။ ရွေးကောက်ပွဲနေ့မှာ အင်န်အယ်လ်ဒီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖယောင်းသုတ် ထားတဲ့မဲလက်မှတ်တွေ တွေ့ရတယ်။ ဒါဟာ ဘောပင်နဲ့ခြစ်ပြီး မဲပေးလို့မရအောင်Continue reading “မဇ္ဈိမ စကားဝိုင်း (၆)”

စာတွေ့ နဲ့ လက်တွေ့

လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများမှာ ၁။ ကြိုတင်မဲစာအိတ် များကို ချိတ်ပိတ်ထားသောမဲပုံးများမှာထည့်ရမယ်။ ၂။ ကြိုတင်မဲပေးသူဟာ လ ျှို့ဝှက်ဆန္ဒမဲပေးနိုင်ရမယ်။ လို့ ပြဋ္ဌာန်းထားပါတယ်။ ( ပုံ ၁ နဲ့ ၂ ) ဒါပေမယ့် ဦးလှသိန်းကော်မရှင်က ဦးစီးဆောင်ရွက်တဲ့ ကြိုတင်ဆန္ဒမဲပေးမှု လုပ်ငန်း တွေမှာတော့ မဲပေးတာကို ပါတီတံဆိပ်ပါ ဝတ်စုံတွေနဲ့ရပ်ကြည့်သူတွေ၊ ကားစက်ဖုံးပေါ်မှာ၊ လမ်းဘေးခုံမှာ မဲပေးနေရသူတွေ၊ ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းတွေက လေ့လာတဲ့အဆင့်မဟုတ် ဘဲ ညွှန်ကြားတဲ့ အဆင့်ရောက်နေပြီလို့ ဝေဖန်ခံနေရတာတွေ၊ ဘေးဘက်တွေပွင့်နေတဲ့ စာအိတ်တွေ၊ ကြိုတင်မဲစာအိတ်မရှိလို့ ရိုးရိုးစာအိတ်သုံးရတာတွေ စသည် စသည်ဖြင့် အလွဲလွဲ အချော်ချော် ဖြစ်ပျက်နေတာကို သတင်းမီဒီယာများ၊ ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာ တွေ့နေရပါတယ်။ ( ပုံ ၃ မှ ၁၁ အထိ )Continue reading “စာတွေ့ နဲ့ လက်တွေ့”

လွတ်လပ်ပြီး တရားမ ျှတ တဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး

လွတ်လပ်ပြီး တရားမ ျှတ တဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး ၂၀၁၅ ရွေးကောက်ပွဲ အပေါ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ( ယခု နိုင်ငံတော်သမ္မတ ) ရဲ့ ခန့်မှန်းချက်ပါ။ အခုတော့ သမ္မတ ဦးဝင်းမြင့်က ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်ပိုင်ဖေ့စ်ဘွတ် စာမျက်နှာဖွင့်ပြီး မဲဆွယ်နေပြီဖြစ်ပါတယ်။

ဦးတင်အေး နဲ့ ဦးလှသိန်း (၁၀)

ဒိုင်လူကြီး ဦးတင်အေး ကော်မရှင်ကို ၂၀၁၁ ခုနှစ်မှာဖွဲ့စည်းပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တွေကိုလည်း ဦးတင်အေးကော်မရှင်ကပဲ ဆက်လက်ကြားနာဆုံးဖြတ်ပေးခဲ့ရတယ်။ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကိုလည်း ကြားနာဆုံးဖြတ်ပေးခဲ့တယ်။ ဦးတင်အေးကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ငံတကာကရော၊ ပြည်တွင်းကပါ လွတ်လပ် ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲအဖြစ်ကျင်းပပေးခဲ့ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တွေကို ကြားနာစစ်ဆေးမှုမပြုခဲ့ဘူး။ နောက်ဖွဲ့စည်းမယ့် ရွေးကောက်ပွဲကော်မရှင်ကပဲ ဆက် လက်ကြားနာဆုံးဖြတ်ဖို့ ထားခဲ့တယ်။ ဦးလှသိန်းကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများအပြင် ၂၀၁၇ ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကိုလည်း ကြားနာဆုံးဖြတ်ခဲ့တယ်။ ဦးတင်အေး ကော်မရှင် ကို ပြည်ခိုင်ဖြိုးပါတီ သမ္မတ က ခန့်တာ၊ ဦးလှသိန်းကော်မရှင်ကို အင်န်အယ်လ်ဒီသမ္မတ ကContinue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၁၀)”

ဦးတင်အေး နဲ့ ဦးလှသိန်း (၉ )

