အင်းလေး (၃)

အင်းလေး ရှေ့ရေး အင်းလေးကန်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀၀၀ ကျော်မှာရှိတဲ့ ကုန်းမြင့်ဒေသ ရေချိုကန်ကြီး ဖြစ်ပါ တယ်။ အင်း‌လေးကန်ဟာ သဘာဝရေချိုကန်သက်သက်မဟုတ်ဘူး။ ကန်ထဲမှာ လူသားတွေနဲ့ သားငှက်တိရိစ္ဆာန် ပေါင်းစုံ အတူတကွ နေထိုင်ရှင်သန်နေတဲ့နေရာဖြစ်တယ်။ အင်းလေးကန်ထဲမှာ ကျေးရွာအုပ်စု ၃၄ အုပ်စု၊ ရွာပေါင်း ၄၃၄ ရွာ၊ လူဦးရေ တစ်သိန်းရှစ်သောင်းကျော် ရှိသလို  ငှက်မျိုးစိတ် ၂၆၇ မျိုး၊ ငါးမျိုးစိတ်  ၄၃ မျိုး ရဲ့ နေရင်းဒေသလည်း ဖြစ်တယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ မတွေ့နိုင်ဘဲ အင်းလေးဒေသမှာပဲ တွေ့နိုင်တဲ့ ခရုမျိုးစိတ် ၂၀ နဲ့ ငါးမျိုးစိတ် ၉ မျိုးလည်းရှိတယ်။ ဆောင်းရာသီဆိုရင် အင်းလေးကို  ဆောင်းခိုငှက် နှစ်သောင်းကျော်လောက်လာတယ်။   ဒီလိုထူးခြားတဲ့ အခြေအနေတွေရှိတဲ့အတွက်  ၁၉၈၅ ခုနှစ် မှာ  ၆၄၂ စတုရန်းကီလိုမီတာကျယ်တဲ့ အင်းလေးကန်Continue reading “အင်းလေး (၃)”

ဆုတံဆိပ် နဲ့ ဂုဏ်သိက္ခာ

လွန်ခဲ့တဲ့ လေးနှစ် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့ က ရေးခဲ့တဲ့ဆောင်းပါး။ သူ့ ကြောင့် သူ့ခေါင်းဆောင်ရတဲ့ တပ်ဖွဲ့ ဂုဏ်သိက္ခာထိခိုက်သွားရတာကို အသက်နဲ့ လဲပြီး တာဝန်ယူသွားခဲ့တဲ့ ဦးစီးချုပ်တစ်ယောက်အကြောင်း။ “ ရဲဘော်တို့ ၊ ငါ့ကြောင့် ရေတပ်မတော် ဂုဏ်သိက္ခာထိခိုက်ရတဲ့အခြေအနေကို ဘယ်လိုမှ ခံစား လို့မရဘူး။ ငါတို့ ရေတပ်မတော်ကို သိက္ခာချလိုတဲ့ လူတွေ အခွင့်အရေးရအောင် ငါလုပ်မိတယ်။ ဒါပေမယ့် ငါ့ကို မကြာခင်မေ့သွားကြမှာပါ။ မင်းတို့တစ်တွေနဲ့ ရေတပ်မတော်ကြီးကတော့ ဆက် လက်တည်တံ့ခိုင်မြဲနေမှာပါ။ မင်းတို့ကို ခေါင်းဆောင်ခဲ့ရတဲ့အတွက် ဂုဏ်ယူတယ်။ ငါဟာ ရေတပ် အတွက် ဒီထက်ကောင်းအောင်ပိုပြီးလုပ်ခဲ့သင့်တယ်လို့လည်း နောင်တရမိတယ်” (ဆောင်းပါးကောက်နှုတ်ချက်) —————————————————————– ဆုတံဆိပ် နဲ့ ဂုဏ်သိက္ခာ ဗိုလ်ချုပ်ကြီး မိုက်ဘော်ဒါContinue reading “ဆုတံဆိပ် နဲ့ ဂုဏ်သိက္ခာ”

အင်းလေး (၂)

အင်းလေး နဲ့ ဧည့်သည် ညောင်ရွှေမြို့နဲ့ အင်းလေးကန်ကို နောက်ဆုံးလည်ပတ်ခဲ့တာ ၂၀၁၅ ခုနှစ်ကဖြစ်ပါတယ်။ ၂၀၂၂ ဒီဇင်ဘာလထဲမှာ ကလော- အင်းလေး နှစ်ညအိပ် သုံးရက် တောတွင်းခရီးကြမ်းလျှောက်ခဲ့ပေမဲ့ အင်းတိန်ဘုရားတွေ အထိပဲ ရောက်ခဲ့ပြီး အင်းတိန်ကနေ ကလောကို တိုက်ရိုက်ပြန်ခဲ့တဲ့အတွက် အင်းထဲမရောက်ခဲ့ဘူး။ ၂၀၁၅ ခုနှစ် ရောက်ခဲ့ ချိန်က ညောင်ရွှေ အင်းလေးဒေသမှာ ခရီးသွားလုပ်ငန်းအရှိန်အဟုန်ကောင်းကောင်းနဲ့ ဖွံ့ဖြိုးတိုးတက်နေချိန်၊ အနာဂတ်ကို မျှော်မှန်း ပြီး လုပ်ငန်းတွေတိုးချဲ့နေချိန်ဖြစ်ပါတယ်။ တစ်ဘက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံများရဲ့ အကျိုးစီးပွားကြား၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လိုအပ်ချက်များကြား ဝိရောဓိတွေ ပြင်းထန်နေတဲ့အချိန် လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တဲ့ အင်းလေးကန် အရှေ့ ဘက် ဟိုတယ်ဇုန် ၆၆၂ ဧက ဖော်ထုတ်ရေး စီမံကိန်းContinue reading “အင်းလေး (၂)”

အင်းလေး (၁)

  ဖောင်တော်ဦး ဒီတစ်ခေါက် ကျွန်တော့ခရီးစဥ်က ကလော- ပင်းတယ- ရွာငံ – ဘော်ဆိုင်း ခရီးဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ အဲဒီဒေသကို ရောက်နေချိန်ဟာ အင်းလေးဖောင်တော်ဦးဘုရား ရုပ်ပွားတော်များ ဒေသစာရီကြွချီ အပူဇော်ခံတဲ့ အချိန်ကာလနဲ့ တိုက်ဆိုင်နေတဲ့အတွက် အင်းလေးကို တစ်ရက်သွားခဲ့ပါတယ်။ ဖောင်တော်ဦးဘုရားရုပ်ပွားတော် များ ဒေသစာရီကြွချီတဲ့ ကာလ ကအောက်တိုဘာ ၁၅  ရက်ကနေ နိုဝင်ဘာ ၁  ရက်အထိ ဖြစ်ပါတယ်။   ကျွန်တော့်နဲ့ ကျွန်တော့် ခရီးသွားဖော်မိတ်ဆွေကို ပင်းတယ က မိတ်ဆွေတစ်ယောက်က ပင်းတယ – ဟဲဟိုးလမ်း အတိုင်း လိုက်ပို့ပါတယ်။ အဲဒီလမ်းက တောင်ကြီး ဒါမှမဟုတ် ဟဲဟိုးလေယာဥ်ကွင်းကနေ ပင်းတယ ကို သွား ချင်တဲ့ ခရီးသွားများအတွက်အဆင်အပြေဆုံးလမ်းကြောင်းပါ။ ဟဲဟိုးကနေ ပင်းတယအထိ ၂၂ မိုင်ပဲContinue reading “အင်းလေး (၁)”

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၂၃)