မဲလက်မှတ်တွေ မီးရှို့ရတဲ့ခေတ် ပလက်၀ မှာ မြို့တစ်မြို့ ၊ ကျေးရွာအုပ်စု တစ်ခု နဲ့ရွေးကောက်ပွဲကျင်းပတာက ဦးလှသိန်းကော်မရှင်ရဲ့ လွတ်လပ်တရားမ ျှတမှုအပေါ် မေးခွန်းတွေပေါ်ထွက်စေတဲ့အဖြစ်အပျက် ကြိုတင်မဲလက်မှတ်တွေ အားလုံး မီးရှို့ပြီး မဲထပ်ပေးဖို့ လုပ်ရတယ်ဆိုတာကဦးလှသိန်း ကော်မရှင်ရဲ့ စွမ်းဆောင်ရည် နဲ့ စီမံခန့်ခွဲမှု အရည်အချင်းကို မေးခွန်းတွေ ပေါ်ထွက်စေတဲ့ အဖြစ်အပျက် ဦးတင်အေးကော်မရှင် ကို သမ္မတ ဦးသိန်းစိန်က ရွေးချယ်တာဝန်ပေးတယ်။ ဦးလှသိန်းကော်မရှင် ကို သမ္မတ ဦးထင်ကျော်က ရွေးချယ်တာဝန်ပေးတယ်။ သမ္မတ ဦးဝင်းမြင့် က ရှိရင်း အဖွဲ့ဝင် ၇ ယောက်အပြင် နောက်ထပ် ၈ ယောက်တိုးချဲ့ တာဝန်ပေးတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှစ်ခုရဲ့ လွတ်လပ်တရားမ ျှတမှု၊ စွမ်းဆောင်ရည် နဲ့ စီမံခန့်ခွဲမှုအရည်အချင်းဟာ သူတို့ကိုContinue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၉ )”

၀န်းရံသူ

၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလမှ ရေပန်းစားတဲ့ စကားလုံးကတော့ “ ဝန်းရံသူ” ဆိုတဲ့ စကားလုံးပဲ။ ဒီစကားလုံးကို အင်န်အယ်လ်ဒီပါတီဘက်က စသုံးတယ်။နောက်တော့ ကျန်တဲ့ နိုင်ငံရေးပါတီတွေကပါလိုက်သုံးကြတယ်။ ဒီလိုနဲ့ မီဒီယာတွေကလည်း ရွေးကောက်ပွဲ သတင်းတွေ ရေးတဲ့အခါ ဒီစကားလုံးကို သုံးတယ်။ အခုနောက်ဆုံးအခြေအနေမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရဲ့ ကြေညာချက် မှာတောင် ဝန်းရံသူ ဆိုတဲ့စကားလုံးကို တရားဝင်လက်ခံသုံးစွဲလာတာတွေ့ရပါတယ်။ ဒီလိုနဲ့ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ “ဝန်းရံသူ” ဆိုတဲ့ စကားလုံးက ပါတီ နဲ့ ပတ်သက်မှုမရှိဘူး။ မိမိ သဘောနဲ့ မိမိ၊ မိမိအစီအစဉ်နဲ့မိမိ ကိုယ်ထောက်ခံတဲ့ပါတီအတွက် စည်းရုံးလှုပ်ရှားတဲ့သူ ၊ ဒီလူ တွေနဲ့ပတ်သက်လို့ ပါတီမှာ၊ ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် လောင်းမှာ တာဝန်မရှိဘူးဆိုတဲ့ သဘောဖြစ်လာပါတယ်။ လက်တွေ့အခြေအနေမှာတော့Continue reading “၀န်းရံသူ”

ဆိုက်ကား ကော်မရှင်

ဒဂုံတောင် အမှတ် ၂၀ ရပ်ကွက် မှာတော့ NLD ပါတီတံဆိပ် ပါတဲ့ ထီးတပ်ထားတဲ့ ((ဆိုင်ကယ်) ဆိုက်ကားနဲ့ ကြိုတင်မဲလိုက်ကောက်တယ်လို့ သတင်းမှာပါနေတယ်။ ရွေးကောက်ပွဲ ကော်မရှင် လုပ်ငန်းတွေမှာ ပါတီတံဆိပ်တွေ နဲ့ ဆောင်ရွက်သင့်ပါသလား။ အောက်ခြေကော်မရှင်တွေ က ဘယ်သူ့ ကို နမူနာယူပြီးလိုက်လုပ်နေသလဲ ဦးလှသိန်းကော်မရှင် အနေနဲ့ အောက်ခြေအဆင့်က ပြဿနာတွေကို အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းသင့်နေပါပြီ။ မရှင်းနိုင်ရင် သတင်းစာရှင်းလင်းပွဲမှာ ကားနဲ့ ကြိုတင်မဲပေးနိုင်ဖို့ ဆောင်ရွက်မယ်လို့ ပြောခဲ့ပေမယ့် ရပ်ကွက် အဆင့်မှာ ဆိုက်ကားကော်မရှင်ဖြစ်နေပြီ လို့ အပြောခံနေရဦးမယ်။

ပလက်၀ ကော်မရှင် (၂)