ကျွန်တော် –  ငါ ၁၉၉၂ ခုနှစ် မှာ ထုတ်ခဲ့တဲ့  ရဲဘော်သစ်မောင်ရဲ့  ပြည်တွင်းသောင်းကျန်းမှုသမိုင်း စာအုပ်ပြန်ဖတ် နေတယ်။ သူငယ်ချင်း-  ကောင်းတယ်။ ဒါမှ  ဒီအဖွဲ့တွေ ဘာ့ကြောင့်ပေါ်လာသလဲ၊ ဘယ်သူ့ကြောင့်ပေါ်လာ သလဲဆိုတာ မင်း ပြန်သတိရပြီး လစ်ဘရယ်ရောဂါ နည်းနည်းသက်သာသွားမယ်။ ကျွန်တော်- အေးပါကွာ၊ ဒါနဲ့  အဲဒီစာအုပ် အပိုင်း(၃) စာမျက်နှာ ၂၃ မှာ ၁၉ ၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန် ရေး ကောင်စီအစိုးရတက်လာချိန်မှာ အစိုးရကို လက်နက်ကိုင်ဆန့်ကျင်တိုက်ပွဲ ဝင်နေတာ ဗကပ၊ အလံနီ ကွန်မြူနစ်၊ ကေအင်ယူ၊ ရှမ်းအဖွဲ့ သုံးဖွဲ့၊ ကေအိုင်အေ၊ မွန်ပြည်သစ်၊  ကေအင်န်ပီပီ၊ တရုတ်ဖြူ အကြွင်းအကျန်နဲ့ မူဂျာဟစ်အကြွင်းအကျန် ပဲ ရှိတယ်လို့ ပါတယ်။ အားလုံး ဆယ့် တစ်ဖွဲ့ ပေါ့။ သူငယ်ချင်း – အေးလေ၊ အဲဒါဘာဖြစ်လဲ။ ကျွန်တော် –   အခု ဘယ်နှစ်ဖွဲ့ရှိလဲ သိချင်လို့။ သူငယ်ချင်း-  မင်းကွာ။ ဤတွင်တစ်ခန်းရပ်။

ဂါဇာ ဟားမားစ် ဘယ်လဲ

ဂါဇာကမ်းမြှောင်ဒေသ အစ္စရေးနဲ့ ပါလက်စတိုင်း လက်နက်ကိုင်ပဋိပက္ခက ဒီနေ့ လူတိုင်းစိတ်ဝင်စားတဲ့ ကိစ္စ ဖြစ်  နေတဲ့အတွက်ဂါဇာပဋိပက္ခနဲ့ပတ်သက်ပြီးသိသင့်သိထိုက်တဲ့အချက်အလက်များကိုမျှဝေပေးလိုက်  ပါ တယ်။ ဂါဇာကမ်းမြှောင်ဒေသ ဂါဇာကမ်းမြှောင်ဒေသဆိုတာက အစ္စရေးနိုင်ငံနဲ့ မြေထဲပင်လယ်ကြားထဲက စတုရန်းမိုင် ၁၄၁ မိုင်ပဲ ရှိတဲ့ နယ် မြေ ဖြစ်ပါတယ်။ ( မြေပုံကိုကြည့်ပါ) တစ်ဖက်မှာ မြေထဲပင်လယ်ကမ်းခြေရှိတယ်၊ အီဂျစ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်နမိတ်က ၆ ဒဿမ ၈ မိုင်ရှိပြီး အစ္စရေးနဲ့ ထိစပ်နေတဲ့နယ်နမိတ်က ၃၂ မိုင်ရှိတယ်။ စတုရန်းမိုင် ၁၄၁ မိုင်မှာ လူဦးရေ နှစ်သန်းကျော် နေထိုင်တဲ့အတွက် ကမ္ဘာပေါ်မှာ တတိယမြောက် လူဦးရေ သိပ်သည်းမှု အများဆုံးဒေသ လည်းဖြစ်တယ်။ ဂါဇာကမ်းမြှောင်ဒေသဟာ ၁၆ ရာစုနှစ်ကနေ ၁၉၁၈ ခုနှစ်အထိ  တူရကီအော်တိုမန်အင်ပါယာရဲ့Continue reading “ဂါဇာ ဟားမားစ် ဘယ်လဲ”

ဂရင်းဗီးလ်

သင်္ဘောတစ်စီးမှာ ရေယာဥ်မှူးဆိုတာက ရာထူးအကြီးဆုံး၊  သင်္ဘောတစ်စီးလုံး ဘေးရန် ကင်း ကင်းနဲ့ လိုရာ ခရီး  ရောက်ဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်၊ နိုင်ငံရေး၊ စီးပွားရေး လောကမှာတောင် သူတို့ ခေါင်းဆောင် တွေကို  ပဲ့ကိုင် ရှင် ကြီး ဆိုပြီး တင်စားရအောင် ရေယာဥ်မှူးရဲ့ အခန်းကဏ္ဍက ကြီးမားလှတယ်။ ဒါပေမဲ့ ပဲ့ကိုင်ရှင်ကြီး အမှားမှား အယွင်းယွင်း ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ အဲဒီမေးခွန်းကို ဂရင်းဗီးလ် ရေငုပ် သင်္ဘေဖြစ်စဥ်မှာ အဖြေရှာ လို့ရပါ တယ်။  ဂရင်းဗီးလ်ဆိုတာက အမေရိကန် ရေတပ် က အဏုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘော ယူအက်စ် အက်စ် ဂရင်းဗီးလ် ( USSGreeneville) ကို ပြောတာဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မနက် ရှစ်နာရီမှာ  ဂရင်းဗီးလ် ရေငုတ်သင်္ဘောက ဟာဝိုင်ယီကျွန်း ပုလဲဆိပ်ကမ်းကနေ ထွက်လာတယ်။Continue reading “ဂရင်းဗီးလ်”

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း ( ၂၂ )d

သူငယ်ချင်း- ကုန်စျေးနှုန်းတွေ တက်ပြီးရင်း တက်နေတာ ဝိသမလောဘသားတွေကြောင့်ကွ။ ဒီလူတွေကို အခု အရေးယူနေတာထက် ပိုပြီး ထိထိရောက်ရောက် အရေးယူရမယ်။ ကျွန်တော်- မင်းပြောတာကြားတော့ ကုန်သည်တစ်ယောက်ပြောတာ သွားသတိရတယ်ကွ။ သူငယ်ချင်း- သူက ဘာပြောတာလဲ။ ကျွန်တော်- သူပြောတာက ဒီလို။ “ ကုန်သည်ဆိုတာက ပိုက်ဆံရယ်၊ ကျွမ်းကျင်မှုရယ်ကို ရင်းပြီး အမြတ်ရ အောင်လုပ်တာပါ။ မတရား အမြတ်ကြီးစားတယ်ဆိုပြီး အရေးယူရင်လည်းခံရမှာပဲ။ ဒါပေမဲ့ ဘာအရင်းအနှီးမှ မရှိဘဲ လုပ်ပိုင်ခွင့်လေးကိုပဲ ရင်းပြီး အမြတ်ကြီးစားသွားတဲ့ မဟာဝိသမလောဘသားတွေက သူတို့ထက် ပိုဆိုးပါတယ်။ သူတို့ကိုလည်း ပိုပြီး ပြင်း ပြင်းထန်ထန်အရေးယူပေးပါ” တဲ့။ သူငယ်ချင်း – အင်း ၊ ဒါကတော့ကွာ။ ဤတွင်တစ်ခန်းရပ်။