မနေ့ ( အောက်တိုဘာ ၂၇) ည ၈ နာရီခွဲ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်သတင်း မှာတော့ ပလက်၀ မှာရွေးကောက်ပွဲ ပြုလုပ်မယ့် အခြေအနေနဲ့ပတ်သက်ပြီး အခုလိုဖော်ပြထားတာတွေ့ရပါတယ်။ “ပလက်ဝကမဲဆန္ဒနယ် ၅ နေရာလုံးမှာ ၂၀၁၅ က NLD အနိုင်ရခဲ့တာပါ။ ချင်းပြည်နယ်ဝန်ကြီးချုပ်လောင်းလို့ သတင်းထွက်နေတဲ့ ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်က ပလက်ဝ(၁)က ဝင်ပြိုင်မှာပါ။ ပလက်ဝ(၁) မှာ အရင်က ကိုယ်စားလှယ်လောင်း ၃ ဦးဝင်ပြိုင်မှာဖြစ်ပေမယ့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ ကိုဖျက်သိမ်းလိုက်တဲ့အတွက် ဦးစိုးထက်က ကြံ့ခိုင်ရေးအမတ်ဦးနန်းဆိုက်တစ် ဦးတည်းနဲ့ပဲပြိုင်ရတော့မှာပါ။” (သတင်းကောက်နှုတ်ချက်) ဒီသတင်းအချက်အလက်မှန်ကန်တယ်ဆိုရင်တော့ ဦးလှသိန်းကော်မရှင်ဟာ အင်န်အယ်လ်ဒီ ပါတီက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လျာထားသူ နေရာမပျောက်စေဖို့အတွက် တိုက်ပွဲတွေ ဖြစ် နေတဲ့ကြားက ပလက်ဝတစ်မြို့နယ်လုံးမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ခဲ့တယ်။ ကန့်ကွက်မှု တွေပေါ်လာတဲ့အခါContinue reading “ပလက်၀ ကော်မရှင် (၂)”

ပလက်၀ ကော်မရှင်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ( ဦးလှသိန်းကော်မရှင်) က ၂၇ အောက်တိုဘာ ရက်စွဲ နဲ့ ရွေးကောက်ပွဲမလုပ်မယ့် နယ်မြေစာရင်းတွေကို အပြောင်းအလဲလုပ်ထုတ်ပြန်ခဲ့တယ်။ ဒီထုတ်ပြန်ချက်ဟာ တပ်မတော်သတင်းစာရှင်းလင်းပွဲ နဲ့နိုင်ငံရေးပါတီများရဲ့ ရွေးကော်ဆုံးဖြတ်ချက်များအပေါ် ကန့်ကွက်ပြောကြားမှုများ နောက်ပိုင်းမှာ ပေါ် ထွက်လာ တာဖြစ်ပါတယ်။ ဦးလှသိန်းကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ အပိုင်းနှစ်ပိုင်းပါတယ်။ ပထမတစ်ခုက အရင်က ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ ကြေညာထားတဲ့ကျေးရွာအုပ်စုတွေကို စာရင်းက ပယ်ဖျက် ပေးတာဖြစ်ပါတယ်။ ပယ်ဖျက်ပေးတာတွေကတော့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် က ကျေးရွာအုပ်စု သုံးခု၊ အမ်း မြို့နယ်က ကျေးရွာအုပ်စု လေးခု၊ ရှမ်းပြည်နယ် မူဆယ်မြို့ပေါ်ရပ်ကွက်တစ်ခု၊ လားရှိုးမြို့နယ် ကျေးရွာအုပ်စု တစ်ခု နဲ့ ကွမ်းလုံမြို့နယ်ကျေးရွာအုပ်စုတစ်ခုဖြစ်ပါတယ်။ ဒုတိယတစ်ပိုင်းက မူလက ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့ နယ်မြေ တစ်ချို့ မှာ ရွေးကောက်ပွဲမလုပ်တော့ဘူးလို့ ပြင်ဆင်Continue reading “ပလက်၀ ကော်မရှင်”

ဦးတင်အေး နဲ့ ဦးလှသိန်း (၈)

ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မြို့နယ်များ ဦးလှသိန်းခေါင်းဆောင်တဲ့ ပြည်ထေင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ မဲဆန္ဒနယ်စာရင်းကို ထုတ်ပြန်ကြေညာခဲ့တယ်။ အဲဒီစာရင်းမှာမြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်နဲ့ မဲဆန္ဒနယ်( မြို့နယ်) ထဲက ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ရပ်ကွက်/ကျေးရွာအုပ်စု စာရင်း ဆိုပြီးခွဲ ခြား ထားတယ်။ မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲမလုပ်နိုင်ရင်တော့ အဲဒီမဲဆန္ဒနယ်အတွက် သတ်မှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာတွေကို မရွေးနိုင်တော့ဘူးပေါ့။ ကျေးရွာအုပ်စု တစ်ချို့မှာ မလုပ်နိုင်တဲ့ မဲဆန္ဒနယ်တွေကတော့ ရွေးကောက်ပွဲလုပ်နိုင်တဲ့နေရာတွေမှာ မဲပေးပြီး သက်ဆိုင် ရာ လွှတ်တော်ကိုယ်စားလှယ်ကို ရွေးလို့ရတယ်။ အခု ဦးလှသိန်း ကော်မရှင်က ကြေညာလိုက်တဲ့ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ စာရင်း နဲ့ ဦးတင် အေးကော်မရှင်က ၂၀၁၅ မှာကြေညာခဲ့တဲ့ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ စာရင်းကို နှိုင်းယှဉ် လေ့လာတဲ့အခါContinue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၈)”