မောင်ပုလဲ

ကျွန်တော်တို့ငယ်ငယ်က အောင်ဆန်းကွင်းမှာ ကျင်းပတဲ့ ပထမတန်းဘောလုံးပွဲတွေက အခုလုပ်နေတဲ့ မြန်မာလိဂ်ပွဲတွေ ထက် လူကြည့်များတယ်။ ဘောလုံးအသင်းတွေကလည်း အစိုးရဌာနတွေကို အခြေခံထားတာ။ အဲဒီအချိန်က ဘောလုံးသမားတစ်ယောက်ဟာ တိုင်းနဲ့ ပြည်နယ်ပွဲမှာ ခြေစွမ်းပြရင် ၊ ပထမတန်းအသင်းတွေကိုရောက်၊ အဲဒီကမှ မြန်မာ့လက်ရွေးစင်ဖြစ်တာများတယ်။ ဒီတော့ လက်ရွေးစင်တွေပါတဲ့ ပထမတန်းပွဲတွေက လူကြိုက် များတယ်။ ပွဲတွေကလည်း အကြိတ်အနယ်ရှိတယ်။  ၁၉၈၀ ပတ်ဝန်းကျင်ရောက်လာတော့ မြန်မာ့ဘောလုံးလောကလည်း အကျဘက်ရောက်လာသလို ဘောလုံးပွဲ လောင်းတာလည်း ခေတ်ထလာပြီး ပထမ တန်းပွဲ တွေက ကြည့်မကောင်းတော့ဘူး။  တချို့ပွဲတွေဆိုရင် မကန် ခင်ထဲက ကြိုပြီး အဖြေထွက်နေတဲ့အထိ ဖြစ်လာတယ်။  အဲဒီခေတ်က ဘောလုံးပွဲမှာ ငွေယူပြီး လုပ်ပွဲကစားတာကို “ ခေါက်ဆွဲစား” တယ်လို့ ပြောကြတယ်။ ဘယ်လို က စပြီး ဒီစကားတွင်သွားလဲဆိုတာတော့Continue reading “မောင်ပုလဲ”

အိပ်မက်ပျက်ပြယ်

  ဈေးဝယ်စင်တာကြီးတွေကို ရောက်ရင် ဒီလူငယ်လေးတွေကို တွေ့နေကြ။ တူညီဝတ်စုံလေးတွေနဲ့ ၊ ဈေးဝယ် လာတဲ့ ကားတွေကို သန့်ရှင်းရေးဝန်ဆောင်မှုပေးတဲ့ကလေးတွေပေါ့။ ကားဆေးတဲ့လူငယ်လေးတွေဆိုရင် အခြေခံလစာတစ်သိန်းခွဲ၊ ရက်မှန်ကြေးက သုံးသောင်း၊ စုစုပေါင်း တစ်သိန်းရှစ်သောင်းရတယ်။ တစ်နေ့ ကားလေးစီးရေဆေးနိုင်ရင် နှစ်ထောင်၊ ခုနစ်စီး လေးထောင့်နှစ်ရာ၊ ဆယ်စီး ကိုးထောင် ဘောက်ဆူးထပ်ရတယ်။  လေးစီးမပြည့်ရင် တစ်ပြားမှ မရဘူး။ ခုနစ်စီးမပြည့်ရင် နှစ် ထောင်ပဲ။ တစ်ခါတစ်လေ ခြောက်စီး ရထားနဲ့နေ့ ဆိုရင် ခုနစ်စီးရဖို့ အသေအလဲကြိုးစားပေမဲ့ မရတဲ့ နေ့ လဲ ရှိတယ်။   ကားဆေးတဲ့ အဖွဲ့အပြင် ရေဆေးမဲ့ကားကို လိုက်ရှာပေးတဲ့ လူငယ်လေးတွေလည်း ရှိသေးတယ်။ သူတို့ကတော့ မိန်းကလေးတွေများတယ်။ သူတို့က အခြေခံလစာ တစ်သိန်းခွဲ၊ ရက်မှန်ကြေးမရှိဘူး။ ကားတစ်စီး ရှာနိုင် ရင် ၁၅၀Continue reading “အိပ်မက်ပျက်ပြယ်”